Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 5, 2015

ငှက်တစ်ကောင် နဲ့ အင်တာဗျုးခြင်း

🐦🐦ငှက်တစ်ကောင်
နဲ့
အင်တာဗျုးခြင်း🐦🐦
👓👓👓👓👓👓👓👓
🎤 ထူးအိမ်သင် မဖြစ်ခင် ကျော်မြင့်လွင် ဘဝမှာတုန်းက ကမ္ဘာ့ဂီတကို ဘယ်လိုခံစား လေ့လာခဲ့ဖူးပါသလဲ??
🐦- အဲဒီအချိန်တုန်းကတော့ အခုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ အခွင့်မသာခဲ့ဘူး။ လက်ဖက်ရည်ဆိုင်မှာ သီချင်းနားထောင်တာလောက်၊ လက်လှမ်းမှီသလောက်ဆိုရင်တော့ ရေဒီယိုပေါ့။ ရေဒီယိုကတော့ စွဲစွဲလမ်းလမ်း နားထောင်ခဲ့တယ်။ ညဆိုရင်လည်း ရေဒီယို ပိုက်ပြီးတော့ အိပ်ပျော်သွားတယ်။ ဘယ်အစီအစဉ်တွေ ဘာဖြစ်သွားမှန်းလဲ မသိဘူး။ အဲဒီလိုဆိုရင် ကျွန်တော့်အမေပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် ကျွန်တော် ပိုက်ထားတဲ့ ရေဒီယိုကို ဆွဲယူရတယ်။

🎤 "ကောင်းတဲ့သီချင်းဆိုရင် ကျွန်တော်ကြိုက်တယ်" လို့ ကိုငှက်ပြောဖူးတယ်နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မေးရရင် ဘယ်လို အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့သီချင်းတွေကို သီချင်းကောင်းလို့ သတ်မှတ်ပါသလဲ??
🐦- ကျွန်တော် လေးစားတဲ့ တေးရေးဆရာတွေကတော့ တော်တော်များများရှိတယ်ဗျ။ ဆရာစိုင်းခမ်းလိတ်၊ ကိုနေဝင်းတို့ပေါ့။ သူတို့ရေးထားတဲ့ သီချင်းတွေကိုတော့ အရမ်းနှစ်သက်ပါတယ်။ ဒါပေမယ့် အားကျခဲ့ဖူးတာတော့ မဟုတ်ဘူး။ ကျွန်တော် တကယ့်ကို အားကျပြီးတော့ လေးစားတဲ့ တေးရေးဆရာကတော့ ဆရာမြို့ မငြိမ်း ပါ။
🎤 "သက်ငြိမ်" သီချင်းဟာ ကိုငှက်ရဲ့  ဘဝ တစိတ်တစ်ပိုင်းလို့ သိရပါတယ်။ အဲဒီ ဇာတ်လမ်းလေးကိုလည်း ပြောပြပါဦး??
