ခလေးတွေအတွက် လမ်းပြမြေပုံ.။
( ဆောင်းပါး)
ကျောင်းတက်ရင်း အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက နော်ဝေးလူငယ် သူငယ်ချင်း၂ယောက်နဲ့ အလုပ်ခနနားတော့ စကားပြောဖြစ်တယ်။ သူတို့၂ယောက်ကို အမြဲတရင်းတနှီးတွေ့ရသလို တယောက်အလုပ် တယောက်ကူညီပြီး တက်ကြွနေတာက အမြဲတန်းပဲ.။
ကျနော်က သိချင်စိတ်ပေါ်လို့ စပ်စုလိုက်တယ်။ "မင်းတို့က ငယ်သူငယ်ချင်းတွေလို့ ပြောဖူးတယ်၊ ရန်မဖြစ်ဖူးဘူးလား " ၂ယောက်လုံး ကျနော့မေးခွန်းကို ရီတယ်။ ဖိလစ်က ခနစဉ်းစားပြီး " စကားများတာ၊ ငြင်းခုံတာလောက်ပေါ့ ၊ ရန်ဖြစ်စရာတော့ မလိုဘူးထင်တာပဲ "တဲ့..။
ကျနော်က ကိုယ်ငယ်ငယ်က ဘ၀နဲ့ ယှဉ်ရင်း သွားတွေးပြီးမေးမိတဲ့ ကိုယ့်မေးခွန်းကိုတောင် ကိုယ်ပြန်ရှက်သွားတယ်။
ဒီနိုင်ငံမှာ ကိုယ်အမြဲတန်းတွဲတဲ့သူငယ်ချ င်းလဲ သိပ်များများစားစား ထားလေ့မရှိကြဘူး။
အပေါင်းအသင်းလဲ မြဲကြတယ်။
ကျနော့သမီးဆို ငယ်ငယ်ကတည်း( မူကြိုကတည်းက) ပေါင်းလာတဲ့ သူငယ်ချင်း၂ယောက်နဲ့ အခုထိတွဲတုန်း။ သားကလည်း အခု ၈တန်းတက်တော့မယ် ပထမတန်းတုန်းက ငယ်သူငယ်ချင်း တွေနဲ့ အခုထိ တွဲကစားတုန်း။ သူတို့ချင်း ထိုးကြိတ်ရန်ဖြစ်တာလည်းမကြားဖူးဘူး။
ဒါပေမယ့် သား မနှစ်က ကျောင်းဆင်းချိန် အိမ်ကိုမျက်စေ့မျက်နှာပျက်ြ ပီး ပြန်လာတယ်။
ကျနော်က ကျောင်းကလာရင် ခလေးတွေကို မေးနေကျ ထုံးစံအတိုင်း "သား.အဆင်ပြေလား၊ ဘာပြဿနာရှိသေးလဲ " လို့မေးလိုက်တာနဲ့ သူ့မျက်ရေ တတောက်တောက်ကျလာတယ်။ ပြီးမှ " ဟာဆန်း က သားကို ရန်စတယ်၊ တွန်းတယ်"
လို့ ပြောရင်းဝမ်းနည်းတကြီးငိုတယ်။
အဲဒီတော့မှ သူ့ ဘောင်းဘီနဲ့ အကျီတံတောင်မှာမြေကြီးတွေပေ ကျံနေတာတွေ့တယ်။ ကျနော်..ထောင်းကနဲ ဒေါသထွက်သွားတယ်။ "သားကြည့်..၊ ဒီဟာကို နှာနုလို့ခေါ်တယ်၊ ထိုးမိရင် မျက်လုံးတွေပြာပြီး ဘာမှ ပြန်လုပ်လို့မရဘူး၊ နောက်တခါရန်ဖြစ်ရင် ဒီနေရာကိုထိအောင်ထိုး " မိဘတယောက်အနေနဲ့ ပြောသင့် မပြောသင့် ဘာမှမဆင်ခြင်တော့ပဲ၊ ဗီဇစိတ်၊ မခံချင်စိတ် နဲ့ ဒေါသချောင်းချောင်းထွက်လာပြီး ပြောချလိုက်တယ်။
