သမ္မတကြီး ဦးသိန်းစိန် နဲ့ ဦးရွှေမန်း အပါအ၀င် အာဏာရ အစိုးရ အဖွဲ့ထဲက အဖွဲ့ဝင်တွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေမယ့် အကောင်းဖက်ကို ပြောင်းလဲလာလိမ့်မလားလို့ မျှော်လင့်မိခဲ့တာ ၀န်ခံပါတယ်..
ရောင်းစားစရာသံယံဇာတ တွေ တောင် မရှိတော့ လို့ ဧရာဝတီမြစ် ကို တောင် တရုတ်နိုင်ငံမီးလင်းဖို့အတွက် ထိုးအပ် လိုက်ရတဲ့ တိုင်းပြည်အသက်ငင်နေချိန်မှာ ၊ အလွန်အမင်းချမ်းသာကြွယ်ဝ နေကြပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေ က တိုင်းပြည်အပေါ် တချက်လောက်တော့ ပြန်ကြည့်လိမ့်မယ်လို့ မ၀ံ့မရဲ မျှော်လင့်ခဲ့မိဖူးတယ်..
တိုင်းပြည်ရဲ့ နောက်ဆုံးထွက်သက်ရောက်နေချိန်လေးမှာ မြန်မာလူမျိုး တွေအတွက် စေတနာလေး တချက်လောက်ထားပေးလိမ့်မယ်လို့လဲ မျှော်လင့်မိခဲ့တယ်..
ခင်ဗျားတို့ရဲ့ မိသားစုတွေ နဲ့ ဆွေမျိုးတွေအားလုံး ဆယ်သက်စားမကုန်အောင် ချမ်းသာကြွယ်ဝ နေပါပြီ။ မြန်မာပြည်တပြည်လုံးမှာ ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေက လက်ညှိုးထိုးမလွဲသလို စင်္ကာပူ လို နိုင်ငံမျိုးမှာတောင် တန်ဖိုးကြီးအိမ်ယာတွေ မြောက်များစွာ လာရောက်မြှုတ်နှံထားနိုင်ပြီဘဲဗျာ...
တစ်ခုတော့ သတိပေးပါရစေ.. မြန်မာနိုင်ငံသားတွေအားလုံးဟာ ခင်ဗျားတို့ လို ဘဲ ဒီနိုင်ငံထဲ မှာ အတူတူပေါက်ဖွားလာတဲ့ လူတွေပါ...
တိုင်းပြည်ရဲ့ သံယံဇာတ တွေ နဲ့ မြန်မာနိုင်ငံသားတိုင်းပိုင်ဆိုင်ခွင့်ရှိပါတယ်...
ခင်ဗျားတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ခင်ဗျားတို့ ဆီက ပြန်မတောင်းပါဘူး... ဒါပေမယ့် ထပ်မနှိုက်ကြဖို့ တောင်းပန်ပါတယ်...
ဒေါ်အောင်ဆန်းစုကြည် ကို အဓိပ္ပါယ် မရှိ တိုက်ခိုက်နေတာတွေ ရပ်လိုက်ပါ။
ပြည်သူအများစု လိုလားတောင့်တ နေတဲ့ ၄၃၆ ပြင်ဆင်ရေး ကို ညှိနှိုင်း အဖြေရှာပေးပါ။
ခင်ဗျားတို့ အစိုးရသက်တမ်း ရှိနေတုန်း တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးရှိမယ့် ကိစ္စ တွေကို ဆောင်ရွက်ပေးပါ။
[နမူနာ အနေနဲ့ ရေးရရင် ဘုန်းကြီးကျောင်းဖျက်တဲ့ ဘူဒိုဇာ တွေကို အသုံးပြုပြီး မြန်မာလူမျိုး တောင်သူလယ်သမားလူတန်းစားတွေအတွက် မြေလွတ်မြေရိုင်း တွေ ကို လယ်ယာမြေတွေ ဖြစ်အောင် ပြုပြင်ပေးပါလားဗျာ]
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။