စီးပွားရေးသမား တစ်ယောက်အတွက် ကာလသုံးပါး
========================== ========
ရေးသူ - သိန်းဌေးမောင်
စီးပွားရေးသမား တစ်ယောက်အတွက် ကာလသုံးပါးမှာ ပစ္စုပ္ပန်ဆိုတဲ့ လက်ငင်းကိစ္စတွေကို အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံးလို့ နားလည် ထား ပါတယ်။ မှန်ပါသလား။ အကျိုး အကြောင်းနဲ့ ရှင်းပြပေးပါခင်ဗျာ။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံသား စာရေး ဆရာ Pascal Mercier က စိတ်ဝင်စားဖွယ် ဆွေးနွေးတင်ပြ ထားတာရှိပါတယ်။ သူဟာ ဝတ္ထုရေးသူ ဖြစ်သလို ဒဿနိကဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့ရတက္ကသိုလ်ပါမောက္ခ နာမည်ကျော် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ "လူတွေက လက်ငင်း ကြုံနေရတဲ့ လက်ရှိ ဘဝအတွက် အသက်ရှင်ရေးသာ ပဓာနလို့ဆို တတ်ကြ ပါတယ်။ အဲဒါဟာ သိပ်မဟုတ်လှ ပါဘူး။ အရေးကြီးတာက လူ့ဘဝ ခဏတာ ကြုံလာသမျှကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ် ပြီး ရှေ့ဆက် လျှောက်လှမ်းကြရမှာပါ" လို့ဆိုပါတယ်။
လူ့ဘဝမှာကြုံရတဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးအပေါ် သဘောထား ကွဲပြားပုံကို သုတေသန ပြုလုပ်ခဲ့ပြီး ဒီလို သုံးသပ်တင်ပြခဲ့ပါတယ်။ အတိတ်ကို တမ်းတဆဲ ဥရောပ သားများ ဥရောပသားတွေဟာ ရွှေထီးဆောင်းခဲ့ရတဲ့ အတိတ်ကို ၄၀ ရာခိုင်နှုန်း၊ ပစ္စုပ္ပန်ကို ၃၀ ရာခိုင်နှုန်းနဲ့ အနာဂတ် ကိုလည်း ၃၀ ရာခိုင်နှုန်းသာ တန်ဖိုး ထားတတ်ကြ ပါတယ်။ အိပ်မက်ဆီမျှော်ရည်တဲ့ အမေ ရိကန် ပိုပြီးကောင်းတဲ့ မနက်ဖြန်ကို မျှော်ကြည့် ရည်မှန်းတတ်ကြတဲ့ အမေရိကန် နိုင်ငံသားတွေကတော့ အတိတ်ကို ၅ ရာခိုင်နှုန်း၊ ပစ္စုပ္ပန် ကို ၃၀ ရာခိုင်နှုန်းနဲ့ အနာဂတ်ကို ၆၅ ရာခိုင်နှုန်း တန်ဖိုးထားကြတယ်။ လက်တွေ့ဆန်တဲ့ အာရှသားများ အလုပ်ကြိုးစား အားထုတ်ကြတဲ့ အာရှသားတွေကတော့ အတိတ်ကို ၁၀ ရာခိုင်နှုန်း၊ ပစ္စုပ္ပန်ကို ၇၀ ရာခိုင်နှုန်း၊ အနာဂတ်ကို ၂၀ ရာခိုင်နှုန်းသာ တန်ဖိုးထားကြတယ်။ အရပ်ဒေသကွဲပြားသလို သမိုင်း ကြောင်းနဲ့ လူမှုစရိုက် သဘာဝခြားနားတဲ့အလျောက် လူမျိုး သုံးမျိုး ဟာ အချိန်အပေါ်မှာ သဘောထားအမြင် မတူကြတာကို နှိုင်းယှဉ်တင်ပြခဲ့တာပါ။
