Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 9, 2017

အရက်ပြန်ကို အသုံးချနိုင်သော အံ့သြဖွယ်ရာနည်းလမ်းများ

အရက်ပြန်ကို အသုံးချနိုင်သော အံ့သြဖွယ်ရာနည်းလမ်းများ

--------------------------------------------------------------------

အရက်ပြန်က အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ ထားထားသင့်တဲ့ ပစ္စည်းပါ။ သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက်

အသုံးဝင်ပါတယ်။ သူက အခြေခံအားဖြင့် ပျော်ဝင်ပစ်္စည်းဖြစ်တဲ့အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။ Isopropyl alcohol ၇၀ ရာခိုင်နှုန်းနဲ့ ရေ ၃၀ ရာခိုင်နှုန်း ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင် အိမ်သုံးပစ္စည်

းအဖြစ်လည်း အောက်ပါတို့အတွက် အသုံးပြုနိုင်ပါတယ်။
--------------------------
Swimmer Ear ကို ကာကွယ်ပေးခြင်း

အတွင်းနားထဲကို ရေ၀င်တဲ့အခါမှာ ရေပြန်ထွက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် နားထဲကို ရောဂါပိုးတွေ ၀င်ရောက်နိုင်ခြေများကာ Swimmer Ear (နားပြည်တည်)ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ်

ပေးနိုင်ပါတယ်။ အရက်ပြန်က ရေထက် အငွေ့ပြန်လွယ်တာကြောင့်ပါ။ ရေ၀င်တဲ့ နားထဲကို အရက်ပြန်အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွားတဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုးမ၀င်အောင်

ကာ ကွယ်ပေးပါတယ်။

ပြုလုပ်ပုံ ► ရေ၀င်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။ အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်ေ

အာင် နားကို တစ်ဖက်ပြန်စောင်းလိုက်ပါ။
---------
ကုတ်ရာခြစ်ရာနှင့် ပြတ်ရှဒဏ်ရာကို သန့်စင်နိုင်ခြင်း

အရက်ပြန်က ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ကျုံ့စေတဲ့ ဂုဏ်သတ္တိ

လည်း ရှိတဲ့အတွက် သွေးတိတ်စေနိုင်ပါတယ်။

ပြုလုပ်ပုံ ► ၀ါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။ မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံလိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြုရပါမ

ယ်)
--------
ဝက်ခြံကို ကာကွယ်နိုင်ခြင်း

အရက်ပြန်ရဲ့ ရောဂါပိုးသေစေတာနဲ့ အေးစေတဲ့ ဂုဏ်သတ်္တိကြောင့် ၀က်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မွေးညင်းပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ အရက်ပြန်က ကူညီပေးနိုင်ပါတယ်။

ပြုလုပ်ပုံ ► ၀က်ခြံဖုပေါက်တာကို သတိထားမိမိချင်း အဖုပေါ်မှာ အရက်ပြန် တို့လိုက်ပြီး ၁၀ မိနစ်ခန့်ထားထားပါ။ ပြီးရင် ရေနွေးနဲ့ ရေဆေးကြောပြီး အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
---------
IVY အဆိပ်တက်ခြင်းအတွက် ကုသနိုင်ခြင်း

IVY အပင် ဒါမှမဟုတ် တခြားနွယ်ပင်တွေကြောင့် အရေပြားယားယံပြီး နီရဲလာရင် အရက်ပြန်ကို အသုံးပြုနိုင်ပါတယ်။ အရက်ပြန်က အေးစေတဲ့ ဂုဏ်သတ်္တိရှိပြီး အရေပြားပေါ်မှ ပိုးတွေ သေစေနိုင်တဲ့အတွက် တခြားရောဂါပိုး တွေ မ၀င်

ရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ပြုလုပ်ပုံ ► စက္ကူပေါ်မှာ အရက်ပြန်ဆွတ်ပြီး အဆိပ်မိနေတဲ့ အရေပြားပေါ်မှာ သုတ်လိုက်ပါ။ အရေပြား လုံးဝခြောက်သွေ့သွားရင် ရေနွေးဆပ်ပြာနဲ့ ဆေးကြောပါ။ နှစ်ရက်၊ သုံးရက်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
---------
ခြေသည်းမှိုပိုးဝင်ခြင်းအတွက် ကုသနိုင်ခြင်း

ပိုးသေစေတဲ့ ဂုဏ်သတ်္တိရှိတဲ့အတွက် ခြေသည်းမှိုရောဂါအတွက်လည်း ကုသနိုင်ပါတယ်။ ခြောက်သွေ့လွယ်တဲ့အတွက် ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်ကြတဲ့ ဖန်းဂတ်စ်ပိုးတွေ ပေါက်ဖွားမှုကိုလည်း တားမြစ်ပေးနိုင်ပါတယ်။

ပြုလုပ်ပုံ ► အရက်ပြန်နဲ့ ရှလကာရှည်ကို ဆတူရောထားပါ။ အဲဒီအရည်ကို ၀ါဂွမ်းဆွတ်ပြီး မှိုရှိနေတဲ့ ခြေသည်းပေါ်မှာ တင်ထားပါ။ ၀ါဂွမ်းနေရာမရွေ့အောင် ပတ်တီးနဲ့ ထိန်းထားပေးပါ။ မိနစ် ၃၀-၄၅ ခန့် ထားပြီး ခြေသည်းကို အမွေးနု

