Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 12, 2012

မိဖုရား ဖြစ်ချင်သော ကျွန်မ သူငယ်ချင်း သို./(မေစိုး-Shwe Mandalay)


"သူငယ်ချင်း အတော် ၀ လာတယ်နော် ” လို. ပြောတိုင်း ကိုယ့်ကိုယ် ကိုယ် လှတာက ချက်စားလို. မရဘူး ၊ ၀တာက ဖက်ထားလို. ရတယ် ဆိုပြီး တဖက်သတ် မာန်တက်နေတဲ့ ကျွန်မ၊ စားလို.ရတာ အကုန်စားသည် ဆိုတဲ့ အတိုင်း အစားအသောက်ဆို နည်းနည်း လေးမှ အလျော့ မပေးတတ်။ တကယ်တော့ အသက် (၃၅-၄၀ ) ဆိုတဲ့ အသက်အရွယ် ပိုင်း ဆိုတာ လူလတ်ပိုင်း လို.ပြောကြတဲ့ အရွယ်ပေါ့။ ဟိုးငယ်ငယ်က ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေက အခုချိန် ပြန်တွေ.ရင် ကျွန်မ ခန္ဓာကိုယ် ကို ၀တယ် လို. ပြောကြတာ မဆန်းပါဘူးလေ။

ကျွန်မ သူငယ်ချင်း မြတ်ဆိုသူ ကတော့ ကျွန်မကို တွေ.တိုင်း ၀တယ်လို. သတိပေးမြဲ ။ သူကတော့ ဘယ်လောက်စားစား မ၀တဲ့ သူကိုး။ ဒါကြောင့် ကျွန်မက သူ.ကို ကိုယ်သူခိုး လို. ခေါ်တာပေါ့။ မြတ်ကတော့ သူ့ body weight ကို အမြဲ ထိန်းနိုင်သူ တစ်ယောက်မို.လို. အချိုးအဆစ် ပြေပြစ် သွယ်လျှတဲ့ ခန္ဓာ ကိုယ်လေးဟာ ဘယ်လို ၀တ်စားထားထား ကြည့်လှနေလေရဲ့။

ကျွန်မ သူငယ်ချင်း မြတ်ရဲ့ ခံယူချက်က မိန်းမတွေမှာ ခေတ်နဲ့ အညီပြုမှူ နေထိုင် တတ်ရမယ်ပေါ့။ ဒါမှလဲ ကိုယ့်ယောင်္ကျားနဲ့ လိုက်ဖက်မဲ့ အိမ်ထောင် ရှင်မိန်းမ သာမက ပွဲတက် မယား လို.ခေါ်တဲ့ မိဖုရားရော၊ ကြင်ယာတော် ရော ဖြစ်မတဲ့လေ။

(ဟိုးယခင် ခေတ်က ဘုရင်တွေမှာ ပွဲတက် မိဖုရား ဆိုတာလည်း ရှိသလို၊ သူတို. မှာ သိပ်ချစ် စရာကောင်းတဲ့ ကြင်ယာတော် ဆိုတာလည်း ရှိသတဲ့။ ဘာကြောင့်များ မိန်းမတွေကို ဒီလို ခေါင်းစဉ် ခွဲပြီး သတ်မှတ် ရတယ် ဆိုတာကို ကျွန်မ သေချာ နားမလည် တာတော့ အမှန်ပါပဲ။ ကဲ ဒါ ထားလိုက် ပါတော့လေ။ ) ငါယောင်္ကျား ရှိသွားပြီပဲ (အိမ်ထောင်ရှင်မ) ပဲ ဆိုပြီး လှစရာ၊ ပြုပြင် စရာ မလိုတော့ ဘူးလို့ မတွေးမိပဲနဲ့ အရင်က ထက် ပိုလှအောင် ပြင်ဆင်နေ ထိုင်ရမယ်တဲ့လေ။ သူ. အတွေး ကတော့ ယောက်ျား အများစု ဟာ ချောမောပြီး ဆွဲဆောင်မှု.ရှိသော မိန်းမ၊ ငယ်ရွယ် နုပျိုသော မိန်းမတို့ကိုသာ နှစ်သက် စွဲလန်း တတ်တယ်။ လိုချင်ကြတယ်။ မက်မော တန်ဖိုးထား ကြတယ်ပေါ့။