ဒီနေရာမှာ လူတွေက ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး ဆန်းစစ်ကြည့် သင့်ကြောင်း၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလ အသီးသီးအတွက် ဘယ်လောက် အချိန်ပေးပြီး စဉ်းစား မိကြပါသလဲ။ အတိတ်ကဖြစ်ခဲ့ တာကို ပြန်ပြင်လို့မရတော့ပါ။ သင်ခန်းစာ ယူလို့တော့ ရပါ တယ်။ ပစ္စုပ္ပန်ကို အကောင်းဆုံးလုပ်ပြီး ကောင်းမွန်တဲ့ အနာဂတ်အတွက် ပြင်ဆင်ကြရ မှာပါ။ မရောက်လာသေးတဲ့ အနာဂတ်ကိုတွေးပူနေလို့တော့ ပစ္စုပ္ပန်ဘဝမှာ ဒုက္ခ တွေ့ကြ မှာ မလွဲပါ။ ကုမ္ပဏီဝန်ထမ်းတွေအတွက် စီမံခန့်ခွဲမှု စွမ်းရည် မြှင့်တင်နိုင်ဖို့ လေ့ကျင့် သင် ကြားမှု အစီအစဉ်တွေ ပြုလုပ်ဖို့ရှိပါတယ်။ ထိရောက် ကောင်းမွန်တဲ့ လေ့ကျင့် သင်ကြား မှုဖြစ်စေဖို့ သတိပြုသင့်တဲ့ အချက်တွေကို ရှင်းပြစေချင်ပါတယ်ဆရာ။ ဘယ်ကိစ္စအတွက် ဖြစ်စေ လေ့ကျင့် သင် ကြားမှု အစီအစဉ် တစ်ခုပြုလုပ်စရာရှိခဲ့ရင် သတိပြုဖို့လို အပ်တဲ့ အချက်တွေကို အောက်ပါအတိုင်း အကြံပေးချင်ပါတယ်။
၁။ နည်းလမ်း မျိုးစုံသုံးပါ
.......................... ........
လုပ်ငန်းစီမံခန့်ခွဲရေးဆိုရာမှာလည်း
အကြောင်းအရာ အများ ကြီးရှိသလို ဝန်ထမ်းတွေ လုပ် ဆောင်ရမယ့်
လုပ်ငန်းတာဝန်နဲ့ ရာထူး အဆင့်အရ သင်ကြားရမယ့် ဘာသာရပ်နဲ့ လိုအပ် ချက်
ကွဲပြားနိုင်ပါတယ်။ ဘာတွေကို ဘယ်လောက်သိရှိ တတ်ကျွမ်းဖို့ လိုသလဲ ဆိုတာ
သတ်မှတ် ချက်ရှိရမှာပေါ့။ ဒီခေတ်မှာ စာအုပ်၊ မဂ္ဂဇင်း၊
ဂျာနယ်စတဲ့ပုံနှိပ်မီဒီယာတွေ၊
အင်္ဂလိပ်-မြန်မာ ဘာသာနဲ့ စုံစုံလင်လင် ရနိုင်ပါတယ်။ အင်တာနက်မှာလည်း
ရှာကြည့်နိုင် တာပဲ။ စီဒီ၊ ဒီဗီဒီ တွေလည်းရှိပါတယ်။ သင်တန်းဆရာခေါ်ပြီး
သင်ပေးနိုင်သလို သင်တန်း ကျောင်းကိုလည်း တက်စေနိုင်ပါတယ်။ ဝန်ထမ်းတွေ
ကိုယ်တိုင် ဖတ်မှတ်လေ့လာ စေတာ လည်း အကျိုးရှိသင့်သလောက် ရှိပါတယ်။
၂။ စနစ်တကျလေ့ကျင့်သင်ကြားပါ
.......................... .....................