"သား..ကြားလား " သားက ခေါင်းတဆတ်ဆတ်ရမ်းတယ်၊ ပြီးတော့ကျနော့မျက်နှာကို မကြည့်ပဲ၊ ရှိုက်သံတ၀က်တပျက်နဲ့ ပြောချလိုက်တယ်။
"သားမလုပ်ဖူး၊ ရန်မဖြစ်ဘူး၊ ဆရာက အဲလို လက်နဲ့မလုပ်ရဘူး၊ ရန်မဖြစ်ရဘူးလို့ ပြောထားတယ် "
ကျနော် အတော်ရှက်သွားတယ်၊ တကယ်ပဲ ရှက်သွားတာပါ။ ကိုယ့်သားကို ကိုယ်ပြန်ရှက်သွားတာ.။
နည်းနည်းလေးစဉ်းစားလိုက်ပြီး ကျနော့သားကိုချက်ချင်းတောင်းပန်လိုက်တယ်။ "ဟုတ်တယ်၊ သားပြောတာမှန်တယ်၊ ဖေဖေမှားသွားတယ်၊ ဆောရီးသား၊ ရန်ဖြစ်တာမကောင်းဘူး၊ အဲလိုပြန်မလုပ်ရဘူး၊ ဖေဖေက သားငိုတာမခံနိုင်လို့ ဒေါသထွက်ပြီးပြောလိုက်တာ၊ ဆောရီးသား " ကျနော် ရှက်ရှက်နဲ့ တောင်းပန်လိုက်ရပေမယ့် အဲလိုစကားပြန်ပြင်ပြောလိုက် ရလို့ ရင်ထဲပေါ့သွားတယ်။ သားလဲ စိတ်ပေါ့သွားမယ်ထင်တယ်။
ကျနော် တို့ငယ်ငယ်က ခဏခဏ ရန်ဖြစ်တယ်။ ထိုးကြိတ်၊ ရိုက်ပုတ်၊ နီးရာနဲ့ ဆွဲပြီး ထုနှက် လွှဲပေါက်ပြီးတော့ကို ဒါဏ်ရာအနာတရဖြစ်စေတဲ့အထိ ရန်ဖြစ်တာပါ။ အရွယ်ရောက်တဲ့အထိ အဲလို သားရိုင်းသတ္တ၀ါစိတ်ဓာတ်မျိုးတွေကြွင်းကျန်တုံး..။
ဒီနိုင်ငံမှာတော့ ကျောင်းစာသင်ခန်းက ခလေးတွေကို လိမ္မာယဉ်ကျေးအောင်တပါတည်း သွန်သင်တယ်။ စနစ်တကျသွန်သင်တယ်၊ ခလေးတွေကလည်း စကားနားထောင်တယ်။ စည်းကမ်းလိုက်နာတယ်။ ဒီတော့ သူတို့ အရွယ်ကြီးပြင်းလာတဲ့အထိ ကိုယ်ထိလက်ရောက် ရန်ဖြစ်ဖူးသူမရှိသလောက်ရှား ပါးတယ်။
စောစောကပြောတဲ့ ကျနော့အလုပ်ထဲက သူငယ်ချင်းတွေလည်း အလားတူပဲ.။
ကတောက်ကဆစကားများတာရှိပေမယ့် ငယ်ငယ်ကတည်းက စာသင်ကျောင်းထဲမှာ နှုတ်နဲ့ ပြောဆို ဖြေရှင်းတဲ့ ယဉ်ကျေးမှု ( ဒိုင်ယာလော့ခ်ယဉ်ကျေးမှု)နဲ့ သာ အသားကျနေတော့ လက်မပါဘူး၊ မရိုင်းကြဘူး။
သူတို့ပေါင်းသင်းတဲ့ သူငယ်ချင်းက မြဲတယ်။
