ရင်ကိုလာခတ်တဲ့ ဆရာ 'မောင်ရဲ'လူရဲ့ အညာရွာဖွဲ့ ကဗျာကလေး......
🌳🌳🌳🌳🌳🌳🌳🌳🌳
*ငါ့ရွာ ငါ့ကျောင်း*
သူငယ်ချင်း....
မင်းကိုလေ ဒါ
ငါ့ရွာလို့ ပြချင်
ငါ့ကို မွေးသပ ဒီအိမ်ကပေါ့
လောကလူထဲ ငါလဲ ရောက်လာ
အညာကျေးလက် ဇာတိရွာ။
ဒီလိုကွာ...
ငါနဲ့ သူငယ်ချင်းအပေါင်း
စာသင်ခဲ့တဲ့ ကျောင်း
အဲဒီကျောင်းက တို့ရွာအနား
တစ်မိုင်ကျော် သွားရ
ဗလဗအထကကျောင်းတော်မဟာ
အဲဒီမှာ အလယ်တန်းနဲ့ ဆယ်တန်းပညာ
သင်ခဲ့ရာပေါ့။
ဇာတိမြေနဲ့ ငါတို့ကျောင်းဟာ
နွေမှာ မီးလိုပူ
မိုးမှာ ရေကြီး
ဆောင်းကြီးမှာ ချမ်း
ခပ်ကြမ်းကြမ်းပမောင်။
ရွာကျောင်းမှာ နေ
ရွာရေကို သောက်
ယာမြေမှာ ကြီး၊ ကောက်သီးစပါး
ပဲခင်းကြားမှာ၊ သွားကာလာကာ
စာဖတ်ကာနဲ့
ဆယ်တန်းမှာ နှစ်ချင်းပေါက်
ထွန်းတောက်ခဲ့သဗျာ
ဘယ်မှာ ကျူရှင် မသိရိုး အမှန်ပါ။
ဒီလိုနဲ့ မြို့ကျောင်းသွား
ဘွဲ့အများရလို့
လောကတရား
သဘာဝကြားမှာ
ပစ္စုပ္ပန် အနာဂတ်
ကျော်ဖြတ်ဖို့ကို
ဘဝပင်လယ်ကြီးထဲ
ခပ်ရဲရဲ ခုန်ချမိတော့
လောကဓံ
လူဒဏ် အပူဒဏ်
ဆူဆူညံညံထဲမှာ
'ပျော်'တာလဲ ရှိ၊ 'မော်'တာလဲ ရှိ
'အော်'ခါသွားရတာလဲ ရှိခဲ့။
တစ်ခါတစ်ခါ
နွေတစ်ရာနှယ်
ဝေဒနာလဲ ကြွယ်ရသေး
ကံတရားရဲ့
အဖြေတရား
စေစားရာ 'က'နေရတဲ့
ဘဝဇာတ်ဆရာကြောင့်
အကောင်း အဆိုး
ကြောင်းအကျိုးကို အခြေပြု
အဖြေတစ်ခု ထုတ်နေရင်း...
ရွာခြေလဲ မပြန်နိုင်...
ရွာကျိုးရပ်ကျိုး
သယ် မပိုးနိုင်သူ ငါ့ကိုသာ
ခွင့်လွှတ်ပါလို့
လွမ်းငိုင်ကာ ငေး
အဝေးက ရွာကလေးရယ်...
ဒါပေမဲ့ကွာ
အနာဂတ်လှပဖို့ 'လူငယ်တွေ ရွှေချ'
ဘဝအသိ ပညာအသိ ဖြန့်ဝေ
ကျောင်းတွေမှာ ဆရာလုပ်
ပညာထုပ်ကို ဖွင့်ချပေး
ဝေးဝေးနေရသူ ငါ
အညာကော ရွာကော
ခွင့်လွှတ်မှာပါ သူငယ်ချင်း။
မောင်ရဲလူ
🌳🌳🌳🌳🌳🌳🌳🌳🌳
*ငါ့ရွာ ငါ့ကျောင်း*
သူငယ်ချင်း....
မင်းကိုလေ ဒါ
ငါ့ရွာလို့ ပြချင်
ငါ့ကို မွေးသပ ဒီအိမ်ကပေါ့
လောကလူထဲ ငါလဲ ရောက်လာ
အညာကျေးလက် ဇာတိရွာ။
ဒီလိုကွာ...
ငါနဲ့ သူငယ်ချင်းအပေါင်း
စာသင်ခဲ့တဲ့ ကျောင်း
အဲဒီကျောင်းက တို့ရွာအနား
တစ်မိုင်ကျော် သွားရ
ဗလဗအထကကျောင်းတော်မဟာ
အဲဒီမှာ အလယ်တန်းနဲ့ ဆယ်တန်းပညာ
သင်ခဲ့ရာပေါ့။
ဇာတိမြေနဲ့ ငါတို့ကျောင်းဟာ
နွေမှာ မီးလိုပူ
မိုးမှာ ရေကြီး
ဆောင်းကြီးမှာ ချမ်း
ခပ်ကြမ်းကြမ်းပမောင်။
ရွာကျောင်းမှာ နေ
ရွာရေကို သောက်
ယာမြေမှာ ကြီး၊ ကောက်သီးစပါး
ပဲခင်းကြားမှာ၊ သွားကာလာကာ
စာဖတ်ကာနဲ့
ဆယ်တန်းမှာ နှစ်ချင်းပေါက်
ထွန်းတောက်ခဲ့သဗျာ
ဘယ်မှာ ကျူရှင် မသိရိုး အမှန်ပါ။
ဒီလိုနဲ့ မြို့ကျောင်းသွား
ဘွဲ့အများရလို့
လောကတရား
သဘာဝကြားမှာ
ပစ္စုပ္ပန် အနာဂတ်
ကျော်ဖြတ်ဖို့ကို
ဘဝပင်လယ်ကြီးထဲ
ခပ်ရဲရဲ ခုန်ချမိတော့
လောကဓံ
လူဒဏ် အပူဒဏ်
ဆူဆူညံညံထဲမှာ
'ပျော်'တာလဲ ရှိ၊ 'မော်'တာလဲ ရှိ
'အော်'ခါသွားရတာလဲ ရှိခဲ့။
တစ်ခါတစ်ခါ
နွေတစ်ရာနှယ်
ဝေဒနာလဲ ကြွယ်ရသေး
ကံတရားရဲ့
အဖြေတရား
စေစားရာ 'က'နေရတဲ့
ဘဝဇာတ်ဆရာကြောင့်
အကောင်း အဆိုး
ကြောင်းအကျိုးကို အခြေပြု
အဖြေတစ်ခု ထုတ်နေရင်း...
ရွာခြေလဲ မပြန်နိုင်...
ရွာကျိုးရပ်ကျိုး
သယ် မပိုးနိုင်သူ ငါ့ကိုသာ
ခွင့်လွှတ်ပါလို့
လွမ်းငိုင်ကာ ငေး
အဝေးက ရွာကလေးရယ်...
ဒါပေမဲ့ကွာ
အနာဂတ်လှပဖို့ 'လူငယ်တွေ ရွှေချ'
ဘဝအသိ ပညာအသိ ဖြန့်ဝေ
ကျောင်းတွေမှာ ဆရာလုပ်
ပညာထုပ်ကို ဖွင့်ချပေး
ဝေးဝေးနေရသူ ငါ
အညာကော ရွာကော
ခွင့်လွှတ်မှာပါ သူငယ်ချင်း။
မောင်ရဲလူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။