လေ့လာသင်ယူမှုနဲ့ပတ်သက်လို့ စာမေးပွဲဖြေဆိုဖို့ ကျက်မှတ်တာထက်ပိုပြီး လုပ်ငန်းထဲမှာ လက်တွေ့ အသုံးချတတ်ဖို့လိုတာ ကြောင့် လေ့ကျင့်မှုပါဝင် သင့်ပါတယ်။ စာတွေ့ကနေ လက်တွေ့အလုပ်ဆီကို တတ်ကျွမ်းမှု ကူး ပြောင်းရတာက နည်းလမ်းမှန်ရင် အလေ့အကျင့် များများလုပ်ပြီး စစ်ဆေး ကြီးကြပ်မှုရှိခဲ့ရင် မခက်လှပါဘူး။
၃။ ပညာရှင်ရဲ့ အကူအညီရယူပါ
.......................... ..................
Corporate Training ဆိုပြီး မိမိတို့ ကုမ္ပဏီအစီအစဉ်နဲ့ သင်တန်းပေးမယ်ဆိုရင် သင်ကြား ပို့ချမယ့် ဘာသာရပ်ကို တတ်ကျွမ်းပြီး သင်ကြားမှု အတွေ့ အကြုံ ရှိတဲ့ပညာရှင်တွေနဲ့  တိုင် ပင်ကာ သင်ရိုး ညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို စနစ်တကျရေးဆွဲ လုပ်ဆောင်သင့်ပါ တယ်။ သင်ကြားတာကို ဘယ်လောက် နားလည် သဘောပေါက်တယ်ဆိုတာကို သိရဖို့ စစ်ဆေးမှုပြု လုပ်ရပါတယ်။ ဖြေဆိုနိုင်တဲ့ ရလဒ် ကောင်းသူကို ဆုချီးမြှင့်သင့်ပါတယ်။ သင် တန်းအောင်လက်မှတ် တွေလည်း သင်တန်းသားအားလုံးကို ပေးအပ်ရ ပါမယ်။ ဒါမှ သူတို့ တွေ သင်ကြားရမှုအပေါ် စိတ်ဝင်စားကြမှာဖြစ်ပါ တယ်။
၎။ လေ့ကျင့်သင်ကြားမှု မှတ်တမ်းထားပါ
.......................... .......................... .
ဝန်ထမ်းတစ်ဦးချင်းအတွက် လေ့ကျင့်သင်ကြားမှုမှတ်တမ်းထားရှိပြီး
စွမ်း ဆောင်ရည် အကဲ ဖြတ်ချက်နဲ့ယှဉ်တွဲကာ ဝန်ထမ်း
လေ့ကျင့်ပျိုးထောင်ရေးကို စနစ်တကျ ဆောင်ရွက်ပါ။ စဉ် ဆက်မပြတ်
လေ့လာသင်ယူမှုရှိအောင် စီမံဆောင်ရွက်ပေးပြီး စွမ်းဆောင်ရည် မြင့်မားတဲ့
အဖွဲ့အစည်းဖြစ်အောင် ကြိုးစား တည်ဆောက်ခြင်းဖြင့်
ယှဉ်ပြိုင်မှုကြီးမားလာမယ့် အနာဂတ်အတွက် ပြင်ဆင်ရမှာပါ။
မူရင်း-B2B
==========================
ရေးသူ - သိန်းဌေးမောင်
စီးပွားရေးသမား တစ်ယောက်အတွက် ကာလသုံးပါးမှာ ပစ္စုပ္ပန်ဆိုတဲ့ လက်ငင်းကိစ္စတွေကို အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံးလို့ နားလည် ထား ပါတယ်။ မှန်ပါသလား။ အကျိုး အကြောင်းနဲ့ ရှင်းပြပေးပါခင်ဗျာ။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံသား စာရေး ဆရာ Pascal