မောရုံပဲ
မဟော်သဓာ ဇာတ်တော်ကြီးမှာဗျာ။ မဟော်သဓာရဲ့ ပညာဂုဏ်သတင်းတွေကို ကြားတဲ့အခါ ဝိဒေဟရာဇ်ဘုရင်ကြီးက နန်းတော်ကို ခေါ်ထားချင်သဗျ။ သည်ခေတ်လိုပြောရရင် မဟော်သဓာကို ဘုရင့်အတိုင်ပင်ခံအဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ခန့်ထားချင်တာပေါ့ဗျာ။
ခက်တာက 'ပတ်ကုတ်၊ ဒေဝိန်း၊ သိန်း၊ ကာမိန်း' ဆိုတဲ့ အမတ်ကြီးတွေပေါ့။ သူတို့က ကိုယ် ဘာမှမတတ်တာ ကိုယ်တိုင် သိနေတော့ မဟော် နန်းတော်ပေါ်ရောက်လာမှာ တုန်နေအောင် ကြောက်နေကြတာကိုး။ ဒါကြောင့် ဘုရင်ကြီးက ခေါ်မယ်ပြောလိုက်တိုင်း ထထကန့်ကွက်နေကြရတာ အမောပါပဲ။
မဟောသဓာက ပြဿနာတစ်ရပ် ဖြေရှင်းပြလိုက်၊ ဘုရင်ကြီးက ခေါ်မယ်ပြုလိုက်၊ အမတ်ကြီးတွေက "သည်လောက်တော့ လူတိုင်းသိပါတယ်၊ ငယ်ပါသေးတယ်၊ နောက်တစ်မျိုး စမ်းကြည့်ပါဦး (ဆွေးနွေးဖို့ အချိန်ကလေးပေးပါဦး ဆိုတာမျိုးလိုပေါ့ဗျာ)" နဲ့ အကြောင်းအမျိုးမျိုးပြ ကန့်ကွက်လိုက်နဲ့ ချာလပတ်လည်နေရောဗျ။
(ခဏခဏ ထထကန့်ကွက်နေရတော့ ဖြောင့်ဖြောင့်တောင် ထိုင်ခွင့် မရရှာကြတာကို မြင်ယောင်မိသေးတော့တယ်ဗျာ။)
နောက်ဆုံး ဘုရင်ကြီးက အမတ်တွေကို စိတ်မရှည်တော့လို့ ကိုယ်တိုင် သွားခေါ်ပြန်တော့လဲ ဘုရင့်စီးတော်မြင်း ပပ်ကြားအက်ထဲကျ လဲလို့ ပြန်လာခဲ့ရတယ်။ အမတ်ကြီးတွေက ဘုရင်ကြီးကို တားမရမှန်းသိတော့ ပညာစမ်းပြီး ခေါ်ပါလို့ အကြံပြုကြတယ်။
မဟောသဓာကို သူဌေးတစ်ယောက်နဲ့ အဿ
ထိုရ်မြင်း ဆက်ခိုင်းတယ်။
ပညာရှင်ပဲ၊ သိသပေါ့ဗျာ။
ဖခင်သူဌေးကြီးကို ဘုရင့်နန်းတော် ကြိုလွှတ်လိုက်တယ်။ သူက နောက်မှလိုက်လာသဗျ။ လမ်းမှာ မြည်းတစ်ကောင်တွေ့တော့ ဖွားဖက်တော်တွေကို ဖမ်းလာခိုင်းသေးတယ်။
နန်းတော်ကို မဟောသဓာရောက်တော့ အမတ်ကြီးတွေက နေရာမပေးဘဲ သင့်ရာထိုင်လို့ ပြောပါတယ်။ မဟောသဓာက ကြိုရောက်နေတဲ့ ဖခင်သူဌေးကြီးကို မျက်ရိပ်ပြလိုက်တယ်။ ကြိုဇာတ်တိုက်ထားတာ ဆိုတော့ သူဌေးကြီးက နေရာဖယ်ပေးသဗျ။
မဟော်သဓာက ဖခင်နေရာ ဝင်ထိုင်လိုက်တဲ့အခါ ဘာပြောကောင်းမလဲ နန်းတော်တစ်ခုလုံး မဟော်သဓာကို ကဲ့ရဲ့လှောင်ပြောင်သြဘာပေြး ကတာ သောသောညံသွားပါရော။ ဟိုအမတ်ကြီးတွေက ခေါင်းဆောင်ပေါ့ဗျာ။
