ဟာသသရုပ်ဆောင် မော့စ်ရဲ့ သားဖြစ်သူ၊ ရုပ်ရှင်သရုပ်ဆောင် ထိုက်စံရဲ့ မွေးနေ့ မင်္ဂလာဧည့်ခံပွဲနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ် ကားများ စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၄ ရက်၊ မနက် ၉ နာရီက Excelဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၄ရက်နေ့မှာ ကျရောက်တဲ့ အသက်၂၂ နှစ်ပြည့် မွေးနေ့ရှင် ရုပ်ရှင် သရုပ်ဆောင် ထိုက်စံကို မွေးနေ့နဲ့ပတ်သက်ပြီး မေးကြည့်တော့ ”ဒီ ၂၂ နှစ်ပြည့်မွေးနေ့မှာတော့ ကျွန်တော်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများနဲ့ အတူ မွေးနေ့ပွဲကို စာနယ်ဇင်းဆရာ၊ ဆရာမများနဲ့ မိတ်ဆက်တာပဲ လုပ်တာပါ။
ပြီးတော့ ဘုန်းကြီး ကျောင်းတွေမှာလည်း လှူဖို့ရှိပါတယ်။ အရင်ရှေ့နှစ်က မွေးနေ့ပွဲမှာလည်း အဖေ ကိုယ်တိုင် ကျွန်တော့်ကို ပရိသတ်များသိအောင် စာနယ်ဇင်းရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ အရင်နှစ်က မွေးနေ့မှာ အနုပညာရှင်မော့စ်က သားရဲ့မွေးနေ့မှာ ကိုယ်တိုင် တက်ရောက်ပေမယ့် အခု ထိုက်စံ ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့ပွဲမှာတော့ ကျန်းမာရေးကြောင့် တက်ရောက်လာတာ မတွေ့ကြောင်းကို သားဖြစ်သူထိုက်စံကို မေးတော့…”ဒီနှစ်အဖေ ကျွန်တော့် မွေးနေ့ပွဲကို ကိုယ်တိုင် မတက်ရောက်တာတော့ စိတ်မကောင်း ဖြစ်မိတယ်။ အဖေက ဆေးရုံ ၃ ခါ လောက် တက်လိုက်ရတယ်။ အဲဒါနဲ့ ဘန်ကောက်မှာ ဆေးသွားကုလိုက်တာ တော်တော်လေး ကောင်းသွားပါပြီ။ အဖေက အခုဆိုရင် ကျန်းမာရေး အခြေအနေအရ အမောမခံ နိုင်ဘဲ ကိုယ်ခံအားနည်းလို့ ပွဲမတက်နိုင်တာပါ” လို့ဆိုပါတယ်။ အခုဆိုရင် ထိုက်စံက ရုပ်ရှင်၊ ဗီဒီိယိုဇာတ်ကားပေါင်း ၁၅ ကား ရိုက်ကူးပြီးသွားပြီး ၇ ကားထွက်ရှိ ထားပါတယ်။ ထွက်ရှိထားတဲ့ ဇာတ်ကား ၇ ကားမှာ ပရိသတ်ရဲ့ဝေဖန်သံကိုတော့ ထိုက်စံက ”ကျွန်တော် ၁၅ ကားရိုက်ထားတာ ကာရိုက်တာကတော့ အစုံပါပဲ။ ဒရာမာ၊ အက်ရှင်၊ သရဲ၊ စစ်ကား၊ ဖန်စီ အစုံပါပဲ။ ကျွန်တော်ထွက်ရှိထားတဲ့ ဇာတ်ကား ၇ ကား မှာတော့ ပရိသတ်တွေက ကောင်းတဲ့ဘက်ကို ပြောတာကြားရတယ်။ ဒါပေမဲ့ ကျွန်တော့် ကိုယ်ကျွန်တော်အသိဆုံးပဲ။ ကျွန်တော့်မှာ လိုအပ်ချက်တွေ အများကြီးပဲရှိပါတယ်။ ကျွန်တော် သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာတော့ မရှိပါဘူး။ ကျရာ ဇာတ်ရုပ်ကပဲ ပီပြင်အောင် ကျွန်တော် သရုပ်ဆောင်သွားမှာပါ”လို့လည်း ပြောပါတယ်။ ထိုက်စံက သူ ပထမဆုံးရိုက်တဲ့ ‘အပါယ်တံခါးပိတ်ပေးပါ’ ဆိုတဲ့ဇာတ်ကားမှာ ပရိသတ်တွေရဲ့ ဝေဖန်သံကို သိပ်မကြားခဲ့ရဘူး လို့ပြောပါတယ်။ နောက်ပိုင်းမှာလည်း အမှားတွေနည်းအောင် ကြိုးစားပြီး နောင်ထွက်လာမယ့် ကားတွေကျလို့ ရှိရင်လည်း အားပေးပါဦးလို့ ပြောပြခဲ့ပါတယ်။
ယွန်းလင်္ကာ
http://popularmyanmar.com/mpaper/2012/11/%e1%80%87%e1%80%ac%e1%80%90%e1%80%b9%e1%80%80%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac-%e1%80%a1%e1%80%99%e1%80%bd%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%94/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။