The Light of the World (1853-54)
William Holman Hunt ရေးဆွဲခဲ့သော ပန်းချီကားဖြစ်သည်။ ဗျာဒိတ်ကျမ်း ၃း၂၀ ဖေါ်ပြသည်။ မူလပန်းချီကားမှာ Keble College, Oxford ဘုရားကျောင်းတွင်ရှိသည်။ ထပ်မံဆွဲထားသည့် ပန်းချီကားကြီးကို စိန့်ပေါဘုရားကျောင်း၊ လန်ဒန်တွင် ပြသထားသည်။
ခရစ်တော်ကို ပုံဖေါ်ရာ၌ ကိုယ်တော့်လက်တော် တစ်ဖက်တွင် မီးထွန်းထားသည့် မီးအိမ်ကိုကိုင်ထားပြီး၊ စပျစ်နွယ်ပင်နှင့် ဖုံးနေသော တစ်ထပ်တိုက်ပုလေး၏ တံခါးကိုခေါက်နေသည်။ သို့ရာတွင် ဤပန်းချီကားကို ဒုတိယအကြိမ်ထပ်ကြည့်သော် မြက်ပင်ပေါင်းပင်များ အ၀င်တံခါးရှေ့၌ ပေါက်လျှက်နေသည်ကိုလည်းကောင်း၊ ၊ တံခါးမင်းတုံးကို အတွင်းဖက်မှသာ ဖွင့်နိုင်သည်ကိုလည်းကောင်း မြင်ရသည်။
ုယခုခေတ်ကာလများ၌ ကျွန်ုပ်တို့၏အသက်တာသည်လည်း The Light of The World မှ တိုက်ပုလေး၏ တံခါးပေါက်နှင့်တူနေပါသည်။ ဇိမ်ခံခြင်း၊ အပြစ်ဒုစရိုက်၊ တကိုယ်ကောင်းဆန်ခြင်း ဟူသော ပေါင်းပင်များနှင့် ပိတ်နေပါသည်။
လက်တော်တွင် ကိုယ်တော်ရှိနေခြင်း ဟူသော မီးအိမ်ကို ကိုင်ထားပါသည်။ သင်၏မှောင်မိုက်သော ၀ိညာဉ်ကို အလင်းရောင်ထွန်းပေးမည့် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ တစ်ခုတည်းသော မီးတောက်ဖြစ်တော်မူပါ၏။
သို့ရာတွင် သင့်နှလုံးတံခါးကို ဖွင့်ပေးနိုင်သောအားသည် သင်နှင့် သင်တစ်ယောက်တည်းတွင်သာ ရှိသည်။ တံခါးမင်းတုံးကို အထဲမှ ဖွင့်ပေးရသည်။ တံခါးကို သင်ဖွင့်ပေးမည်လော....။
ဆုတောင်းချက်။
ဘုရားသခင်၊ ကျွန်ုပ်၏ အေးစက်သော အပြစ်များကို နောင်တရပါသည်။ သခင်ယေရှုကို ကျွနိုပ်နှလုံးသားနှင့် အသက်တာတွင်းသို့ ဖိတ်ခေါ်ပါသည်။ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော မီးဖြင့် ကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ကတိတော်အတိုင်း ကျွန်ုပ်၏ စိတ်နှလုံးတွင်း၌ ကိန်းဝပ်တော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ သခင်ယေရှု၏ နာမတော်၌ ဆုတောင်းပါသည်။ အာမင်
Ref: Billy Graham Sermon "God's Heart warming fire"
http://www.murann.com/ezine/index.php?option=com_content&view=article&id=1551:the-light-of-the-world-&catid=2:knowledge&Itemid=44
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။