Su Su Kyi Swe added 3 new photos.Follow
မနေ့ညက တူလေးကို အိမ်ပြန်အပို့ သုဝဏ္ဏလမ်းဆုံအရောက် ထုံးစံအတိုင်း မီးပွိုင့်မိတုန်း ပန်းရောင်းတဲ့ကလေးလေးတစ်ယောက် ဘေးနားရောက်လာတယ်။ ပန်းလာရောင်းလို့ မှန်ဖွင့်ပြီး ပန်းဝယ်နေတုန်း သူကပြောလာတယ်။ သူ့ကို ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပေးပါတဲ့။ အံ့သြပြီးသေချာပြန်ကြည့်လိုက်တော့ လက်ကလေးနှစ်ချောင်းထောင်ပြီး ပို့စ်ကပေးနေပြီ။ ကျွန်တော်လည်း သူစိတ်ကျေနပ်သွားအောင် ဓာတ်ပုံလေး အမြန်ရိုက်ပေးလိုက်တယ်။ ပုံကိုပြတော့ ကျေနပ်ပြီး ပြုံးနေလိုက်တာ။ သူပျော်တော့ ကျွန်တော်ပါ လိုက်ပျော်မိတယ်။ မီးစိမ်းတော့ ကားထွက်မယ်အလုပ် ကားရှေ့နားကနေ မတ်တပ်ရပ် လက်နှစ်ချောင်းထောင်ပြီး နောက်တစ်ပုံလောက်ရိုက်ပေးပါအုံးတဲ့။
ကျွန်တော်လည်း နောက်ကားတွေ ဆဲချင်လည်းဆဲတော့ဆိုပြီး ထပ်ရိုက်ပေးလိုက်တယ်။ သူ့အပျော်လေး မပျက်စေချင်လို့လေ။ ကားထွက်တော့ သူက အကျယ်ကြီး အော်ပြောတယ်။ သူ့ပုံကို Internet ပေါ် Facebook ပေါ်တင်ပေးပါတဲ့။ စာလေးပါရေးပေးပါဆိုပဲ။ အဲ့ဒါနဲ့ ဦးက ဘာစာရေးပေးရမှာလဲဆိုတော့" ဒီကောင်လေး ပန်းရောင်းနေတာ အားပေးကြပါဦး" တဲ့ဗျာ။ ကျွန်တော် သိပ်သနားသွားသလို သိပ်လည်းချီးကျူးမိသွားတယ်။ ဒီသားလေး ကျောင်းနေမနေတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဘဝပေးအခြေအနေအရ ရုန်းကန်လှုပ်ရှားနေရတဲ့ သမ္မာအာဇီဝ ဒီပန်းရောင်းတဲ့အလုပ်ကလေးကို ပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ်လုပ်နေရှာတယ်။ စိတ်ပျက်အားငယ်ခြင်းအလျဉ်းမရှိပဲနဲ့လေ။ သားလေးရေ။ ဒီထက်ပိုပျော်ရွှင်ပါစေ။ ပန်းတွေလည်း အများကြီးရောင်းရပါစေ။ မိသားစုကိုလည်း ဒီထက်ပိုထောက်ပံ့နိုင်ပါစေ။ မျက်နှာပေါ်မှာ လန်းဆန်းတဲ့ အပြုံးပန်း ထာဝရဆင်မြန်းနိုင်ပါစေကွာ။
Credit to Zaw Latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။