ကျွန်မကတော့ မြတ်နဲ့ ခံယူချက်ခြင်း တော့ အနည်းငယ် ကွဲပြားပါတယ်။ ကျွန်မတို့က သူတို့တွေရဲ့ အရွေးချယ်ခံ ဘ၀ကိုရောက်ဖို့ ဆွဲဆောင်မှု. ရှိအောင်၊ လှပအောင်၊ နုပျိုအောင် ကြိုးစားကြရမှာ တဲ့လား။ နေပါစေတော့။ အခုတော့ အရွယ်က လွန်ပြီး အိမ်ရှင်မ လည်း ဖြစ်နေလေတော့ ဒီစကားမျိုး ပြောပြီပေါ့ လို.တော့ မပြုံးမရီ စေချင်ပါဘူး။ အလှအပ ဆိုတာကလည်း မိန်းကလေးတိုင်း အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။

ကျွန်မတို. မိန်းကလေးတွေ အတွက် ဆိုရင်တော့ အလှဗေဒ ဆိုတာ သိပ်အရေးပါတဲ့ ဘာသာရပ် တစ်ခုပဲလေ။ လှချင်၊ ပချင်တဲ့ လူရဲ့စိတ်အာဟာရကို အလှပြင် ပစ္စည်း တွေနဲ့ ထပ်ပေါင်း ဖြည့်ပေးပြီး လှသည်ထက် လှအောင် ပျိုမေ တော်တော်များများက မိမိကိုယ် မိမိ နုပျိုအောင်၊ ဆွဲဆောင်မှု.ရှိအောင် ကြိုးစားအားထုတ် ကြရပါ တော့တယ်။ ဒါကြောင့် မိန်းကလေး အလှကုနု ပစ္စည်း တံဆိပ် တွေကလည်း ရာထောင် သောင်းမကပါပဲ ၊ ဒီ အလှအပ အတွက်ကတော့  ကုန်လိုက်တဲ့ ပိုက်ဆံ။

ကျွန်မလို လူမျိုးဆိုရင်တော့ အလှကုန် ပစ္စည်း တွေရောင်းရမှာ မဟုတ်ပေ။ အောက်ခံ မိတ်ကပ်နဲ့ သနပ်ခါး ရေကြဲ ပါးပါး လိမ်းပြီး ခရင်ပတ် လေး နည်းနည်း တို. ဖြစ်ရုံ အပြင် ကျွန်မ ပိုမလိမ်းခြယ် ဖြစ်ခဲ့ပါ။ အလှကုန် ပစ္စည်း တွေ အစွမ်းကုန် ရွေးချယ်ပြီး လိမ်းခြယ် ပါသော်လည်း ထို အရေပြားပေါ်က ထိုအလှ ဘယ်လောက် ကြာကြာများ ခံမှာ မို.လို.လဲ လို. ယူဆထားသူ၊ ခုတော့ ကျွန်မ ကို သူငယ်ချင်း မြတ်က နားချလေပြီ၊ အကြောင်းအရင်းက ကျွန်မ အသက် ၄၀ နားနီးလာပြီး တုတ်တုတ် ခိုင်ခိုင် ဖြစ်လာတဲ့ ကျွန်မ လက်မောင်း၊ ဖောင်းဖုနေတဲ့ ကျွန်မရဲ့ ဂုတ်ပြင်တွေ၊ ကိုယ်ဝန် အနည်းဆုံး နှစ်လလောက် ရှိမယ်လို. ထင်ရလောက်တဲ့ ကျွန်မရဲ့ ၀မ်း ဗိုက်နဲ့၊ ရုပ်ဆိုးစ ပြုလာတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ဟိုးငယ်ငယ်ကနဲ့ မတူတော့တဲ့ ကျွန်မကို သူငယ်ချင်းက ဆိုလာပါတယ်။
သူငယ်ချင်းရယ် ငယ်ငယ်ကတော့ ဘာမှ မလိမ်းမခြယ် ပဲနေတာ ငယ်ဂုဏ်လေး ရှိတော့ လှပေတာပေါ့။ အိမ်ထောင်ကျပြီး သွားကြတဲ့ တစ်ချို.သော အမျိုးသမီး တွေဟာ “ငါ့ ဘ၀ရဲ. အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ပြီးဆုံးသွားပြီ ထင်ပြီး၊ ကိုယ့်ကိုယ်ကို မပြုမပြင်ပဲ နေတော့ ကိုယ့် ယောကျာ်းက စိတ်ကုန်ပြီး သိပ်ချစ်ဖို.ကောင်းတဲ့ ငယ်ငယ်ချောချော ကြင်ယာတော် လေးတွေ ရှာတတ်ကြ တယ်တဲ့။ ခု တို.တစ်တွေ အသက် ၄၀ အရွယ်နား ရောက်လာပြီ ဆိုတော့ စတိုင်ကျကျ တင့်တယ်စေဖို့ ကြည့်ကောင်းဖို. အတွက် Skin Care လုပ်ဖို.လိုလာပြီ လေတဲ့။