🐦- ကျွန်တော် ကောလိပ်ကျောင်းသားဘဝ၊ ပုသိမ်ကောလိပ်မှာ တက်တုန်းကပေါ့။ ၁၉၈၂ - ၈၃ လောက်ကပေါ့။ ကျွန်တော် အိမ်ကနေထွက်လာပြီး၊ အိမ်ကနေထွက်လာတယ်ဆိုတာကလည်း ပထမနှစ်ကို ၂ခါကျလို့ External ဖြစ်သွားတယ်။ (ရယ်လျက်)
ကျွန်တော့်မိဘတွေကလည်း အဲဒီအချိန်တုန်းက မော်လမြိုင်ကို ပြောင်းသွားကြတယ်။ အဲဒါနဲ့ ကျွန်တော်တစ်ယောက်တည်း ပုသိမ်က သူငယ်ချင်းတစ်ယောက်ရဲ့  အိမ်ကိုလာပြီး အဲဒီကနေ ကျောင်းတက်ရတယ်။ အဲဒီမှာ ကျွန်တော် အရမ်းချို့ တဲ့သွားတယ်။ ပိုက်ဆံမရှိ ဘာမရှိနဲ့ပေါ့။ သူငယ်ချင်းတစ်ယောက်ရဲ့  အခန်းထဲမှာ အမြဲခွေနေရတယ်။ သူ့အခန်းထဲက ကြည့်လိုက်ရင် ပြတင်းပေါက်ကို အမြဲမြင်နေရတယ်။ သူ့ခုတင်မှာ ကျွန်တော်က ကပ်ပြီးတော့ အိပ်ရတော့ ကျွန်တော့် မျက်စိရှေ့ မှာ ပြတင်းပေါက်ရှိတယ်။ ညဘက်ဆိုရင်လည်း ကြယ်တွေ တောက်ပနေတာကို တွေ့ရတယ်။ ကျွန်တော်ကလည်း အဲဒီအချိန်မှာ ဘာမှလည်း မလုပ်နိုင်၊ ပညာရေးအပြင်၊ အဖက်ဖက်ကရော အကုန်လုံး ကျဆုံးနေတဲ့အချိန်ဖြစ်နေတော့ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလေး Psycho ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဒီကြယ်ကို ကြည့်ရင်းကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ကျွန်တော့်ကို ကျွန်တော်
အခန်းထဲက ပစ္စည်းအဟောင်းတစ်ခုလို၊ သူငယ်ချင်းတစ်ယောက် ကျကျန်ခဲ့တဲ့ ခုတင်ပေါ်က ဖဲချပ်တစ်ချပ်လို၊ ခုတင်ထောင့်မှာ ပုံထားတဲ့ စောင်တစ်ထည်လို၊ ခုတင်ခြေရင်းမှာ လဲနေတဲ့ အရက်ပုလင်းလို၊ အခန်းထောင့်မှာ ထောင်ထားတဲ့ ဂစ်တာအိုလေးတစ်လုံးလိုမျိုး ကျွန်တော့်ကို ကျွန်တော် အဲဒီလိုပဲ ခံစားလာရတယ်။ အဲဒီအချိန်ကနေစပြီးတော့ "သက်ငြိမ်" သီချင်းကို စတည်ဖြစ်သွားတာပါပဲ။
🎤"မှော်ဆရာ အိပ်မက်" အခွေကို ကိုငှက် ရဲ့  ပရိသတ်တော်တော်များများက နှစ်သက်ကြတယ်။ ဒါပေမယ့် ကိုငှက် အကြိုက်ဆုံး အခွေဆိုရင် ဘာများဖြစ်မလဲ??
🐦 - ဟုတ်ပါတယ်။ တော်တော်များများကလည်း ကျွန်တော့်ကို အဲဒီလိုပဲ ပြောကြတယ်။ ကျွန်တော် ရေးဖွဲ့ခဲ့ရတဲ့ သီချင်းတွေ (ပင်ကိုယ်သီချင်းတွေ)အနေနဲ့ကတော့ အဲဒီကတည်းက သီချင်းတော်တော်များများကို နှစ်သက်ကျေနပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခွေအနေနဲ့တီးရတာ၊ ဆိုရတာ၊ အသံဖမ်းတာ ဘာတွေက အစပေါ့နော်။ အဲဒီအပိုင်းတွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ "အတ္တပုံဆောင်ခဲများ" အခွေကို ကျွန်တော် ပိုပြီးတော့ အားရပါတယ်။
🎤 ဂီတမှာ သီအိုရီ ရှိတယ်ဆိုတဲ့ အဆိုကို အမြဲတမ်းလက်ခံပါသလား??
အခုလက်ရှိ ဂီတသီအိုရီထက် ပိုနက်ရှိုင်းတဲ့ ခေတ်သစ် ဂီတတစ်မျိုး ပေါ်လာခဲ့ရင်ရော လက်ခံဖို့ အသင့်ရှိလား??
