Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 19, 2015

ဘဝတစ်လျှောက်မှာ သီချင်းတွေနဲ့ပဲဖြတ်သန်းမယ့်သူ (သို့မဟုတ်) ဝေလ


ဘဝတစ်လျှောက်မှာ သီချင်းတွေနဲ့ပဲဖြတ်သန်းမယ့်သူ (သို့မဟုတ်) ဝေလ

ဝေလ ကို ၁၉၈၂ ခုနှစ်မှာ မွေးပါတယ်။ သူ့မွေးသက္ကရာဇ်ကို သူ့ရဲ့ ပထမဆုံးစီးရီးမှာ စီးရီးခေါင်းစဉ်အဖြစ်တွေ့ရတာကြောင့် ပိုမိုမှတ်မိ လွယ်ခဲ့ပါတယ်။ ရန်ကုန်၊ ကမာရွတ်မှာ မွေးဖွားသူ ဝေလက ရန်ကုန်သားစစ်စစ်ဖြစ်ပြီး သူရဲ့ငယ်ဘဝကို ကမာရွတ်နဲ့အ လုံမှာ ဖြတ် သန်း ခဲ့ကာ အလုံမှာသူ့ရဲ့မူလတန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ရန်ကုန်သားစစ်စစ်ဖြစ်တဲ့ ဝေလဟာ ကမာရွတ်နဲ့သမိုင်း နယ်မြေ တကြောမှာ သူ့ရဲ့ကလေးဘဝနဲ့ လူငယ်ဘဝကိုကျင်လည်ခဲ့ပြီး ဖခင်ဖြစ်သူနဲ့ သူ့ သူငယ်ချင်းများရဲ့ ဂီတဝိုင်းများမှာ ဘေးထိုင်လုပ်ရင်း ငယ် စဉ်ကပင် ဂီတ နဲ့ ထိစပ်ခဲ့ပါတယ်။

” သမိုင်းမှာနေတုန်းက ကျွန်တော့်အဖေကလည်း သူ့ဘော်ဒါတွေနဲ့ ဂစ်တာတွေဘာတွေတီးတယ်။ ပြီးတော့ ကျွန်တော့်အစ်ကို။ သူကလည်း အဲဒီ တုန်းက သူ့သူငယ်ချင်းတွေနဲ့ ဆေးဆိုးပန်းရိုက်မျက်နှာတို့ ဘာတို့ အမြဲတီးတယ်။ တစ်ခါတလေ ကျွန်တော်က ဝင်ဆို တယ်။ အဲဒီအရွယ်ကတည်းက ပိုးကစဝင်တာပေါ့။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော့်အစ်ကိုက ကျွန်တော်တို့ကလေး သူငယ်ချင်း အုပ်စုကိုမေးတယ်။ မင်းတို့ ဘာလုပ်ချင်တာလဲပေါ့။ ကျွန်တော်တို့က ဂစ်တာတီးချင်တာဆိုတော့ မင်းတို့လက်တွေ က နုသေးတယ် ဆိုပြီး မြေကြီးကို လက်ထိပ်နဲ့ ဆောင့်ခိုင်းတယ်။ ကျပ်တာပေါ့” လို့ ဝေလက သူ့ရဲ့ကလေးဘဝ အမှတ်တရတွေကို ပြန်ပြောပြပါတယ်။ ဂစ် တာတီးဖို့ စိတ်အား ထက်သန်နေတဲ့ မူလတန်းကျောင်းသား ဝေဖြိုးအောင် (ခေါ်) ဝေလအတွက် ဂစ်တာကော့ဒ်တစ်ခုကို တီးတတ် ခဲ့ခြင်း က ကလေးဘဝရဲ့ အောင်မြင်မှုတွေထဲက တစ်ခုပါ။