မြတ်ရယ် နင်ပြောတာတော့ မှန်ပါတယ်။ ခုခေတ်ကြီးကလည်း အလှပြင် ပစ္စည်းတွေ၊ တံဆိပ်တွေက မိုလို ပေါက်နေတာ။ ပြီးတော့ နင်ပြောတဲ့ skin care လုပ်ဖို. ဆိုတာက Set လိုက် အများကြီး ၀ယ်သုံးရတယ်။ အသုံးပြုပုံ အဆင့်ဆင့် ကလည်း အများကြီးရယ်။ အထူးသဖြင့် စူပါမားကက်တွေမှာ အလှကုန်နဲ့ ကော့စ်မက်တစ် ပစ္စည်း ရောင်းချတဲ့ ကောင်တာတွေ နားကို ကြည့်ရူ ငေးမော ချင်တဲ့ စိတ်နဲ့ သွားပြီ ဆိုရင်ပဲ၊ အလွန်ချောမော သွက်လက်တဲ့ မိန်းမပျိုလေး တွေက အနားကနေပြီး အမ အသက်အရွယ် ဆို အသား အရည်ကို ထိန်းသိမ်းချင်ရင် ဒီ Skin Care လေးသုံးပါ။ အသားအရည်က အဆီပြန်တတ် သလား။ ခြောက်သွေ့သလား ဆိုတာတွေ ပေါ်မှာမူ တည်ပြီး Dry, Oily and normal ဆိုပြီး အမျိုးမျိုး ရှိတယ်ပေါ့။

ဒီ အလှကုန် ပစ္စည်းတွေ ဘယ်လို သုံးရမယ် ၊ ဘယ်လို ကောင်းတယ် ဆိုတာတွေ စိတ်ရှည်လက်ရှည် ပြောပြ နေတော့လည်း အားနာ တတ်တဲ့ ကျွန်မ နားထောင် ပေးလိုက်ရုံပဲပေါ့။ ပြီးတာနဲ့ ကျွန်မ အပြုံးနဲ့ နုတ် ဆက်ပြီး မ၀ယ်ဖြစ်ခဲ့တာက များပါတယ်။ ဘာလို.လဲ ဆို သုံးစွဲပုံ သုံးစွဲနည်းက အဆင့်ဆင့် မို. ကျွန်မ အတွက် စိတ်မရှည် ချင်သလို၊ ငွေကုန်ကြေးကျ များကာ အချိန်လည်း ကုန်စေ တယ် လို. စိတ်ထဲမှာ ထင်မိလို့ပါပဲ။

သူမပြောပြတဲ့ Skin Care ကို လိမ်းပုံ လိမ်းနည်း ကတော့ မနက် ရေချိုးစဉ်မှာ မျက်နှာကို Facial Foam (သို့မဟုတ်) Cleanser နဲ့ သစ်ရပါမယ်။ မျက်နှာပြင် ပေါ် မှာရှိ တဲ့ဆဲလ် အသေနှင့် အညစ်အကြေး များကို Cleanser က ထိရောက်စွာ ဖယ်ရှားပေးရုံ သာမကဘဲ ဆဲလ် အသစ်များကို ထပ်မံ တိုးပွား စေတယ်ပေါ့။

ပြီးရင် အရင်ဆုံး ဟောဒီ Toner ကို သုတ်လိမ်းပါ။ Toner ဆိုတာကတော့ အသားအရေကို ကြည်လင်စေ တဲ့အပြင် မျက်နှာပေါ်မှာ ရှိတဲ့ အညစ် အကြေးတွေကို ဖယ်ရှားပြီးတဲ့ နောက်မှာ ချွေးပေါက်တွေကိုလည်း ကျဉ်း စေပါတယ်တဲ့။

