ဆောင်းရောက်ပြီ..... မြို့ကို ရန်သူတွေက ဝန်းရံထားတုန်းပဲ။
မြို့ထဲမှာ မီးမရှိ၊ ထင်းမရှိ၊ အရာရာပြတ်လပ်နေခဲ့ပြီ။
ပညာတတ်လူတန်းစားဇနီးမောင်နှံနှစ်ဦးက အစားအစာချက်ပြုတ်ဖို့၊
အနွေးဓာတ်ရဖို့ သူတို့စုဆောင်းထားတဲ့စာအုပ် တွေကို မီးရှို့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ အထပ်ထပ်
သေချာတွေးတောဆုံးဖြတ်ပြီးနောက် မီးရှို့မယ့်စာအုပ်တွေကို
အဆင့်ဆင့်စီလိုက်တယ်။ ပထမဦးဆုံး ကျောင်းပြဌာန်းစာအုပ်တွေကို သူတို့မီးရှို့တယ်။ အဲဒီနောက် မိတ္တုပွားရှိတဲ့စာအုပ်တွေကို သူတို့မီးရှို့တယ်။ အဲဒီလို ရှို့ရင်းရှို့ရင်း နောက်ဆုံးမှာ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို
ရောက်သွားပါတယ်။
Dostoyevsky ရဲ့စာအုပ်ကို ရှို့ရမလား၊ Marcel Proust ရဲ့စာအုပ်ကိုရှို့ရမလား၊
"တစ်ခါတလေမှာ ဒီစာအုပ်တွေကိုကြည့်ရင်း ငါတို့အစာအငတ်ခံဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်" လို့ ဇနီးမောင်နှံကပြောပါတယ်။
စာအုပ်ကိုစွဲလမ်းသူတွေက စာအုပ်ကို အရာအားလုံးရဲ့အထက်မှာရှိတယ် လို့
မြင်တတ်ကြတယ်။
"စာအုပ်က ချစ်သူထက် သစ္စာရှိတယ်၊
ဆွေမျိုးတွေထက် စိတ်ဝင်စားဖို့ကောင်းတယ်၊
အရက် ဆေးလိပ် ထီတွေထက် နက်နဲတယ်၊
စာအုပ်က လူ့လောက,ကနေ ကျွန်တော်တိုမခွာဘဲနဲ့လည်း
ကောင်းကင်ဘုံနဲ့ငရဲကို ခံစားသိရှိစေနိုင်တယ်" လို့ ထိုင်ဝမ်စာရေးဆရာတစ်ဦးက ပြောခဲ့ပါတယ်။
မြို့ထဲမှာ မီးမရှိ၊ ထင်းမရှိ၊ အရာရာပြတ်လပ်နေခဲ့ပြီ။
ပညာတတ်လူတန်းစားဇနီးမောင်နှ
အနွေးဓာတ်ရဖို့ သူတို့စုဆောင်းထားတဲ့စာအုပ်
သေချာတွေးတောဆုံးဖြတ်ပြီးနေ
အဆင့်ဆင့်စီလိုက်တယ်။ ပထမဦးဆုံး ကျောင်းပြဌာန်းစာအုပ်တွေကို
ရောက်သွားပါတယ်။
Dostoyevsky ရဲ့စာအုပ်ကို ရှို့ရမလား၊ Marcel Proust ရဲ့စာအုပ်ကိုရှို့ရမလား၊
"တစ်ခါတလေမှာ ဒီစာအုပ်တွေကိုကြည့်ရင်း ငါတို့အစာအငတ်ခံဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်" လို့ ဇနီးမောင်နှံကပြောပါတယ်။
စာအုပ်ကိုစွဲလမ်းသူတွေက စာအုပ်ကို အရာအားလုံးရဲ့အထက်မှာရှိတယ်
မြင်တတ်ကြတယ်။
"စာအုပ်က ချစ်သူထက် သစ္စာရှိတယ်၊
ဆွေမျိုးတွေထက် စိတ်ဝင်စားဖို့ကောင်းတယ်၊
အရက် ဆေးလိပ် ထီတွေထက် နက်နဲတယ်၊
စာအုပ်က လူ့လောက,ကနေ ကျွန်တော်တိုမခွာဘဲနဲ့လည်း
ကောင်းကင်ဘုံနဲ့ငရဲကို ခံစားသိရှိစေနိုင်တယ်" လို့ ထိုင်ဝမ်စာရေးဆရာတစ်ဦးက ပြောခဲ့ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။