၂၀၁၄ ခုနှစ်ပြည်သူ.ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၁ရက်နေ.က ရန်ကုန်မြို. ၊ ရွှေဂုံတိုင် ၊ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ.ကြောင်းသိရသည်။ ဆုရရှိသူများမှ တစ်ဉီးမှာ ပရဟိတလုပ်ငန်းများကို ဉီးဆောင်ဉီးရွက်ပြုနေသူ တကိုယ်တော် ပရဟိတသမားများကွန်ယက်မှ မခင်နှင်းကြည်သာဖြစ်သည်။
သူမသည် ၁၉၈၆ ခုနှစ်တွင် မွေးဖွားခဲ.သည်။ ရေဆင်း အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ပြီး စာကြည်.တိုက်နှင်.သုတေသန ဘွဲ.ရရှိထားသူဖြစ်သည်။
အသက် ၁၂ နှစ်အရွယ်ကတည်းကပင် မာသာထရီစာ ၊ နိုက်တင်ဂေးလ် ကဲသို. စာအုပ်များဖတ်ရှုကာ ပရဟိတလုပ်ငန်းများကို အစဉ်တစိုက်ပြု လုပ်မည်ဟု ရည်ရွယ်ချက် ၊ ရည်မှန်းချက်များရှိထားခဲ.သူလည်း ဖြစ်သည်။
၂၀၀၈ ခုနှစ် နာဂတ်မုန်တိုင်းအပြီးတွင် မုန်းတိုင်းဒေသမှ ပျောက်ဆုံးနေသော သူမ၏ သူငယ်ချင်းမိသားစုကို လိုက်လံရှာဖွေခြင်းဖြင်. လူအများ၏ဆင်းရဲဒုကဿခ ကြုံ တွေ.ရပုံတို.ကို မျှဝေခံစားရင်း လူသားအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန် ခြေလှမ်းစတင်ခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံကဲ.သို. ဖွံ.ဖြိုးတိုးတက်ဆဲ နိုင်ငံများတွင် အဘက်ဘက်မှ ဘက်စုံဖွံ.ဖြိုးတိုးတက်ရန် ဆောင်ရွက်ကြရာ ၊ ပရဟိတ သမားများ၏ လုပ်ငန်းစဉ်များမှာလည်း တတပ်တအား အပါအဝင်ဖြစ်ကြောင်း မခင်နှင်းကြည်သာ၏ကြိုးပမ်းဆောင်ရွက်ချက်များမှ သက်သေပြခဲ.လေသည်။
၂၈ရှိနှစ်အရွယ် မိန်းမသားတစ်ဉီးဖြစ်ပြီး ယောက်ျားနှင်. ရင်ပေါင်တန်းကာ ကြမ်းတမ်းသောခရီးကြမ်းများကို ဖြတ်ကျော်ဿ၍ လူသူအရောက်အပေါက်နဲသော ဝေးလံခေါင်ဖျားသည်.ဒေသများသို.ပင် သွားရောက်ကာ လူသားအကျိုးပြုလုပ်ငန်း ဉီးဆောင်နိုင်ခဲ.သူဖြစ်သည်။
အချိန်ပြည်.သတင်းထောက်အလုပ်နှင်. ပရဟိတ်အလုပ်ကို တပြိုင်တည်း ဆောင်ရွက်နေသူဖြစ်သည်။ စိတ်ဖိစီး၍မွန်းကျပ်သောအခါမျိုးတွင် မြို့ ပတ်ရထားစီးကာ စိတ်အပန်းဖြေလေ့ရှိပြီး ရထားပေါ်မှာတွေ့ရမြဲဖြစ်သည့် နွမ်းပါသည့် ကလေးသူငယ်များကို ကြည့်ရင်း ကူညီချင်စိတ် ၊ စောင့်လျောက်ချင်စိတ်တို့ဖြင့် အားအင်သစ်များ ဖြစ်ပေါ်လာသည်ဟုသိရသည်။
မခင်နှင်းကြည်သာ၏ပြောကြားချက်အရ မခင်နှင်းကြည်သာနှင်.တစ်ကိုယ်တော် ပရဟိတသမားများကွန်ယက်သည် မိသားစုဝင်များကဲ့သို့သာဖြစ်ကြောင်း ၊
