#ကမ္ဘာ့စွမ်းအားအကြီးဆုံးစစ် တပ်များရှိတဲ့နိုင်ငံ (၁၀) နိုင်ငံ
========================== =========%
နိုင်ငံ တစ်နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်အားကောင်းတဲ့ စစ်တပ်ရှိနေဖို့ဟာ အရေးကြီးပါတယ်။ဒါကြောင့် နိုင်ငံ တိုင်းဟာ စစ်အသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်သုံးစွဲလာကြပါတယ် ။နိုင်ငံတစ်နိုင်ငံရဲ့ စစ်သား အင်အား၊လက်နက်စွမ်းအားများ၊ လက်နက်နည်းပညာတိုးတက်မှု၊စစ် ရေးလေ့ကျင့်ခြင်းများ၊စစ်သားများရဲ့ အရည်အချင်း၊မဟာမိတ်
နိုင်ငံအရည်အတွက်၊ စစ်အသုံးစရိတ် ၊စစ်တပ်အထောက်အကူပြု တပ်ဖွဲ့များ
အပေါ်မူတည်ပြီး ကမ္ဘာ့ စွမ်းအားအကြီးဆုံး စစ်တပ်များ ရှိတဲ့ နိုင်ငံ (၁၀)
နိုင်ငံကို Business Insider ဖော်ပြခဲ့ ပါတယ်။
၁၀။ #ဂျပန်
ဂျပန်နိုင်ငံဟာ သေရဲတိုက်ရဲတဲ့ ဆာမူရိုင်းတို့ရဲ့ နိုင်ငံ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် တုန်းကလည်း ကမ္ဘာ့အနှံ့ စစ်ပါတ်တိုက်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံဟာ နိုင်ငံရဲ့စစ်တပ်တိုးမြှင့် ခြင်း
ပြုလုပ်ခွင့် မရှိတဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပြီး နိုင်ငံ တည်ထောင်ရေးကို သာလုပ်ကိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ဖွယ် အင်အားကြီးလာမှုကြောင့် ဂျပန်နိုင်ငံဟာ စစ်တပ်ကိုပြန်လည်တောင့်တင်း အောင်လုပ်ဆောင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း ၄၀ ကျော်အကြာ မှာ ပထမဆုံး အနေနဲ့ကမ်းလွန် စစ်အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပြီးစစ်တပ်အသုံး စရိတ်ကို
၁၁ နှစ် အတွင်း မှာ ဒေါ်လာ ၄၉.၁ ဘီလီယံ အသုံးပြုခဲ့ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားပေါင်း ၂၄၇၀၀၀ ရှိပြီး အရန် စစ်သား ၆၀၀၀၀
ရှိပါတယ်။
ကမ္ဘာ့ ၅ နိုင်ငံမြောက် အင်အားအကြီးဆုံးလေတပ်ကို ပိုင်ဆိုင်ထားပြီး လေယာဉ်ပေါင်း ၁၅၉၅ စီး၊စစ်သဘောင်္ ၁၃၁ စီး နဲ့ တိုက်ရည်ခိုက်ရည် မြင့်မားမှုကြောင့် အာရှမှာ အတောင့်တင်းဆုံး စစ်တပ်တစ်ခု အဖြစ်သတ်မှတ် ထားခြင်းခံရတဲ့ စစ်တပ် ဖြစ်ပါတယ်။
၉။ #တောင်ကိုရီးယား
ကွန်မြူနစ် မြောက်ကိုရီးယားနဲ့ နယ်နမိတ်ခြင်း ထိစပ်နေ တဲ့ တောင်ကိုရီးယားနိုင်ငံအဖို့ စစ်တပ်အင်အား တောင့်တင်း ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ဒါအြ ပင် ရန်လိုနေတဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံကြော င့်
သာ မဟုတ်ဘဲ တရုတ်နဲ့ ဂျပန်တို့ ရဲ့ စစ်အသုံးစရိတ် မြှင့်တင်မှုများကြောင့်
တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၃၄ ဘီလီယံကို စစ်အသုံးစရိတ်
အဖြစ် သုံးစွဲခဲ့ပါတယ်။တောင်ကိုရီးယားမှာ