ကိုယ့်စိတ်နဲ့မတွေ့ဘူးလို့ထ င်ရင် လူပေါင်းစိတ်ခွါ အသာလေး ဖောရှောလေး နေလိုက်ကြတာပဲ.။ ကိုယ်နဲ့ စိတ်သဘောမကိုက်ညီရင်၊ အယူအဆကွဲရင် တပူးပူးတတွဲတွဲ မလုပ်တာပဲရှိမယ်၊ဖက်ရမ်းနှုတ်ဆက်ကြတတ်တာပဲ။ အမုန်းမရှိ၊ အညှိုးမရှိသလို ရိတာ၊ ထေ့တာ၊ တွန်းတိုက်တာမျိုးတွေလည်း (ကျနော်တို့ငယ်ငယ်ကလို) လုပ်တတ်တဲ့စရိုက်လက္ခဏာမျိုး ရှားပါတယ်။ မဆက်ဆံချင်ရင် မမြင်ဟန်ဆောင်တယ်၊ မျက်နှာချင်းဆိုင် မလွှဲမရှောင်သာတွေ့ရင် ..ဟိုင်း..ဟယ်လို..နဲ့ ပြုံးပြီး မေးထူး ခေါ်ပြောဆက်ဆံတယ်။ခလေးတွေဆို ပေမယ့် လူကြီးတွေလိုပဲ ရင့်ကျက်တယ်၊ ယဉ်ကျေးတယ်။
အဲလိုအမူအကျင့်တွေကို ကျနော်တို့ မိဘတွေက တကူးတက သင်ကြားပေးခဲ့လို့ မဟုတ်ပါ။ နည်းနည်းပါးပါးသွန်သင်တာတော့  ရှိတာပေါ့။ အဓိက က သူတို့ ကျောင်းက ဆရာ ဆရာမတွေပါ။ စာသင်တာတခုတည်းက ကျောင်းဆရာတွေ အလုပ်မဟုတ်၊ ခလေးတွေ စိတ်ဓာတ်ယဉ်ကျေးမှု တိုးတက် မြင့်မားလာစေဖို့ကလည်း သူတို့ တာဝန်ရှိတယ်လို့ ခံယူထားသူတွေပါ။
မိဘဆရာ အစည်းအဝေးရှိတိုင်း ခလေးတွေရဲ့ တဦးချင်း ပညာအရည်အချင်းသာမက၊ စည်းကမ်း၊ လူမှုစိတ်ဓာတ်၊ ၀တ်စားပုံ၊ ကျန်းမာရေး၊ အမူအကျင့်...အရာရာကို လေ့လာ မှတ်တမ်းပြုထားတယ်။ တဦးချင်းစီရဲ့ အချက်အလက်တွေကို ဆရာတွေရဲ့ ကွန်ပြူတာဒေတာ မှတ်တမ်းတွေနဲ့ စနစ်တကျသိုမှီးထားတယ်။ ဒါက ခလေးတွေရဲ့ ဘ၀တလျှောက်လုံး..နောက်ကြော့ င်းရာဇ၀င်အချက်အလက်ကို မှတ်တမ်းတင်ထားတာဖြစ်တယ်။ လူတိုင်းမှာ ကိုယ်ပိုင်နံပါတ်တွေရှိတယ်။ မှတ်ပုံတင်နံပါတ်လိုပေါ့။ နာမည်နဲ့ ကိုယ်ပိုင် နံပါတ် ရိုက်လိုက်တာနဲ့ အဲဒီလူရဲ့ အကြောင်းအရာမှတ်တမ်းတွေ အားလုံး ရှာဖွေသိရှိနိုင်တယ်။
ကျနော်အဓိက ပြောချင်တာက ခလေးစာသင်ကျောင်းတွေက ချပေးထားတဲ့ မူ၊ စည်းကမ်းဟာ အဲဒီခလေးငယ်ရဲ့ ဘ၀တလျှောက်လုံး စိတ်ဓာတ်၊ အသိ၊ ပညာ နဲ့ တွေးခေါ်မျော်မြင်မှု အားလုံးကို လမ်းညွှန်သွားတတ်တယ်ဆိုတာပါ။
