ထူးအိမ်သင်က သူ့အပေါ် လွှမ်းမိုးခဲ့သည့် နိုင်ငံတကာ ဂီတပညာရှင်များနှင့် ပတ်သက်ပြီး `ကမ္ဘာ့ ဂီတသမားတွေထဲက ကျွန်တော် စွဲစွဲလန်းလန်း ကြိုက်ခဲ့ဖူးတဲ့အဖွဲ့တွေ အတော်များများ ရှိပါတယ်။ ဥပမာ Carpenters တို့လို၊ Bee Gees တို့လို၊ Eagles,Deep Purple အများကြီး ရှိခဲ့တယ်။အဲ့ဒီအထဲကမှ ကျွန်တော့်ကို သိသိသာသာ လွှမ်းမိုးလာခဲ့တဲ့ အဖွဲ့က ဖရက်ဒီ မာကျူရီ၊ လူဝီအမ်စထရောင်းနဲ့ ဘီးဂျီးစ်၊ အဲဒီ ၃ဖွဲ့ကတော့ ကျွန်တော့်အပေါ် အလွှမ်းမိုးနိုင်ခဲ့ဆုံးပေါ့´ဟု ပြောခဲ့ဖူးသည်။
မြန်မာနိုင်ငံမှ တေးရေးစာဆိုများနှင့်ပတ်သက် ပြီး `ကျွန်တော် ကြိုက်တဲ့သူတွေ တေးရေးသူ Own Composition ရေးတဲ့သူတွေထဲမှာ အတော်များများ ရှိတယ်။ဆရာ စိုင်းခမ်းလိတ်၊ ကိုနေဝင်း အတော်များများကို ရှိခဲ့ပါတယ်။ကျွန်တော်အားကျ တဲ့အထိ ဖြစ်ခဲ့တာဆိုရင်တော့ တေးရေးပညာရှင် ဆရာ မြို့မငြိမ်း ပါ´ဟု ဆိုသည်။
ဆရာ မြို့မငြိမ်းကို သူအားကျသည်အထိ သူ့အပေါ် လွှမ်းမိုးခဲ့သလို ဆရာမြို့မငြိမ်း၏ ဂီတနှင့် ရေစက်ဆုံခွင့် သူရရှိခဲ့သည်။
နိုင်ဇော်
★ ★ ★ ပုံမှာ မြို့မ စိန်ရတုပွဲတွင် ထူးအိမ်သင် ဆရာမြို့မငြိမ်း၏ `ကရဝိတ်သည် မြူးဇစ်´အမည်ရှိသော သီချင်းအား သီဆိုနေပုံဖြစ်သည်။
မူလပုံပိုင်ရှင် ဆရာဆူးငှက်
မြန်မာနိုင်ငံမှ တေးရေးစာဆိုများနှင့်ပတ်သက်
ဆရာ မြို့မငြိမ်းကို သူအားကျသည်အထိ သူ့အပေါ် လွှမ်းမိုးခဲ့သလို ဆရာမြို့မငြိမ်း၏ ဂီတနှင့် ရေစက်ဆုံခွင့် သူရရှိခဲ့သည်။
နိုင်ဇော်
★ ★ ★ ပုံမှာ မြို့မ စိန်ရတုပွဲတွင် ထူးအိမ်သင် ဆရာမြို့မငြိမ်း၏ `ကရဝိတ်သည် မြူးဇစ်´အမည်ရှိသော သီချင်းအား သီဆိုနေပုံဖြစ်သည်။
မူလပုံပိုင်ရှင် ဆရာဆူးငှက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။