အမြဲတမ်း စစ်သား၆ သိန်း ၄ သောင်းရှိပြီး အရန် စစ်သား ၂၉ သိန်းရှိပါတယ်။
လေယာဉ်ပေါင်း ၁၃၉၃ နဲ့ ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံးလေတပ်ရှိပြီး
သဘောင်္ငယ်ပေါင်း ၁၆၆ စီးနဲ့ တင့်ကားပေါင်း ၂၃၄၆ စီး၊အမေရိကန်နိုင်ငံနဲ့လည်း နှစ်စဉ်စစ်ရေးလေ့ကျင့်လေ့လျ က်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
၈။ #တူရကီ
IS များကို တိုက်ခိုက်နေတဲ့ ဆီးရီးယားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံ ဖြစ်နေတဲ့ အပြင် ကာဒစ်ရှ် ခွဲထွက်ရေး အဖွဲ့ (PKK) တို့ရှိနေတဲ့အတွက် တူရကီနိုင်ငံဟာ စစ်တပ်ကို အင်အားတောင့်တင်းအောင်ပြင်ဆ င်ထား
ပြီး ၂၀၁၀ ခုနှစ်မှာ နိုင်ငံ GDP ၁၀% ဖြစ်တဲ့ ဒေါ်လာ ၁၈.၁၈ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။အမြဲတမ်း စစ်သား
၆ သိန်း ၆ သောင်းကျော်ရှိပြီး လေယာဉ်ပေါင်း ၁၀၀၀ ကျော် နဲ့ ကြည်းတပ်သုံး လက်နက်ကြီး ၁၆၀၀၀ ကျော် ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံနဲ့လည်း ခိုင်မာ တဲ့ သံတမန် ဆက်ဆံရေးရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါ တယ်။
၇။ #ဂျာမနီ
ဂျာမနီဟာ ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံတွေ ထဲက တစ်နိုင်ငံ ဖြစ်ပေမဲ့ စစ်အသုံးစရိတ်ကို တစ်နှစ်မှာ
အမေရိကန် ဒေါ်လာ ၄၅ သန်းခန့်သာ သုံးစွဲပါတယ်။ နိုင်ငံ ရဲ့ စစ်တပ်ဟာ တဖြည်းဖြည်း အခြေအနေဆိုး
လာပြီး ၁၉၅၀ – ၁၉၆၀ တစ်ဝိုက်မှာ ဖွားမြင်ခဲ့ကြတဲ့ ဂျာမနီနိုင်ငံသားအများစုဟာ စစ်ဆန့်ကျင်ရေးသမားများ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာလဲ စစ်ထဲ မ၀င်မနေရအမိန့်ကို ဖျက်သိမ်းခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။အမြဲတမ်းစစ်သား ၁သိန်း ၈ သောင်း ၃ ထောင်သာရှိပြီး အရန်စစ်သား ၁သိန်း ၄ သောင်း ၅ ထောင်ရှိပါတယ်။လေယာဉ်ပေါင်း ၇၁၀ ရှိပြီး တခြားသော လက်နက်ကြီးများ ၅၀၀၀ ကျော်ရှိနေပါတယ်။
၆။ #ပြင်သစ်
ပြစ်သစ်နိုင်ငံကလည်း ဂျာမနီနိုင်ငံကဲ့ သို့ စစ်ရေး အသုံးစရိတ် ကို လျှော့ချနေတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံ GDP ရဲ့ ၁.၉ % သာ အသုံးပြုခဲ့ပြီး အမြဲတမ်း တပ်သား ၂သိန်း ၂ သောင်း၊အရန် တပ်သား ၅ သိန်း ၊လေယာဉ် ၁၀၀၀ နဲ့ မြေပြင်သုံး စစ်ယာဉ်ပေါင်း ၉၀၀၀ ကျော်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။စစ်အသုံးစ ရိတ်
လျှော့ချခဲ့ပေမဲ့ နူကလီးယားလက်နက် ၂၉၀ ကျော်ရှိနေ တဲ့ အတွက်
ပြစ်သစ်နိုင်ငံဟာ EU နဲ့UN မှာ အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်နေဆဲ
ဖြစ်ပါတယ်။
၅။ #အင်္ဂလန်
၂၀၁၀ ကနေ ၂၀၁၈ ခုနှစ် အတွင်းမှာ စစ်အသုံးစရိတ်ကို ၂၀ % လျှော့ချဖို့ အင်္ဂလန်နိုင်ငံဟာ ဆုံးဖြတ်ခဲ့ပြီး