ခလေးစာသင်ကြောင်းက သင်ကြားချမှတ်လိုက်တဲ့ မူနဲ့ စည်းစနစ်ဟာ သူ့ဘ၀တလျှောက်လုံးရဲ့ လမ်းပြမြေပုံပဲဖြစ်တယ်။
အဲဒီလမ်းပြမြေပုံက အရိုင်းစိတ်၊ ရုပ်ကြမ်းဝါဒီဘ၀ကို တွန်းပို့စေတာမဟုတ်ပဲ ယဉ်ကျေးလိမ္မာတဲ့ စိတ်ဓာတ်ရေးရာ ဖြောင့်မတ်တည်ကြည်မှုရှိရုံမ က ကျင့်ဝတ် သီလကောင်းနဲ့ နေထိုင်နိုင်တဲ့ ငြိမ်းချမ်းသာယာတဲ့ဘ၀ကို လမ်းညွှန်သွားမှာဖြစ်တယ်။
စာသင်ကျောင်းရဲ့ နည်းစနစ်ခိုင်မာကောင်းမွန်ရ င် မတူညီမှုတွေကို ဘာသာရေးပုံစံတခုထဲ သွပ်သွင်းစေတဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေလည်း မလိုအပ်ပါ။ လူ့အခွင့်အရေးသင်တန်း၊ စိတ်ဓာတ်မွမ်းမံသင်တန်း..တွေလည်းမလိုအပ်ပါ။
လူသားချင်း အဆင့်အတန်း၊ အသားအရောင်၊ လူမျိုး ဘာသာခွဲခြားမှု လည်းမဖြစ်နိုင်ပါ။
တနိုင်ငံတည်း အတူနေတဲ့ ဘာသာကွဲ၊ လူမျိုးကွဲ ညီအကိုတိုင်းရင်းသားချင်း စစ်ခင်းမှုတွေလည်း ပေါ်ပေါက်စရာမရှိပါ။
ဒီကနေ့ကာလတွေလို ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ကေ န အယူအဆ မတူရုံနဲ့ နင်ပဲငဆ တိုင်းထွာဆဲရေး၊ စော်ကား အမုန်းပွားစေမယ့် အမူအကျင့်တွေ၊ Negative ( ဆန့်ကျင်ဘက်အမြင်)အမြင်တွေ ပါးလွှာဝေးကွာပြီး Positive ( အပြုသဘောအမြင်)တွေတဖြေးဖြေး တိုးပွားလာမှာဖြစ်တယ်။
ဒါဟာ ကျနော်တို့ မြန်မာ့ လူမှုဝန်းကျင်ရဲ့ လက်တွေ့လိုအပ်ချက်သာဖြစ်တယ် ။
ကိုညို( အော်စလို)
( ဆောင်းပါး)
ကျောင်းတက်ရင်း အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက နော်ဝေးလူငယ် သူငယ်ချင်း၂ယောက်နဲ့ အလုပ်ခနနားတော့ စကားပြောဖြစ်တယ်။ သူတို့၂ယောက်ကို အမြဲတရင်းတနှီးတွေ့ရသလို တယောက်အလုပ် တယောက်ကူညီပြီး တက်ကြွနေတာက အမြဲတန်းပဲ.။
ကျနော်က သိချင်စိတ်ပေါ်လို့ စပ်စုလိုက်တယ်။ "မင်းတို့က ငယ်သူငယ်ချင်းတွေလို့ ပြောဖူးတယ်၊ ရန်မဖြစ်ဖူးဘူးလား " ၂ယောက်လုံး ကျနော့မေးခွန်းကို ရီတယ်။ ဖိလစ်က ခနစဉ်းစားပြီး " စကားများတာ၊ ငြင်းခုံတာလောက်ပေါ့ ၊ ရန်ဖြစ်စရာတော့ မလိုဘူးထင်တာပဲ "တဲ့..။
