အကြည်တော် လုလင်
သင်လစာ သုံးသိန်းရတယ်ဆိုပါစို့
သင်ဖုန်းကောင်းကောင်းတလုံးလိုချင်တယ်
ဥပမာ iPhone 6
ရတဲ့လစာအပြင် ချေးပြီးဝယ်လိုက်တယ်
ဖုန်းကောင်းကောင်းရသွားတယ်
ဒါပေမဲ့ သင့်မှာအကြွေးတင်သွားတယ်
ကျန်တဲ့လတွေသင်ခြွေတာရတယ်
စိတ်ပင်ပန်းရတယ်
အခြားလိုအပ်တာတွေ ဝယ်ဖို့သင့်မှာ
ပိုက်ဆံမကျန်တဲ့အတွက် သင်စိတ်ညစ်ရတယ်
ဖုန်းကောင်းကောင်းဝယ်ရပေမဲ့ မပျော်ရဘူး
တခါတလေ လိုချင်ပေမဲ့
ကျနော်တို့ဟာ ကိုယ့်ဘဝဘာလဲဆိုတာ
သိဖို့လိုတယ်
တချို့အရာတွေက ကိုယ်နဲ့အပ်စပ်သလားစဉ်းစားမိဖို့လိုတယ်
ကိုယ့်အခြေအနေ ကိုယ့်ဝင်ငွေနဲ့
သုံးတဲ့အနေအထား သိပ်ကွာဟမနေဖို့လိုတယ်
လိုအပ်လို့လားကြွားဝါချင်တာလား စဉ်းစားဖို့လိုတယ်
ကိုယ့်ဘဝနဲ့သိပ်ကွာတဲ့အရာတွေ
သင်ပိုင်ဆိုင်ရလည်း ပျော်ရခဏပါပဲ
နောက်ကျ သင်ပြန်စိတ်ညစ်ရတာနဲ့ဘာမှမထူးဘူး
ပြောချင်တဲ့အကြောင်းအရာ ခုမှလာမှာ
😜
ဘဝလက်တွဲဖော်လည်းအဲဒီလိုပဲ
ကြုံသလို ရွေးချယ်လို့မရဘူး
ကိုယ့်ဘဝနဲ့အံဝင်ခွင်ကျ ဖြစ်တဲ့လူဖြစ်ဖို့လိုတယ်
သဘောကျတိုင်း ချစ်မိလို့မရဘူး
ကိုယ့်ဘဝအနေအထားနဲ့ သိပ်ကွာသူ
လက်ထပ်မဲ့အခါ အပေါ်က ဖုန်းဥပမာလိုပဲ
စိတ်ညစ်နေရမယ်
ဘဝလက်တွဲဖော်ဆိုတာ
အရမ်းချမ်းသာဖို့မလိုဘူး
ကိုယ်နဲ့အတူချမ်းသာအောင် ကြိုးစားတဲ့လူဖြစ်ဖို့ပဲလိုတယ်
ဆင်းရဲတဲ့အခါ ကြံ့ကြံ့ခံတဲ့လူဖြစ်ဖို့လိုတယ်
ကိုယ်နဲ့အတူ ပြေးနိုင်မဲ့လူဖြစ်ဖို့လိုတယ်
ဖိနပ်တရံ အင်္ကျိတထည်လို ကိုယ်နဲ့ ကွက်တိကြီးမဖြစ်တောင် ကွက်တိနီးပါးဖြစ်ဖို့လိုတယ်
ဈေးအရမ်းကြီးပြီး ဆိုဒ်မတော်ရင်အလကားပဲ
ကိုယ်လက်ထပ်မဲ့လူဟာ
ကိုယ့်ဘဝနဲ့သဟဇာတဖြစ်
ကွက်တိဖြစ်နေဖို့လိုတယ်
ကိုယ့်ထက် အရမ်းမြင့်မား ကိုယ်နဲ့အရမ်းကွာခြားတဲ့လူယူလို့
ပျော်ရမယ်မထင်နဲ့
ကိုယ်ကသူ့ကိုမော့ကြည့်ရတာကြာတဲ့အခါ ကိုယ်က အားငယ်လာမယ်
သူကလည်း အမြဲအောက်ငုံ့ကြည့်ရတဲ့အခါ
ကိုယ့်ကိုစိတ်ပျက်လာမယ်
နောက်ဆုံးလျှာရှည်ချင်တာတော့
😜
ဖုန်းသုံးမယ်ဆို ကိုယ့်ဝင်ငွေနဲ့ချိန်
ဝယ်ပြီး ဘာpressure မှမဖြစ်ရတဲ့
တော်ရုံဖုန်းသုံး
ချစ်မယ်ဆိုလည်း ကိုယ်ကငေးကြည့်မော့ကြည့်ရတာထက် ကိုယ့်ဘဝနဲ့အံဝင်ဂွင်ကျ ဖြစ်မဲ့
အတူရုန်းမဲ့လူကိုချစ်
ကိုယ့်ဘဝနဲ့ အသင့်တော်ဆုံးလူကိုချစ်မိဖို့လိုပါတယ်
အရမ်းမြင့်တာမှန်းရင်
ကိုယ်လည်းတက်မရ
သူလည်းဆင်းမရ
လက်တွဲမယ်ဆို သိပ်မကွာခြားကြတာအကောင်းဆုံးပဲ
credit,,,to

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။