ဒိုင်နမို ဆိုတာနဲ့ မျက်လှည့်လို့မထင်ရလောက်အောင် ပြကွက်ဆန်းတွေပြတတ်တဲ့သူမှန်း ကွန်တော်တို့မြန်မာပရိသတ်က ရင်းနှီးပြီးသားဖြစ်ပါတယ်။
အခု ဒိုင်နမိုရဲ့ အကြောင်းလေးကို အကျဉ်းချုံးတင်ပြပေးလိုက်ပါတယ်။
ဒိုင်နမိုရဲ့ နာမည်အရင်းက စတီဗင် ဖရေး ဖြစ်ပြီးတော့ 1982 ဒီဇင်ဘာလ 17ရက်မှာ UK က Bradfort မှာ မွေးဖွားခဲ့ပါတယ်။သူ့အဖေနဲ့ အမေကတော့ နစ်ကီနဲ့ ဂွတ်ဝင်းတို့ဖြစ်ပြီး ဒိုင်နမိုရဲ့ ဖခင်ဟာ သူငယ်စဉ်ထဲက ထောင်နန်းစံနေသူတစ်ဦးပါ။
ဒိုင်နမိုဟာ ငယ်စဉ်ကတည်းက ချူချာပြီး အားပြတ်မူးလဲတာမျိုး ခဏ ခဏကြုံတွေ့ခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ချူချာတဲ့ စတီဗင်ဖရေး ကို အဘိုးဖြစ်သူက အများရှေ့မှာ ထင်ပေါ်လာဖို့ သူ့ရဲ့ မျက်လှည့်ပညာကို လက်ဆင့်ကမ်းအမွေပေးခဲ့ပါတယ်။
အဖိုးဖြစ်သူရဲ့ ဖဲချပ်မျက်လှည့်သင်ပြမှုအပေါ်မှာ ဒိုင်နမိုဟာ သူမတူအောင် ကျွမ်းကျင်လိမ္မာတဲ့ လက်ပိုင်ရှင်ဖြစ်တဲ့အတွက် Underground ပြသမှုကနေ နာမည်က တမုတ်ချင်းပဲ ကျော်ကြားသွားပါတယ်။
အဲ့အချိန်တုန်းကအထိ သူ့မျက်လှည့်နာမည်ဟာ ဒိုင်နမို မဖြစ်လာသေးပါဘူး။
တချိန်က နာမည်ကြီး မျက်လှည့်ပညာရှင်ကြီး ဒိုင်နမိုဆိုတာ ရှိခဲ့ပြီး ခေတ်သစ် ဒိုင်နမိုဟာ သူ့နာမည်ကို ယူခဲ့ကြောင်း ပြောပြခဲ့တယ်။
ဒိုင်နမိုဆိုတာ လူသိများလာဖို့ ပထမဆုံးပြကွက်ကို Newyork Hilton မှာ လုပ်ခဲ့ပြီးတော့ သူနဲ့အတူ မျက်လှည့်ပညာရှင်တွေဖြစ်တဲ့ အေရွန်ဖစ်ရှာနဲ့ ဒေးဗစ်ဘလိန်းတို့ပါ ပါဝင်ပြသခဲ့ပါတယ်။
ဒိုင်နမိုဆိုတဲ့ နာမည်တခုအတွက် စတီဗင်ဖရေးဟာ အဲ့ပွဲမှာတင် ပရိသတ်ရင်ထဲ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
2004 မှာတော့ ဒိုင်နမိုဟာ London မှာ လှည့်လည်သွားလာရင်း သူ့ရဲ့ အကျင့်အတိုင်း အံ့သြစရာပြကွက်တွေ လူတွေကို ပြသနေပါပြီ။သူ့ပြကွက်တွေကို You Tube မှာ ဝင်ကြည့်တဲ့သူတွေဟာ အဲ့ဒီအချိန်ထဲက မနည်းမနော၇ှိခဲ့ပြီး Snoop Dogg တို့ Ian Brown တို့ Mike Skinner တို့ထက် နည်းနည်းပဲ လျှော့ခဲ့ပါတယ်။အဲ.ဒီနောက်မှာတော့ သူ့ရဲ့ ပြကွက်တွေဟာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းအောင် ဆန်းသစ်လာပြီး ကြည့်ရှုသူအရေအတွက်က တရက် မှာ 18 သန်းနီးပါးအထိရှိသွားပြီး အားလုံးကို ကျော်တက်သွားပါတယ်။
သိမ်းမြစ်ထဲ လမ်းလျှောက်ပြတဲ့ပြကွက်နဲ့ တကမ္ဘာလုံးက ပရိသတ်ကို သိမ်းယူသွားတဲ့ ဒိုင်နမိုဟာ ပကာသနဆန်တဲ့ လက်မှတ်ရောင်းဖျော်ဖြေပွဲကို မုန်းတယ်လို့ဆိုပါတယ်။ဒါကြောင့်သူဟာ လမ်းမှာသာ မျက်လှည့်ပြခြင်းကို လုပ်ရတာ ခုံမင်ခဲ့သူပါ။
နောက်ပိုင်းမှာတော့ ဒိုင်နမိုဟာ UK မှာသာ US အထိ ခြေဆန့်ခဲ့ပြီး ဆယ်လီသူငယ်ချင်းတွေတောင် ရတဲ့အထိ ကျော်ကြားလာခဲ့ပါတယ်။ဝီလ်စမစ်၊ပီ ဒစ်ဒီ၊ဂျေဇီ၊ရူဆယ် ဘရန်း၊The Black Eyed Peas တို့လို သူငယ်ချင်းမျိုးတွေပေါ့။
ဒိုင်နမိုကို စတင်သိတော့ အခွေနဲ့ ဖြစ်ပြီး ခရီးသွားရာသီ ပုံစံလို အပိုင်း သုံးပိုင်းခွဲရိုက်ထားတဲ့အခွေပါ။2012က စတင် ရိုက်ကူးခဲ့ပြီးတော့ သူ့ခရီးစဉ်နဲ့ အခွေဟာ 2014မှာ အဆုံးသတ်ပါတယ်။ဥရောပ ရုပ်သံလိုင်းတွေက ဒါကို အစီအစဉ်တခုအနေနဲ့ ပြသခဲ့ပါတယ်။
အကောင်းဆုံးဖျော်ဖြေမှု ဆုအဖြစ် Magician Impossible ဟာ 2013 Broadcast Award ရရှိခဲ့ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။