နောက်တစ်ဆင့် အနေနဲ့ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်တဲ့ “မွိုင်ချာရိုင်ဇာ” (Moisturizer) တစ်မျိုး လိမ်းပေး ရဦးမယ်တဲ့။

နေ့ခင်းဘက်မှာ လိမ်းဖို့ကတော့ နေရောင်ကာ ဓာတ်ပါတဲ့ Dry Cream အမျိုးအစား လိမ်းသင့်ပြီး၊အမည်းစက်များ ဖြစ်ပေါ်ခြင်းမှ ကာကွယ် ပေးနိုင်တဲ့ UV ပါဝင်တဲ့ Day Cream ကို နေ့စဉ် Cleaning ပြုလုပ်ပြီးတိုင်း သုံးစွဲ သင့်ပါတယ်ပေါ့။

နောက်ပြီး အမတို.လို အရွယ် ဆို မျက်ဝန်းတစ်ဝိုက် မျက်သားများ ဇရာကြောင့် ဖောင်းအိ ကျမလာ စေဖို.ရာအတွက် အသက် ၄၀ လောက် အရွယ်မှ စတင်၍ မျက်ဝန်း အတွက် သီးသန့် ဖော်စပ်ထားတဲ့ မျက်ဝန်းဆေး Eye Cream ကို စတင် လိမ်းသင့်ပါတယ်ဆို တာတွေပေါ့။

လည်ပင်း အတွက် Neck Creamကို လိမ်းပေးပြီး ခြေလက်တို့ကိုတော့ Body Lotion ကို မှန်မှန် လိမ်းသင့်ပါတယ်ပေါ့။

ညနေဘက်မှာတော့ တစ်နေ့လုံး လိမ်းခြယ် ထားတာတွေကို ဖယ်ရှား သန့်စင်နိုင်ရန် အတွက် Cleansing Cream လိမ်းပြီး ဖျက်စေ ချင်ပြန်ပါသတဲ့။ မျက်ဝန်း၊ နှုတ်ခမ်းနီ အတွက်တော့ Eye & Lip Remover ကို အသုံးပြုရပါမယ်။

ညအိပ်ရာ ၀င်ခါနီး အချိန်၌ ရေချိုး သန့်စင်ပြီးတဲ့အခါ နောက်ဆုံးအကြိမ် အဖြစ် အိပ်စက် အနားယူခြင်း မပြုမီ Night Cream ကို ညစဉ် မှန်မှန် လိမ်းရမှာ ဖြစ်ပါတယ် တဲ့လေ....

ဒီလို သုံးစွဲပုံ အဆင့်ဆင့်ကို နေ့စဉ် ပုံမှန်ပြုလုပ် သွားမှ ပိုကောင်းတယ်တဲ့။

Skin Care လုပ်ပုံ အဆင့်ဆင့်ကလည်း လိမ်းလိုက် ၊ခြယ်လိုက်၊ ဖျက်လိုက်နဲ့ တင်ပဲ တစ်နေ.တာ တော်တော် အလုပ်လိုက် ရူပ်ပုံများ မပြောပါနဲ့တော့။

ခုခေတ်ကလည်း တံဆိပ်တွေကို ဈေးကြီးပေးပြီး ၀ယ်ပြီး သုံးကြတဲ့ ခေတ် ကြီး မဟုတ်လား။ သို.ပေမဲ့ ဒီပစ္စည်းတွေမှာက ဓာတု ပစ္စည်းတွေ ဘယ်လို အဆိပ်အတောက် ဖြစ်စေသလဲဆိုတဲ့ အန္တရာယ် ဆိုးကျိုးကို တော့ မည်သူမျှ မရှင်းပြခဲ့ကြပါဘူး၊ ကျွန်မ ကိုယ်တိုင်လည်း မသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မ သုံးစွဲရမှာကို စိုးရွံ.နေ မိတာတော့ အမှန်ပါ။

ကျွန်မ သူငယ်ချင်း မြတ်ကတော့ အလှအပ ၀ါသနာလည်း ပါ ၊ သူ.စိတ်ကူးက သူ.ဘ၀ လက်တွဲဖော် အတွက် မိဖုရား ရော၊ ကြင်ရာတော် ဖြစ်ချင်တဲ့ သူ။ ဆိုတော့ လည်း သူသုံးနေ တဲ့ အလှကုန်တွေ ကို ကျွန်မ ကြည့်ပြီး အလှအပ အတွက် ကုန်လိုက်တဲ့ ပိုက်ဆံ၊ ရူပ်လိုက်တဲ့ အလုပ် ၊လို.တော့ ပြောမိတယ်။ မြတ်ကတော့ ဒီလိုမှ မသုံးရင် အသားအရည်ကို ဘယ်လို ထိန်းသိမ်း မလဲပေါ့လေ။ ကျွန်မ ရဲ့ အရိုးဆင်းဆုံး အယူအဆလေး ကိုတော့ သူမကို ပြောပြမိပါတယ်။

