စာမတော်တဲ့ “C” ကျောင်းသားတွေ ကမ္ဘာမှာ အအောင်မြင်ဆုံး ဖြစ်ရတဲ့ အကြောင်းရင်း(၇)ချက်
ဒီနေ့ကမ္ဘာတစ်ဝန်းမှာ မိဘတွေဟာ
သားသမီးတွေရဲ့ ပညာရေးအတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်ဆိုတာ
အားလုံးသိကြပါတယ်။ ဘာကြောင့်လဲ။ သူတို့သားသမီးတွေ အမှတ်ကောင်းကောင်းနဲ့ A+
အဆင့်ရပြီး အလုပ်ကောင်းကောင်းနဲ့ ဝင်ငွေကောင်းကောင်းရဖို့ပါပဲ။ ဒါပေမယ့်
မိဘအများစု မသိကြသေးတာက ယနေ့ ကမ္ဘာပေါ်မှာ အညံ့ဆုံး အဆင့် C ကျောင်းသားတွေက
ဝင်ငွေအများဆုံးနဲ့ အအောင်မြင်ဆုံး
စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေကြတယ်ဆိုတာကိုပါပဲ။ ဒီကျောင်းသားတွေ
ဒီလိုအောင်မြင်လာရတဲ့ အကြောင်းအချက် (၇)ချက်ရှိပါတယ်။
(၁) သူတို့ဘာလိုချင်တယ်ဆိုတာ သူများတကာထက် စောစီးစွာ သိကြတယ်။
(၂) စောစီးစွာ ကျောင်းထွက်ကြရလို့ လက်တွေ့ဘ၀ အတွေ့အကြုံကို ဦးစွာ ရကြတယ်။
(၃) ကွန်ရက်ကို တည်ဆောက်ကြတယ်။(လူမှုရေးရာမှာ ကျွမ်းကျင်ပါးနပ်ကြတယ်)
(၄) ဘဝကို ဘယ်လိုပျော်ရွှင်စွာ ရှင်သန်ရမယ်ဆိုတာ သိကြတယ်။
(၅) အရှင်းလင်းဆုံးအဖြေတွေကို ရှာကြတယ်။
(၆) သူတို့ရဲ့ စိတ်ကူးမျှော်လင့်ချက်နောက်ကို လိုက်ကြတယ်။
(၇) ဘယ်အရာကို ရုန်းကန်ကြိုးစားရမယ်ဆိုတာ သိကြတယ်။
ကဲ၊စာဖတ်သူမိတ်ဆွေ၊သင်က စာမတော်တဲ့ C အဆင့်ကျောင်းသားဆိုရင်လည်း
စိတ်ဓါတ်ကျစရာမလိုပါဘူး။ သင်မှာ စာမတော်တဲ့ C အဆင့်သားသမီးတွေ
ရှိနေတယ်ဆိုရင်လည်း သားသမီးတွေအပေါ် စိတ်မပျက်မိပါစေနဲ့။ C
အဆင့်ကျောင်းသားတစ်ယောက်မှာ အထက်ပါ အရည်အချင်းတွေ
ရှိနေတတ်တယ်ဆိုတာမမေ့ပါနဲ့။ ကမ္ဘာကျော် Stamford ဘွဲ့ရတွေကို C အဆင့်
ကျောင်းသားတစ်ဦးဖြစ်တဲ့ Steve Job ပြောသွားခဲ့တာရှိပါတယ်။ “ The only way
to succeed is to love what you do.Keep looking, don’t settle.”
အောင်မြင်ဖို့တစ်ခုတည်းသောနည်းလမ်းက ကိုယ်လုပ်တဲ့အလုပ်ကို ချစ်မြတ်နိုးပါ။
အဲ့ဒီအလုပ်ကို ဆက်လက်ရှာဖွေပါ၊တစ်နေရာတည်းရပ်မနေနဲ့ လို့ဆိုလိုပါတယ်။
www.sunthitmyanmar.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။