တစ်ကိုယ်တော်ပရဟိသမားများကွန်ယက်မှ ဝိုင်းတော်သားများသည်လည်း မခင်နှင်းကြည်သာ ကဲ့သို့ ပေးဆပ်ထားသူများဖြစ်ကြောင်း သိရသည်။
တစ်ကိုယ်တော်ပရဟိသမားများကွန်ယက်မှ ဝိုင်းတော်သားများသည်လည်း မခင်နှင်းကြည်သာ ကဲ့သို့ ပေးဆပ်ထားသူများဖြစ်ကြောင်း သိရသည်။
ကွန်ယက်မှ တာဝန်ခံများသည် မနဿတလေး ၊ နေပြည်တော် ၊ ရန်ကုန် မြို့များတွင် လူခံများထားရှိပြီး အလှူ ရှင်များ ဖိတ်ကြားပါက ချက်ချင်းသွားတွေ့ရခြင်း ၊ အကူအညီလိုအပ်နေသော ဒေသများမှ ဖြစ်ပျက်လျက်ရှိသောအကြောင်းအရာများကို ဓါတ်ပုံ မြေပုံများနှင့်တကွ အသေးစိတ်တင်ပြရခြင်း၊ အချိန်နှင်.တပြေးညီဆောင်ရွက်နိုင်ခြင်းတို့ အပြင် လှူ ပြီးသော အလှူ ရှင်များကို ဂုဏ်ပြု လွှာပြန်လည်အပ်နှင်းခြင်းကဲ့သို့လုပ်ဆောင်ချက်များပါ ပါဝင်သဖြင့် အလှူ ရှင်များဘက်မှ ယုံကြည်မှုရရှိလာကာ ပူးပေါင်းဆောင်ရွက်မှုများရှိလာသဖြင့် ကွန်ယက်အနေဖြင်. ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။
တစ်ကိုယ်တော်ပရဟိတသမားများကွန်ယက်သည်
ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် များတွင် နွမ်းပါးသည့် ကလေးငယ်များအား ရဟန်းခံရှင်ပြုပေးခြင်း ၊ ကျောင်းထားပေးခြင်း ၊ ဆရာ ဆရာမများ ခန်.ထားခြင်း ၊ ကျောင်းသားများအတွက် စာရေးကိရိယာများ လှူ ဒါန်းခြင်း၊ ကျောင်းဆောင်များဆောက်လုပ်ပေးခြင်းတို့ပါဝင်ပြီး ဒေသခံများ ကျန်းမာရေးအတွက် အဖြစ်များသောရောဂါများကို စစ်တမ်းကောင်းယူခြင်း ၊ ဆေးပေးခြင်း ၊ ဆေးကုသပေးခြင်း ၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းတို့အပြင် သောက်သုံးရေရှားပါးသော ဒေသခံများအတွက် ရေချို တွင်းများတူးဖေါ်ပေးခြင်းတို့ ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မခင်နှင်းကြည်သာမှ Myanma-Education အားပြောကြားခဲ့သည်။

မခင်နှင်းကြည်သာ ဉီးဆောင်သော တစ်ကိုယ်တော်ပရဟိတသမားများကွန်ယက်မှ ဆောင်ရွက်ချက်ဖြင့် စာသင်ကျောင်း ၇ ကျောင်း၊ရေတွင်း ၆ တွင်း၊ ကျောင်းသား ကလေးငယ် ၆၀ ခန်.ကျောင်းထားပေးနိုင်ခဲ့ပြီး ၊ တကဿကသိုလ်အဆင့်မြင့် ပညာရေးတွင်သင်ကြားနေသော ကျောင်းသားများအထိ ထောက်ပံ့ပေးထားကြောင်း သတင်းရရှိပါသည်။
http://www.myanma-education.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။