Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 11, 2014

Metal မြူးဇစ် ဒီမှာပေါက်ဖို့ အချိန်ကြာလိမ့်ဦးမှာ ဖြစ်ပေမယ့် ဒီမြူးဇစ်ကိုပဲ ဆက်ဖန်တီးသွားမယ်လို့ ဆိုတဲ့ ‪#‎Nightmare‬


Metal မြူးဇစ် ဒီမှာပေါက်ဖို့ အချိန်ကြာလိမ့်ဦးမှာ ဖြစ်ပေမယ့် ဒီမြူးဇစ်ကိုပဲ ဆက်ဖန်တီးသွားမယ်လို့ ဆိုတဲ့ ‪#‎Nightmare‬
မြန်မာနိုင်ငံရဲ့ ဂီတလောကဟာလည်း နိုင်ငံတကာကလိုပဲ Mainstream ၊ Underground ရယ်လို့ ကွဲပြားနေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်တောင် ရှိနေပါပြီ။ ပရိသတ်တွေကို လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ မြူးဇစ်ဖန်တီးမှုတွေ ချပြနိုင်ဖို့ Underground လောကမှာ ကြိုးစားရပ်တည်ရင်း ဇွဲမလျှော့တမ်း ကိုယ့်အနုပညာကို ထုဆစ်ဖန်တီးလာတဲ့ လူငယ်ဂီတအဖွဲ့ တနည်းအားဖြင့် Music band တွေ အများကြီးရှိပါတယ်။
အဲ့ဒီအထဲကမှ Underground လောကမှာ ကြာရှည်ရပ်တည်လာခဲ့ပြီးဖြစ်သလို မကြာသေးခင်က Our History ဆိုတဲ့ အခွေနဲ့ ဂီတသမိုင်းမှာ မှတ်တိုင်စိုက်ထူဖို့ ကြိုးစားလာခဲ့ Nightmare band ရဲ့ အဖွဲ့ဝင်တွေနဲ့ ဆုံဖြစ်တဲ့အခါ
၁။ Nightmare က UG မှာ တော်တော့်ကို ကြာပါပြီ။ အဖွဲ့ရဲ့ နောက်ခံဘက်ဂရောင်းလေး စပြောပြပေးပါ။ band member တွေက ဘယ်သူဆိုတာပါ သိပါရစေ။
Nightmare စဖွဲ့ဖြစ်ခဲ့တာက ၂၀၀၄ခုနှစ်ကတည်းက။ တော်တော်ကြာခဲ့ပြီဗျ။ အဖွဲ့ဝင်တွေကတော့ ဂစ်တာက Aung Myo Lin၊ ဘေ့စ် က ညီဖြူ၊ ဒရမ် က Squeeze နဲ့ အဆိုကတော့ Novem Htoo ပါ။
၂။အခွေလုပ်ဖြစ်သွားတဲ့အကြောင်းကိုလည်း ပြောပြပေးပါဦး။ အခွေအတွက် ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။
အခွေလုပ်နေတာ ကြာပြီပေါ့နော်။ ၂၀၁၁မှာစပြီး ဒီအခွေကို စသွင်းဖြစ်တာပေါ့။ အခွေအတွက်ကတော့ Metal ပရိသတ်တွေ များလာရင်တော့ ကောင်းတာပေါ့ဗျာ။ အများကြီးမျှော်လင့်လို့တော့ မရဘူး။ ဒီမှာက Metal music က ခေတ်မှမစားတာကိုး။
၃။ဒီအခွေလုပ်တာ ဘယ်လောက်အချိန်ယူခဲ့ရလဲ။ ကြုံရတဲ့ အခက်အခဲတွေရှိရင် ပြောပါဦး။
သုံးနှစ်လောက် အချိန်ယူခဲ့ရတယ်ဗျ။ ဒီ metal သီချင်းတွေက sponsor တွေဘာတွေ သိပ်မရှိတော့ ကုန်ကျစရိတ်ပိုင်းမှာ ကျွန်တော်တို့ အခက်အခဲတွေ ရှိတာပေါ့နော်။ ပြီးတော့ သွားရေးလာရေးတွေပေါ့. ဒီလောက်ပါပဲ။
၎။စာသားနဲ့အကြောင်းအရာပိုင်းတွေကျတော့ ဘယ်လိုစဉ်းစားဖြစ်သလဲဆိုတာ သိချင်ပါတယ်။ သီချင်းတစ်ပုဒ်စလုပ်တော့မယ်ဆို အဖွဲ့သားတွေ ဘယ်လိုတိုင်ပင်ဖြစ်ပါသလဲ။
သီချင်းစာသားတွေကတော့ ကျွန်တော်ရဲ့ emotion ခံစားမှုတွေရယ်၊ ကျွန်တော့် psycho တွေ၊ ပြီးတော့ မူးယစ်ဆေးအကြောင်းတွေ၊ Family broken case တွေ၊ နိုင်ငံရေးဆန်ဆန်အရေးအသားနဲ့ ဘာသာရေးအယူအဆတွေ ရေးဖြစ်တယ်။
