#မြေခွေးနှင့်ကျီးမိုက်
******************
တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အမဲသားတစ်တစ်တုံးကိုချီပြီး သစ်ပင်ပေါ်မှာနားနေသတဲ့
အဲဒီအချိန်မှာ မြေခွေးတစ်ကောင် ရောက်လာပြီး ကျီးကန်းကို မြင်သွားတယ်
ပြီးတော့ မြေခွေးက ကျီးကန်းရဲ့ စားဖို့ပြင်နေတဲ့ အမဲသားတစ်ကို
စားချင်စိတ်ဖြစ်လာတာပေါ့
ဒီတော့ မြေခွေးက ကျီးကန်းကိုမြှောက်ပင့်စကား တွေ ပြောတော့တာပေါ့
'' အဆွေကျီးကန်း သင်ဟာ အလွန်လှပတာပဲနော် သင့်ရဲ့အမွှေးအတောင်တွေဟာလဲ ချောမွေ့ညက်ညောနေတာပဲ သင့်ရဲ့ခန္ဓာကိုယ်ဟာလဲ ကြည့်လို့ မဝနိုင်အောင်ပါပဲ '' လို့ ပြောလိုက်တော့ ကျီးကန်းဟာ သူ့ကိုယ်သူ ဘဝင်မြင့်သွားပြီး အပျော်ကြီး ပျော်နေတာပေါ့
မြေခွေးက ဆက်ပြောတယ်
'' အဆွေကျီးကန်း သင့်ရဲ့အသံကို မကြားဖူးပေမယ့် သင်ရဲ့အသံဟာလည်း သာယာနာပျော်ဖွယ်လေး ဖြစ်နေမှာပဲနော် သင်ဟာ တိရိစ္ဆာန်တွေထဲမှာ အင်မတန်မှ ထူးခြားလှပါပေတယ် သင့်အသံလေးကို ကြားဖူးချင်လိုက်တာ '' လို့ မြှောက်ပင့်စကားတွေနဲ့ တန်ဆာဆင်ပြီးလဲ ပြောလိုက်ရော ကျီးကန်းမှာ ပီတိတွေဖြစ်သွားပြီး မြေခွေးပြောတဲ့စကားဟာ မှန်မှာပဲလို့ သူတွေးမိနေတယ်
ဒါကြောင့် '' ငါ့အသံဟာ သိပ်ကောင်းပါလားဆိုတာကို မြေခွေးကို သက်သေပြရမယ် '' ဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အ . အ. အ ဆိုပြီး အော်တော့တာပေါ့
ဒီတော့ ကျီးကန်းပါးစပ်မှာ ကိုက်ချီထားတဲ့ အမဲသားတုံးဟာ ပါးစပ်ဟလိုက်တော့ ပြုတ်ကျပြီး အောက်ကို ကျသွားခဲ့တော့တယ်
အောက်မှာ အသင်စောင့်နေတဲ့ မြေခွေးကလဲ
ကျလာတဲ့ အမဲသားတုံးကို ချက်ချင်းပဲ ပလုတ်ပလောင်း စားပစ်လိုက်တော့တယ်
ပြီးတော့မှ အမြှောက်အပင့်ကြိုက်တဲ့ ကျီးကန်းကို လှည့်စားနိုင်ခဲ့ပြီးဆိုပြီး အလွန်သူ့ကိုယ်သူ အလွန်ကျေနပ်ဖြစ်ကာ တောထဲကို ဝင်ပြေးသွားတော့သတဲ့ကွယ် *
=========================
ဒါကြောင့် မိတ်ဆွေတို့လဲ
#တစ်ဖက်လူရဲ့ပြောစကားဟာ
#သူ့အကျိုးကိုမျှော်ကိုးလို့ မြှောက်ပင့်တာလား
#တကယ်ကိုယ့်မှာရှိနေတဲ့အရည် အချင်းကို #ချီးမွမ်းတာလားဆိုတာခွဲခွဲ ခြားခြားသိနိုင်ကြပါစေ
Credit - ( ဓမ္မ အလင်းရောင် )
***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တ နေ့ဖြစ်ပါစေရှင်***
*အိ*
******************
တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အမဲသားတစ်တစ်တုံးကိုချီပြီး
ဒီတော့ မြေခွေးက ကျီးကန်းကိုမြှောက်ပင့်စကား
'' အဆွေကျီးကန်း သင်ဟာ အလွန်လှပတာပဲနော် သင့်ရဲ့အမွှေးအတောင်တွေဟာလဲ ချောမွေ့ညက်ညောနေတာပဲ သင့်ရဲ့ခန္ဓာကိုယ်ဟာလဲ ကြည့်လို့ မဝနိုင်အောင်ပါပဲ '' လို့ ပြောလိုက်တော့ ကျီးကန်းဟာ သူ့ကိုယ်သူ ဘဝင်မြင့်သွားပြီး အပျော်ကြီး ပျော်နေတာပေါ့
မြေခွေးက ဆက်ပြောတယ်
'' အဆွေကျီးကန်း သင့်ရဲ့အသံကို မကြားဖူးပေမယ့် သင်ရဲ့အသံဟာလည်း သာယာနာပျော်ဖွယ်လေး ဖြစ်နေမှာပဲနော် သင်ဟာ တိရိစ္ဆာန်တွေထဲမှာ အင်မတန်မှ ထူးခြားလှပါပေတယ် သင့်အသံလေးကို ကြားဖူးချင်လိုက်တာ '' လို့ မြှောက်ပင့်စကားတွေနဲ့ တန်ဆာဆင်ပြီးလဲ ပြောလိုက်ရော ကျီးကန်းမှာ ပီတိတွေဖြစ်သွားပြီး မြေခွေးပြောတဲ့စကားဟာ မှန်မှာပဲလို့ သူတွေးမိနေတယ်
ဒါကြောင့် '' ငါ့အသံဟာ သိပ်ကောင်းပါလားဆိုတာကို မြေခွေးကို သက်သေပြရမယ် '' ဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အ . အ. အ ဆိုပြီး အော်တော့တာပေါ့
ဒီတော့ ကျီးကန်းပါးစပ်မှာ ကိုက်ချီထားတဲ့ အမဲသားတုံးဟာ ပါးစပ်ဟလိုက်တော့ ပြုတ်ကျပြီး အောက်ကို ကျသွားခဲ့တော့တယ်
အောက်မှာ အသင်စောင့်နေတဲ့ မြေခွေးကလဲ
ကျလာတဲ့ အမဲသားတုံးကို ချက်ချင်းပဲ ပလုတ်ပလောင်း စားပစ်လိုက်တော့တယ်
ပြီးတော့မှ အမြှောက်အပင့်ကြိုက်တဲ့ ကျီးကန်းကို လှည့်စားနိုင်ခဲ့ပြီးဆိုပြီ
=========================
ဒါကြောင့် မိတ်ဆွေတို့လဲ
#တစ်ဖက်လူရဲ့ပြောစကားဟာ
#သူ့အကျိုးကိုမျှော်ကိုးလို
#တကယ်ကိုယ့်မှာရှိနေတဲ့အရည်
Credit - ( ဓမ္မ အလင်းရောင် )
***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တ
*အိ*

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။