#Stress (စိတ်၏ဖိစီးမှု)
အလျှင်အမြန်တိုးတက်ပြောင်းလဲနေသော ခေတ်ပတ်ဝန်းကျင်နဲ့အညီ လိုက်လျောညီထွေစွာ ရုန်းကန်စီးမျှောကြရင်းသိသိ သာသာသော်လည်းကောင်း မသိမသာဖြင့်လည်းကောင်း စိတ်၏ ဖိစီးမှုများကို အနည်းနှင့်အများ ခံစားကြရသည်။
စိတ်ဖိစီးမှုသည် သင့်ပတ်ဝန်းကျင်၏အပြောင်းအလဲများကို ခန္ဓာကိုယ်မှ ပြန်လည်တုံ့ပြန်မှု တစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်၏အပြောင်းအလဲများကို ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အမျိုးမျိုးဖြင့် ပြန်လည်တုံ့ပြန်လေ့ရှိပါသည် ။
Stress သည် ဘ၀၏ ပုံမှန်အစိတ်အပိုင်းများထဲမှတစ်ခုဖြစ်ပါသည်။
Stress သည် positive stress (Eustress) လည်းဖြစ်နိုင်သည်။ ဥပမာ ရာထူးအတိုးခံရသဖြင့် မိမိတာဝန်ယူရမည့် လုပ်ငန်းတာဝန်များအမှားအယွင်းကင်းစေရန် စိတ်ဖိစီးခြင်းမျိုးဖြစ်ပါသ ည်။
အခက်အခဲ အတိုက်အခိုက် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခုရင်ဆိုင်တွေ့ ပြီး အလုပ်ပင်ပန်းမှုများ ခြင်း၊ စိတ်တင်းကြပ်ခြင်းမျိုးကို negative stress (Distress) ဟုခေါ်ပါသည်။
မည်သို့ဆိုစေ စိတ်ဖိစီးမှု(stress) သည်သင်၏ ကျန်းမာရေးကိုအနည်းနှင့်အများထိခိုက် စေနိုင်ပါသည်။
စိတ်ဖိစီးမှု (Distress) သည်
- ခေါင်းကိုက်ခြင်း
- အစာမကြေခြင်း
- သွေးပေါင်ချိန်တက်ခြင်း
- အိပ်မပျော်ခြင်း
- နုံးချိခြင်းလက္ခဏများကို ဖြစ်စေတတ်ပါသည်။
ထိုအချိန်မျိုးတွင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းဖြင့် စိတ်ဖိစီးမှုမှ သက်သာ ရာရအောင် ကြိုးစားခြင်းသည် စိတ်ဖိစီးမှုမှ ပြန်လည်နာလန်ထခြင်းကို ပိုမိုနှေးကွေးစေပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးပိုမိုဖြစ်စေနိုင် ပါသည်။
နေ့စဉ်လှုပ်ရှားရုန်းကန်မှုတွေထဲ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါမှာ သက်သာရာရစေမဲ့ အကူအညီဖြစ်စေ မည့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမည်။
(၁) ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း (Exercise)
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် လူရောစိတ်ပါ ကျန်းမာစေသည့်အပြင်စိတ်ဓါတ် ခွန်အားကို မြှင့်တင်ပေးပါသည်။ မနက်စောစောနေခြည်နုနုမှာ လမ်းလျှေက်ခြင်း၊ ယောဂ ကစားခြင်း၊ ထိုက်ကျိကစားခြင်းစသည့်တို့ စိတ်ဖိစီးမှုများကို ပျောက်ကင်းစေပါလိမ့်မည်။
(၂) ခန္ဓာကိုယ်ကြွက်သားများကို ဖြေလျော့စေခြင်း (Relax Muscles)
စိတ်ဖိစီးမှုများလာသောအခါ သတိမထားမိပဲ ခန္ဓာကိုယ်ကြွက်သားများ တောင့်တင်းနေပါလိမ့်မည်။
- အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ခြင်း
- နှိပ်ခြင်း (Body Massage)
- ရေနွေးနွေးဖြင့် ရေချိုးခြင်း
- အိပ်ရေးဝအောင် အိပ်ခြင်းတို့ဖြင့် ခန္ဓာကိုယ်ကြွက်သားများကို ဖြေလျော့သင့်ပါသည်။
(၃) Deep Breathing (အသက်ရှုလေ့ကျင့်ခန်းပြုလုပ် ခြင်း)