🐦- ဘယ်ဂီတမဆို ပေါ်လာခဲ့လို့ရှိရင် လက်ခံဖို့ အချိန်တစ်ခုယူပြီး ကြိုးစားရတာပါပဲ။ ဂီတအသစ်တစ်ခု ပေါ်လာတာနဲ့ ဝုန်းခနဲဆိုပြီး လက်ခံအားပေးနိုင်ဖို့ ကျွန်တော်တို့ ဦးနှောက်တွေ၊ ကျွန်တော်တို့ ရင်ဘတ်တွေက အဆင်သင့် ဘယ်တော့မှ မဖြစ်ပါဘူး။
သူဟာ ဘယ်အပေါ်မှာ တည်ဆောက်ထားတာလဲ၊ သူ့ရဲ့  အလှအပတွေက ဘာလဲဆိုတာ စူးစမ်းရှာဖွေရတာပါပဲ။
🎤 ကိုငှက် တခါတလေ Copy ရေးတယ်နော်??
Copy ရေးတဲ့အပေါ်မှာ ကိုငှက်ရဲ့  ခံစားချက်လေးကိုလည်း ပြောပြပါဦး??
🐦 - Copy ရေးတဲ့အပေါ်မှာ ကျွန်တော့်ရဲ့  သဘောက လေ့ကျင့်ခန်းလုပ်နေတယ်လို့ပဲ သဘောထားပါတယ်။ အင်း ... ဒါပေမယ့် အဲဒီလေ့ကျင့်ခန်းမှာတော့ စိတ်ပါလက်ပါ စေတနာထားပြီး လုပ်တတ်တယ်ဗျ။ ဒီလောက်ပါပဲ။
🎤- အခုနောက်ပိုင်း ကျွန်တော်တို့ဆီမှာ လူငယ်ကိုယ်ပိုင်အဖွဲ့လေးတွေ ပေါ်လာကြတာကိုရော ကိုငှက်အနေနဲ့ ဘာများပြောချင်လဲ??
🐦- ကျွန်တော် ကြိုဆိုပါတယ်ဗျာ။ ဒီလို အဖွဲ့လေးတွေ များများပေါ်လာလေ ကောင်းလေပေါ့ဗျာ။ ဘာပဲပြောပြောပေါ့ဗျာ။ အရေအတွက်များများ ပေါ်လာတဲ့အထဲကပဲ အရည်အချင်းဆိုတာ နောက်တစ်ဆင့် တက်လာမှာပေါ့။ ကျွန်တော်ကတော့ ချာတိတ်တွေကို အားပေးလျက်ပါဗျာ။ Welcome ပေါ့ (ရယ်လျက်)
🎤- ပရိသတ်ကို ပြောစရာရှိရင်လည်း ပြောပြပါဦး??
🐦 - အဟား ... ပြောစရာ၊ ဆိုစရာရှိတယ်လို့တော့ မဟုတ်ပါဘူးဗျာ။ ဂီတတစ်ခုကို ကြိုက်ကြ၊ နှစ်သက်ကြတဲ့နေရာမှာ စတူဒီယိုတစ်ခုအနေနဲ့ ကြိုက်တာမျိုးထက်၊ တကယ်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ဒီဂီတတစ်ခုရဲ့  ဖွဲ့စည်းပုံသဘောသဘာဝ၊ အဲဒါတွေကို သိမြင်နားလည်လို့ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် ရင်ထဲက ကြိုက်တဲ့ ခံစားတဲ့ ပုံစံမျိုးဖြစ်အောင် ကြိုးစားနားထောင်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။
.
🎤 "မဟာဝီရ အိုဗုဒ္ဓ" သီချင်းကို ဖန်တီးတော့ Arrangement ကို၊ ကိုငှက်နဲ့ ကိုမောင်မောင်ဇော်လတ်တို့နှစ်ယောက် ပေါင်းလုပ်ကြတာလား??
