ကိုကျော်သူ့ဘေးကလူက ကိုကျော်သူ့ Lecture မှာ ပါဝင်ဆွေးနွေးတဲ့သူတဦးပါ။ သူကိုယ်တိုင်က ဖီလစ်ပိုင်နိုင်ငံမှာ ဈာပနလုပ်ငန်းကို စီးပွားဖြစ်လုပ်နေတဲ့ အအောင်မြင်ဆုံး လုပ်ငန်းရှင်တဦးပါ။ အချမ်းသာဆုံးသူဌေးတွေရဲ့ တန်ဖိုးအကြီးဆုံးဈာပနတွေကို လက်ခံလုပ်ကိုင်ပေးနေတဲ့ သူတဦးပါ။ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့အကြောင်းကို ကိုကျော်သူ့ Lecture မှာကြားသိမြင်ရပြီးတဲ့ နောက်မှာ သူက ဖီလစ်ပိုင်နိုင်ငံဟာလည်း ဆင်းရဲသားအောက်ခြေလူတန်းစားတွေအများကြီးရှိနေတဲ့  နိုင်ငံဖြစ်လို့ သူတို့အတွက် ကိုကျော်သူတည်ထောင်ထားတဲ့ အခမဲ့နာရေးကူညီမှုလုပ်ငန်းလ ည်းရှိသင့်တာကို သဘောပေါက်နားလည်မိပြီဖြစ်လို့ သူလည်း သူတို့နိုင်ငံမှာ အခမဲ့နာရေးကူညီမှုအသင်းတည်ေ ထာင်ပါ့မယ်လို့ ကိုကျော်သူ့ကို ဂတိပေးစကားပြောလာပါတယ်။ Lecture လာနားထောင်တဲ့ ဖီလစ်ပိုင်လူမျိုးတွေနဲ့ မက်ဆိုင်းဆိုင်းအဖွဲ့သားတွေ လည်း ၀မ်းသာသွားကြတာပေါ့။
ဒါဟာကျမတို့ မြန်မာပရဟိတပြည်သူတွေရဲ့ ဖီလစ်ပိုင်နိုင်ငံကို လမ်းပြနိုင်မှုတခုဘဲပေါ့နော်။ ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်လည်း။
Credit : Myint Myint Khin Pe
ဒါဟာကျမတို့ မြန်မာပရဟိတပြည်သူတွေရဲ့ ဖီလစ်ပိုင်နိုင်ငံကို လမ်းပြနိုင်မှုတခုဘဲပေါ့နော
Credit : Myint Myint Khin Pe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။