” ကျွန်တော်က G ပဲတီးတတ်တယ်။ တစ်ခုရှိတယ်၊ ဂစ်တာကော့ဒ်သာ မသိတာ။ Timing တွေဘာတွေတော့ မမှားဘူး။ သီချင်းကိုတော့ မယ်လိုဒီမှန်မှန် ဆိုတတ်တယ်။ C, Am, F, G တီးတတ်သွားတဲ့အချိန်မှာ တော်တော်ပျော်သွားတယ်။ သီချင်းတွေအားလုံး တီးတတ်ပြီ ဆိုတဲ့ ကလေး အတွေးဖြစ်ဖူးတယ်။ ဂစ်တာကတော့ ကျွန်တော့်အစ်ကိုပဲသင်ပေးတာပေါ့။ နောက်ပိုင်း ကျွန်တော့်အစ်ကို သူ ငယ်ချင်းတွေ က E တို့၊ F တို့ စသဖြင့် သင်ပေးတယ်” လို့ ပြောပါတယ်။ ဝေလ အလယ်တန်းကျောင်းသားအရွယ် မှာတော့ မြောက်ဒဂုံ ကို ပြောင်းရွှေ့ လာခဲ့ပြီး ဂစ်တာကိုလည်း အတန်အသင့်ကောင်းစွာတီးနိုင်နေပါပြီ။ နိုင်ငံခြားသီချင်းတွေလည်း နားထောင် တတ် လာ တဲ့ ဝေလက သီ ချင်းတွေလည်း အထက်တန်းကျောင်းသားဘဝမှာ စတင်ရေး ဖွဲ့နေခဲ့ပါပြီ။ ဂီတအပေါ်မှာပဲ စိတ်ရှိတော့တဲ့ ဝေလက ပညာရေးဘက်မှာ လည်း အဆုံးထိမလျှောက်ခဲ့သလို စီးပွား ရေးကိုလည်း စိတ်မဝင်စားခဲ့သူ ဖြစ်ခဲ့ပါတယ်။

” ကျွန်တော့်အစ်ကိုတွေက သင်္ဘောသားဆိုတော့ အမေကနင်သင်္ဘောတက်မလားဆိုပြီးပြောတယ်။ သင်္ဘောလိုက်မှပဲ နင့်ဘဝက အဆင်ပြေမယ်ပေါ့။ ကျွန်တော်ကလည်း ဒီသီချင်းဘက်ကိုပဲရွေးလိုက်တယ်။ အဲဒီအချိန်ကစပြီး သီချင်းရေးလိုက်၊ သီချင်းဆိုလိုက်နဲ့ပဲ တရွေ့ရွေ့လုပ်ကိုင်ရင်း ဒီလောကထဲ ရောက်လာတာပါ” လို့ ဝေလက ပြောပါတယ်။ ဝေလရဲ့ နာမည်အရင်းကတော့ ဝေဖြိုးအောင် ပဲဖြစ်ပါတယ်။ ဝေလဆိုတဲ့ အနုပညာနာမည် ဖြစ်တည်လာပုံကတော့

” အဲ့ဒီတုန်းက ဝေဖြိုးတို့ဘာတို့စသဖြင့်နာမည်တွေက ခေတ်စားနေတော့ ကျွန်တော့်အနေနဲ့လည်း အဲ့ဒီလိုမပေး ချင်တာနဲ့ ကိုယ်က ဗုဒ္ဓဟူးသားလည်း ဖြစ်တော့ ကိုယ့်ဘာသာဘဲစဉ်းစားပြီး ဝေလ ဆိုတဲ့နာမည်ကိုရွေးပြီးပေးဖြစ်တာ။တွက်ချက်ပြီးပေးတာမျိုးတော့မဟုတ် ဘူး။ ကိုယ့်ဘာသာပဲစဉ်းစားရင်းနဲ့ ဒီနာမည်လေးကို ပေးဖြစ်လိုက်တာ” လို့ ဝေလကသူ့ အနုပညာနာမည်နဲ့ ပတ်သက်ပြီးပြောပါတယ်။

