Hr CampusFollow
သိစိတ် နှင့် မသိစိတ်
**********************
လူမှာမသိစိတ်ရယ်သိစိတ်ရယ်ဆိုပြီးနှစ်ပိုင်းရှိတယ်။
မသိစိတ်က 95% လွှမ်းမိုးပြီး သိစိတ်က 5%ပဲလွှမ်းမိုးတယ်။
ဒါပေမယ့် မသိစိတ်က ကလေးလိုပဲ . ပြောသမျှ ကောင်းဆိုး
မှားမှန်မခွဲခြားပဲအကုန်လက်ခံတယ်. သိစိတ်က ကောင်းတာပဲလက်ခံတယ်.. ပြောရရင်
ရင့်ကျက်တယ်ပေါ့... ကိုယ်ပြောသမျှ တွေးသမျှ ကြံစည်သမျှ
မသိစိတ်ကအကုန်လက်ခံတယ်။ ပြီးရင်မှတ်ထားတယ် .. သိစိတ်က ဖြစ်နိုင်မဖြစ်နိုင်
လေ့လာသုံးသပ်ပြီးမှ လက်ခံတယ်...
ဥပမာ.. ကိစ္စတခုကို ငါမလုပ်နိုင်ဘူးလို့တွေးရင် သိစိတ်က တကယ်လုပ်နိုင်မလုပ်နိုင် တွေးခေါ်စဉ်းစားတယ်. တကယ်မလုပ်နိုင်လားလုပ်နိုင်လား ဆုံးဖြတ်တယ်..
မသိစိတ်ကကျတော့ ငါမလုပ်နိုင်ဘူးလို့တွေးလိုက်ရင် သူကဒါကိုပဲပုံသေမှတ်သွားတယ်. ဟုတ်တယ် ငါမလုပ်နိုင်ဘူး မလုပ်နိုင်ဘူး...မလုပ်နိုင်ဘူး ငါတကယ်ကိုမလုပ်နိုင်ဘူး.. အဲ့လိုမသိစိတ်တွေးရင်းကနေ အင်အားကြီးတဲ့မသိစိတ်က သိစိတ်ကိုလွှမ်းမိုးပြီး တကယ်လုပ်နိုင်နေတာတွေကိုတောင် မလုပ်နိုင်တော့အောင်ဖြစ်စေတယ်.
တကယ်လို့ ကိစ္စတခုကို ငါလုပ်နိုင်တယ်လို့တွေးရင် သိစိတ်က တကယ်လုပ်နိုင်မလုပ်နိုင် တွေးခေါ်စဉ်းစားတယ်. တကယ်မလုပ်နိုင်လားလုပ်နိုင်လား ဆုံးဖြတ်တယ်.. မသိစိတ်ကကျတော့ ငါလုပ်နိုင်တယ် လို့တွေးလိုက်ရင် သူကဒါကိုပဲပုံသေမှတ်သွားတယ်. ဟုတ်တယ် ငါ လုပ်နိုင်တယ် လုပ်နိုင်တယ် ငါတကယ်ကို လုပ်နိုင်တယ်.. . အဲ့လိုမသိစိတ်တွေးရင်းကနေ အင်အားကြီးတဲ့မသိစိတ်က သိစိတ်ကိုလွှမ်းမိုးပြီး တကယ်မလုပ်နိုင်နေတာတွေကိုတောင် လုပ်နိုင်တော့အောင်ဖြစ်စေတယ်.
အဲ့ဒါကြောင့် Positive Attitude ကိုပဲ တွေးတောကြံဆလုပ်ဆောင်သင့်တယ်.
နေ့တိုင်း
ကောင်းတဲ့အရာကိုပဲကြံစည်တွေးတောလုပ်ဆောင်သင့်တယ်.
လုပ်နိုင်တယ်ဆိုတာကိုပဲ ကြံစည်တွေးတောလုပ်ဆောင်သင့်တယ်.
ကောင်းသောအရာတွေနဲ့ ကိုယ့်ဝန်းကျင်ကို ဝန်းရံထားသင့်တယ်..
Credit to IVY Life

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။