MESI Entrepreneur SMEs added 3 new photos.
အောင်မြင်သူတိုင်း ကျင့်သုံးတဲ့… Law of Attraction (၁၀-ချက်)
(ကမ္ဘာ့မှာ နာမည်ကြီးပြီး အောင်မြင်သူတိုင်း သုံးကြတဲ့ နည်းလမ်းဖြစ်လို့ - အချိန်ပေးဖတ်စေချင်ပါတယ်)
အောင်မြင်သူတွေဟာ ပိုမိုအောင်မြင်လာကြတယ်၊ ချမ်းသာသူတွေဟာ ချမ်းသာမှုပိုဖြစ်ကြတယ်၊ စိတ်ချမ်းသာသူတွေဟာ စိတ်ချမ်းသာမှုပိုရကြတယ်၊ ဒါဟာ Law of Attraction စင်္ကြာဝဌာထဲမှာ ရှိနေတဲ့ အရာတွေကို သင့်ဆီဆွဲငင်ယူခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
Thought အတွေးတွေဟာ… Become ဖြစ်ပေါ်လာမှုနဲ့... Things အရာတွေဖန်တီးလာတယ်။
ယုံယုံကြည်ကြည်နဲ့ ဘ၀မှာ ကျင့်သုံးသင့်တဲ့ Law of Attraction (၁၀-ချက်) ပါ၊
(၁) The Universe Can’t Stop Delivering To You - စင်္ကြာဝဌာထဲမှာ ရှိနေတဲ့ စွမ်းအားတွေဟာ သင့်ဆီအစဉ်အပြက် သက်ရောက်နေမှုရှိတယ်ဆိုတာ ယုံကြည်ပါ။
(၂) Don’t Worry About “HOW” Your Manifestation Will Happen - ဘယ်လိုဖြစ်လာမလဲဆိုတာ မစိုးရိမ်နေပါနဲ့ - သင့်ရဲ့ ရှင်းလင်းစွာပုံဖော်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာတယ်လို့ ခံယူပါ။
(၃) Be Clear & Concise about What you Want - ကိုယ်ဘာလိုချင်သလဲဆိုတာ ရှင်းလင်းစွာသိဖို့ အဓိပ္ပါယ်ရှိစေဖို့ သေချာစွာဆုံးဖြတ်ပါ။
(၄) Write Dow What You “Want” with Detail - ကိုယ့်ဘ၀မှာ ဘာတွေ ဖြစ်ချင်သလဲ။ လိုအပ်သလဲဆိုတာ အသေးစိတ် ချရေးထားပြီး ဖြစ်လာဖို့ အာရုံပြုပါ။
(၅) Offer Gratitude - အရာရာကျေးဇူးပြုသည့်သဘောဖြင့် ကမ်းလှမ်းပါ၊ အဓိဌါန်ဖြင့် ဆုတောင်း ကြိုးစားပါ။
(၆) You Must Feel as Though It’s already Your’ - ကိုယ်တွေးခေါ်ထားတဲ့အရာတွေဟာ အမှန်တကယ် ရရှိနေသကဲ့သို့ ထင်မြင်ပြီး စိတ်ခံစားမှုကို ယုံကြည်မှုအပြည့်ထားပါ။
(၇) Feeling IS the Secret - တွေးခေါ်မှု - စိတ်ကူးယဉ်မှု ဟာ အဓိကလျို့ဝှက်ချက်ဖြစ်တယ်လို့ မြင်ယောင်ပါ။
(၈) Become a Good Receiver - အကောင်းဆုံး အရာတွေကိုပဲ လက်ခံရရှိဖို့ ဖြစ်လာလိမ့်မယ်လို့ ပြင်ဆင်ပါ။
(၉) Make your Action Match – What you Expect to Receive - ကိုယ်ဘာကို လိုချင် လက်ခံချင်သလဲဆိုတာနဲ့ ဆောင်ရွက်နေတဲ့အရာတွေနဲ့ ညှိယူပြီး ကြိုးစားအားထုတ်ပါ။
