မြောင်းမြမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့ စာဝေတာ ကြံ့ ဖွတ် ဌေးဦးနဲ့ မဘသတချို့ ပေါင်းလုပ်ကြတာလေး ပြောပြချင်ပါတယ်။
ဇာတ်လမ်းအစကတော့ ဟသာင်္တ မိုးကောင်းဆရာတော်ကြီး ဘဒ္ဒန္တ သုဓမ္မရာဘိဝံသ အသက်တော် ၈၀ ပြည့် မွေးနေ့ ပွဲ ဒုတိယနေ့ ည ရွှေတိပိဋကမော်ကျွန်းဆရာတော် က ဒေါ်အောင်ဆန်းစုကြည် အပုတ်ချတရားဟောတာ ဖြစ်ပါတယ်။
အဲ့ဒီပွဲကို ဌေးဦးနဲ့ သိန်းအောင် ၂ယောက်လုံး လာကြပါတယ်။ အဲ့ဒီတရားခွေကို ဌေးဦးက တောင်းပြီး မြို့ နယ်ဖွံ့ ထောက်ဥက္ကဌ ဦးအေးချိုက အခွေကူးပြီး လှူပါတယ်။
မိုးကောင်းဆရာတော်က ၃ ညလုံး ဟောမယ့် ဆရာတော်တိုင်းကို ဒါဟာ ပဋိယတ္တိစာသင်တိုက်၊ စိတ်ထဲ လွတ်လွတ်လပ်လပ် ဟောလို့ ရတယ်။ ပြဿနာ မရှိပါလို့  ပြောပြီး ဟောခိုင်းပါတယ်။ တရားပွဲ ၃ ည မှာ တပါးစီကို တစ်သိန်းလှူတဲ့ အလှူရှင်က ဒုတိယညမှာတော့ တရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတရားနဲ့ ကုလားအကြောင်းဘဲမို့ နားမခံသာတော့ဘဲ မလှူနိုင်တော့ပါဘူးလို့  ပြောလိုက်ပါတော့တယ်။
အဲ့ဒီဆရာတော်နေရာမှာ မြို့ ခံတွေက ဒယ်အိုးဆရာတော်ကို ပင့်ဖို့ အကြံပြုထားကြတာ မိုးကောင်းတိုက်အုပ်ဆရာတော် တွေက လက်မခံလို့  ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့ ဆရာတော်ကို လက်ခံလိုက်ကြတာပါ။ မိုးကောင်းကျောင်းဆရာတော်က မဘသ အဖွဲ့ကြီးရဲ့  သြဝါဒစရိယ နာယက ဆရာတော်ကြီးပါ။
အဲ့ဒီဆရာတော်ကို ပင့်ပေးသူက ခရိုင်အုပ်ချူပ်ရေးမှူး ဦးစန်းဌေး ဖြစ်ပါတယ်။ ခယကဥက္ကဌရဲ့  မိန်းမက မော်ကျွန်းသူဆိုတော့ မော်ကျွန်းဆရာတော်ကို ပင့်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါတောင်မှ ခယက ဥက္ကဌလည်း သူ့ဆရာတော်က အပြင်းစားတော်ကီတွေ လွှတ်တော့ ဓမ္မပူဇာကပ်တဲ့ အခမ်းအနားပွဲတောင် မကပ်ရဲတော့ဘဲ သူ့နာမည်ပါ ဖျက်ခိုင်းပြီး ဖွံထောက် ဦးအေးချိုကိုပဲ ကပ်ခိုင်းလိုက်ပါတော့တယ်။
ဒုတိယနေ့  တရားပွဲဟာ မဆုံးခင်မှာဘဲ ပရိတ်သတ်တော်တော်များများ ထပြန်ခဲ့ကြပါတယ်။ ဓမ္မပူဇာတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလားကို ဆော်တဲ့ပွဲ ဖြစ်နေတာကိုး။ ဒါဟာ မြောင်းမြရောက်မှ ပွဲဆူစေတော့တာပါဘဲ။ အခွေမှာပါတာတွေကို စာစီပြီး စာရွက်တွေ ဝေတာပါ။ ဒါကို blue tooth နဲ့ ရွှေလက်စွပ်နဲ့ မဘသ ဘုန်းကြီးက မဟုတ်ပါဘူးဆိုပြီး လိမ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့ အခွေတစ်ထောင်ကလဲ ကူးပြီးသွားပါပြီ၊ အဲ့ဒီ အခွေတစ်ထောင် ပွရင်လဲ မဘသအချို့ နဲ့ ကြံ့ ဖွတ်ဌေးဦးရဲ့  လုပ်ရပ်ပါဘဲ။