IC ကပဲ Arrangement လုပ်ပေးတာလား??
Arrangement ကို ဘယ်လောက်ကြာကြာ အချိန်ယူ စဉ်းစားခဲ့ကြသလဲ??
🐦 - Arrangement က မောင်မောင်ဇော်လတ်ရော၊ ကျွန်တော်ရော၊ IC ရော အားလုံးစုပေါင်းပြီးတော့ လုပ်ကြတာပါပဲ။ ကျွန်တော်တို့ ဒီသီချင်းရဲ့  ကျောရိုး ကိုတော့ သိပ်ကြာကြာ မစဉ်းစားခဲ့ကြပါဘူး။ ဒီကျောရိုးပေါ်မှာ အမွန်းအမံလေး လုပ်ဖို့ကတော့ နည်းနည်း အချိန်ယူပြီး စဉ်းစားခဲ့ရပါတယ်။
🎤 အဲဒီသီချင်းထဲမှာ သုံးထားတဲ့ အိန္ဒိယဗုံ၊ ပလွေ စတဲ့ တူရိယာတွေကို တကယ့် အစစ်တွေပဲ သုံးထားတာလား??
ဒီ အိန္ဒိယသံစဉ်မျိုးကို ရဖို့၊ ဒီသီချင်းထဲမှာ ထည့်အသုံးပြုဖို့ ကိုငှက်တို့ ဘယ်လို စိတ်ကူးပေါ်ခဲ့ကြသလဲ??
🐦 - တကယ့် တူရိယာအစစ်တွေပဲ သုံးထားတာပါ။ ဒီသီချင်းကို ဗုဒ္ဓကို ပူဇော်မယ့်သီချင်းအဖြစ် ဖွဲ့မယ်လို့ စဉ်းစားပြီးတဲ့အခါကျတော့ ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ ရဲ့  အငွေ့အသက်လေးပေါ့။ အဲဒီ မဇ္ဈိမဒေသရဲ့  အငွေ့အသက်လေးရအောင် ကျွန်တော်တို့တွေ ကြိုးစားပြီးတော့ ရှာတယ်။ တာပလာ၊ ပလွေ၊ ခြူ၊ နောက်ပြီးတော့ လင်းကွင်းသေးသေးလေးတွေပေါ့နော်။"ခွင် ခွင်" ဆိုတဲ့ အသံလေးတွေကအစပေါ့။ အဲဒါလေးတွေကို ကျွန်တော်တို့ ဒီမဇ္ဈိမဒေသရဲ့  ရသလေး ရအောင်လို့ ကျွန်တော်တို့တွေ စဉ်းစားမိပြီး သုံးခဲ့ကြတာပါ။
🎤 "အကြင်နာ အိပ်မက်" သီချင်းက Copy လို့ ကြားမိတယ်။ နောက်ပြီးတော့ ကိုငှက် အာရှတိုက်က သီချင်းတွေရော နားထောင်ဖြစ်လား??
ဂီတနဲ့ ပတ်သက်လာရင် အာရှတိုက်ထဲမှာ ဘယ်နိုင်ငံက အတိုးတက်ဆုံးလဲလို့ထင်လဲ??
🐦- "အကြင်နာ အိပ်မက်" သီချင်းက ကျွန်တော့် Own Tune ပါပဲ။ ဘယ်ကနေ ဘယ်လိုဖြစ်ပြီးတော့ အဲဒီသီချင်းက Copy လို့ ပြောနေကြတာလည်းဆိုတာ ကျွန်တော် စဉ်းစားလို့ကို မရဘူး။ နောက်ပြီးတော့ ကျွန်တော်က ဘာသီချင်းလာလာ အကုန် နားထောင်ပါတယ်။ တရုတ်သီချင်းရော၊ အိန္ဒိယသီချင်းရော၊ ဂျပန်သီချင်းရော အကုန်နားထောင်တယ်။ အာရှမှာ အားအရဆုံးနိုင်ငံကို ကျွန်တော့်တစ်ယောက်တည်းအမြင်နဲ့ ပြောရရင် အင်ဒိုနီးရှားကို အကြိုက်ဆုံးပါပဲ။
🎤- ကိုငှက် အသက်အရွယ်ရလာတဲ့အခါ ဂီတနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအလုပ်မျိုးတွေ လုပ်သွားဖို့ စိတ်ကူးရှိလဲ??