Mercier က စိတ်ဝင်စားဖွယ် ဆွေးနွေးတင်ပြ ထားတာရှိပါတယ်။ သူဟာ ဝတ္ထုရေးသူ ဖြစ်သလို ဒဿနိကဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့ရတက္ကသိုလ်ပါမောက္ခ နာမည်ကျော် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ "လူတွေက လက်ငင်း ကြုံနေရတဲ့ လက်ရှိ ဘဝအတွက် အသက်ရှင်ရေးသာ ပဓာနလို့ဆို တတ်ကြ ပါတယ်။ အဲဒါဟာ သိပ်မဟုတ်လှ ပါဘူး။ အရေးကြီးတာက လူ့ဘဝ ခဏတာ ကြုံလာသမျှကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ် ပြီး ရှေ့ဆက် လျှောက်လှမ်းကြရမှာပါ" လို့ဆိုပါတယ်။
လူ့ဘဝမှာကြုံရတဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးအပေါ် သဘောထား ကွဲပြားပုံကို သုတေသန ပြုလုပ်ခဲ့ပြီး ဒီလို သုံးသပ်တင်ပြခဲ့ပါတယ်။ အတိတ်ကို တမ်းတဆဲ ဥရောပ သားများ ဥရောပသားတွေဟာ ရွှေထီးဆောင်းခဲ့ရတဲ့ အတိတ်ကို ၄၀ ရာခိုင်နှုန်း၊ ပစ္စုပ္ပန်ကို ၃၀ ရာခိုင်နှုန်းနဲ့ အနာဂတ် ကိုလည်း ၃၀ ရာခိုင်နှုန်းသာ တန်ဖိုး ထားတတ်ကြ ပါတယ်။ အိပ်မက်ဆီမျှော်ရည်တဲ့ အမေ ရိကန် ပိုပြီးကောင်းတဲ့ မနက်ဖြန်ကို မျှော်ကြည့် ရည်မှန်းတတ်ကြတဲ့ အမေရိကန် နိုင်ငံသားတွေကတော့ အတိတ်ကို ၅ ရာခိုင်နှုန်း၊ ပစ္စုပ္ပန် ကို ၃၀ ရာခိုင်နှုန်းနဲ့ အနာဂတ်ကို ၆၅ ရာခိုင်နှုန်း တန်ဖိုးထားကြတယ်။ လက်တွေ့ဆန်တဲ့ အာရှသားများ အလုပ်ကြိုးစား အားထုတ်ကြတဲ့ အာရှသားတွေကတော့ အတိတ်ကို ၁၀ ရာခိုင်နှုန်း၊ ပစ္စုပ္ပန်ကို ၇၀ ရာခိုင်နှုန်း၊ အနာဂတ်ကို ၂၀ ရာခိုင်နှုန်းသာ တန်ဖိုးထားကြတယ်။ အရပ်ဒေသကွဲပြားသလို သမိုင်း ကြောင်းနဲ့ လူမှုစရိုက် သဘာဝခြားနားတဲ့အလျောက် လူမျိုး သုံးမျိုး ဟာ အချိန်အပေါ်မှာ သဘောထားအမြင် မတူကြတာကို နှိုင်းယှဉ်တင်ပြခဲ့တာပါ။
ဒီနေရာမှာ လူတွေက ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး ဆန်းစစ်ကြည့် သင့်ကြောင်း၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလ အသီးသီးအတွက် ဘယ်လောက် အချိန်ပေးပြီး စဉ်းစား မိကြပါသလဲ။ အတိတ်ကဖြစ်ခဲ့ တာကို ပြန်ပြင်လို့မရတော့ပါ။ သင်ခန်းစာ ယူလို့တော့ ရပါ တယ်။ ပစ္စုပ္ပန်ကို အကောင်းဆုံးလုပ်ပြီး ကောင်းမွန်တဲ့ အနာဂတ်အတွက် ပြင်ဆင်ကြရ မှာပါ။ မရောက်လာသေးတဲ့ အနာဂတ်ကိုတွေးပူနေလို့တော့ ပစ္စုပ္ပန်ဘဝမှာ ဒုက္ခ တွေ့ကြ မှာ မလွဲပါ။ ကုမ္ပဏီဝန်ထမ်းတွေအတွက် စီမံခန့်ခွဲမှု စွမ်းရည် မြှင့်တင်နိုင်ဖို့ လေ့ကျင့် သင် ကြားမှု အစီအစဉ်တွေ ပြုလုပ်ဖို့ရှိပါတယ်။ ထိရောက် ကောင်းမွန်တဲ့ လေ့ကျင့် သင်ကြား မှုဖြစ်စေဖို့ သတိပြုသင့်တဲ့ အချက်တွေကို ရှင်းပြစေချင်ပါတယ်ဆရာ။ ဘယ်ကိစ္စအတွက် ဖြစ်စေ လေ့ကျင့် သင် ကြားမှု အစီအစဉ် တစ်ခုပြုလုပ်စရာရှိခဲ့ရင် သတိပြုဖို့လို အပ်တဲ့ အချက်တွေကို အောက်ပါအတိုင်း အကြံပေးချင်ပါတယ်။
၁။ နည်းလမ်း မျိုးစုံသုံးပါ
..........................
လုပ်ငန်းစီမံခန့်ခွဲရေးဆိုရ
၂။ စနစ်တကျလေ့ကျင့်သင်ကြားပါ
..........................
လေ့လာသင်ယူမှုနဲ့ပတ်သက်လို့ စာမေးပွဲဖြေဆိုဖို့ ကျက်မှတ်တာထက်ပိုပြီး လုပ်ငန်းထဲမှာ လက်တွေ့ အသုံးချတတ်ဖို့လိုတာ ကြောင့် လေ့ကျင့်မှုပါဝင် သင့်ပါတယ်။ စာတွေ့ကနေ လက်တွေ့အလုပ်ဆီကို တတ်ကျွမ်းမှု ကူး ပြောင်းရတာက နည်းလမ်းမှန်ရင် အလေ့အကျင့် များများလုပ်ပြီး စစ်ဆေး ကြီးကြပ်မှုရှိခဲ့ရင် မခက်လှပါဘူး။
၃။ ပညာရှင်ရဲ့ အကူအညီရယူပါ
..........................
Corporate Training ဆိုပြီး မိမိတို့ ကုမ္ပဏီအစီအစဉ်နဲ့ သင်တန်းပေးမယ်ဆိုရင် သင်ကြား ပို့ချမယ့် ဘာသာရပ်ကို တတ်ကျွမ်းပြီး သင်ကြားမှု အတွေ့ အကြုံ ရှိတဲ့ပညာရှင်တွေနဲ့  တိုင် ပင်ကာ သင်ရိုး ညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို စနစ်တကျရေးဆွဲ လုပ်ဆောင်သင့်ပါ တယ်။ သင်ကြားတာကို ဘယ်လောက် နားလည် သဘောပေါက်တယ်ဆိုတာကို သိရဖို့ စစ်ဆေးမှုပြု လုပ်ရပါတယ်။ ဖြေဆိုနိုင်တဲ့ ရလဒ် ကောင်းသူကို ဆုချီးမြှင့်သင့်ပါတယ်။ သင် တန်းအောင်လက်မှတ် တွေလည်း သင်တန်းသားအားလုံးကို ပေးအပ်ရ ပါမယ်။ ဒါမှ သူတို့ တွေ သင်ကြားရမှုအပေါ် စိတ်ဝင်စားကြမှာဖြစ်ပါ တယ်။
၎။ လေ့ကျင့်သင်ကြားမှု မှတ်တမ်းထားပါ
..........................
ဝန်ထမ်းတစ်ဦးချင်းအတွက် လေ့ကျင့်သင်ကြားမှုမှတ်တမ်းထ
မူရင်း-B2B
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။