ပျိုမေတို. အတွက် အသားအရည် ထိန်းသိမ်း ဖို.အတွက် ကတော့ အနည်းဆုံး မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် မျက်နှာသန့်စင် ပေးသင့်ပါတယ်။ ဒါလည်း ကျွန်မ လုပ်နိုင်တဲ့ အလုပ်လေးပါပဲ။

နောက်တစ်ခုကတော့ အိပ်ရေး ၀၀ မအိပ်ခြင်းဟာလည်း အသားအရေ ပြသနာတွေကို ဖြစ်ပေါ်စေတတ် ပါတယ်။ ဒါကြောင့် နှစ်နှစ် ချြိက်ခြိုက် အိပ် သင့်ပါတယ်။ ဒီတစ်ခုကတော့ ကျွန်မ အတွက် အလွယ်ဆုံးအလုပ်ပါ။ သို.သော် နေစဉ် အလုပ်လုပ် နေရသူဆိုတော့ လုပ်ငန်းခွင် stress တွေ တစ်ခါ တစ်ရံဝင်တော့ မျက်နှာမှာ နွမ်းလျတဲ့သွင်ပြင် ကို ပေါ်စေပါတယ်။ အိပ်ချိန် (ရ)နာရီ ဒါမှမဟုတ် (၉)နာရီ ရှိခြင်းက စိတ်ကို ကြည်လင် လန်းဆန်း စေနိုင်ပြီး အသားအရေ အတွက်ရော ကျန်းမာရေး အတွက်ပါ အကျိုး ရှိစေပါတယ်။

ကျွန်မ မေမေ ပြေတဲ့ ကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်ဖို့ အတွက်ကတော့ သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက် ၊ Omega-3 ၊ ဗီတာမင်နဲ့ Antioxidant ကြွယ်ဝ တဲ့ အစားအစာတွေကို စားပေးရပါမယ်။ နို့်ထွက်ပစ္စည်း ၊ သကြားနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို မစားသုံးဘဲ ဟင်းသီးဟင်းရွက် ၊ သံလွင်ဆီ ၊တို့ကို စားသုံးမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ အရေးကြောင်းဖြစ်ပေါ်ခြင်းကို အထူး ကာကွယ် ပေးနိုင်ပါသတဲ့။

ပြီးတော့ ကျွန်မက လူပ်လူပ်ရှားရှားနေ ဖို.ကို အရမ်း ပျင်းတဲ့ သူမို. ပိုဝလွန်းတာပေါ့။ ကျွန်မ အနေနဲ့ နေ.စဉ်လူပ်ရှားမူ. ကတော့ ကွန်ပြူတာရှေ. မှာ လက်(၁၀) ချောင်း ပဲရှိမယ်အထင်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှု့ကို တိုးမြှင့်ပေးပြီး အရေပြားမျက်နှာပြင်တွေကို သွေးရောင်လွှမ်း စေပါ တယ်။ အရေပြား အပေါ်ယံလွှာမှာ ရှိတဲ့ အဆိပ်အတောက် တွေကို ချွေးတွေနဲ့အတူ ဖယ်ရှား သန့်စင်ပေးပါတယ်။

ပြီးတော့ Foundation သုံးတဲ့အခါ မှာ ကိုယ့် အသားအရောင်နဲ့ မကိုက်ညီတဲ့ Foundation က လူကို ကြည့်ရ ဆိုးစေပါတယ်။ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားနဲ့ သင့်တော် မယ့် Foundation ကိုရွေးချယ်ဖို့လည်း လိုပါတယ်။ Sunscreen ပါတဲ့ Foundation လေးဆို ပို အဆင်ပြေပါတယ်။ မိတ်ကပ် အတွက် ကတော့ များများ စားစား ကျွန်မ မသုံးခဲ့တော့ မသိတော့ဘူးပေါ့။ ကျွန်မက ဒီလောက်လေး သိယုံနဲ့ လုံလောက် နေတဲ့သူ။