ဘုရင်ကြီး မျက်နှာ မသာဘူးပေါ့လေ။ မဟောသဓာက မေးတော့
"သားထက် ဖခင်က မြတ်တာ သည်လိုလုပ်တော့ မဟော်သဓာဆိုတာ ကျော်သလောက် မတော်ပါလား" ဆိုတဲ့ သဘောမျိုး ပြောတာပေါ့။
မဟော်သဓာက ဖမ်းလာတဲ့မြည်းကို ထုတ်ပြပြီး ဘုရင်ကြီးကို တန်ကြေးဖြတ်ခိုင်းတယ်။
ရှစ်ကျပ်တဲ့ဗျ။ မဟောသဓာက မေးတယ်။
"သည်မြည်းနဲ့ အာဇာနည်မြင်းမနဲ့ ငြားလို့ အဿ
ထိုရ်မြင်းမွေးရင် ဘယ်လောက်တန်မလဲ"ပေါ့။
"တန်ဖိုးဖြတ်မရဘူး"ပေါ့။
သည်မှာ မဟော်သဓာက တွယ်တော့တာပဲဗျို့။
"ဖခင်က သားထက်မြတ်တယ် ပြောပြီး အခုတော့ ရှေ့နောက်စကား မညီပါလား"ပေါ့။
"ဘုရင်ကြီးအပါးမှာ ခစားနေတဲ့ ပညာရှိကြီးလေးဦးဟာ သည်လောက်ကလေးတောင် မသိရှာပါလား။ သည်လို ပညာရှင်အတုတွေကို ဘုရင်ကြီး ဘယ်လိုများ ရှာရခဲ့ပါလိမ့်"လို့ ခနဲ့တော့တာဗျ။
"ကဲ..သားထက် အဖက အစဉ် မြတ်တယ်ဆိုရင် အဖေ့ကိုသာ ခေါ်ထားပါတော့" လို့ ပြောချလိုက်ပါတယ်။
ဘုရင်ကြီးက အတိုင်ပင်ခံနေရာမှာတောင် မထားတော့ဘဲ မဟော်သဓာကို သားအဖြစ် မွေးစားလိုက်တော့တာဗျို့။
မဟောသဓာ နန်းတော်မရောက်မီ ဖြေရှင်းခဲ့တဲ့ ပြဿနာရပ်က ၁၈-ခု ပါ။
တစ်ခုတစ်ခု ဖြေရှင်းပြီးတိုင်း ဝိဒေဟရာဇ်ဘုရင်ကြီးက နန်းတော်ကိုခေါ်ဖို့ ပြောတဲ့အခါ အမတ်ကြီးလေးပါးက ထထကန့်ကွက်နေတာ ဖတ်ရတဲ့အခါ ဘာကြောင့်မှန်း မသိဘူး၊ ပြုံးချင်တင်တင် ဖြစ်ဖြစ်လာသဗျာ။
နောက်ဆုံးတော့လဲ ဘယ်လောက် ကန့်ကွက်ကန့်ကွက် နိုင်ငံ့အတိုင်ပင်ခံ ဖြစ်သွားတာပါပဲလေ။
(မနှစ်က တင်ခဲ့တဲ့ ပို့စ်ကလေးပါ။
မဟော်သဓာ နန်းတော်ရောက်ခဲ့ပေမဲ့ အမတ်ကြီးလေးဦးက အကြံမလျှော့ကြဘူးဗျ။ နောက်ဆုံး သတ်မယ့်အထိ ကြံစည်ခဲ့ကြပါတယ်။
သည်ကြားထဲ ကေဝဋ်လို ပြည်ပအမှောင့်ကောင်တွေကလဲ ရှိပါသေးတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုများ မခန့်လေးစား အမူအရာနဲ့ စကားလာစစ်ထိုးသေးသဗျ။
သူတို့ဆင်တဲ့ ထောင်ချောက်ထဲ ဝင်မလားလို့ပေါ့လေ။
အခုတော့ သင်း နဖူးကွဲမသွားတာ ကံကောင်းတာပဲ။ ဒါပေမဲ့ အရှက်တော့ရသွားမှာ အသေအချာပါ။
ဘီဘီစီရယ်...မင်းလောက်တော့ စာမဖွဲ့ပါဘူးကွယ်။
