#တစ်ဦးချင်းကစ #အခြေခံကစ
အမှိုက်ဆိုလည်း
ပစ်လိုက်မှာပဲ။
သစ်ပင်မြင်လည်း
ချိုင်လိုက်မှာပဲ။
ကွမ်းသွေးဆိုလည်း
ထွေးလိုက်မှာပဲ။
ဒီလိုစိတ်များ
လူတိုင်းထားရင်
တစ်နေ့
ငါတို့ သဘာဝပတ်ဝန်းကျင်
မကျန်းမမာ ဖြစ်လာလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်ဆိုတာ
ငါတို့ရဲ့ မှီတင်းရာ
ငါတို့ရဲ့ နားခိုရာ
ငါတို့ရဲ့ အိမ်ဂေဟာ
အိမ်တစ်အိမ်ရဲ့ ထောက်တိုင်
ကျန်းမာရေး ယိုယွင်းလာရင်
ငါတို့လည်း
လွယ်လွယ်ကူကူ
အိုမင်းရလိမ့်မယ်။
ငါတို့ရဲ့အိမ်ဂေဟာ
ပန်းမျိုးတစ်ရာ သာစေဖို့
အခြေခံကစ
အမှိုက်တစ်စတွေ့
ကောက်ကြသင့်တယ်
စည်းမဲ့ကမ်းမဲ့ မချသင့်ဘူး။
အမှိုက်ကောက်တာ
ယာယီတဒင်္ဂ
အလှပြရုံသက်သက် မဟုတ်။
သဘာဝနီတိဆိုလည်း
သေချာသမို့
တစ်ဦးချင်း
ထိန်းသိမ်းကျင့်သုံးကြည့်ရေ အာင်။
သဘာဝပတ်ဝန်းကျင်ရဲ့
ဒဏ်ရာအချို့အား
ဆေးသိပ်ကြစို့လား။ ။
#ပိုင်(ဆေး-၁)
Eternal Light Magazine
May 2017
#ကိုယ်ရဲ့ပတ်ဝန်းကျင်
အမှိုက်ဆိုလည်း
ပစ်လိုက်မှာပဲ။
သစ်ပင်မြင်လည်း
ချိုင်လိုက်မှာပဲ။
ကွမ်းသွေးဆိုလည်း
ထွေးလိုက်မှာပဲ။
ဒီလိုစိတ်များ
လူတိုင်းထားရင်
တစ်နေ့
ငါတို့ သဘာဝပတ်ဝန်းကျင်
မကျန်းမမာ ဖြစ်လာလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်ဆိုတာ
ငါတို့ရဲ့ မှီတင်းရာ
ငါတို့ရဲ့ နားခိုရာ
ငါတို့ရဲ့ အိမ်ဂေဟာ
အိမ်တစ်အိမ်ရဲ့ ထောက်တိုင်
ကျန်းမာရေး ယိုယွင်းလာရင်
ငါတို့လည်း
လွယ်လွယ်ကူကူ
အိုမင်းရလိမ့်မယ်။
ငါတို့ရဲ့အိမ်ဂေဟာ
ပန်းမျိုးတစ်ရာ သာစေဖို့
အခြေခံကစ
အမှိုက်တစ်စတွေ့
ကောက်ကြသင့်တယ်
စည်းမဲ့ကမ်းမဲ့ မချသင့်ဘူး။
အမှိုက်ကောက်တာ
ယာယီတဒင်္ဂ
အလှပြရုံသက်သက် မဟုတ်။
သဘာဝနီတိဆိုလည်း
သေချာသမို့
တစ်ဦးချင်း
ထိန်းသိမ်းကျင့်သုံးကြည့်ရေ
သဘာဝပတ်ဝန်းကျင်ရဲ့
ဒဏ်ရာအချို့အား
ဆေးသိပ်ကြစို့လား။ ။
#ပိုင်(ဆေး-၁)
Eternal Light Magazine
May 2017
#ကိုယ်ရဲ့ပတ်ဝန်းကျင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။