တော်ဝင်ရေတပ်နဲ့တော်ဝင်လေတပ် RAF ( Royal Air Force) အသုံးစရိတ်များလျှော့ချခဲ့ပါတယ်။စစ်အင်အား
၂ သိန်း ၅ ထောင် နဲ့နှစ်စဉ်စစ်အသုံးစရိတ် ဒေါ်လာ ၅၄ ဘီလီယံရှိပြီး
လေယာဉ်ပေါင်း ၉၀၈ စင်းနဲ့ စစ်သဘောင်္ ပေါင်း ၆၆ စင်းရှိပါတယ်။UK ရဲ့
စစ်အင်အားဟာ နည်းတယ်လို့ထင်ရပေမဲ့ ကောင်းမွန်တဲ့ စစ်ရေး လေ့ကျင့်ခြင်း
များ၊နူကလီးယား လက်နက် ၁၆၀ ကျော် တို့ကြောင့် UK ဟာ အင်အားကြီးတဲ့
နိုင်ငံတစ်ခု ရပ်တည် ဆဲ ဖြစ်ပါတယ်။
၎။ #အိန္ဒိယ
အိန္ဒိယနိုင်ငံရဲ့ များပြားလှတဲ့ လူဦးရေပမဏကြောင့် အိန္ဒိယနိုင်ငံရဲ့ စစ်တပ်စုစုပေါင်းအင်အားဟာ ၃.၅ သန်း ရှိပြီး တာဝန်ထမ်းဆောင်နေသူ ၁.၃၂၅ သန်းရှိနေတဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။ဒီများပြားလှတဲ့စစ်တပ်
အင်အား ကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာအင်အား အကောင်းဆုံး
စစ်တပ်စာရင်းထဲဝင်နေတာ ဖြစ်ပြီး တင့်ကားပေါင်း ၃၅၀၀၊ကြည်းတပ်သုံး
စက်တပ်ယာဉ် ၁၆၀၀၀ ၊လေယာဉ် ၁၇၈၅ စီးနဲ့ နူကလီးယား လက်နက် များ ပိုင်ဆိုင်တဲ့
နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒုံးကျည်များဟာ
ပါကစ္စတန်နိုင်ငံနဲ့
တရုတ်နိုင်ငံများ အထိ ပစ်ခတ်နိုင်တဲ့ အစွမ်းရှိပြီး စစ်ရေး အသုံးစရိတ်ကတော့ တစ်နှစ်ကို ဒေါ်လာ ၄၆ ဘီလီယံ ရှိနေပါတယ်။
၃။ #တရုတ်
တရုတ်နိုင်ငံစစ်တပ်အသုံးစရိ တ်ကို
တရားဝင် ၁၂၆ ဘီလီယံ လို့ ဖော်ပြထားပြီး တစ်နှစ်ထက်တစ်နှစ်
စစ်ရေးအသုံးစရိတ်ကို မြှင့်တင်လာပါတယ်။ တရုတ်နိုင်ငံရဲ့အမြဲတမ်း စစ်တပ်က
၂.၂၈၅ သန်း ရှိပြီး တော့ အရန်စစ်တပ်အင်အား ၂.၃ သန်းရှိနေပါတယ်။
ကြည်းတပ်သုံး စက်တပ်ယာဉ်ပေါင်း ၂၅၀၀၀ နဲ့ လေယာဉ်ပေါင်း၂၈၀၀ ကျော်ရှိပါတယ်။
တရုတ်နိုင်ငံရဲ့ နူကလီးယား လက်နက် အမျိုးအစားစုံ ၃၀၀ ကျော်ရှိပြီး
တရုတ်နိုင်ငံဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ ထုတ်
F – 35 တိုက်လေယာဉ် ပုံစံမျိုးကို တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။
၂။ #ရုရှား
ရုရှားနိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်က တစ်နှစ်ကို ဒေါ်လာ ၇၆.၆ ဘီလီယံရှိနေပြီး စစ်ရေး အသုံးစရိတ်ကို မြှင့်တင် ဖို့ ပြုလုပ်နေပါတယ်။ရုရှမှာ အမြဲတမ်း စစ်အင်အား ၇သိန်း ၆ သောင်း ၆ ထောင်ရှိနေပြီး အရန်အင်အားက ၂.၅ သန်းရှိနေပါတယ်။ရုရှားနိုင် ငံစစ်တပ်ဟာ ကမ္ဘာ့ အင်အား အကြီးဆုံး တင့်ကား တပ်စုပိုင်ဆိုင်ထားပြီး တင့်ကားပေါင်း ၁၅၅၀၀ ပိုင်ဆိုင်ထားပါတယ်။ဒါအပြင် နူကလီးယား လက်နက်ပေါင်း ၈၅၀၀ ကျော်ပိုင်ဆိုင်ထား တဲ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
၁။ #အမေရိကန်