ဝေလက မြူးဇစ် လောကထဲကို ထဲထဲဝင်ဝင်ရောက်မလာခင်မှာတော့ အော်တာနေးတစ်သီချင်းတွေကို လူမသိသူမသိလုပ်ခဲ့ဖူးပြီး ဘယ် သူ့ရှေ့ကိုမှ မရောက်ဖြစ်ခဲ့တဲ့ သီချင်းများလည်းဖြစ်ခဲ့ပါတယ်။ ဝေလဆိုပြီး Official ဖြစ်မလာခင်မှာတော့ ပန့်ခ်သီချင်းတွေ လည်း ရေး ဖွဲ့ခဲ့ပြီး သူငယ်ချင်းတွေကိုလည်း သီချင်းရေးပေးခဲ့ဖူးပါတယ်။ မြူးဇစ်လောက ထဲမှာ ဝေလကို ခြေတစ် လှမ်းဆက်ရွှေ့စေခဲ့ တာ ကတော့ ထူးအယ်လင်းရဲ့ ဒုတိယစီးရီး လူသားဘဝထဲမှာ ပါတဲ့ “နင်လိုမိန်းမနဲ့” ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်။ တေးရေးအနေနဲ့ ဒီလောက ထဲ ကို ရောက်ရှိလာပြီဖြစ်တဲ့ ဝေလက ထူးအယ်လင်းကို သီချင်းရေး ပေးပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ပထမဆုံးစီးရီးကို စတည်ပါတော့ တယ်။ ဝေလဆိုတဲ့ နာမည်နဲ့ ထွက်လာမယ့် ၁၉၈၂ ဆိုတဲ့ စီးရီးကို ၄ နှစ်ကြာအချိန်ယူပြင်ဆင်ပြီးတဲ့နောက် ၂ဝ၁၁ ခုနှစ် မှာတော့ ဝေလ က ပထမဆုံးတစ်ကိုယ်တော်စီးရီး ထွက်ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။

” ၂ဝဝ၃၊ ၂ဝဝ၄ လောက်က ဒီ ၁၉၈၂ ကိုစလုပ်တာ။ ၂ဝ၁၁ မှာထွက်ဖြစ်တယ်။ သီချင်းတွေက အရင်ကတည်းကရေးထားတဲ့ သီချင်းတွေ လည်းပါတယ်။ ပထမစီးရီးထွက်ပြီးနောက်ပိုင်းမှာ ကိုထူးအယ်လင်း ကျေးဇူးနဲ့ ရှိုးတွေဆိုဖြစ်တယ်။ အဲဒီတုန်းကတော့ ဒီ ၁၉၈၂ ကလည်း သိပ်မရောက်ခဲ့တော့ ပရိသတ်အားပေးတာရှိသလို အားမပေးတာတွေလည်း အများကြီးပဲ” လို့ ပြောပြပါတယ်။ ဝေလဆိုတဲ့ အဆိုတော်ကို တစ်ပြည်လုံးက လက်ခံလာစေမယ့် “မိတ်ကပ်မကြိုက်သော သီချင်းများ” စီးရီးကိုတော့ ၂ဝ၁၄ ခုနှစ်ထဲမှာ ထွက်ရှိ လာနိုင်ခဲ့ပြီး စာသားအကြောင်းအရာ၊ သံစဉ်ဆန်း ဆန်းတွေနဲ့အတူ ဝေလပရိသတ်ဆိုတဲ့အစုအဖွဲ့တစ်ခုကို ရရှိလာခဲ့ပါတယ်။ ဒီစီးရီး ထဲက Title သီချင်းဖြစ်တဲ့ “မိတ်ကပ်မကြိုက်သောသီချင်းများ” ဆိုတဲ့ သီချင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး ဝေလပြောပြတာက..

” ကျွန်တော်တို့ဆိုရမယ့် အလှည့်ပေါ့။ အဲဒီလိုဆိုခါနီးအချိန်မှာ ကျွန်တော်တို့ထက် နာမည်ရတဲ့၊ သမ္ဘာရှိတဲ့ အဆိုတော်တွေက သွားစ ရာရှိလို့ဆိုပြီး အရင်ဆိုသွားတာမျိုးပေါ့။ ဖီးလ်တော့ ကွေးတာပေါ့။ ကိုယ့်အမြင်မှာ ကိုယ်တကယ် ခံစားရတဲ့ကိစ္စတွေနဲ့ ဒီသီချင်း ကိုရေးဖြစ် တာပါ” ဆိုတဲ့ ဝေလက အဆိုတော်တစ်ယောက်အနေနဲ့ ခံယူထားပုံကိုလည်း