အေးဆေးသောနေရာတွင် သက်ထောင့်သက်သာထိုင်၍ မျက်လုံးများကို ညင်သာစွာ ပိတ်ထားပါ။ အေးချမ်းသောနေရာ ဥပမာကမ်းခြေ၊ လှပသော ပန်းခင်း၊ မြက်ခင်းထဲတွင် ရောက်နေသည် ဟုခံစားပြီး ဖြေးဖြေးမှန်မှန် အသက်ရူပါ။ ၅မိနစ်မှ ၁၀မိနစ်ခန့်ပုံမှန်လုပ်ပါ။ ကိုယ်ရောစိတ်ပါ ပြေလျော့စေပြီး စိတ်ဖိစီးမှုများမှလျော့နည်း သက်သာစေနိုင်ပါသည်။
(၄) Eat Well (ကောင်းကောင်းစားခြင်း)
စိတ်ဖိစီးမှုဖြစ်နေသောအခါ များသောအားဖြင့် ဘာပဲဖြစ်ဖြစ်စားချင်ရာစားမည်။ သို့မဟုတ် မစားဘူး ဆိုတာမျိုးပြုမှုတတ်ကြပါသည်။
ထိုအချိန်မျိုးမှာ စိတ်ဖိစီးမှုမှ လျှင်မြန်စွာပပျောက်စေရန် အထောက်အကူပြုစေမည့် ကျန်းမာသောအစားအစာများကို ရွေးချယ်စားသောက်သင့်ပါသည်။
အသီးအနှံများ၊ အစေ့အဆန်များအသားငါးများကို
စားသုံးပေးသင့်ပြီး အဆီနှင့်ဆီကြော်မုန့်များ ကိုရှောင်ရှားသင့်ပါသည်။
ဒိန်ချဉ်သောက်ခြင်းသည် စိတ်ဖိစီးမှုမှ နလန်ထခြင်းကို မြန်ဆန်စေပါသည်။
(၅) Slow Down
အလွန်ပြေးလွှားလှုပ်ရှားနေရသော ခေတ်ထဲတွင် ပြေးလွှားလှုပ်ရှားနေရခြင်းက Distress များဖြစ်စေပါသည်။ အရာရာကိုစိတ်ဖိစီးမှုများပြီး အလောတကြီး လုပ်ခြင်းထက် ဖြေးဖြေးမှန်မှန်ဖြင့် စိတ်အေးအေးချမ်းချမ်းလုပ်ခြ င်းကအမှားနည်းပြီး Distress ကို လျော့ချနိုင်ပါသည်။
(၆) Take a Break
လူရောစိတ်ပါ ခေတ္တခဏလျှော့ချပြီးအနားယူပါ ။
- တရားထိုင်ခြင်း
- သီချင်းနားထောင်ခြင်း
- သဘာဝအလှအပ၊ တောတောင်ရေမြေရူခင်းများကို ခံစားခြင်း
ဖြင့်အနားယူဖို့အချိန်ပေးသင့်ပါသည်။
(၇) Make Time For Hobbies
၁နေ့လျှင် ၁၅မိနစ်မှ မိနစ် ၂၀ခန့် ၀ါသနာပါသော အလုပ်တစ်ခုခုလုပ်သင့်သည်။
ဥပမာ - စာဖတ်ခြင်း
- ပန်းချီဆွဲခြင်း
- ရေကူးခြင်း
- ရုပ်ရှင်ကြည့်ခြင်း စသောဝါသနာပါသော အလုပ်တစ်ခုခုကိုပြုလုပ်ခြင်းက
စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်ပါသည်။
(၈) Go Easy on yourself
ဘယ်သူမှပြီးပြည့်စုံသောသူ၊ အမှားကင်းသောသူမရှိနိုင်ဘူး ဆိုတာ လက်ခံရပါမည်။ ထို့ကြောင့် မိမိကိုယ်ကိုအပြစ်တင်ခြင်းကို ရပ်တန်ပြီး အရာရာကို အကောင်းဘက်က တွေးမြင်နိုင်အောင်ကြိုးစား ရပါမည်။
(၉) Tell of Friend
မိမိကို နားလည်ပေးနိုင်သူတစ်ယောက်ယောက်နှင့် စကားပြောပါ။
(၁၀) Smile
တက်နိုင်သလောက်ပြုံးပါ။
ပြုံးရီခြင်းက မျက်နှာကြွက်သားများကို ဖြေလျော့စေပြီး၊ နှလုံးခုန်ခြင်းကိုလည်း ပုံမှန်ဖြစ်စေပါသည်။
စိတ်ဖိစီးမှုလုံးဝမရှိသောသူမ ရှိပါ။ စိတ်ဖိစီးမှုဖြစ်သောအခါ နေတတ်ဖို့သာ အရေးကြီးပါသည်။
Your Family Doctor
#Doctor_On_Call
#Call 1877/012399877
အလျှင်အမြန်တိုးတက်ပြောင်းလ
စိတ်ဖိစီးမှုသည် သင့်ပတ်ဝန်းကျင်၏အပြောင်းအလ
Stress သည် ဘ၀၏ ပုံမှန်အစိတ်အပိုင်းများထဲမ
Stress သည် positive stress (Eustress) လည်းဖြစ်နိုင်သည်။ ဥပမာ ရာထူးအတိုးခံရသဖြင့် မိမိတာဝန်ယူရမည့် လုပ်ငန်းတာဝန်များအမှားအယွင
အခက်အခဲ အတိုက်အခိုက် စိန်ခေါ်မှုများကို တစ်ခုပြီးတစ်ခုရင်ဆိုင်တွေ့