၅။Nightmare မှာ အမာခံပရိသတ်တွေ ရှိတယ်ဆိုရင် သူတို့ သဘောကျတဲ့ သီချင်းက ဘာဖြစ်မလဲ။ Nightmare လို့ သိသွားစေတဲ့ သီချင်းမျိုး။
Nightmare ဆိုပြီး လူပိုသိသွားတဲ့ သီချင်းတွေဆိုရင်တော့ တန်ဖိုး၊ နောက်ဆုံးရလာဒ်၊ ဘောင်အပြင်ဘက်လူ၊ ဖြစ်ပျက်ခဲ့သည် တို့ဖြစ်လိမ့်မယ်ထင်တယ်။ နောက် အခွေမထွက်ခင် music vedio နှစ်ခု Youtube မှာ upload လုပ်ဖြစ်တယ်။ အဲ့ဒီနှစ်ပုဒ်လည်း လူသိများတယ်။
၆။ကိုယ့်အဖွဲ့သားတွေနဲ့ teamwork အခြေအနေက။ band တစ်ခုမှာ teamwork ကဘယ်လောက် အရေးပါသလဲဆိုတာ ပြောပြပေးပါ။
Teamwork ကတော့ ကောင်းပါတယ်။ Metal Band တွေအနေနဲ့ teamwork ကတော့ အဓိက အကျဆုံးပါ။
၇။UG ကနေ Mainstream ထဲ ခြေချဖို့အတွက် ကိုယ့်ဘက်က ဘာတွေကြိုတင်ပြင်ဆင်ခဲ့ရလဲ။ ဘယ်လိုတာဝန်တွေ ပိုလာတယ်လို့ ထင်လဲ။
Metal music ကဒီမှာ နည်းနည်းစိမ်းနေတော့ သီချင်းarrange တွေကို တစ်ချို့သီချင်းတွေမှာ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တာဝန်ပိုတယ်လို့တော့ မခံစားခဲ့ရပါဘူး။
၈။ အခွေထဲက သီချင်းတွေထဲမှာ အခွေမထွက်ခင် အွန်လိုင်းမှာဖြန့်ထားဖူးပြီးသား၊ ဒါမှမဟုတ် ရှိုးတွေမှာ ဆိုနေကျ သီချင်းတွေရောပါပါသလား။
Music Vedio နှစ်ပုဒ်တော့ ကြိုဖြန့်ဖြစ်လိုက်တယ်။ ရှိုးမှာဆိုနေကျ သီချင်းတွေလည်း ဒီအခွေမှာ ၂ပုဒ် ၃ပုဒ်လောက်တော့ ပြန်ထည့်ဖြစ်သွားတယ်။
၉။ခုထွက်ရှိထားတဲ့ အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး အခြေအနေ၊ feedback တစ်ခုခုပြန်ကြားရပြီလား။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ကိုယ်ချပြထားတဲ့ မြူးဇစ်ပုံစံက နည်းနည်းအလှမ်းဝေးနေသေးတော့ ဘယ်လို feedback မျိုးတွေကြားရမယ်ထင်လဲ။
Feedback ကတော့ အမျိုးမျိုးပါပဲ။ ဖြန့်ချိရေးနဲ့ ပျံ့နှုံ့နှုန်းကတော့ နည်းနည်းနောက်ကျသွားတယ်။ Rock ကြိုက်တဲ့သူတွေကတော့ သဘောကျမယ်ထင်တာပဲ။
၁၀။မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့ Metal မြူးဇစ်က တော်တော်ကွာဟနေသေးတယ်လို့ မြင်မိလား။ ဒီ့အတွက် ကိုယ့်ဘက်က ဘာတွေကြိုးစားပြဖို့ လိုမယ်ထင်လဲ။ နောက်ပိုင်း ဒီမြူးဇစ်ရဲ့ အလားအလာကိုရော ဘယ်လိုမြင်မိလဲ။
ဟုတ်ကဲ့။ တော်တော်လေးကွာဟနေသေးတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ဒီလိုပဲ ဆက်ပြီး လုပ်သွားရမှာပါ။ အဆင်ပြေတာ၊ မပြေတာကိုတော့ ကျွန်တော်တို့လည်း သိပ်မတတ်နိုင်ဘူး။ ကျွန်တော်တို့အထင်တော့ ဒီမှာ ဒီမြူးဇစ်ဖြစ်ဖို့ အချိန်တော်တော်ကြာကြာတော့ လိုဦးမယ် ထင်တာပဲ။
