Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 13, 2014

ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုကြမယ်


ဓာတ်ပုံ−နစ်ကီ
သီချင်းဆိုတဲ့အလေ့အထဟာနူးညံ့သိမ်မွေ့သော လူသားတွေအတွက် အပန်းဖြေစရာတစ်ခုပါ။ဒါကြောင့် လူတွေဟာ သီချင်းတွေ ကိုပုံဖော်၊ လိုက်ဖက်မယ့် သံစဉ် တွေကိုတီးခတ်ပြီး မိမိတို့ ခံစား ချက်တွေကို ပုံစံအမျိုးမျိုးနဲ့ဖော် ထုတ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ လူငယ်တချို့က တေးသီ ချင်းတွေကို ကိုယ်တိုင်ဖန်တီးရ တာခုံမင်နှစ်သက်လာကြပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာ တော့ လူငယ်တွေ၊ သီချင်းဆိုဝါ သနာပါသူတွေအတွက်အပျော် တမ်းကနေပရော်ဖက်ရှင်နယ်အ ဆင့်ထိ မိမိတို့ ရင်တွင်းခံစားချက် တွေကို ရေးသားသီဆို၊ တီးခတ် ပြီးမိမိတို့အသံကို မှတ်တမ်းတင်သိမ်းထားလို့ရတဲ့ ရန်ကုန်မြို့က စတူဒီယိုအချို့ကို ညွှန်ပြလိုပါတယ်။  မိုးရာသီ အေးအေးမှာ သီချင်း ၀ါသနာပါသူတွေ သီချင်းလည်း ရေးဖြစ်ကြပါတယ်။ ဒါ တင်မက စတူဒီယိုတွေမှာကိုယ့် ရဲ့ အသံဘယ်လောက်ကောင်း တယ်၊ ဘာတွေလိုသေးတယ်ဆို တာကို ဆန်းစစ်နိုင်ဖို့လိုပါတယ်။
အဓိက ညွှန်ပြချင်တဲ့ အချက် ကတော့ ၀ါသနာရှင်လူငယ်တွေ ရဲ့ စွမ်းရည်ကိုလက်တွေ့လေ့ ကျင့်နိုင်မယ့်နေရာတွေပါ။ လူ ကြီးမိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးတွေကို သီချင်းအဆိုနဲ့ ပတ်သက်ပြီး မြေတောင်မြှောက် ပေးနိုင်မယ့်လမ်းစဖြစ်တဲ့ ရန်ကုန် မြို့က လူငယ်ကြိုက်စတူဒီယိုအ ချို့ကို ညွှန်ပြလိုက်ပါတယ်။
à DOZEN WAVE
Dozen Wave စတူဒီယိုကတော့  တီးခတ်စရာ တူရိယာစုံစုံလင်လင် နဲ့ တက်သစ်စရော့ခ်အဆိုတော်၊ Underground Bandတွေအတွက် အဆင်ပြေနိုင်မယ့်နေရာ ဖြစ်ပြီး အများဆုံးလာတဲ့သူတွေက လည်း ရော့ခ်အဆိုတော်တွေပါပဲ။ နေရာကတော့ အမှတ် ၂၅၊ ၄၅ လမ်းအလယ်၊ ဗိုလ်တထောင်မြို့ နယ် အနီးမှာရှိပါတယ်။
ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည၁၂နာရီအထိဖြစ်ပြီး နံနက် ၁၁နာရီမှ ညနေ ၆နာရီအထိ စတူဒီယိုငှားမယ်ဆိုရင်တော့ ဂျူ တီကြေးသုံးသောင်းကျပ်ပေးရ မှာဖြစ်ပြီး အသံပိုင်းဆိုင်ရာအင် ဂျင်နီယာတစ်ဦးက ကူညီပေးမှာ ဖြစ်တာကြောင့် ဈေးနှုန်းကလည်း သင့်ပြီး လူငယ်Bandတွေအတွက် အထူးသင့်လျော်ပါတယ်။ ညနေ ၆နာရီနောက်ပိုင်းမှာလည်း အချိန်ပိုင်းငှားချင်သူတွေအတွက် တစ်နာရီကို ငါးထောင်ကျပ်နှုန်းနဲ့ ည ၁၂နာရီအထိ ငှားရမ်းအသုံးပြုနိုင်မှာပါ။