(၁၀) See the Abundance in Everything - အရာရာမှာ ပေါကြွယ်ဝမှုဖြစ်လာမယ်လို့ မြင်ယောင်ကြည့်ပါ၊ တကယ်ဖြစ်လာဖို့ မြင်ယောင်ပါ။
Law of Attraction ကို နေ့စဉ် ဒီအတိုင်း ကျင့်သုံးခြင်းဖြင့် ဘ၀ရဲ့ ရည်မှန်းချက်တွေ တကယ်ဖြစ်လာနိုင်ဖို့ အားပေးပါရစေ… ယခုအတိုင်း ယုံယုံကြည်ကြည် ကြိုးစားကြည့်ပါ။
(၁) Achievement Motivation (မဖြစ်မနေ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားပါ)
(၂) Affiliation Motivation (စိတ်ထဲ အမှန်တကယ်ဖြစ်သလို အမြဲမြင်ယောင်ပြီး ကြိုးစားပါ)
(၃) Power Motivation (လုံလ-၀ရိယ အားစိုက်ထုတ်မှုအပြည့်နဲ့ အစွမ်းကုန်ကြိုးစားပါ)
- ဖြစ်ချင်တဲ့ အရာ၊ ပုံရိပ်တွေ ကို သင့်အနီးဆုံးမှာ အမြဲမြင်ပြီး ကြည့်ပါ။
- မဖြစ်မနေ ဖြစ်လာရမယ်လို့ စင်္ကြာဝဌာကြီးကို တိုင်တည် အဓိဌါန်ပြုပါ။
- လိုချင်မှုတွေ အမှန်တကယ်ဖြစ်လာဖို့ စိတ်ထဲ အပြည့်အ၀ယုံကြည်ပါ။
လေ့လာဖူးသမျှ ကမ္ဘာမှာ နာမည်ကျော်အောင်မြင်သူတွေ၊ မီလျံနာတွေဟာ ယခု Law of Attraction ကို ကျင့်သုံးကြသလို၊ ပတ်ဝန်းကျင်မှု အောင်မြင်နေတဲ့ မိတ်ဆွေများနဲ့အတူ စာရေးသူ ကျွန်တော်ကိုယ်တိုင်လည်း ယခုနည်းလမ်းတွေကို အမြဲကျင့်သုံးဖြစ်ပါတယ်။
What you think will become ကိုယ်တွေးတဲ့အတိုင်း တကယ်ဖြစ်လာတယ်လို့ ဆိုပါတယ်၊
အတွေ့အကြုံအရ မနှစ်က စမ်းသပ်ပြီးသုံးကြည့်ပါတယ်၊ လက်တွေ့မှာ လုပ်ငန်းများစွာနဲ့ သိန်းထောင်ချီ Investment ဖြစ်လာဖို့ လက်တွေ့တိုးတက်အောင်မြင်လာစေခဲ့ပါတယ်။ အားလုံးအတွက်လည်း အသုံးဝင်စေဖို့ ပြန်လည်မျှဝေပေးထားပါတယ်။
Law of Attraction အတိုင်း ကြိုးစားရင်း ဒီနေ့ ကျွန်တော်ဘ၀ရဲ့ မီလျံနာအိမ်မက်ဖြစ်လာဖို့ အခွင့်အရေး တခုရခဲ့တဲ့ အထိမ်းအမှတ်အဖြစ် အားလုံးသော ကျေးဇူးရှိကြတဲ့ မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
အတွေး - အပြော - အလုပ် = ရလဒ် ပါပဲ… အားလုံး အောင်မြင်ကြပါစေ။
လေးစားလျှက်
Zin Phyo Paing
MESI Business Institute
EntrepreneurSME.com
မြန်မာနိုင်ငံအနှံ့ မြို့ပေါင်း (၂၇-မြို့) အထိ သင်တန်းများပို့ချပေးထားသော
Myanmar Entrepreneur SME Institute (MESI) သင်တန်းကျောင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။