ဒိုင်ယာနာအနှစ်သက်ဆုံး ပရဟိတလုပ်ငန်းကနေနုတ်ထွက်ခဲ့ တဲ့
Angelina Jolie
========================== ==================
မင်းသမီး အင်ဂျလီနာဂျိုလီဟာ တစ်ချိန်က မင်းသမီး ဒိုင်ယာနာအနှစ်သက်ဆုံး မိုင်းရှင်းလင်းရေးပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့The Halo Trust ကနေ နုတ်ထွက်ခဲ့ပြီဖြစ် ကာ သူနုတ်ထွက်ရတဲ့အကြောင်းရင်း နဲ့ပတ်သက်တဲ့သတင်းများကတော့ ယခုလဆန်းမှ ထွက်လာ ခဲ့ပါတယ်။ The Halo Trust က ရန်ပုံငွေထိန်းသိမ်းရသူတွေဟာ သူတို့ကိုယ် သူတို့တစ်နေ့ကို ပေါင်ငွေ ၅ဝဝပေးနေကြတာဟာ တကယ့် ကို စိတ်မသက်မသာဖြစ်စရာလို့ အသက် ၄ဝ ရှိပြီဖြစ်တဲ့ မင်းသမီးဂျိုလီက ပြောကြားလိုက်ပါတယ်။ ရန်ပုံငွေထိန်း သိမ်းရသူတွေဟာ သုံးသပ်ချက်တစ်ခုအတွက်လည်း သူတို့ ကိုယ်သူတို့ ပေါင် ၁၂ဝဝဝ ကျော်ပေးတယ်လို့လည်း သိရပါ တယ်။ The Halo Trust ဟာ အန်ဂိုလန်မိုင်းအန္တရာယ်မြေကို ဝေလမင်းသမီး ဒိုင်ယာနာသွားလည်ခဲ့တဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ စတင်ပြီး လူသိများထင်ရှားလာ တာဖြစ် ပါတယ်။ ဒိုင်ယာနာဟာ အဲဒီတုန်းကတစ်ပိုင်းတစ်စသာ မြေမြှုပ်မိုင်းတွေရှင်းရသေးတဲ့ မြေကိုလမ်းဖြတ်လျှောက် ခဲ့ပြီး မြေမြှုပ် မိုင်းကြောင့် ခံစားရမယ့်ဒုက္ခတွေကို နိုင်ငံတကာက လူတွေ ပိုမိုသတိမူလာအောင် ရဲရဲရင့်ရင့် လုပ်ဆောင်ပြရင်း ငွေကြေးလည်း ထည့်ဝင် လှူဒါန်းခဲ့ပါတယ်။ အဲဒီမိုင်းရှင်း မြေကို မိခင်ရဲ့ခြေရာနင်းတဲ့ ဒိုင်ယာနာရဲ့သား မင်းသား ဟယ်ရီဟာ ၂ဝ၁၃ ခုနှစ်က သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ ဒါပေမဲ့ The Halo Trust ရဲ့ ရန်ပုံငွေထဲက အမြောက် အမြားဟာ မိုင်းရှင်းဖို့ထက် အစိုးရနဲ့ပတ်သက်တဲ့ စီစဉ် ရမှုတွေ၊ လခနဲ့ခံစားခွင့်တွေ၊ ဝန်ထမ်းတွေရဲ့သား သမီး များ ကျောင်းစရိတ်တွေမှာ သုံးလွန်းနေတဲ့အတွက် ၂ဝ၁၄ ခုနှစ် မေလမှာ ဂျိုလီက အဲဒီ အဖွဲ့အစည်းက ထွက်လိုက်တာလို့ သိရပါတယ်။ UK ရဲ့ ပရဟိတ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပရဟိတလုပ်ငန်းပေါင်း တစ်သိန်း ရှစ်သောင်းကျော်ရှိပြီး ပရဟိတလုပ်ငန်းများရဲ့ ဖွဲ့စည်းထားတဲ့ရည်ရွယ်ချက် အတွက် ရန်ပုံငွေသုံးစွဲမှုနဲ့ အခြားစရိတ်များအတွက် သုံးစွဲမှုကို ချင့်ချိန်ဖို့ ရေး သားတဲ့ဆောင်းပါးများလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Angelina Jolie
==========================
မင်းသမီး အင်ဂျလီနာဂျိုလီဟာ တစ်ချိန်က မင်းသမီး ဒိုင်ယာနာအနှစ်သက်ဆုံး မိုင်းရှင်းလင်းရေးပရဟိတလုပ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။