မည်သို့ဆိုစေ စိတ်ဖိစီးမှု(stress) သည်သင်၏ ကျန်းမာရေးကိုအနည်းနှင့်အမျ
စိတ်ဖိစီးမှု (Distress) သည်
- ခေါင်းကိုက်ခြင်း
- အစာမကြေခြင်း
- သွေးပေါင်ချိန်တက်ခြင်း
- အိပ်မပျော်ခြင်း
- နုံးချိခြင်းလက္ခဏများကို ဖြစ်စေတတ်ပါသည်။
ထိုအချိန်မျိုးတွင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းဖြင့် စိတ်ဖိစီးမှုမှ သက်သာ ရာရအောင် ကြိုးစားခြင်းသည် စိတ်ဖိစီးမှုမှ ပြန်လည်နာလန်ထခြင်းကို ပိုမိုနှေးကွေးစေပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးပိုမိုဖြစ်စေနိုင်
နေ့စဉ်လှုပ်ရှားရုန်းကန်မှုတေ
(၁) ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည
(၂) ခန္ဓာကိုယ်ကြွက်သားများကို ဖြေလျော့စေခြင်း (Relax Muscles)
စိတ်ဖိစီးမှုများလာသောအခါ သတိမထားမိပဲ ခန္ဓာကိုယ်ကြွက်သားများ တောင့်တင်းနေပါလိမ့်မည်။
- အကြောလျော့လေ့ကျင့်ခန်းပြုလ
- နှိပ်ခြင်း (Body Massage)
- ရေနွေးနွေးဖြင့် ရေချိုးခြင်း
- အိပ်ရေးဝအောင် အိပ်ခြင်းတို့ဖြင့် ခန္ဓာကိုယ်ကြွက်သားများကို ဖြေလျော့သင့်ပါသည်။
(၃) Deep Breathing (အသက်ရှုလေ့ကျင့်ခန်းပြုလုပ်
အေးဆေးသောနေရာတွင် သက်ထောင့်သက်သာထိုင်၍ မျက်လုံးများကို ညင်သာစွာ ပိတ်ထားပါ။ အေးချမ်းသောနေရာ ဥပမာကမ်းခြေ၊ လှပသော ပန်းခင်း၊ မြက်ခင်းထဲတွင် ရောက်နေသည် ဟုခံစားပြီး ဖြေးဖြေးမှန်မှန် အသက်ရူပါ။ ၅မိနစ်မှ ၁၀မိနစ်ခန့်ပုံမှန်လုပ်ပါ။ ကိုယ်ရောစိတ်ပါ ပြေလျော့စေပြီး စိတ်ဖိစီးမှုများမှလျော့နည်း
(၄) Eat Well (ကောင်းကောင်းစားခြင်း)
စိတ်ဖိစီးမှုဖြစ်နေသောအခါ များသောအားဖြင့် ဘာပဲဖြစ်ဖြစ်စားချင်ရာစားမည
ထိုအချိန်မျိုးမှာ စိတ်ဖိစီးမှုမှ လျှင်မြန်စွာပပျောက်စေရန် အထောက်အကူပြုစေမည့် ကျန်းမာသောအစားအစာများကို ရွေးချယ်စားသောက်သင့်ပါသည်။
အသီးအနှံများ၊ အစေ့အဆန်များအသားငါးများကို
(၅) Slow Down
အလွန်ပြေးလွှားလှုပ်ရှားနေရသေ
(၆) Take a Break
လူရောစိတ်ပါ ခေတ္တခဏလျှော့ချပြီးအနားယူပါ
- တရားထိုင်ခြင်း
- သီချင်းနားထောင်ခြင်း
- သဘာဝအလှအပ၊ တောတောင်ရေမြေရူခင်းများကို
ဖြင့်အနားယူဖို့အချိန်ပေးသင
(၇) Make Time For Hobbies
၁နေ့လျှင် ၁၅မိနစ်မှ မိနစ် ၂၀ခန့် ၀ါသနာပါသော အလုပ်တစ်ခုခုလုပ်သင့်သည်။
ဥပမာ - စာဖတ်ခြင်း
- ပန်းချီဆွဲခြင်း
- ရေကူးခြင်း
- ရုပ်ရှင်ကြည့်ခြင်း စသောဝါသနာပါသော အလုပ်တစ်ခုခုကိုပြုလုပ်ခြင်
စိတ်ဖိစီးမှုကိုလျော့နည်းစေန
(၈) Go Easy on yourself
ဘယ်သူမှပြီးပြည့်စုံသောသူ၊ အမှားကင်းသောသူမရှိနိုင်ဘူး
(၉) Tell of Friend
မိမိကို နားလည်ပေးနိုင်သူတစ်ယောက်ယေ
(၁၀) Smile
တက်နိုင်သလောက်ပြုံးပါ။
ပြုံးရီခြင်းက မျက်နှာကြွက်သားများကို ဖြေလျော့စေပြီး၊ နှလုံးခုန်ခြင်းကိုလည်း ပုံမှန်ဖြစ်စေပါသည်။
စိတ်ဖိစီးမှုလုံးဝမရှိသောသူမ
Your Family Doctor
#Doctor_On_Call
#Call 1877/012399877

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။