ဖုန်းဈေးတွေ ချပေးလို့
ကားဈေးတွေ ချပေးလို့
ကျေးဇူးတွေ ဇွတ်တင်နေတဲ့
အကောင်တွေကို နည်းနည်းလောက်ပြောချင်တယ်
အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၅၀ကျော်လာခဲ့ပြီ
အခု ၂၀၁၅ နီးလာချိန်
ပြည်သူတွေကို လိမ်စားလို့ မရမှန်း
သူတို့ သိတဲ့ချိန်မှ
ဖုန်းဈေးတွေ ချပေး
ကားဈေးတွေကို ချပေးတာ
မနှစ် တစ်နှစ်လောက်ကမှ…။
တိုးတက်နေတဲ့ နိုင်ငံတွေမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်ကတည်းက
ဖုန်းတွေ ကားတွေဆိုတာ
လူတန်းစားစေ့သုံးနိုင်တဲ့ အရာတွေဖြစ်တယ်
(ခေတ်နဲ့အညီ ပစ္စည်း model ပြောင်းလဲသွားတာလောက်ဘဲရှိတ ယ်)
ဒါနဲ့ ပြောပါအုံးမယ်…
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ခန့်က
ရွာငယ်လေးတစ်ရွာလိုသာရှိတဲ့ စကာင်္ပူကို
ရန်ကုန်မြို့ရောက်ခဲ့ဖူးတဲ့ လီကွမ်ယုက
ရန်ကုန်မြို့ကိုကြည့်ပြီး သူ့ ပြည်သူလူထုကို
ကတိစကား တစ်ခုပေးခဲ့တယ်
" နောက်နှစ်ပေါင်း ၅၀ ကြာလာတဲ့အခါ
ငါတို့ စင်္ကာပူကို ရန်ကုန်မြို့ကြီးလို ဖြစ်စေရမယ်" ဆိုသတဲ့ ။
အပြောနဲ့ အလုပ်ညီတဲ့
ခေါင်းဆောင်ကောင်း လီကွမ်ယု
အုပ်ချုပ်တဲ့ စင်္ကာပူနိုင်ငံဟာ
အခု ဘယ်လိုဖြစ်လာခဲ့လဲ
အားလုံးသိ တွေ့မြင်ရတဲ့တိုင်းဘဲမို့
အကျယ်ချဲ့ပြီး မရေးတော့ဘူး
တစ်ခုလေးဘဲ ပြောချင်တာရှိတယ်
မြန်မာနိုင်ငံမှာ စင်္ကာပူနိုင်ငံသားများ
ကျွန်လာခံသူ ဘယ်နှစ်ယောက်ရှိလဲ ဆိုတဲ့
မေးခွန်းမျိုး ခင်ဗျား ဘယ်နှစ်ခါများကြားဖူးလဲ…
(ကျမတော့ မကြားဖူးပေါင်)
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသားများ
ကျွန်လာခံသူ ဘယ်နှစ်ယောက်ရှိလဲ ဆိုတဲ့
မေးခွန်းမျိုး ခင်ဗျား ကြားမိရင်တော့
ဖြေစရာ အဖြေတစ်ခုဘဲရှိတယ် သိလား
' ရိုက်သတ်လို့တောင် ကုန်မှာ မဟုတ်ဘူး ' ဆိုတဲ့ အဖြေဘဲ။
ခေါင်းဆောင်ကောင်းတစ်ယောက် အုပ်ချုပ်တဲ့နိုင်ငံဟာ
နှစ် ၅၀ အတွင်းမှာ နိုင်ငံတကာကို အမှီလိုက်နိုင်ပြီး
ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ဖြစ်လာခဲ့ပေ မယ့် …
ခေါင်းဆောင်ညံ့(ယုတ်)တွေ အုပ်ချုပ်တဲ့မြန်မာနိုင်ငံဟာ
နှစ် ၅၀ အတွင်းမှာ ကိုယ့်နိုင်ငံမှာရှိတဲ့ သယံဇာတတွေလည်းပြောင် | ပြည်သူတွေ ခွေးဖြစ်လို့ဖြစ် | တစ်ချိန်က မြန်မာနိုင်ငံလောက်တောင် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာ အခု ကျွန်ခံနေကြရှာတယ်လေ …