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေး အသုံး စရိတ် အသုံးစွဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၆၁၂.၅ ဘီလီယံ အသုံးပြုနေပါတယ်။ဒီအသုံးစရိ တ်ဟာ
ကျန်တဲ့ ကမ္ဘာစွမ်းအားအကောင်းဆုံး စစ်တပ်များ ပိုင်ဆိုင် တဲ့ နိုင်ငံ ၉
နိုင်ငံ စုစုပေါင်း အသုံးစရိတ်ထက် တောင်များပြားနေပါသေးတယ်။စစ်တပ်အင်အားပေါင်း
၁.၄ သန်းရှိပြီး အရန် စစ်တပ် ၈ သိန်းရှိပါတယ်။ အမေရိကန်နိုင်ငံဟာ
ကမ္ဘာလေတပ်နည်းပညာပိုင်းမှာ ဦးဆောင်နေတဲ့ နိုင်ငံ ဖြစ်ပြီး လေယာဉ်တင်သဘောင်္
၁၉ စီး ပိုင်ဆိုင်ထားပါတယ်။အမေရိကန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်အပြီးကတည်းကကမ္ဘာအင်အားအကောင်းဆုံး စစ်တပ်ဖြစ်ခဲ့တာ ဖြစ်ပြီး နူကလီးယားလက်နက်ပေါင်း ၇၅၀၀ ကျော်ပိုင်ဆိုင်ထားပါတယ်။
#Credit_ArkarHein
#From_Shwemom
==========================
နိုင်ငံ တစ်နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်အားကောင်းတဲ့ စစ်တပ်ရှိနေဖို့ဟာ အရေးကြီးပါတယ်။ဒါကြောင့် နိုင်ငံ တိုင်းဟာ စစ်အသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်သုံးစွဲလာကြပါတယ်
၁၀။ #ဂျပန်
ဂျပန်နိုင်ငံဟာ သေရဲတိုက်ရဲတဲ့ ဆာမူရိုင်းတို့ရဲ့ နိုင်ငံ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် တုန်းကလည်း ကမ္ဘာ့အနှံ့ စစ်ပါတ်တိုက်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံဟာ နိုင်ငံရဲ့စစ်တပ်တိုးမြှင့်
ပြုလုပ်ခွင့် မရှိတဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပြီး နိုင်ငံ တည်ထောင်ရေးကို သာလုပ်ကိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ဖွယ် အင်အားကြီးလာမှုကြောင့် ဂျပန်နိုင်ငံဟာ စစ်တပ်ကိုပြန်လည်တောင့်တင်း
ကမ္ဘာ့ ၅ နိုင်ငံမြောက် အင်အားအကြီးဆုံးလေတပ်ကို ပိုင်ဆိုင်ထားပြီး လေယာဉ်ပေါင်း ၁၅၉၅ စီး၊စစ်သဘောင်္ ၁၃၁ စီး နဲ့ တိုက်ရည်ခိုက်ရည် မြင့်မားမှုကြောင့် အာရှမှာ အတောင့်တင်းဆုံး စစ်တပ်တစ်ခု အဖြစ်သတ်မှတ် ထားခြင်းခံရတဲ့ စစ်တပ် ဖြစ်ပါတယ်။
၉။ #တောင်ကိုရီးယား
ကွန်မြူနစ် မြောက်ကိုရီးယားနဲ့ နယ်နမိတ်ခြင်း ထိစပ်နေ တဲ့ တောင်ကိုရီးယားနိုင်ငံအဖို့
၈။ #တူရကီ
IS များကို တိုက်ခိုက်နေတဲ့ ဆီးရီးယားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံ ဖြစ်နေတဲ့ အပြင် ကာဒစ်ရှ် ခွဲထွက်ရေး အဖွဲ့ (PKK) တို့ရှိနေတဲ့အတွက် တူရကီနိုင်ငံဟာ စစ်တပ်ကို အင်အားတောင့်တင်းအောင်ပြင်ဆ
ပြီး ၂၀၁၀ ခုနှစ်မှာ နိုင်ငံ GDP ၁၀% ဖြစ်တဲ့ ဒေါ်လာ ၁၈.၁၈ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။အမြဲတမ်း စစ်သား