၁၁။Band အဖွဲ့သားတွေအနေနဲ့ တခြားမြူးဇစ်တွေကိုရော နားထောင်ဖြစ်လား။ အခြား ဘယ်လိုမြူးဇစ် အမျိုးအစားတွေ နှစ်ခြိုက်ကြပါသလဲ။
နားထောင်ဖြစ်ပါတယ်။ ဒီမြူးဇစ်လို မနှစ်ခြိုက်လည်း နားတော့ထောင်ဖြစ်ပါတယ်။
၁၂။ ကိုယ့်သီချင်းတွေထဲမှာ ထူးထူးခြားခြားဖြစ်စေမယ့် အသံဆန်းတွေ၊ ဂစ်တာ riff အမိုက်စား တစ်ခုခုပေါ့။ ဘယ်လိုမျိုးတွေနဲ့ ထူးခြားအောင် ဖန်တီးဖြစ်ပါသလဲ၊ arrange လုပ်ဖြစ်ပါသလဲ။
ဂစ်တာriff အနေနဲ့ကတော့ ကိုယ့် mood နဲ့လိုက်တဲ့ဟာကို ရွေးပြီး band arrange နဲ့လည်း လိုက်အောင် လုပ်ရတယ်လေ။ Effect တွေကိုတော့ သီချင်းနဲ့လိုက်တဲ့ ကာလာလေးတွေ ရွေးသုံးပါတယ်။
၁၃။Nightmare band က အဖွဲ့သားတွေ အားလုံးသဘောကျတဲ့ နိုင်ငံတကာက band ရှိရင်ပြောပြပေးပါ။ ဘာ့ကြောင့်ကြိုက်တာလဲဆိုတာပါ ပြောပြပေးပါ။
Lamb of God ၊ Pantera၊ Slayer ပြောရရင်တော့ အများကြီးပဲ။ ကျွန်တော်တို့အားလုံး နှစ်သက်တဲ့ band တွေရော၊ လေ့လာစရာတွေရော အများကြီးရှိပါတယ်။
၁၄။ကိုယ့်အဖွဲ့ရဲ့ဖန်တီးမှုအတွက် အားသာတယ်လို့ ထင်တဲ့အချက်နဲ့ အားနည်းတယ်လို့ ထင်တဲ့အချက်တွေ ရှိရင်ပြောပြပေးပါ။ ကိုယ့်အဖွဲ့ကိုကိုယ် ဘာတွေလိုအပ်နေသေးတယ်လို့ မြင်မိပါသလဲ။
ကျွန်တော်တို့က ကိုယ်ပိုင်style ဖြစ်အောင် အဓိကထားပြီးလုပ်ကြတော့ ဒါကို ကျွန်တော်တို့အဖွဲ့ရဲ့ အားသာချက်လို့ ထင်မိတာပဲ။ လိုအပ်တာရယ်လို့တော့ မရှိပါဘူး။
၁၆။မြန်မာနိုင်ငံရဲ့ Underground Band တွေကိုလည်း သုံးသပ်ပေးကြည့်ပါဦး။ ဒီအလားအလာကိုရော ဘယ်လိုမြင်မိပါသလဲ။
အားလုံး သူ့ဟာနဲ့သူတော့ ကောင်းကြပါတယ်။ အဲ့ဒီအပိုင်းတော့ ကျွန်တော်တို့ သိပ်မပြောတတ်ဘူး။
၁၆။ရှိုးပွဲတွေအနေနဲ့ရော ဖျော်ဖြေဖို့ရှိတဲ့ပွဲတွေရှိရင် သိပါရစေ။ မှတ်မှတ်ရရဖြစ်တဲ့ ဖျော်ဖြေပွဲမျိုးရှိရင်လည်း သိပါရစေ။
လောလောဆယ်တော့ ကျွန်တော်တို့ကို Emperor Tribute တစ်ခုတော့ ဖိတ်ထားတယ်။ ကြားထဲမှာတော့ Underground ပွဲတွေ တီးဖြစ်မှာပါ။ မှတ်မှတ်ရရဖျော်ဖြေပွဲဆိုရင်တော့ အခွေထွက်ပြီး လုပ်ဖြစ်တဲ့ ကျွန်တော်တို့ ပရိုမိုးရှင်း ရှိုးပါပဲ။
၁၇။Nightmare လို့ ပြောလိုက်ရင် ပရိသတ်တွေကို ကိုယ့်အဖွဲ့နဲ့ တွဲမြင်စေချင်တဲ့အရာ၊ ဒါမှမဟုတ် တွဲသိစေချင်တဲ့သီချင်းမျိုးရှိလား။
ရှိပါတယ်။ ဖြစ်ပျက်ခဲ့သည် နဲ့ နောက်ဆုံးရလာဒ် (final part)။
၁၈။၂၀၁၄ခုနှစ်အတွင်း ဘာတွေလုပ်သွားမယ်ဆိုတာမျိုး Plan ချထားတာမျိုးရှိလား။
လောလောဆယ် သီချင်းသစ်နှစ်ပုဒ် လုပ်ပြီးပါပြီ။ တစ်ပုဒ်ကို music vedio ဖန်တီးမှာပါ။
မေသော်
Credit : Trend.com.mm

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။