သည်က မဟော်သဓာပေပဲ။)
မဟော်သဓာ ဇာတ်တော်ကြီးမှာဗျာ။ မဟော်သဓာရဲ့ ပညာဂုဏ်သတင်းတွေကို ကြားတဲ့အခါ ဝိဒေဟရာဇ်ဘုရင်ကြီးက နန်းတော်ကို ခေါ်ထားချင်သဗျ။ သည်ခေတ်လိုပြောရရင် မဟော်သဓာကို ဘုရင့်အတိုင်ပင်ခံအဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံအဖြစ
ခက်တာက 'ပတ်ကုတ်၊ ဒေဝိန်း၊ သိန်း၊ ကာမိန်း' ဆိုတဲ့ အမတ်ကြီးတွေပေါ့။ သူတို့က ကိုယ် ဘာမှမတတ်တာ ကိုယ်တိုင် သိနေတော့ မဟော် နန်းတော်ပေါ်ရောက်လာမှာ တုန်နေအောင် ကြောက်နေကြတာကိုး။ ဒါကြောင့် ဘုရင်ကြီးက ခေါ်မယ်ပြောလိုက်တိုင်း ထထကန့်ကွက်နေကြရတာ အမောပါပဲ။
မဟောသဓာက ပြဿနာတစ်ရပ် ဖြေရှင်းပြလိုက်၊ ဘုရင်ကြီးက ခေါ်မယ်ပြုလိုက်၊ အမတ်ကြီးတွေက "သည်လောက်တော့ လူတိုင်းသိပါတယ်၊ ငယ်ပါသေးတယ်၊ နောက်တစ်မျိုး စမ်းကြည့်ပါဦး (ဆွေးနွေးဖို့ အချိန်ကလေးပေးပါဦး ဆိုတာမျိုးလိုပေါ့ဗျာ)" နဲ့ အကြောင်းအမျိုးမျိုးပြ ကန့်ကွက်လိုက်နဲ့ ချာလပတ်လည်နေရောဗျ။
(ခဏခဏ ထထကန့်ကွက်နေရတော့ ဖြောင့်ဖြောင့်တောင် ထိုင်ခွင့် မရရှာကြတာကို မြင်ယောင်မိသေးတော့တယ်ဗျာ။)
နောက်ဆုံး ဘုရင်ကြီးက အမတ်တွေကို စိတ်မရှည်တော့လို့ ကိုယ်တိုင် သွားခေါ်ပြန်တော့လဲ ဘုရင့်စီးတော်မြင်း ပပ်ကြားအက်ထဲကျ လဲလို့ ပြန်လာခဲ့ရတယ်။ အမတ်ကြီးတွေက ဘုရင်ကြီးကို တားမရမှန်းသိတော့ ပညာစမ်းပြီး ခေါ်ပါလို့ အကြံပြုကြတယ်။
မဟောသဓာကို သူဌေးတစ်ယောက်နဲ့ အဿ
ထိုရ်မြင်း ဆက်ခိုင်းတယ်။
ပညာရှင်ပဲ၊ သိသပေါ့ဗျာ။
ဖခင်သူဌေးကြီးကို ဘုရင့်နန်းတော် ကြိုလွှတ်လိုက်တယ်။ သူက နောက်မှလိုက်လာသဗျ။ လမ်းမှာ မြည်းတစ်ကောင်တွေ့တော့ ဖွားဖက်တော်တွေကို ဖမ်းလာခိုင်းသေးတယ်။
နန်းတော်ကို မဟောသဓာရောက်တော့ အမတ်ကြီးတွေက နေရာမပေးဘဲ သင့်ရာထိုင်လို့ ပြောပါတယ်။ မဟောသဓာက ကြိုရောက်နေတဲ့ ဖခင်သူဌေးကြီးကို မျက်ရိပ်ပြလိုက်တယ်။ ကြိုဇာတ်တိုက်ထားတာ ဆိုတော့ သူဌေးကြီးက နေရာဖယ်ပေးသဗျ။
မဟော်သဓာက ဖခင်နေရာ ဝင်ထိုင်လိုက်တဲ့အခါ ဘာပြောကောင်းမလဲ နန်းတော်တစ်ခုလုံး မဟော်သဓာကို ကဲ့ရဲ့လှောင်ပြောင်သြဘာပေြး
