မြင်းစီးသည့်ပုံစံ ကကွက်ဖြင့် ကမ္ဘာကျော်ခဲ့သည့်နောက် တောင်ကိုရီးယား အဆိုတော် PSYသည် မျောက်အကဖြင့် ထပ်မံနာမည်ကြီးနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ဘူဆန်တွင် PSY သည် သီချင်းဗီဒီယို အသစ်တစ်ပုဒ်ကို ရိုက်ကူးခဲ့ရာ မျက်မြင်တွေ့ရှိသူများက ၎င်း၏ ကကွက်သည် မျောက်တစ်ကောင်၏ လှုပ်ရှားမှုသဖွယ် ဖြစ်နေကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ အဆိုပါ ရိုက်ကွင်း၏ ဓာတ်ပုံများသည် ယခုအခါ တောင်ကိုရီးယား SOCIAL
Media များတွင် လျင်လျင်မြန်မြန် ပျံ့နှံ့နေပြီဟု သိရသည်။
အသက်(၃၆)နှစ်ရှိ အဆိုတော်သည် Gangnam STYLE
သီချင်းဖြင့် ကမ္ဘာသိ ကျော်ကြားအောင်မြင်ခဲ့သူ ဖြစ်သည်။ PSY၏ အေဂျင်စီက ဩဂုတ်(၈)ရက်တွင် သီချင်းဗီဒီယို ရိုက်ကူးမှု ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းသီချင်း ဗီဒီယိုတွင် မင်းသား ဂျွန်ဝူဆန်လည်း ကူညီသရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
PSY ၏ မျောက်ပုံစံ ကကွက်အသစ် ပါဝင်မည့် ဗီဒီယိုကို ဆိုးလ်နှင့် ဘူဆန်တို့တွင် အဓိက ရိုက်ကူးခဲ့သည်။ PSY၏ နာမည်အကြီးဆုံး သီချင်းဗီဒီယို နှစ်ပုဒ်ဖြစ်သည့် Gangnam Style နှင့် GENTLEMAN
တို့ကို ရိုက်ကူးပေးခဲ့သည့် ချိုဆူဟွမ်းကပင် ယခုသီချင်းဗီဒီယိုသစ်ကို တာဝန်ယူခဲ့ကြောင်း သတင်းရရှိသည်။
_Ref: Channelnewsasia
7daydaily

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။