🐦- ကျွန်တော် အသက်ကြီးတဲ့အထိ နေရဦးမယ်ဆိုရင် နောက်တက်လာမယ့် ကလေးတွေကို ဒီဂီတနဲ့ ပတ်သက်တာတွေကို သင်ပေးပြီးတော့ အေးအေးချမ်းချမ်း နဲ့ တိတ်တိတ်ဆိတ်ဆိတ် နေသွားမယ်လို့ ကျွန်တော် စဉ်းစားထားပါတယ်။
.
🎤 ကိုငှက် ဖန်တီးခဲ့တဲ့ သီချင်းတွေထဲက Masterpiece ဖြစ်တဲ့ သီချင်းတစ်ပုဒ်ကို ပြပါဆိုရင် ဘာသီချင်းဖြစ်မလဲ??
🐦 - အင်း ... အဲဒီကိစ္စက ကျွန်တော်ပြလို့ရတဲ့ ကိစ္စမဟုတ်ဘူးဗျ။ Masterpiece ဆိုတာ အချိန်က ပြပါလိမ့်မယ်။
🎤 အခုနောက်ပိုင်း ဂီတပုံစံတွေကို တော်တော် ရောပစ်ကြတယ်နော်??
ဘာကြောင့်လို့ ကိုငှက် ထင်လဲ??
🐦- ဂီတပုံစံတွေကို Fuse လုပ်တယ်ပေါ့။ ရောတယ်။ တစ်ခုနဲ့တစ်ခု မျိုးမတူတဲ့ ဂီတပုံစံနှစ်ခုကို ပေါင်းစပ်ပစ်တယ်ဆိုတာက ဘာကြောင့်လဲလို့ ပြောရရင် ကျွန်တော် ဥပမာတစ်ခု ပေးမယ်။ အနီရောင် နဲ့ အပြာရောင် မတူတဲ့အရောင်နှစ်ခုကို ပေါင်းစပ်လိုက်တယ်။ အဲဒီမှာ အရောင်အသစ်လေးတစ်ခု ရသွားတယ်။ "ခရမ်းရောင်" အဲဒါပါပဲ။
🎤စင်မြင့်ဖျော်ဖြေပွဲ ပုံစံတွေထဲမှာ ကိုငှက် အနေနဲ့ ဘယ်လိုပုံစံမျိုးကို သဘောကျသလဲ??
🐦- ကျွန်တော်တို့ နို်င်ငံမှာ အများဆုံးလုပ်နေကြတဲ့ Concert တွေက Hall Concert လေးတွေ ဖြစ်နေတယ်လေ။ အဲဒီလို ပုံစံမျိုးတွေကို ကျွန်တော် မကြိုက်ဘူးဗျ။ ကျွန်တော်က Open Air Concert လေးတွေကိုပဲ သဘောကျတယ်။ နှစ်သက်တယ်။
🎤Album တစ်ခုအတွက် ပေးလိုက်တဲ့ Title ဟာ အဲဒီ Album အတွက် အရေးပါတယ်လို့ ထင်သလား?? နောက်ပြီးတော့ Cover Design နဲ့ Wall Sheet တွေရယ်၊ အခွေကြော်ငြာတာတွေရော အရေးကြီးတယ်လို့ ထင်ပါသလား??