” အဆိုတော်ဆိုတာ အဆိုတော်နေဖို့ပဲပေါ့။ ရုပ်ချောမှ အဆိုတော်လုပ်လို့ ရတာမဟုတ်ဘူး။ အဆိုတော်က အသံနဲ့သီချင်းပဲ အရေးကြီး တယ်။ ဒါအဓိက ပေးရမှာပဲ။ ကျွန်တော်ဆိုမယ့် သီချင်းက ပရိသတ်နားထောင်လို့ အဆင်ပြေဖို့ပဲ။ ကျွန်တော်တို့လည်း တအားအ ဆိုတော် တဲ့ သူမဟုတ်ဘူး။ ကောင်းဖို့ကြိုးစားနေ တဲ့သူပဲဆိုတော့ ရုပ်လှဖို့ထက်အသံကောင်းဖို့ကိုပဲ ဦးစားပေးတယ်။ ကျွန်တော်တို့ကတော့ ကိုယ့် သီချင်းကိုယ်အကောင်းဆုံးဖြစ်အောင် ဆိုလိုက်တာကို ပိုသဘောကျတယ်” လို့ ဝေလကပြောပါတယ်။ ၁၉၈၂ နဲ့ စတင်ခဲ့တဲ့ ဝေလက မိတ်ကပ်မကြိုက်သောသီချင်းများနဲ့ အောင်မြင်ပြီးတဲ့ နောက်မှာတော့ အိမ် ထောင်ရှင်တစ်ဦးလည်းဖြစ်နေပြီဖြစ်ပြီး သားဦးလေးကိုလည်း မကြာခင် ရရှိတော့မှာဖြစ်ပါတယ်။

” ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးက အထက်တန်းကျောင်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ၂ဝ၁၄ မှာ သူနဲ့လက်ထပ်ဖြစ်တယ်။ သူကတော့ ကျွန်တော်လုပ်သမျှ အလုပ်တိုင်းကိုအားပေးပါတယ်။ သူက ကျွန်တော့်ကို စိတ်ချမ်းသာစေပါတယ်” လို့ ပြောတဲ့ ဝေလက မကြာခင်မှာ မွေးဖွားတော့မယ့် သားဦးလေးနဲ့ပတ်သက်ပြီး သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း..

” ကျွန်တော်မွေးလာမယ့် ကလေးကိုတော့ ငယ်ငယ်ကတည်းက မြူးဇစ်နဲ့ နီးစပ်အောင် ပီယာနိုကို ငယ်ငယ်ကတည်းကသင်ပေးမယ်။ ကြီးလာမှ သူ့ ဘာသာ ကြိုက်တာလုပ်ပေါ့။ ဒါပေမဲ့ မြူးဇစ်ရဲ့အခြေခံကိုသူသိအောင်တော့ သင်ပေးထားမယ်။ သူဝါသနာပါလာရင်လည်း ဆက်ပံ့ပိုးပေးမှာပါပဲ” လို့ ပြော ပါတယ်။ ဝေလက စီးရီးနှစ်ခွေထွက်ပြီး နောက်မှာတော့ တတိယစီးရီးကိုလည်း ပြင်ဆင်နေပြီဖြစ်ပြီး သူ့ ဘဝတစ်လျှောက်လုံးကို ဂီတနဲ့ပဲ ဖြတ်သန်းသွားမယ့် ဂီတလူသားတစ်ဦးလည်းဖြစ်လို့နေပါတယ်။ ” ကျွန်တော့်တစ်ဘဝလုံးကို သီချင်းတွေ နဲ့ပဲ ဖြတ်သန်းသွားမယ်။ နောက်ဆုံးအသက်အရွယ်ကြီးလာလို့ ကိုယ်တိုင်သီချင်းတွေမလုပ်နိုင်တဲ့အခါမှာလည်း သီချင်းတွေ နားထောင် သွားမယ်။ ပြီးရင်တော့ ကိုယ်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဘုရား တရား ကိစ္စတွေကိုလည်းလုပ်သွားမှာပါ” လို့ ဝေလကပြောပြခဲ့ တာကြောင့် သီချင်းတွေနဲ့ရှင်သန်ရင်း မိသားစုဘဝမှာ ပျော်ဝင်နေတဲ့ ဝေလအနေနဲ့ သူရင်ခုန်ရာ ဂီတတွေ ဖန်တီးရင်း ပရိသတ်နဲ့ ထိ စပ်နေဦးမှာကတော့ အမှန်ပါပဲ။

Credit:Popular Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။