ကျနော်က ကိုယ်ငယ်ငယ်က ဘ၀နဲ့ ယှဉ်ရင်း သွားတွေးပြီးမေးမိတဲ့ ကိုယ့်မေးခွန်းကိုတောင် ကိုယ်ပြန်ရှက်သွားတယ်။
ဒီနိုင်ငံမှာ ကိုယ်အမြဲတန်းတွဲတဲ့သူငယ်ချ
အပေါင်းအသင်းလဲ မြဲကြတယ်။
ကျနော့သမီးဆို ငယ်ငယ်ကတည်း( မူကြိုကတည်းက) ပေါင်းလာတဲ့ သူငယ်ချင်း၂ယောက်နဲ့ အခုထိတွဲတုန်း။ သားကလည်း အခု ၈တန်းတက်တော့မယ် ပထမတန်းတုန်းက ငယ်သူငယ်ချင်း တွေနဲ့ အခုထိ တွဲကစားတုန်း။ သူတို့ချင်း ထိုးကြိတ်ရန်ဖြစ်တာလည်းမကြာ
ဒါပေမယ့် သား မနှစ်က ကျောင်းဆင်းချိန် အိမ်ကိုမျက်စေ့မျက်နှာပျက်ြ
ကျနော်က ကျောင်းကလာရင် ခလေးတွေကို မေးနေကျ ထုံးစံအတိုင်း "သား.အဆင်ပြေလား၊ ဘာပြဿနာရှိသေးလဲ " လို့မေးလိုက်တာနဲ့ သူ့မျက်ရေ တတောက်တောက်ကျလာတယ်။ ပြီးမှ " ဟာဆန်း က သားကို ရန်စတယ်၊ တွန်းတယ်"
လို့ ပြောရင်းဝမ်းနည်းတကြီးငိုတယ
အဲဒီတော့မှ သူ့ ဘောင်းဘီနဲ့ အကျီတံတောင်မှာမြေကြီးတွေပေ
"သား..ကြားလား " သားက ခေါင်းတဆတ်ဆတ်ရမ်းတယ်၊ ပြီးတော့ကျနော့မျက်နှာကို မကြည့်ပဲ၊ ရှိုက်သံတ၀က်တပျက်နဲ့ ပြောချလိုက်တယ်။
"သားမလုပ်ဖူး၊ ရန်မဖြစ်ဘူး၊ ဆရာက အဲလို လက်နဲ့မလုပ်ရဘူး၊ ရန်မဖြစ်ရဘူးလို့ ပြောထားတယ် "
ကျနော် အတော်ရှက်သွားတယ်၊ တကယ်ပဲ ရှက်သွားတာပါ။ ကိုယ့်သားကို ကိုယ်ပြန်ရှက်သွားတာ.။
နည်းနည်းလေးစဉ်းစားလိုက်ပြီ
ကျနော် တို့ငယ်ငယ်က ခဏခဏ ရန်ဖြစ်တယ်။ ထိုးကြိတ်၊ ရိုက်ပုတ်၊ နီးရာနဲ့ ဆွဲပြီး ထုနှက် လွှဲပေါက်ပြီးတော့ကို ဒါဏ်ရာအနာတရဖြစ်စေတဲ့အထိ ရန်ဖြစ်တာပါ။ အရွယ်ရောက်တဲ့အထိ အဲလို သားရိုင်းသတ္တ၀ါစိတ်ဓာတ်မျို
ဒီနိုင်ငံမှာတော့ ကျောင်းစာသင်ခန်းက ခလေးတွေကို လိမ္မာယဉ်ကျေးအောင်တပါတည်း သွန်သင်တယ်။ စနစ်တကျသွန်သင်တယ်၊ ခလေးတွေကလည်း စကားနားထောင်တယ်။ စည်းကမ်းလိုက်နာတယ်။ ဒီတော့ သူတို့ အရွယ်ကြီးပြင်းလာတဲ့အထိ ကိုယ်ထိလက်ရောက် ရန်ဖြစ်ဖူးသူမရှိသလောက်ရှား