ရေးသားသူ - ညိုမီသွင်။
ဇာတ်လမ်းအစကတော့ ဟသာင်္တ မိုးကောင်းဆရာတော်ကြီး ဘဒ္ဒန္တ သုဓမ္မရာဘိဝံသ အသက်တော် ၈၀ ပြည့် မွေးနေ့ ပွဲ ဒုတိယနေ့ ည ရွှေတိပိဋကမော်ကျွန်းဆရာတော်
အဲ့ဒီပွဲကို ဌေးဦးနဲ့ သိန်းအောင် ၂ယောက်လုံး လာကြပါတယ်။ အဲ့ဒီတရားခွေကို ဌေးဦးက တောင်းပြီး မြို့ နယ်ဖွံ့ ထောက်ဥက္ကဌ ဦးအေးချိုက အခွေကူးပြီး လှူပါတယ်။
မိုးကောင်းဆရာတော်က ၃ ညလုံး ဟောမယ့် ဆရာတော်တိုင်းကို ဒါဟာ ပဋိယတ္တိစာသင်တိုက်၊ စိတ်ထဲ လွတ်လွတ်လပ်လပ် ဟောလို့ ရတယ်။ ပြဿနာ မရှိပါလို့  ပြောပြီး ဟောခိုင်းပါတယ်။ တရားပွဲ ၃ ည မှာ တပါးစီကို တစ်သိန်းလှူတဲ့ အလှူရှင်က ဒုတိယညမှာတော့ တရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတရားနဲ့ ကုလားအကြောင်းဘဲမို့ နားမခံသာတော့ဘဲ မလှူနိုင်တော့ပါဘူးလို့  ပြောလိုက်ပါတော့တယ်။
အဲ့ဒီဆရာတော်နေရာမှာ မြို့ ခံတွေက ဒယ်အိုးဆရာတော်ကို ပင့်ဖို့ အကြံပြုထားကြတာ မိုးကောင်းတိုက်အုပ်ဆရာတော်
အဲ့ဒီဆရာတော်ကို ပင့်ပေးသူက ခရိုင်အုပ်ချူပ်ရေးမှူး ဦးစန်းဌေး ဖြစ်ပါတယ်။ ခယကဥက္ကဌရဲ့  မိန်းမက မော်ကျွန်းသူဆိုတော့ မော်ကျွန်းဆရာတော်ကို ပင့်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါတောင်မှ ခယက ဥက္ကဌလည်း သူ့ဆရာတော်က အပြင်းစားတော်ကီတွေ လွှတ်တော့ ဓမ္မပူဇာကပ်တဲ့ အခမ်းအနားပွဲတောင် မကပ်ရဲတော့ဘဲ သူ့နာမည်ပါ ဖျက်ခိုင်းပြီး ဖွံထောက် ဦးအေးချိုကိုပဲ ကပ်ခိုင်းလိုက်ပါတော့တယ်။
ဒုတိယနေ့  တရားပွဲဟာ မဆုံးခင်မှာဘဲ ပရိတ်သတ်တော်တော်များများ ထပြန်ခဲ့ကြပါတယ်။ ဓမ္မပူဇာတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလားကို ဆော်တဲ့ပွဲ ဖြစ်နေတာကိုး။ ဒါဟာ မြောင်းမြရောက်မှ ပွဲဆူစေတော့တာပါဘဲ။ အခွေမှာပါတာတွေကို စာစီပြီး စာရွက်တွေ ဝေတာပါ။ ဒါကို blue tooth နဲ့ ရွှေလက်စွပ်နဲ့ မဘသ ဘုန်းကြီးက မဟုတ်ပါဘူးဆိုပြီး လိမ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့ အခွေတစ်ထောင်ကလဲ ကူးပြီးသွားပါပြီ၊ အဲ့ဒီ အခွေတစ်ထောင် ပွရင်လဲ မဘသအချို့ နဲ့ ကြံ့ ဖွတ်ဌေးဦးရဲ့  လုပ်ရပ်ပါဘဲ။
ရေးသားသူ - ညိုမီသွင်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။