ဘုရင်ကြီး မျက်နှာ မသာဘူးပေါ့လေ။ မဟောသဓာက မေးတော့
"သားထက် ဖခင်က မြတ်တာ သည်လိုလုပ်တော့ မဟော်သဓာဆိုတာ ကျော်သလောက် မတော်ပါလား" ဆိုတဲ့ သဘောမျိုး ပြောတာပေါ့။
မဟော်သဓာက ဖမ်းလာတဲ့မြည်းကို ထုတ်ပြပြီး ဘုရင်ကြီးကို တန်ကြေးဖြတ်ခိုင်းတယ်။
ရှစ်ကျပ်တဲ့ဗျ။ မဟောသဓာက မေးတယ်။
"သည်မြည်းနဲ့ အာဇာနည်မြင်းမနဲ့ ငြားလို့ အဿ
ထိုရ်မြင်းမွေးရင် ဘယ်လောက်တန်မလဲ"ပေါ့။
"တန်ဖိုးဖြတ်မရဘူး"ပေါ့။
သည်မှာ မဟော်သဓာက တွယ်တော့တာပဲဗျို့။
"ဖခင်က သားထက်မြတ်တယ် ပြောပြီး အခုတော့ ရှေ့နောက်စကား မညီပါလား"ပေါ့။
"ဘုရင်ကြီးအပါးမှာ ခစားနေတဲ့ ပညာရှိကြီးလေးဦးဟာ သည်လောက်ကလေးတောင် မသိရှာပါလား။ သည်လို ပညာရှင်အတုတွေကို ဘုရင်ကြီး ဘယ်လိုများ ရှာရခဲ့ပါလိမ့်"လို့ ခနဲ့တော့တာဗျ။
"ကဲ..သားထက် အဖက အစဉ် မြတ်တယ်ဆိုရင် အဖေ့ကိုသာ ခေါ်ထားပါတော့" လို့ ပြောချလိုက်ပါတယ်။
ဘုရင်ကြီးက အတိုင်ပင်ခံနေရာမှာတောင် မထားတော့ဘဲ မဟော်သဓာကို သားအဖြစ် မွေးစားလိုက်တော့တာဗျို့။
မဟောသဓာ နန်းတော်မရောက်မီ ဖြေရှင်းခဲ့တဲ့ ပြဿနာရပ်က ၁၈-ခု ပါ။
တစ်ခုတစ်ခု ဖြေရှင်းပြီးတိုင်း ဝိဒေဟရာဇ်ဘုရင်ကြီးက နန်းတော်ကိုခေါ်ဖို့ ပြောတဲ့အခါ အမတ်ကြီးလေးပါးက ထထကန့်ကွက်နေတာ ဖတ်ရတဲ့အခါ ဘာကြောင့်မှန်း မသိဘူး၊ ပြုံးချင်တင်တင် ဖြစ်ဖြစ်လာသဗျာ။
နောက်ဆုံးတော့လဲ ဘယ်လောက် ကန့်ကွက်ကန့်ကွက် နိုင်ငံ့အတိုင်ပင်ခံ ဖြစ်သွားတာပါပဲလေ။
(မနှစ်က တင်ခဲ့တဲ့ ပို့စ်ကလေးပါ။
မဟော်သဓာ နန်းတော်ရောက်ခဲ့ပေမဲ့ အမတ်ကြီးလေးဦးက အကြံမလျှော့ကြဘူးဗျ။ နောက်ဆုံး သတ်မယ့်အထိ ကြံစည်ခဲ့ကြပါတယ်။
သည်ကြားထဲ ကေဝဋ်လို ပြည်ပအမှောင့်ကောင်တွေကလဲ ရှိပါသေးတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုမ
သူတို့ဆင်တဲ့ ထောင်ချောက်ထဲ ဝင်မလားလို့ပေါ့လေ။
အခုတော့ သင်း နဖူးကွဲမသွားတာ ကံကောင်းတာပဲ။ ဒါပေမဲ့ အရှက်တော့ရသွားမှာ အသေအချာပါ။
ဘီဘီစီရယ်...မင်းလောက်တော့ စာမဖွဲ့ပါဘူးကွယ်။
သည်က မဟော်သဓာပေပဲ။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။