Aye Kyaw Kyaw added 4 new photos.Follow
မတွက်မချက် Overhead
မနေ့က လုံးခြင်းအိမ်တွေချည်းရှိတဲ့ အိမ်ယာတစ်ခုကို ရောက်တယ်။ မီးအား မလောက်တဲ့အတွက် ထရန်စဖေါ်မာအသစ်တစ်လုံး ထပ်တိုးထားရတယ်ဆိုတဲ့ နေရာကို လေ့လာကြည့်မိတယ်။
ထရန်စဖေါ်မာက 1250 KVA ပါ၊ 11 KV လိုင်းကို Spacer cable စနစ်နဲ့ ဆွဲထားတယ်၊ Ringmain unit လို့ ယူဆရတာကို Outdoor VCB အနေနဲ့ သုံးထားတယ်၊ တပ်ဆင်ထားတာအားလုံး အကြမ်းဖျဉ်းကြည့်ရတာ၊ သပ်ရပ်တယ်၊ အိုကေတယ်၊ အိမ်ယာစီမံကိန်းဖြစ်သည့်အတွက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဒီဇိုင်းလုပ် တပ်ဆင်ပေးတာဖြစ်မယ်။
ထရန်စဖေါ်မာ Secondary side မှာ 1 phase ကို 1 C x 300 sqmm XLPE cable ၃
ချောင်းသုံးထားတယ်။ 400 V Overhead ဖီဒါ ၃ ခု ခွဲထွက်ထားတယ်။ အဲဒီ LV
Overhead ကြိုးတွေကို 300 sqmm ထက်အများကြီးငယ်တဲ့ 3 C XLPE Cable (3Cx95
(or) 3Cx120 sqmm) တစ်ချောင်းစီနဲ့ တိုင်ပေါ်မှာ သွားဆက်ထားတယ်။ 300 sqmm
ကြိုးကို Panel ထဲက Breaker အထွက်မှာ ကြိုးအသေးပြောင်းလိုက်တယ် ယူဆတယ်။
1250 KVA ရဲ့ 400 V side full load ampere (80% of actual full load) ကိုတွက်ကြည့်ယင်
1250,000 VA ÷ (400 V x √3) x 0.80 = 1,443 A ဖြစ်ပြီး 1 C x 300 sqmm XLPE cable တစ်ချောင်းစီမှာ စီးမယ့် အမ်ပီယာက 480 A လောက်ဖြစ်ကြောင်း တွက်ကြည့်နိုင်တယ်။
မည်သည့်အတွက်ကြောင့် LV Panel အထွက်မှာ 480 A အထိမသယ်ဆောင်နိုင်သော 95 (or) 120 sqmm ကြိုးများနှင့် ပြောင်းလိုက်သလဲမသိပါ။ LV Overhead ကြိုးတွေကို ဆက်လေ့လာကြည့်တဲ့အခါမှာလည်း
(၁) ပထမဖီဒါကြိုးက HDBC ကြိုးဖြစ်တယ်၊ HDBC ဆိုယင် အကြီးဆုံးက အချင်း 7.01 mm သာရှိတဲ့ SWG # 2 ဖြစ်ပြီး sqmm နှင့်ဆိုပါက 38.61 sqmm သာ ရှိပါတယ်။ အိုကေ သူက Insulation မပါသည့်အတွက် Heat Dissipation ကြောင့် Insulation ပါသည့် cable တွေထက် Ampere ပိုသယ်ဆောင်နိုင်သည်ဆိုတာတောင် အမ်ပီယာ 200 ခန့်သာ သယ်ဆောင်နိုင်ပါသည်။
(၂) ဒုတိယနှင့် တတိယဖီဒါကြိုးတွေက Insulated ကြိုးတွေဖြစ်တယ်၊ Insulated Aluminium ကြိုးများဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံးတွေ့ရတာက 95 sqmm ဖြစ်တယ်။ ပတ်ဝန်းကျင် အပူချိန်ကို ထည့်တွက်ယင် သူက Ampere 270 ခန့်သာ အလွန်ဆုံး သယ်နိုင်ပါတယ်။
ဥပမာပေးရပါက ရေမော်တာကြီးတပ်ထားတယ်၊ မော်တာအထွက်က ၄ လက်မပိုက်၊ အိမ်တွေကို ပေးတော့ ၂ လက်မပိုက် ၁ လက်မခွဲပိုက်တွေ။ မော်တာက ထွက်လာနိုင်သလောက် လူတွေကို ရေမပေးနိုင်တာတွေ့ရပါတယ်။ တကယ်ဆိုဒီပိုက်တွေနဲ့ ဒိထက်သေးတဲ့ မော်တာတပ်နိုင်တယ်၊ ဒါမှမဟုတ် ဒီမော်တာနဲ့ဆို ဒိထက်ကြီးတဲ့ ပိုက်တွေတပ်ပြီး ပေးရမှာပါ။ အခုကမော်တာအရွယ်နဲ့ ပိုက်အရွယ်မသင့်တော်ဘူး။
သူတို့ပြောတဲ့ မလောက်ဘူးဆိုတဲ့ ထရန်စဖေါ်မာ အဟောင်းမှာလည်း ဒီလိုပဲ ထရန်စဖေါ်မာအရွယ်က ကြီးသော်ငြားလည်း ကြိုးသေးလို့ Voltage drop တွေဖြစ်တာကို မတွက်မချက်ပဲ ထရန်စဖေါ်မာ အသစ်ကြီးများ တပ်လိုက်ကြတာလား မသိ၊ တွက်တောင်မကြည့်ရဲဘူး။
ဒီလိုပဲ ထရန်စဖေါ်မာအရွယ်ကြီးမှာ Secondary side က ထွက်လာတဲ့ ကြိုးက ကြီးတယ်၊ 400 V Overhead ကြိုးကြတော့မှ အသေးလေးတွေ သုံးနေကြတာ မကြာခဏ တွေ့ရတတ်လို့ တင်ပြရတာဖြစ်ပါတယ်။
500 KVA ထရန်စဖေါ်မာ တစ်ခု၊ Secondary side မှာ 1 C x 240 sqmm ၂ ကြိုးသုံးတယ်၊ LV Overhead မှာ ဖီဒါ ၂ ခု၊ တစ်ခုကို 38.61 sqmm သာ ရှိတဲ့ HDBC # 2 ကြိုးတစ်ချောင်းစီ။
240 sqmm နဲ့ 38.61 sqmm တစ်ခုချင်းစီကို ဒဲ့ဆက်ထားတာဖြစ်တယ်။
LV Overhead ကြိုးတွေဆိုတာ Demand side က လိုအပ်ချက်တွေ၊ သူ့ကိုသေချာမတွက်ချက်၊ ဒီဇိုင်းမလုပ်ပဲ ထရန်စဖေါ်မာတွေထိုင်တာက မလိုပဲပိုကုန်တာတွေ၊ ပေးကားပေး၏ မရဆိုတာတွေ ဖြစ်လာတတ်တယ်၊ ဒါကြောင့် Demand side requirement ဖြစ်တဲ့ LV Overhead ကြိုးတွေကို သေချာ တွက်ချက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
အကူအညီလိုယင်လည်း အချိန်မရွေးတောင်းပါ။ မသင့်တော်တာပါလည်း ဆုံးမကြပါ။
အားလုံးကို လေးစားလျက်
ကိုအေးကျော်ကျော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။