ဘယ်လောက်ရှက်ဖို့ ကောင်းလဲ …
ဒါကိုမှ ကျေးဇူးတွေ ဇွတ်တင်ချင်တဲ့လူတွေ ရှိတုန်း …
အဲလိုကျေးဇူးတွေ ဇွတ်တင်နေတဲ့လူတွေကို
"သူများစားပြီးသား အရိုးကို ကိုက်ရတာ
တော်တော်ကျေနပ်လား "လို့ဘဲ မေးပါရစေ …
ကျမတို့တော့ ဒီလိုဘဝမျိုးမှာ တစ်သက်လုံး မနေနိုင်ဘူး…
ကိုယ့်မျိုးဆက်သစ်တွေကို ခေတ်မှီ တိုးတက်တဲ့
နို်င်ငံတွေနဲ့အတူ ရင်ဘောင်တန်းနိုင်ရမယ် …
သူများ နိုင်ငံမှာ ကျွန်ခံတဲ့ လူမျိုး မဖြစ်ချင်ဘူး
သူများနိုင်ငံမှာ မတူညီတဲ့ ပညာရပ်တွေကို လေ့လာ သင်ယူသူတွေဘဲ ဖြစ်စေချင်တယ် …
ဒါကြောင့်မို့ အခုချိန်မှာ အရေးကြီးဆုံးက change ဖြစ်ဖို့ဘဲ …
ဒီအစိုးရနဲ့သာ ဆက်သွားမယ်ဆိုလို့ကတော့
ူသူများစားပြီးသား အရိုးဘဲ ခင်ဗျား ကိုက်နေရမယ်…
သူများနိုင်ငံမှာ ကိုယ်ပိုင်လေယာဉ်ပျံတွေ စီးနေတဲ့ချိန်
ခင်ဗျားက ခင်ဗျားနိုင်ငံမှာ အဲယားကွင်း မရှိ
စုတ်ပြတ်သတ်ညစ်ပတ်နေတဲ့ မထသ ကားကို
ဂျပိုးတွေနဲ့ အတူစီးနေရမယ်ဆိုတာ ခေါင်းထဲမြဲမြဲ မှတ်ထားပါ …
(ပုံထဲက စကားကတော့ မြန်မာပြည်ကို အုပ်ချုပ်တဲ့ ညံ့ဖျင်းတဲ့စစ်ဗိုလ်ချုပ်တွေကို လီကွမ်ယုက မှတ်ချက်ပေးထားတာပါ။ ရှက်တတ်ရင်တော့ လဲသေလို့ ရနေပါပြီ)
Man Sian Nuam (ရှမ်းရှမ်း)
ကားဈေးတွေ ချပေးလို့
ကျေးဇူးတွေ ဇွတ်တင်နေတဲ့
အကောင်တွေကို နည်းနည်းလောက်ပြောချင်တယ်
အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၅၀ကျော်လာခဲ့ပြီ
အခု ၂၀၁၅ နီးလာချိန်
ပြည်သူတွေကို လိမ်စားလို့ မရမှန်း
သူတို့ သိတဲ့ချိန်မှ
ဖုန်းဈေးတွေ ချပေး
ကားဈေးတွေကို ချပေးတာ
မနှစ် တစ်နှစ်လောက်ကမှ…။
တိုးတက်နေတဲ့ နိုင်ငံတွေမှာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်ကတည်းက
ဖုန်းတွေ ကားတွေဆိုတာ
လူတန်းစားစေ့သုံးနိုင်တဲ့ အရာတွေဖြစ်တယ်
(ခေတ်နဲ့အညီ ပစ္စည်း model ပြောင်းလဲသွားတာလောက်ဘဲရှိတ
ဒါနဲ့ ပြောပါအုံးမယ်…
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ခန့်က
ရွာငယ်လေးတစ်ရွာလိုသာရှိတဲ့
ရန်ကုန်မြို့ရောက်ခဲ့ဖူးတဲ့
ရန်ကုန်မြို့ကိုကြည့်ပြီး သူ့ ပြည်သူလူထုကို
ကတိစကား တစ်ခုပေးခဲ့တယ်
" နောက်နှစ်ပေါင်း ၅၀ ကြာလာတဲ့အခါ
ငါတို့ စင်္ကာပူကို ရန်ကုန်မြို့ကြီးလို ဖြစ်စေရမယ်" ဆိုသတဲ့ ။
အပြောနဲ့ အလုပ်ညီတဲ့
ခေါင်းဆောင်ကောင်း လီကွမ်ယု
အုပ်ချုပ်တဲ့ စင်္ကာပူနိုင်ငံဟာ
အခု ဘယ်လိုဖြစ်လာခဲ့လဲ