🐦 - ခင်ဗျားပြောတဲ့ အရာတွေ အကုန်လုံး အရေးကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်။ အင်း ... ဒါပေမယ့်လည်း သီချင်းကောင်းဖို့က အဓိက ကျလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။
🎤ရိုးရာဂီတပုံစံတွေရော ကိုငှက် ကြိုက်လား?? ကျွန်တော်တို့ဆီမှာ ရှိတဲ့ ရိုးရာဂီတပုံစံတွေကို ခေတ်ပုံစံနဲ့ ပြန်လုပ်ဖို့ ကိုငှက် စိတ်ကူးမရှိဘူးလား??
🐦 - ရိုးရာဂီတကို ကျွန်တော် ကြိုက်တာပေါ့။ အခုခေတ် ဒီအနောက်တိုင်းဂီတပုံစံနဲ့ ပြန်လုပ်ဖို့ ကျွန်တော် ကြိတ်ကြံနေတယ်။ (ရယ်လျက်) ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း လုပ်လို့ ဖြစ်မှာ မဟုတ်ဘူးဗျ။ ကျွန်တော် သိတယ်။ ကျွန်တော် အကူအညီလိုတယ်။
🎤"အရင်အတိုင်း"တို့၊ "စကားလုံးမရှိတဲ့ကောင်းကင်" တို့လို Copy သီချင်းတွေဆိုထားတာလည်း တစ်ချို့ သီချင်းတွေမှာ မူရင်းထက်ကို ကောင်းတယ်လို့ ထင်မိတယ်။ အဲဒီ Copy တွေပြန်ဆိုတုန်းက ကိုငှက် မူရင်းအတိုင်းပဲ ပြန်ဆိုခဲ့တာလား?? ဒါမှမဟုတ် Mood တို့၊ Expression တို့ကို မူရင်းအဆိုတော်နဲ့ မတူအောင် ပြောင်းဆိုခဲ့တာလား??
🐦 - မူရင်းထက် ကောင်းတယ်လို့တော့ မနောက်ပါနဲ့ဗျာ။ အဲဒီလိုတော့ ခင်ဗျား မနောက်နဲ့။ ကျွန်တော် Copy သီချင်းဆိုတဲ့ အခါကျလို့ရှိရင် ဘာပဲဖြစ်ဖြစ် ကျွန်တော် မူရင်းသီချင်းအပေါ်မှာ အတတ်နိုင်ဆုံး
ကြိုးစားပြီး သစ္စာရှိပါတယ်။ အဖြစ်နိုင်ဆုံး သူတို့ Mood နဲ့ Expression ကို ကျွန်တော် အတတ်နိုင်ဆုံး ပြောင်းပြီးတော့ ထည့်ယူပါတယ်။
🎤 Jazz, Blues, Rock စတဲ့ ဂီတပုံစံတော်တော်များများကို ကိုငှက် ဆိုဖူးတယ်နော်?? ဘာကြောင့် ဂီတပုံစံတစ်မျိုးတည်းကိုပဲ မရွေးခဲ့တာလဲ??
🐦- ကျွန်တော်က ဂီတပုံစံတော်တော်များများကို ကြိုက်တာဗျ။ အကုန်လုံးနီးပါးကို ကြိုက်တာဆိုတော့ တစ်ခုတည်းနဲ့ စာချုပ်ချုပ်ပြီးတော့ ကျွန်တော် လက်ထပ်ပေါင်းသင်းလိုက်ရင် ကျန်တဲ့ ဂီတအမျိုးအစားတွေနဲ့ ကျွန်တော် လွဲရတော့မှာပေါ့ဗျာ။ ကျွန်တော်က အားလုံးကို ကြိုက်တာ၊ အားလုံးကို ချစ်ချင်တာ၊ ဒီ Music အားလုံးကို ချစ်တယ်။ အဲဒါကြောင့်မို့ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ နေဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်ကူး ရှိကိုမရှိခဲ့ဖူးပါဘူး။
🎤- ဂီတပုံစံအမျိုးအစားတွေဟာ ခေတ်တစ်ခေတ်ရဲ့  ပုံရိပ်ကို ထင်ဟပ်ပြစေတယ်ဆိုတာကို ကိုငှက် လက်ခံလား?
