ပွက်လောရိုက်နေတဲ့ ကိုငှက်ရဲ့ပွဲစီစဉ်ပုံနဲ့ပတ်သက်ပြီး ခင်များတို့လဲ ကြားမိ ဖတ်မိတာတွေ အများကြီးရှိပြီးပါပြီ။ သေချာတာတခုကတော့ သဘောမတူညီသူတချို့ရဲ့ လွန်ကဲစွာ ရိုင်းရိုင်းပြပြဆဲဆိုကြိမ်းမောင်းကြတာတွေ၊ ပွဲကိုသွားမှာ ဆဲဖို့ဆိုပြီးပြောကြတဲ့သူတွေ၊ ဂုဏ်ပြုသီဆိုမယ့်သူတွေကို ရိုင်စိုင်းစွာကွန်မန့်ပေးကြတာတွေဟာ တကယ့်ကိုစိတ်မကောင်းစရာကြီးပါ။
လောလောဆယ်ကြားသိရတဲ့သတင်းကတော့ ကိုငှက်ရဲ့မိသားစုအတွက် စိတ်မကောင်းစရာပါပဲ။ Big Bag နဲ့ Reason ဝိုင်း (၂) ဝိုင်းက ဂုဏ်ပြုပွဲအစီအစဉ်ကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ ဘစ်ဘက်ဝိုင်းရဲ့ ဟန်ထူးလွင်က သူ့ဖေ့စ်ဘွတ်မှာ ရိုင်းပြစွာ ပြောဆိုကြတဲ့ ကိုငှက်ပရိတ်သတ်တချို့ကို အခုလိုပြောပါတယ်။
“ခင်များတို့ဟာ အတော်အောက်တန်းကျတဲ့သူတွေပဲ။ သူများကို ကူညီတာမျိုးမလုပ်တတ်ပဲ စိတ်အနှောက်အယှက်ဖြစ်အောင်ပဲလုပ်တတ်ကြတာ။ ကျန်ရစ်သူမိသားစုကို ကူညီချင်တဲ့ ကျွန်တော်တို့ရဲ့စေတနာကို ဖျက်ဆီးတတ်ကြတာ“
အဲဒီလိုပဲ ရီဇင်အဖွဲ့ရဲ့အဆိုတော် အောင်လကလဲ ဒီလိုမှတ်ချက်ပြုပါတယ်။
“ကျွန်တော်တို့က ကိုငှက်ရဲ့မိသားစုကို ကူညီတဲ့အနေနဲ့ သူ့သီချင်းကိုဆိုမလို့ပါ။ ကျွန်တော်တို့က ဒီပွဲကလွဲရင် အခြား ဘယ်ပွဲမှာမှ သူ့သီချင်းတွေကို ဆိုဖို့အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဖြစ်တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေရှိပြီးသားဖြစ်လို့ပါပဲ။ ထူးအိမ်သင်ရဲ့ အမာခံပရိတ်သတ်ကြီးတွေအတွက် ကျွန်တော်တို့ ဒီပွဲမှာ မဆိုတော့ပါဘူး။
ထူးအိမ်သင်ရဲ့မိသားစုနဲ့ သူ့ပရိတ်သတ်များအတွက် ဝမ်းနည်းပါတယ်။“
စကော်ပီယံများအနေနဲ့ကတော့ အစောကြီးကတည်းက အမုန်းခံပြီးဖြောင့်ဖျပေးခဲ့ပါတယ်။ ဂုဏ်ပြုသူတွေကို တလေးတစားရှိကြဖို့။ စိတ်မကောင်းစရာက ရိုင်းစိုင်းစွာကွန်မန့်ပေးကြသူတွေအပြင် ပေ့ခ်ျသပ်သပ်ထူထောင်ပြီး ပွဲပျက်အောင်ကြံဆောင်ကြသူတွေလဲရှိပါတယ်။
အဆုံးသပ်ပြောချင်တာကတော့ Matrix ရုပ်ရှင်ထဲက စကားလိုပေါ့ဗျာ။ The future is in your hands. အနာဂါတ်ဆိုတာ ကိုယ့်လက်ထဲမှာရှိတာပါ။ ဖျက်ဆီးချင်လဲ ဖျက်ဆီးလို့ရပါတယ်။ တဦးနဲ့တဦးလေးစားသမှုနဲ့ ဆက်လက်ချီတက်ကြမယ်ဆိုလဲ ချီတက်လို့ရပါတယ်။ အများသဘောပါ။
အခုလိုကြားသိရတာ စိတ်မကောင်းပါဘူး
ခင်သောမင်သော
စကော်ပီယံများ
စကော်ပီယံများ
မှတ်ချက် - ဘိုလိုရေးထားတာကို အတတ်နိုင်ဆုံးနီးစပ်အောင် ဘာသာပြန်ပေးလိုက်တာပါ။ မူရင်းကနေပြီး သွေဖီခဲ့ရင် ဘာသာပြန်သူ ကိုဝီရဲ့ အားနည်းချက်လို့ယူဆပေးပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။