သွားပွတ်တံနဲ့ ပွတ်တိုက်ကာ ရေဆေးချပါ။
----------
ဦးခေါင်းမှ သန်းများ သေစေနိုင်ခြင်း

အရက်ပြန်က သန်းတွေကို ထိထိရောက်ရောက် သေစေနိုင်တဲ့ ဂုဏ်သတ်္တိရှိပါတယ်။

ပြုလုပ်ပုံ ► သန်းရှိတဲ့ ဆံပင်ပေါ်ကို အရက်ပြန် အနည်းငယ် လောင်းချပါ။ ပြီးရင် သင့်လက်တွေနဲ့ ဦးခေါင်းအရေပြားနဲ့ ဆံပင်ပေါ် အရက်ပြန်တွေ နှံ့သွားအောင် ပွတ်ပေးပါ။ ၅-၁၀ မိနစ်ခန့် ထားပြီး ဆံပင်ပျော့ဆေးကို ဦးရေပြားအနှံ့ ပွ

တ်ပေးပါ။ ပြီးရင် ဘီးနဲ့ ဖြီးချကာ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
----------
ခြင်ကိုက်ရာအတွက် အယားသက်သာစေခြင်း

အရက်ပြန်ဟာ ခြင်ကိုက်ဒဏ်ရာအတွက်လည်း အသုံးဝင်ပါတယ်။ ယားယံတာ၊ ရောင်ရမ်းတာနဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေတဲ့အပြင် ခြင်ကိုက်ဖုလည်း အမြန်လျော့ကျသွားနိုင်ပါတယ်

ပြုလုပ်ပုံ ► ခြင်ကိုက်ဒဏ်ရာပေါ်မှာ အရက်ပြန်နဲ့ တစ်မိနစ်ခန့် နှိပ်ပြီး ပွတ်ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။
----------
ကြွက်သားနာကျင်ခြင်းအတွက် ကုသနိုင်ခြင်း

အရက်ပြန်ကို လင်နမင်လို အသုံးပြုနိုင်တဲ့အတွက် ကြွက်သားကိုက်ခဲတာ ဒါမှမဟုတ် အဆစ်နာကျင်တာတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ဒဏ်ရာရတဲ့ကြွက်သား ဒါမှမဟုတ် အဆစ်နေရာကို သွေးလှည့်ပတ်မှုကောင်းမွန်ေ

စတဲ့အတွက် ဝေဒနာသက်သာသွားတာပါ။

ပြုလုပ်ပုံ ► နာကျင်တဲ့ ကြွက်သားပေါ်မှာ အရက်ပြန်ပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဌာန်နှိပ်ပေးပြီး မျက်နှာသုတ်ပ၀ါနဲ့ မိနစ် ၃၀ ခန့် ပတ်ထားပေးပါ။ တစ်နေ့ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။
----------
မင်စွန်းရာကို ဖျက်နိုင်ခြင်း

အရက်ပြန်ဟာ အ၀တ် ဒါမှမဟုတ် ကော်ဇောပေါ်မှ မင်စွန်းရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်ပုံ ► မင်စွန်းနေတဲ့နေရာမှ စက်္ကူနဲ့ မင်စုပ်သွားအောင် ဖိကပ်ပေးပါ။ ပြီးရင် အရက်ပြန်ဆွတ်ပေးပါ။ အရက်ပြန်ဆွတ်လိုက်၊ စက္ကူနဲ့ ဖိပြီး စုပ်ယူလိုက်နဲ့ အ၀တ်မှာ မင်တွေ ကုန်စင်သွားတဲ့အထိ ပြုလုပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ လျှော

်ချလိုက်ပါ။
► ကော်ဇောပေါ်မှ မင်စွန်းရာကို ဖယ်ရှားလိုရင် ဆပ်ပြာရည် နှစ်ဆ၊ အရက်ပြန် တစ်ဆ ရောစပ်ပြီး အသုံးပြုရပါမယ်။
-----------
မှန်များကို ကြည်လင်စေနိုင်ခြင်း

အရက်ပြန်ဟာ ခြောက်သွေ့နှုန်းမြန်ဆန်ပြီး စွန်းထင်းရာတွေ မကျန်နိုင်တဲ့အတွက် မှန်တွေကို ကြည်လင်စေဖို့ အသုံးပြုနိုင်ပါတယ်။ လက်ပ်တော့၊ ကီးဘုတ်နဲ့ ဖုန်းမျက်နှာပြင်တွေကိုလည်း အရက်ပြန်အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။

ပြုလုပ်ပုံ ► ရေ နှစ်ခွက်၊ အရက်ပြန် ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရှလကာရည် ခွက်ရဲ့ လေးပုံတစ်ပုံတို့ ရောစပ်ထားတဲ့ အရည်ကို သင် သန့်စင်ချင်တဲ့ မှန်၊ ဖန်ခွက် အစရှိတာ တွေပေါ်မှာ ဖျန်းပြီး သတင်းစာ စက္ကူနဲ့ သုတ်ပေးပါ။

=================

ဒေါက်တာခင်မိုးမိုး

Good Health Journal 621

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။