🐦 - သေသေချာချာ လက်ခံတာပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂီတမှ မဟုတ်ဘူးလေ။ အနုပညာရပ်တိုင်းဟာ သူပေါ်ပေါက်လာတဲ့ ခေတ်ရဲ့  ပုံရိပ်ကို ထင်ဟပ်တာပဲ။ ဒီခေတ်ထဲမှာ နေထိုင်တဲ့၊ ဒီခေတ်ထဲမှာ ရှင်သန်သွားတဲ့ အနုပညာရှင်တွေဟာ ဒီခေတ်ရဲ့  ရိုက်ခတ်မှုအရပဲ၊ ဒီခေတ်ရဲ့  ပုံရိပ်ကိုပဲ သူတို့ရဲ့  ဒီအနုပညာလုပ်ရပ်တွေမှာ ထည့်ပြီးတော့ ဖော်ပြမှာပဲ။
🎤 - ကျွန်တော်တို့ဆီက စတူဒီယိုတွေရဲ့  စက်ပိုင်းဆိုင်ရာတွေ၊ အသံဖမ်း အင်ဂျင်နီယာပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ကော ကိုငှက် အားရရဲ့ လား??
ဘာတွေ လိုအပ်သေးတယ်လို့ထင်လဲ??
🐦- ဘာလိုသေးတယ်လို့ ထင်လဲဆိုရင် ဘာလိုသေးတယ်လို့ ထင်ကို မထင်တတ်ပါဘူးဗျာ။ ဒါပေမယ့် တစ်ခုခု ... တစ်ခုခုလိုနေသေးတာတော့ အမှန်ပဲဗျာ။
🎤 - အဆိုတော်တစ်ယောက်အတွက် Mood နဲ့ Expression မှာ ဘယ်ဟာက ပိုအရေးပါတယ်လို့ ကိုငှက် ထင်ပါသလဲ??
🐦- Expression ဆိုတာ Mood ရှိမှ လာတာဗျ။ Mood ကောင်းမှ Expression ကောင်းနိုင်မှာ။ ဒီနှစ်ခုက တွဲနေတာကိုး။ Mood ကောင်းဖို့ Mood ရဖို့ဆိုတာကလည်း
ကိုယ်ဆိုမယ့်သီချင်း Melody နဲ့ Theme ကို ကိုယ်က နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ကိုယ်ဆိုနိုင်တဲ့ အနေအထားမျိုးရှိမှ Mood ကောင်းမယ်ထင်တာပဲ။
🎤 ကိုငှက် ကြိုက်တဲ့ ဂီတပုံစံတွေကို Top Ten စာရင်းအနေနဲ့ ချရေးကြည့်မယ်ဆိုရင်??
🐦- ကျွန်တော် ဂီတပုံစံအားလုံးနီးပါးကို ကြိုက်တယ်။ Top Ten ချရေးဖို့ကို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် ကြိုက်တာတွေက အများကြီးပဲဗျ။ ဘယ်ဟာ အကြိုက်ဆုံးဆိုတာလည်း ကျွန်တော့်မှာ မရှိပါဘူး။
🎤- ကိုငှက် ရဲ့  ဗုဒ္ဓကို ပူဇော်တဲ့သီချင်းဖြစ်တဲ့ "မဟာဝီရ ... အိုဗုဒ္ဓ" သီချင်းကို ပြန်နားထောင်ပြီးတော့ စိတ်ထဲမှာ ဘယ်လို ခံစားမှုတွေရသလဲ??