၆ သိန်း ၆ သောင်းကျော်ရှိပြီး လေယာဉ်ပေါင်း ၁၀၀၀ ကျော် နဲ့ ကြည်းတပ်သုံး လက်နက်ကြီး ၁၆၀၀၀ ကျော် ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံန
၇။ #ဂျာမနီ
ဂျာမနီဟာ ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံတွေ ထဲက တစ်နိုင်ငံ ဖြစ်ပေမဲ့ စစ်အသုံးစရိတ်ကို တစ်နှစ်မှာ
အမေရိကန် ဒေါ်လာ ၄၅ သန်းခန့်သာ သုံးစွဲပါတယ်။ နိုင်ငံ ရဲ့ စစ်တပ်ဟာ တဖြည်းဖြည်း အခြေအနေဆိုး
လာပြီး ၁၉၅၀ – ၁၉၆၀ တစ်ဝိုက်မှာ ဖွားမြင်ခဲ့ကြတဲ့ ဂျာမနီနိုင်ငံသားအများစုဟာ စစ်ဆန့်ကျင်ရေးသမားများ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာလဲ စစ်ထဲ မ၀င်မနေရအမိန့်ကို ဖျက်သိမ်းခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။အမြဲတမ်းစစ်သား ၁သိန်း ၈ သောင်း ၃ ထောင်သာရှိပြီး အရန်စစ်သား ၁သိန်း ၄ သောင်း ၅ ထောင်ရှိပါတယ်။လေယာဉ်ပေါင်း
၆။ #ပြင်သစ်
ပြစ်သစ်နိုင်ငံကလည်း ဂျာမနီနိုင်ငံကဲ့ သို့ စစ်ရေး အသုံးစရိတ် ကို လျှော့ချနေတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံ GDP ရဲ့ ၁.၉ % သာ အသုံးပြုခဲ့ပြီး အမြဲတမ်း တပ်သား ၂သိန်း ၂ သောင်း၊အရန် တပ်သား ၅ သိန်း ၊လေယာဉ် ၁၀၀၀ နဲ့ မြေပြင်သုံး စစ်ယာဉ်ပေါင်း ၉၀၀၀ ကျော်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။စစ်အသုံးစ
၅။ #အင်္ဂလန်
၂၀၁၀ ကနေ ၂၀၁၈ ခုနှစ် အတွင်းမှာ စစ်အသုံးစရိတ်ကို ၂၀ % လျှော့ချဖို့ အင်္ဂလန်နိုင်ငံဟာ ဆုံးဖြတ်ခဲ့ပြီး
တော်ဝင်ရေတပ်နဲ့တော်ဝင်လေတပ
၎။ #အိန္ဒိယ
အိန္ဒိယနိုင်ငံရဲ့ များပြားလှတဲ့ လူဦးရေပမဏကြောင့် အိန္ဒိယနိုင်ငံရဲ့ စစ်တပ်စုစုပေါင်းအင်အားဟာ ၃.၅ သန်း ရှိပြီး တာဝန်ထမ်းဆောင်နေသူ ၁.၃၂၅ သန်းရှိနေတဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။ဒီမျာ
တရုတ်နိုင်ငံများ အထိ ပစ်ခတ်နိုင်တဲ့ အစွမ်းရှိပြီး စစ်ရေး အသုံးစရိတ်ကတော့ တစ်နှစ်ကို ဒေါ်လာ ၄၆ ဘီလီယံ ရှိနေပါတယ်။
၃။ #တရုတ်
တရုတ်နိုင်ငံစစ်တပ်အသုံးစရိ
F – 35 တိုက်လေယာဉ် ပုံစံမျိုးကို တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။
၂။ #ရုရှား
ရုရှားနိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်က တစ်နှစ်ကို ဒေါ်လာ ၇၆.၆ ဘီလီယံရှိနေပြီး စစ်ရေး အသုံးစရိတ်ကို မြှင့်တင် ဖို့ ပြုလုပ်နေပါတယ်။ရုရှမှာ အမြဲတမ်း စစ်အင်အား ၇သိန်း ၆ သောင်း ၆ ထောင်ရှိနေပြီး အရန်အင်အားက ၂.၅ သန်းရှိနေပါတယ်။ရုရှားနိုင်
၁။ #အမေရိကန်
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေး အသုံး စရိတ် အသုံးစွဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၆၁၂.၅ ဘီလီယံ အသုံးပြုနေပါတယ်။ဒီအသုံးစရိ
#Credit_ArkarHein
#From_Shwemom

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။