အားလုံးသိ တွေ့မြင်ရတဲ့တိုင်းဘဲမို့
အကျယ်ချဲ့ပြီး မရေးတော့ဘူး
တစ်ခုလေးဘဲ ပြောချင်တာရှိတယ်
မြန်မာနိုင်ငံမှာ စင်္ကာပူနိုင်ငံသားများ
ကျွန်လာခံသူ ဘယ်နှစ်ယောက်ရှိလဲ ဆိုတဲ့
မေးခွန်းမျိုး ခင်ဗျား ဘယ်နှစ်ခါများကြားဖူးလဲ…
(ကျမတော့ မကြားဖူးပေါင်)
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသားများ
ကျွန်လာခံသူ ဘယ်နှစ်ယောက်ရှိလဲ ဆိုတဲ့
မေးခွန်းမျိုး ခင်ဗျား ကြားမိရင်တော့
ဖြေစရာ အဖြေတစ်ခုဘဲရှိတယ် သိလား
' ရိုက်သတ်လို့တောင် ကုန်မှာ မဟုတ်ဘူး ' ဆိုတဲ့ အဖြေဘဲ။
ခေါင်းဆောင်ကောင်းတစ်ယောက် အုပ်ချုပ်တဲ့နိုင်ငံဟာ
နှစ် ၅၀ အတွင်းမှာ နိုင်ငံတကာကို အမှီလိုက်နိုင်ပြီး
ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ဖြစ်လာခဲ့ပေ
ခေါင်းဆောင်ညံ့(ယုတ်)တွေ အုပ်ချုပ်တဲ့မြန်မာနိုင်ငံဟ
နှစ် ၅၀ အတွင်းမှာ ကိုယ့်နိုင်ငံမှာရှိတဲ့ သယံဇာတတွေလည်းပြောင် | ပြည်သူတွေ ခွေးဖြစ်လို့ဖြစ် | တစ်ချိန်က မြန်မာနိုင်ငံလောက်တောင် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာ အခု ကျွန်ခံနေကြရှာတယ်လေ …
ဘယ်လောက်ရှက်ဖို့ ကောင်းလဲ …
ဒါကိုမှ ကျေးဇူးတွေ ဇွတ်တင်ချင်တဲ့လူတွေ ရှိတုန်း …
အဲလိုကျေးဇူးတွေ ဇွတ်တင်နေတဲ့လူတွေကို
"သူများစားပြီးသား အရိုးကို ကိုက်ရတာ
တော်တော်ကျေနပ်လား "လို့ဘဲ မေးပါရစေ …
ကျမတို့တော့ ဒီလိုဘဝမျိုးမှာ တစ်သက်လုံး မနေနိုင်ဘူး…
ကိုယ့်မျိုးဆက်သစ်တွေကို ခေတ်မှီ တိုးတက်တဲ့
နို်င်ငံတွေနဲ့အတူ ရင်ဘောင်တန်းနိုင်ရမယ် …
သူများ နိုင်ငံမှာ ကျွန်ခံတဲ့ လူမျိုး မဖြစ်ချင်ဘူး
သူများနိုင်ငံမှာ မတူညီတဲ့ ပညာရပ်တွေကို လေ့လာ သင်ယူသူတွေဘဲ ဖြစ်စေချင်တယ် …
ဒါကြောင့်မို့ အခုချိန်မှာ အရေးကြီးဆုံးက change ဖြစ်ဖို့ဘဲ …
ဒီအစိုးရနဲ့သာ ဆက်သွားမယ်ဆိုလို့ကတော့
ူသူများစားပြီးသား အရိုးဘဲ ခင်ဗျား ကိုက်နေရမယ်…
သူများနိုင်ငံမှာ ကိုယ်ပိုင်လေယာဉ်ပျံတွေ စီးနေတဲ့ချိန်
ခင်ဗျားက ခင်ဗျားနိုင်ငံမှာ အဲယားကွင်း မရှိ
စုတ်ပြတ်သတ်ညစ်ပတ်နေတဲ့ မထသ ကားကို
ဂျပိုးတွေနဲ့ အတူစီးနေရမယ်ဆိုတာ ခေါင်းထဲမြဲမြဲ မှတ်ထားပါ …
(ပုံထဲက စကားကတော့ မြန်မာပြည်ကို အုပ်ချုပ်တဲ့ ညံ့ဖျင်းတဲ့စစ်ဗိုလ်ချုပ်တေ
Man Sian Nuam (ရှမ်းရှမ်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။