မင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြ ည့်ရှိရင်
ဘယ်တော့မှ မင်း လမ်းမပျောက်ဘူး ။
မတော်တဆ လမ်းပျောက်ခဲ့ရင်တောင်
မင်းသွားမယ့် လမ်းအတွက် မင်းကိုယ်တိုင်
ခုတ်ထွင် အသစ်ဖောက်ပြီး မင်းလျှောက်လမ်းလိမ့်မယ် ။
ဘာကြောင့်လဲဆိုတော့ မင်းကိုယ်မင်း ယုံကြည်တဲ့အတွက်
အမြဲတမ်း မင်းဟာ ရဲရင့်နေတယ် ။ ။
တစ်ချို့တွေကရှိတယ်
ကိုယ်တိုင်လမ်းမဖောက် ယုံကြည်ချက်
ရည်မှန်းချက်လည်း မရှိဘဲ ရေသာခိုအချောင်လိုက်ပြီး
မင်း သွားနေတဲ့လမ်းမှာ မင်းကိုကပ်မှီပြီးလိုက်လိမ့် မယ် ။ ။
မင်းသွားနေတဲ့လမ်း သာယာအဆင်ပြေနေရင်
မှိန်းလိုက်နေပြီး မင်းရဲ့လမ်းမှာ ခလုတ်ကသင်း
တိုက်မိတာနဲ့ မင်းကို ကဲ့ရဲ့ရှုံ့ချကြလိမ့်မယ် ။
မိုးကောင်းကင်ကို ခေါင်းမော့ပြီးတံတွေးထွေးတဲ့ သူဟာ
သူ့ထွေးတဲ့တံတွေး သူ့မျက်နှာပေါ်ပြန်ကျမှာပဲလေ
အဲ့လို သဘောမှတ်ပြီး မတုံ့ပြန်ပါနဲ့ ။
ရှေးစကားတစ်ခုရှိတယ်
" လသာတုန်းဗိုင်းငင် " တဲ့
အမှန်တော့ လသာမှဗိုင်းငင် မှာထက်
လသာသာ မသာသာ ဗိုင်းငင်ရမှာပဲလေ ။
နောက်တစ်ခုက
ကိုယ်တိုင်သမာအာဇီဝကျကျ
အပင်ပန်းခံ ရှာဖွေထားတဲ့ ငွေကြေးနဲ့
လမ်းဘေးက ရေခဲရေတစ်ခွက်ဝယ်သောက်တာတော င် ချိုတယ် ။ ။
နာရီတစ်လုံးဟာ တစ်ရက်ကို နှစ်ကြိမ် နာရီထပ်ပေမယ့်
အခွင့်အရေးဆိုတာ တစ်ရက်ကို တစ်ခါလောက်ရဖို့
မလွယ်ဘူးဆိုတာ မင်းနားလည်ထားပေးပါ ။ ။
မင်းကိုလမ်းပြသူက မင်းကိုယ်တိုင်ဖြစ်သလို
မင်းကိုကူညီမယ့်သူကလည်း မင်းကိုယ်တိုင်ပဲ
မင်းဘဝရဲ့ မီးအိမ်ရှင်က မင်းကိုယ်တိုင်ဖြစ်သလို
မင်းဘဝလမ်း မင်းကိုယ်တိုင် လျှောက်လှမ်းရမှာပဲ ။ ။
မင်းရဲ့ဟီးရိုးက မင်းကိုယ်တိုင်ပဲ ………………… ။ ။
မေတ္တာဖြင့်
သူသူဟိန်း
ဘယ်တော့မှ မင်း လမ်းမပျောက်ဘူး ။
မတော်တဆ လမ်းပျောက်ခဲ့ရင်တောင်
မင်းသွားမယ့် လမ်းအတွက် မင်းကိုယ်တိုင်
ခုတ်ထွင် အသစ်ဖောက်ပြီး မင်းလျှောက်လမ်းလိမ့်မယ် ။
ဘာကြောင့်လဲဆိုတော့ မင်းကိုယ်မင်း ယုံကြည်တဲ့အတွက်
အမြဲတမ်း မင်းဟာ ရဲရင့်နေတယ် ။ ။
တစ်ချို့တွေကရှိတယ်
ကိုယ်တိုင်လမ်းမဖောက် ယုံကြည်ချက်
ရည်မှန်းချက်လည်း မရှိဘဲ ရေသာခိုအချောင်လိုက်ပြီး
မင်း သွားနေတဲ့လမ်းမှာ မင်းကိုကပ်မှီပြီးလိုက်လိမ်
မင်းသွားနေတဲ့လမ်း သာယာအဆင်ပြေနေရင်
မှိန်းလိုက်နေပြီး မင်းရဲ့လမ်းမှာ ခလုတ်ကသင်း
တိုက်မိတာနဲ့ မင်းကို ကဲ့ရဲ့ရှုံ့ချကြလိမ့်မယ် ။
မိုးကောင်းကင်ကို ခေါင်းမော့ပြီးတံတွေးထွေးတဲ
သူ့ထွေးတဲ့တံတွေး သူ့မျက်နှာပေါ်ပြန်ကျမှာပဲလေ
အဲ့လို သဘောမှတ်ပြီး မတုံ့ပြန်ပါနဲ့ ။
ရှေးစကားတစ်ခုရှိတယ်
" လသာတုန်းဗိုင်းငင် " တဲ့
အမှန်တော့ လသာမှဗိုင်းငင် မှာထက်
လသာသာ မသာသာ ဗိုင်းငင်ရမှာပဲလေ ။
နောက်တစ်ခုက
ကိုယ်တိုင်သမာအာဇီဝကျကျ
အပင်ပန်းခံ ရှာဖွေထားတဲ့ ငွေကြေးနဲ့
လမ်းဘေးက ရေခဲရေတစ်ခွက်ဝယ်သောက်တာတော
နာရီတစ်လုံးဟာ တစ်ရက်ကို နှစ်ကြိမ် နာရီထပ်ပေမယ့်
အခွင့်အရေးဆိုတာ တစ်ရက်ကို တစ်ခါလောက်ရဖို့
မလွယ်ဘူးဆိုတာ မင်းနားလည်ထားပေးပါ ။ ။
မင်းကိုလမ်းပြသူက မင်းကိုယ်တိုင်ဖြစ်သလို
မင်းကိုကူညီမယ့်သူကလည်း မင်းကိုယ်တိုင်ပဲ
မင်းဘဝရဲ့ မီးအိမ်ရှင်က မင်းကိုယ်တိုင်ဖြစ်သလို
မင်းဘဝလမ်း မင်းကိုယ်တိုင် လျှောက်လှမ်းရမှာပဲ ။ ။
မင်းရဲ့ဟီးရိုးက မင်းကိုယ်တိုင်ပဲ ………………… ။ ။
မေတ္တာဖြင့်
သူသူဟိန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။