စတူဒီယိုမှာ တီးခတ်ဖို့အ တွက် ဒရမ်၊ ဂစ်တာ၊ ကီးဘုတ်စ တဲ့ တူရိယာစုံစုံလင်လင်ကို ကြိုက်သလိုအသုံးပြုနိုင်ပြီး ကိုယ်ပိုင်ပစ္စည်းနဲ့တီးချင်သူတွေအတွက်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။
အဆင်ပြေပြီး တူရိယာ ပစ္စည်းတွေစုံလင်တာမို့ များသော အားဖြင့် အိပ်မက်ဆုံရာကဲ့သို့ သော အဆိုပြိုင်ပွဲဝင်မယ့် တက် သစ်စလူငယ်တွေက အများဆုံး လာရောက်လေ့ကျင့်သီဆိုအသံ သွင်းကြတယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ ၀၉-၃၁၅၁၇၆၇၉ပါ။
à HARMONY
ဒီစတူဒီယိုကတော့ ဗဟန်း နတ် မောက်လမ်းမှာရှိတဲ့ အမိုက်စားစ တူဒီယိုဖြစ်ပြီး ကျွမ်းကျင်တဲ့အသံ ဖမ်းပညာရှင်တွေက ၀န်ဆောင်မှု ပေးပါတယ်။ လက်ရှိမှာလည်း ပ ရော်ဖက်ရှင်နယ်အသံသွင်း၊လေ့ ကျင့်တီးခတ်သီဆိုချင်သူများအ တွက် ၀န်ဆောင်မှုပေးနေတဲ့စတူ ဒီယိုပါ။
Harmonyမှာအသံသွင်းနိုင် တဲ့ အဓိကစတူဒီယိုတစ်ခန်းနဲ့ လေ့ကျင့်တီးခတ်နိုင်တဲ့ စတူဒီယိုတစ်ခန်းရှိပြီး တူရိယာပစ္စည်းတွေကတော့ လက်ရှိနိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဆင့်မြင့်တူရိယာတွေကို ပြောင်းလဲစီမံပေးထားပါတယ်။
နံနက် ၁၁နာရီမှ ညနေ ၆နာ ရီ တစ်ဂျူတီကို လေးသောင်းကျပ် ယူထားပါတယ်။ တကယ့်ကို ပရော်ဖက်ရှင်နယ်ကျကျ တီးခတ်အသံသွင်းချင်တဲ့ လူငယ်တွေ အတွက်ကတော့ အဆင်ပြေနိုင် တဲ့ စတူဒီယိုတစ်ခုပါ။
မြန်မာသံစဉ်ဝါသနာပါသူ တွေ၊ ဆိုကရေးတီးပြိုင်ပွဲဝင်မယ့် သူတွေအတွက်လည်း သီဆိုမယ့် သီချင်းနဲ့ သက်ဆိုင်ရာတူရိယာကို သာ ယူဆောင်လာရန်လိုအပ်ပြီးအသံပိုင်းဆိုင်ရာကို လေ့ကျင့်နိုင်ဖို့ ၀န်ဆောင်မှုကိုပေးတယ်လို့ သိရ ပါတယ်။ Harmony ကို ဆက် သွယ်ချင်ရင်တော့ ဖုန်း ၀၉- ၅၀၉၄၂၆၆ ကိုဆက်သွယ်နိုင်ပါ တယ်။
à DREAM
Dream စတူဒီယိုကတော့ ရက်ပ် အဆိုဝါသနာပါသူတွေ။ R&Bအဆိုဝါသနာပါသူတွေအ တွက် လေ့ကျင့်ဖို့သင့်တော်တဲ့ အမိုက်စားစတူဒီယိုပါ။ အများဆုံးလာရောက် လေ့ကျင့်တဲ့သူတွေက တော့ဟစ်ဟော့ပ် ဂီတလောကမှသူတွေများပါတယ်။
DREAM စတူဒီယိုက လူ ငယ်တွေသွားပြီး အသံသွင်းလေ့ ကျင့်နိုင်တဲ့ တကယ့်ကိုလူငယ် ဆန်တဲ့ စတူဒီယိုပါ။ တက်သစ်စ လူငယ်တွေအတွက် သီချင်းအ သစ်တွေကို တီးပေးတဲဆရာတွေ လည်းရှိပါတယ်။ တက်သစ်စလူ ငယ်တွေအပြင် အောင်မြင်ပြီးအ ဆိုတော်တွေကိုလည်း သီချင်း တွေ တီးခတ်ပေးနေတဲ့ဆရာတွေ ရှိပါတယ်။
အဲဒီမှာ သီချင်းအသစ်တွေ ဖန်တီးနိုင်သလို တစ်ခါတည်းအ သံသွင်း လေ့ကျင့်တီးခတ်နိုင်တဲ့စတူဒီယိုပါ။