အလှ အပဆိုတာ ကလည်း လူ.သတ်မှတ် ချက်မဟုတ်လား၊ လူ သတ်မှတ် ချက်ဆိုတာကလည်း ခေတ်နဲ့ အညီပြောင်းလဲ နေတာ လေ။ ဒီ ပြောင်းလဲ နေတဲ့အရာ ကြီးကို ကိုယ်က ခေတ်နဲ့ ညီအောင် ဆိုပြီး လိုက်လုပ် နေလို. မဖြစ်ပြန်ဘူးလေ။ ကျွန်မတို.ဟာ သဘာဝ တရားအရ အိုမင်း ခြင်း ဇရာ ဆိုတာကို ဘယ်မိတ်ကပ်တွေ ဘယ်ကော့စမက်တစ်တွေ နဲ့မှ ဖုံးဖိ မထားနိုင်ပါဘူး။ ဒါကြောင့် ကျွန်မက ငယ်ရွယ် နုပျိုသော မိန်းမတို့ကိုသာ နှစ်သက် မက်မော စွဲလန်း တတ်တယ် ဆိုတဲ့ အမျိုးသား တွေ ကိုတော့ ပြောပြချင်တယ်။ အမောင်တို. ၊အကိုတို.တွေ တက်မက် စွဲလန်းတဲ့ ငယ်ရွယ် နုပျိုသော မိန်းမ ဆိုတာလည်း တစ်ချိန်ကျ အိုသွားမှာပါပဲ။ အရင် အသက်ကြီး ပြီး အိုသွားတာနဲ့ နောက်မှ အသက်ကြီးပြီး အိုသွားတာ ပဲ ကွာတာမို. ဘာမှ မဆန်းကြယ် လှပါဘူး။ အမောင်တို. အကိုတို. တွေလည်း တစ်ဖြည်းဖြည်း အိုသွားကြ မှာ ပဲမဟုတ်လား။ လူဆိုတာ အရွယ်က စကား ပြောတယ် ဆိုတာ ရှိလေတော့ သူ့အရွယ်နဲ့ သူ၊ အသိဥာဏ် ပညာရင်.ကျက် လာပြီး သူ့အလှလေးနဲ့သူ တင့်တန်း လန်းဆန်း ကျန်းမာ နေဖို.ရာ အဓိကပါပဲ။ အရွယ်ကြီး လာတာနဲ့ အမျှ အသိဥာဏ်၊ ပညာလည်း ကြီးလာမှ တန်ဖိုးရှိတဲ့ သူ ဖြစ်မှာ မဟုတ်ပါလား။

ဒါကြောင့် ကျွန်မ သူငယ်ချင်း မြတ်ပြောခဲ့တဲ့ အိမ်ထောင်ရှင်မတွေ ဟာ ယောကျာ်းတွေ အတွက် ပွဲတက်မယား ကော၊ ကြင်ယာတော် ကော တစ်ဦးတည်း ဖြစ်ချင်တာ၊ တွေထက် ကျွန်မကတော့ ကိုယ့်ကိုယ့် ကိုယ် ဘုရင်မပဲ ဖြစ်ချင်ပါတယ် လို. ပြန်ပြော မိပါတော့တယ်။

လောကကြီးကို သဘာဝ ကျကျနဲ့ သစ္စာရှိရှိ ဖြတ်သန်းကြမယ် ဆိုရင် ဘာစိတ်ဆင်းရဲမှု.မှ ကြုံလာစရာ အကြောင်း မရှိလို. အမြဲ လှပနေမှာပါပဲ။
ကိုယ့်စိတ်ကိုယ်ပြုပြင် ဖန်တီးရုံက လွဲပြီး အပေါ်ယံ ဘာနဲ့မှ ပြုပြင် ဖန်တီးလို့ မရပါဘူး ဆိုတဲ့ ကျွန်မ အမြင်လေးကို စာဖတ်သူနဲ့ ကျွန်မ သူငယ်ချင်း မြတ် သို. ဒီစာလေးနဲ့ ပြည်လည် ပြောပြလိုက် ပါတယ်။
ရေးသားသူ- မေစိုး (Shwe Mandalay)

Ref:
http://www.myshwemandalay.com
http://www.murann.com/ezine/index.php?option=com_content&view=article&id=1552:-----shwe-mandalay&catid=2:knowledge&Itemid=44

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။