🐦 ဒီသီချင်းကို ပြန်နားထောင်တော့ ကျွန်တော့်စိတ်ထဲမှာ ဒီသီချင်းကို အဲဒီအချိန်တုန်းက ဒီ့ထက် ပိုကောင်းအောင် လုပ်ခဲ့သင့်တယ်။ လုပ်နိုင်သင့်ခဲ့တယ်လို့ တွေးမိတယ်။ ဗုဒ္ဓကို ပူဇော်တဲ့နေရာမှာ ဒီထက်ပိုပြီးတော့ အမွန်အမြတ်နဲ့ ပူဇော်ချင်တဲ့ စိတ်မျိုးရှိတော့ အားမလို အားမရဖြစ်မိပါတယ်။
🎤ဂီတနဲ့ ပတ်သက်လို့ ကိုငှက်က အတော် လေ့လာအားကောင်းတယ်လို့ ပြောကြတယ်။ ဂီတနဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတန်းတွေ ပြုစုဖို့ အစီအစဉ် မရှိဘူးလား??
🐦ကျွန်တော့်ထက် လေ့လာအားကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ သူတို့ ရေးကြပါလိမ့်မယ်။ ကျွန်တော်ကတော့ စာအုပ်တွေ ဘာတွေထုတ်ဖို့ အစီအစဉ်မရှိပါဘူး။ နောက်ပြီးတော့ ကျွန်တော်က စာရေးလည်း ပျင်းတယ်ဗျ။
🎤 အခုနောက်ပိုင်း ကိုငှက် သီချင်းရေးအား အတော်နည်းသွားတာကို တွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲ??
🐦- သီချင်းရေးအား နည်းသွားတယ်ဆိုတာ အကြောင်းက တစ်ခုတည်းပါပဲ။ အကြည်ဓာတ် ခန်းလာလို့။ သီချင်းတစ်ပုဒ်ကို ရေးတယ်၊ ဖန်တီးတယ်ဆိုတာ စိတ်ထဲမှာ အကြည်ဓာတ်လေး ရှိနေမှ ဒီအကြည်ဓာတ်လေး စိုစွတ်နေမှ ရေးလို့ကောင်းတာပါ။ အကြည်ဓာတ် ခန်းတဲ့အခါကျတော့ မရေးချင်တော့ဘူး။ အဲဒါကြောင့်ပါပဲ။
🎤 ကိုငှက် အနေနဲ့ သီချင်းတစ်ပုဒ်ကို ရေးဖို့ အတော် အားယူရသလား??
🐦- အဲဒီလို သီချင်းကို အားယူပြီး ရေးရတာမျိုးကို ကျွန်တော် ဝါသနာကို မပါတာ။ သူ့ဘာသာသူ စီးကျလာတဲ့ဥစ္စာကို စောင့်ပြီးတော့ ခံယူရတာမျိုးပဲ ကျွန်တော် လိုချင်တယ်။ အဲဒီလို အားထုတ်ပြီး ညှစ်ယူရတဲ့သီချင်းမျိုး ကျွန်တော် မလိုချင်ဘူး။ စိတ်ကိုတော့ ဘာနဲ့မှ တည်ဆောက်ယူလို့ မရဘူးဗျ။ စောစောက ပြောသလိုပဲ။ အကြည်ဓာတ် ခန်းရင် ဘာမှ လုပ်လို့ မရဘူး။
🎤 - နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ဆီက ပရိသတ်ရဲ့  ဂီတအပေါ် ခံစားတတ်တဲ့ အာရုံတွေဟာ အရင်ကထက် ပိုမြင့်လာတယ်လို့ သတ်မှတ်လို့ ရမလား?? ကိုငှက် ဘယ်လို မြင်လဲ??
🐦 အင်း ... ကျွန်တော်က မျက်စိနည်းနည်း မှုန်တယ်ဗျ။ ခင်ဗျား သိပါတယ်ဗျာ။ ခင်ဗျား သိပါတယ်ဗျာ။ နည်းနည်း မဟုတ်ဘူး။ အများကြီးကို မှုန်တာ။ ကျွန်တော့် မျက်မှန်က အထူကြီးလေ။ ကျွန်တော် ဘယ်လိုမှ မမြင်တတ်ပါဘူးဗျာ (ရယ်လျက်)
The End

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။