အသံသွင်း စတူဒီယိုနှစ်ခုငှားရမ်းအသုံးပြုခ အနေနဲ့ စတူဒီယို-အေကို သုံးနာရီငှားရမ်းခ ၁၂,၀၀၀ ကျပ်သတ်မှတ်ထားပြီး စတူဒီယို-ဘီကို သုံးနာရီတစ်ပိုင်း ငှားရမ်းခ ၁၁,၀၀၀ကျပ်သတ်မှတ် ထားတာကြောင့် လူငယ် အဆိုဝါသနာပါသူတွေအတွက် သင့် တော်လှပါတယ်။ အသံဖမ်းအင် ဂျင်နီယာ တစ်ဦးကလည်း ၀န် ဆောင်မှုပေးမှာဖြစ်ပါတယ်။
DREAM မှာ အသံသွင်း၊ သီ ချင်းဆို၊ လေ့ကျင့်နိုင်ရုံမက အသံပိုင်းဆိုင်ရာ၊ အတီးပိုင်းဆိုင်ရာပညာရပ်များကိုလည်း လာမယ့်ပွင့်လင်းရာသီမှာ ဆွေးနွေးသင်ကြားပေးသွားဖို့ ရှိနေပါတယ်။ လိပ်စာကတော့ အမှတ် ၁၆၊ ၆လွှာ၊ ၆၄ လမ်း၊ ဗိုလ်တထောင်မြို့နယ်မှာပါ။ ဖုန်းနံပါတ်က ၀၉-၄၂၁၁၀၁၁၀၃ ပါ။
à ESUS 5
 ကန်တော်ကြီးသဘာဝ ဥ ယျာဉ်အတွင်းက Utopia တာဝါ ပထမထပ်မှာရှိတဲ့ စတူဒီယိုပါ။ ESUS 5 မှာတော့ ပေါ့ပ်၊ ရော့ခ် သီချင်း ၀ါသနာရှင်များ သွားရောက်သင့်တဲ့နေရာပါ။
ဒရမ်၊ ဂစ်တာ၊ ကီးဘုတ်စ တဲ့ တူရိယာပစ္စည်းတွေစုံလင်ပြီး လူငယ်တွေအကြိုက်၊ ရော့ခ်လူ ငယ်တွေ အကြိုက်တွေ့နိုင်မယ့် နေရာပါ။ အဲဒီမှာ ၀ါသနာရှင် Bandအပြင် အောင်မြင်ပြီးBand တွေလည်းလာရောက်လေ့ကျင့် တီးခတ်တယ်လို့သိရပါတယ်။ဒါ့ အပြင် ဓမ္မသီချင်းခွေတွေအတွက် လာရောက်တီးခတ်သူတွေ ရှိတာကို တွေ့ရပါတယ်။
ဒါကြောင့် ရုံးတွေ၊ ကျောင်း တွေမှာ နှစ်ပတ်လည်ဖျော်ဖြေပွဲ တွေအတွက် ကြိုတင်လေ့ကျင့်နိုင်တဲ့  စတူဒီယိုပါ။ ESUS 5ရဲ့ စတူဒီယို ငှားရမ်းခတွေကတော့ နံနက် ၁၁ နာရီမှ ည ၇နာရီအထိ နေ့တစ်ပိုင်းကို ကျပ်လေးသောင်းသတ်မှတ်ထားပြီး အချိန်ပိုင်း ငှားရမ်းမယ့်သူတွေအတွက်ကတော့ တစ်နာရီကို ခုနစ်ထောင်ကျပ်သတ်မှတ်ထားပါတယ်။
စတူဒီယိုတွေရဲ့ ထုံးစံအ တိုင်း တူရိယာပစ္စည်းတွေသုံးစွဲခွင့် နဲ့ အသံပိုင်းအင်ဂျင်နီယာတစ်ဦး က ၀န်ဆောင်မှုပေးမှာပါ။ ESUS 5 ရဲ့ ဖုန်းနံပါတ်ကတော့ ၀၉-၄၂၂၄၇၂၆၁၀ပါ။
ကဲဒီတစ်ပတ်မှာတော့ အဆို၊အတီးပါသနာရှင်လူငယ်တွေအ တွက် အသံသွင်းလေ့ကျင့်နိုင်မယ့် နေရာတွေထဲက သင့်တော်တဲ့ နေရာတွေကို ရွေးချယ်ပြီး  ညွှန်ပြ လိုက်ပါတယ်။ အေးချမ်းလှတဲ့မိုးတွင်းကာလမှာ ရင်တွင်းခံစား ချက်တွေကို ဂီတသံစဉ်အဖြစ်ဖန် တီးထားတဲ့ လူငယ်တွေ၊ ၀ါသနာ ရှင်တွေ လက်တွေ့လေ့ကျင့်နိုင် ဖို့အတွက် အမိုက်စားစတူဒီယို တွေမှာသွားပြီး ဟစ်အော်လိုက် ရအောင်။        ။
http://7daydaily.com/story/13094#.U5rJyeN_u5c

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။