စောစောကပြောတဲ့ ကျနော့အလုပ်ထဲက သူငယ်ချင်းတွေလည်း အလားတူပဲ.။
ကတောက်ကဆစကားများတာရှိပေမယ့
သူတို့ပေါင်းသင်းတဲ့ သူငယ်ချင်းက မြဲတယ်။
ကိုယ့်စိတ်နဲ့မတွေ့ဘူးလို့ထ
အဲလိုအမူအကျင့်တွေကို ကျနော်တို့ မိဘတွေက တကူးတက သင်ကြားပေးခဲ့လို့ မဟုတ်ပါ။ နည်းနည်းပါးပါးသွန်သင်တာတော
မိဘဆရာ အစည်းအဝေးရှိတိုင်း ခလေးတွေရဲ့ တဦးချင်း ပညာအရည်အချင်းသာမက၊ စည်းကမ်း၊ လူမှုစိတ်ဓာတ်၊ ၀တ်စားပုံ၊ ကျန်းမာရေး၊ အမူအကျင့်...အရာရာကို လေ့လာ မှတ်တမ်းပြုထားတယ်။ တဦးချင်းစီရဲ့ အချက်အလက်တွေကို ဆရာတွေရဲ့ ကွန်ပြူတာဒေတာ မှတ်တမ်းတွေနဲ့ စနစ်တကျသိုမှီးထားတယ်။ ဒါက ခလေးတွေရဲ့ ဘ၀တလျှောက်လုံး..နောက်ကြော့
ကျနော်အဓိက ပြောချင်တာက ခလေးစာသင်ကျောင်းတွေက ချပေးထားတဲ့ မူ၊ စည်းကမ်းဟာ အဲဒီခလေးငယ်ရဲ့ ဘ၀တလျှောက်လုံး စိတ်ဓာတ်၊ အသိ၊ ပညာ နဲ့ တွေးခေါ်မျော်မြင်မှု အားလုံးကို လမ်းညွှန်သွားတတ်တယ်ဆိုတာပါ။
ခလေးစာသင်ကြောင်းက သင်ကြားချမှတ်လိုက်တဲ့ မူနဲ့ စည်းစနစ်ဟာ သူ့ဘ၀တလျှောက်လုံးရဲ့ လမ်းပြမြေပုံပဲဖြစ်တယ်။
အဲဒီလမ်းပြမြေပုံက အရိုင်းစိတ်၊ ရုပ်ကြမ်းဝါဒီဘ၀ကို တွန်းပို့စေတာမဟုတ်ပဲ ယဉ်ကျေးလိမ္မာတဲ့ စိတ်ဓာတ်ရေးရာ ဖြောင့်မတ်တည်ကြည်မှုရှိရုံမ
စာသင်ကျောင်းရဲ့ နည်းစနစ်ခိုင်မာကောင်းမွန်ရ
လူသားချင်း အဆင့်အတန်း၊ အသားအရောင်၊ လူမျိုး ဘာသာခွဲခြားမှု လည်းမဖြစ်နိုင်ပါ။
တနိုင်ငံတည်း အတူနေတဲ့ ဘာသာကွဲ၊ လူမျိုးကွဲ ညီအကိုတိုင်းရင်းသားချင်း စစ်ခင်းမှုတွေလည်း ပေါ်ပေါက်စရာမရှိပါ။
ဒီကနေ့ကာလတွေလို ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ကေ
ဒါဟာ ကျနော်တို့ မြန်မာ့ လူမှုဝန်းကျင်ရဲ့ လက်တွေ့လိုအပ်ချက်သာဖြစ်တယ်
ကိုညို( အော်စလို)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။