အင္းစိန္ေထာင္ေရာက္ရင္ ဦးခ်ိဳးဖို႔ စီစဥ္ထားတဲ့ ေက်ာ္သူကို ေႁမြျဖဴေလးလို႔ သိလုိက္ရတဲ့ေနာက္ စိုးျမတ္ႀကီး ေတြေ၀သြားတယ္။ တစ္ခ်ိန္က ျမ၀တီနယ္စပ္မွာ စုိးျမတ္ႀကီး ဂ်င္၀ိုင္း Organizer လုပ္တုန္းက အရမ္းနာမည္ႀကီးေနတဲ့ ေၾကးစားလူသတ္သမား ေႁမြျဖဴေလးကို လူမေတြ႕ဖူးေပမယ့္ နာမည္ေတာ့ ၾကားဖူးခဲ့တယ္။ သူနဲ႔ တိုက္႐ိုက္ပတ္သက္ေနတဲ့ ကိစၥတစ္ခုလည္း ျဖစ္ခဲ့ဖူးတယ္။ အဲဒါကေတာ့ ကစား၀ိုင္းမွာ အေႂကြးမေပးတဲ့ တစ္ဖက္ႏုိင္ငံသားတစ္ေယာက္ကို စိုးျမတ္ႀကီးက ဆံုးမခဲ့ဖူးတယ္။
ဒါကို မေက်နပ္တဲ့အတြက္ အဲဒီသူေဌးက ေႁမြျဖဴေလးကိုငွားၿပီး စိုးျမတ္ႀကီးကို သတ္ခိုင္းလုိက္တယ္။ တစ္ရက္မွာ စိုးျမတ္ႀကီးက ေခတ္စားေနတဲ့ DSA ေမာ္ေတာ္ဆိုင္ကယ္ႀကီးကို စီးၿပီးသြားေနတဲ့အခ်ိန္မွာ ကားလမ္းေဘးကေန သူ႔ေမာ္ေတာ္ဆိုင္ကယ္ဘီးကို ေသနတ္နဲ႔ပစ္တာ ႀကံဳခဲ့ရဖူးတယ္။ ေနာက္ပိုင္း ျပန္စံုစမ္းလုိက္ေတာ့ ေႁမြျဖဴေလးက ဗမာဗမာခ်င္းမို႔ စိုးျမတ္ႀကီးကို မသတ္ဘဲ ဆိုင္ကယ္ဘီးကိုပဲ ပစ္ေဖာက္သတိေပးခဲ့တယ္လို႔ သိရတယ္။ မိတ္ေဆြအားလံုးက စုိးျမတ္ႀကီး နယ္စပ္မွာဆက္ရွိေနရင္ အသတ္ခံရႏိုင္တာေၾကာင့္ ျပည္တြင္းထဲကို ျပန္ခုိင္းတယ္။ ဒီလိုနဲ႔ အေရးအခင္းမျဖစ္ခင္မွာ စုိးျမတ္ႀကီး ရန္ကုန္ကို ျပန္ေရာက္လာခဲ့တယ္။ အခု အင္းစိန္ကိုေရာက္လာတဲ့ ေက်ာ္သူဟာ ေႁမြျဖဴေလး ဟုတ္မဟုတ္ အတည္ျပဳရမယ့္ အေျခအေနတစ္ရပ္ကို ေရာက္လာတယ္။ ေက်ာ္သူ အင္းစိန္ေရာက္လာေတာ့ စိုးျမတ္ႀကီးက သြားေတြ႕တယ္။ နယ္စပ္မွာ အရမ္းနာမည္ႀကီးတဲ့ ေၾကးစားလူသတ္သမား ေက်ာ္သူဟာ ပိန္ပိန္ပါးပါး ခႏၶာကိုယ္ေသးေသးနဲ႔ပါပဲ။ စိုးျမတ္ႀကီးက ေက်ာ္သူကိုေတြ႕ၿပီး ေရာက္မဆိုက္ဘဲ “ခင္ဗ်ား က်ဳပ္အသက္ကို ကယ္ခဲ့ဖူးလား” လို႔ ဒဲ့ေမးလိုက္တယ္။ ေက်ာ္သူကေတာ့ ခပ္ေအးေအးပဲ။ “ကၽြန္ေတာ္လည္း မမွတ္မိဘူး” လို႔ ေျဖတယ္။ ေက်ာ္သူၾကည့္ရတာ ေထာင္ေရာက္လာေပမယ့္လည္း အေတာ္ေသြးေအးတဲ့သူလို႔ ေျပာလို႔ရတယ္။ ဘယ္သူ႔ကိုမွလည္း ေၾကာက္ပံုမေပၚဘူး။ စိုးျမတ္ႀကီးကိုလည္း ေတြ႕ေတြ႕ခ်င္းမွာ အားကိုးတဲ့ပံု အေရာ၀င္ခ်င္တဲ့ပံုလည္း မေပၚဘူး။ စိုးျမတ္ႀကီးလည္း ဘာေျပာရမွန္းမသိလို႔ ျပန္သြားလုိက္တယ္။ ေနာက္ေတာ့ အင္းစိန္ေထာင္မွာ က်ေနတဲ့ အက်ဥ္းသားေတြထဲက ျမ၀တီနယ္စပ္မွာ ဒုစ႐ိုက္မ်ိဳးစံုနဲ႔ က်င္လည္ခဲ့တဲ့သူ တစ္ေယာက္ကို သြားေတြ႕တယ္။ သူ႔နာမည္က “ခြန္ေနာင္”တဲ့။ ခြန္ေနာင္ကိုရွာၿပီး “ေႁမြျဖဴေလးကို ေတြ႕ဖူးလား” လို႔ စိုးျမတ္ႀကီးက ေမးေတာ့ ခြန္ေနာင္က “ေတြ႕ဖူးတယ္”လို႔ ေျပာတယ္။ ဒါနဲ႔ စုိးျမတ္ႀကီးက ခြန္ေနာင္ကို ေက်ာ္သူဆီေခၚသြားတယ္။ ေက်ာ္သူနဲ႔ ခြန္ေနာင္ေတြ႕ေတာ့ မိတ္ေဆြရင္းခ်ာေတြလို ႏႈတ္ဆက္ၾကတယ္။ ဒါေၾကာင့္ ေက်ာ္သူဟာ “ေႁမြျဖဴ ေလး” ဆိုတာ ေသခ်ာသြားေတာ့တယ္။
ေက်ာ္သူဟာ သူ႔အသက္ကိုကယ္ခဲ့တဲ့ ေႁမြျဖဴေလးဆိုတာ သိသြားၿပီးတဲ့ေနာက္ စုိးျမတ္ႀကီး ခ်က္ခ်င္း အခ်ိဳးေျပာင္းသြားေတာ့တယ္။ ၿပီးေတာ့ ေက်ာ္သူ႔ကို အင္းစိန္ေထာင္ထဲမွာ ဘယ္လိုေနရာ ေနခ်င္သလဲလို႔ေမးတယ္။ ၀င္ေငြ အေကာင္းဆံုးေနရာေတြ ျဖစ္တဲ့ “မိန္းေဂ်းလ္၊ ရိကၡာဂိုေဒါင္၊ ေဆး႐ံု၊ အခ်ဳပ္ေဆာင္တန္းစီး၊ အခန္းလူႀကီး၊ ႀကိဳက္တဲ့ေနရာေျပာ”လို႔ ဆိုတယ္။ ေက်ာ္သူက စိုးျမတ္ၾကီးကို ဘယ္ေနရာမွ မလိုခ်င္ဘူးလို႔ ျပန္ေျပာလိုက္တယ္။ “ေထာင္ထဲမွာ ေအးေအးပဲေနခ်င္တယ္၊ ဘယ္သူ႔ကိုမွလည္း ဒုကၡမေပးခ်င္ဘူး၊ ကိုယ့္ကိုလည္း ဒုကၡမေပးတဲ့ ေနရာမ်ိဳးမွာပဲေနမယ္” လို႔ ျပတ္ျပတ္သားသား ေျပာတယ္။ ဒါေၾကာင့္ စိုးျမတ္ႀကီးက ေက်ာ္သူ႔ကို (၁) ေဆာင္မွာပဲ ထားလိုက္ေတာ့တယ္။ ၿပီးေတာ့ အသက္ကယ္ခဲ့လို႔ ေက်းဇူးဆပ္တဲ့အေနနဲ႔ “ကၽြန္ေတာ္ ရွိေနသမွ် ကိုေက်ာ္သူကို ဘယ္သူမွ ဒုကၡမေပးေစရဘူး” လို႔ အာမခံလိုက္တယ္။ ေက်ာ္သူကလည္း အေနအထိုင္အေျပာအဆို အရမ္းစည္းကမ္းရွိတယ္။ စကားလည္း သိပ္မေျပာဘူး။ လူေတြကိုလည္း သိပ္မေပါင္းဘူး။ စုိးျမတ္ႀကီးနဲ႔ ပတ္သက္လို႔ဆိုၿပီး အခြင့္အေရးလည္း မယူဘူး။ အထူးသျဖင့္ စိုးျမတ္ႀကီးရဲ႕ “ခြင္”ေတြကို စည္းမေက်ာ္ဘူး။ ႏိုင္ငံေရးသမားေတြေရာ ေထာင္ထဲက “ဇိုး”ေတြေရာ ေက်ာ္သူ႔ကို ေလးစားရတဲ့အခ်က္က ေက်ာ္သူဟာ ေထာင္ထဲမွာ မူးယစ္ေဆး လံုး၀မသံုးဘူး။ ၿပီးေတာ့ လူဆိုးေတြၾကားမွာ ေခတ္စားတဲ့ လိင္တူဆက္ဆံေရးကိုလည္း ေရွာင္ရွားတယ္။ ဒီလိုနဲ႔ ေက်ာ္သူ႔ကို ေထာင္သမၻာေတြကအစ ေလးစားခန္႔ညားလာရတယ္။ စိုးျမတ္ႀကီးကလည္း သူ႔ရဲ႕အသက္သခင္ ေက်းဇူးရွင္မို႔ ေက်ာ္သူ႔ကို ေတာ္ေတာ္ဂ႐ုစိုက္ပါတယ္။
အားလံုးက ပြဲႀကီးပြဲေကာင္းေတြ႕ၿပီလို႔ ထင္မွတ္ထားတဲ့အခ်ိန္မွာ စုိးျမတ္ႀကီးနဲ႔ ေက်ာ္သူက ေပါင္းစည္းသြားေတာ့ စိုးျမတ္ႀကီးကို ၿဖိဳခ်င္တဲ့သူေတြ စိတ္ဓာတ္က်ကုန္တယ္။ စုိးျမတ္ႀကီးရဲ႕ Figure ကို ယွဥ္ႏိုင္မယ့္လူကို ရွာမေတြ႕ေတာ့ စုိးျမတ္ႀကီးကို ေထာင္အာဏာပိုင္ေတြနဲ႔ လွည့္တိုက္တယ္။ ၅(ည)ေတြနဲ႔ လွည့္တိုက္တယ္။ စုိးျမတ္ႀကီးနဲ႔ ၅(ည)ေတြနဲ႔ ပထမဆံုး တည္တာကေတာ့ (၁)ေဆာင္မွာပါပဲ။ ဒါေပမဲ့ စိုးျမတ္ႀကီးရဲ႕ ပါးနပ္မႈေၾကာင့္ ျပႆနာကို ေရွာင္လႊဲႏိုင္ခဲ့တယ္။ ျဖစ္ပံုက တစ္ညေန (၁)ေဆာင္ရဲ႕ ေအာက္ထပ္ ေရကန္ေဘာင္ေပၚမွာ ၅(ည)ျဖစ္တဲ့ တိုက္ႀကီးသက္ဦးက ထုိင္ေနတယ္။ အေဆာင္ပိတ္ခ်ိန္နီးတဲ့အတြက္ (၁)ေဆာင္ရဲ႕ စည္းကမ္းထိန္းျမင့္ေမာင္က အေဆာင္အျပင္က လူေတြကို အထဲ၀င္ဖို႔ အမိန္႔လိုက္ေပးေနတယ္။ အဲဒီအခ်ိန္မွာပဲ ခပ္လွမ္းလွမ္းမွာ ျမင့္ေမာင္က အက်ဥ္းသားႏွစ္ေယာက္ကို အေဆာင္ထဲ မ၀င္လို႔ဆိုၿပီး ပါး႐ိုက္လိုက္တယ္။ ကိုသက္ဦး လွမ္းၾကည့္လိုက္ေတာ့ အ႐ိုက္ခံရတဲ့ သူႏွစ္ေယာက္က ၅(ည)ေတြျဖစ္တဲ့ ေဇာ္သိန္းနဲ႔ ျမတ္သစ္ ျဖစ္ေနတယ္။ အမွန္က သူတို႔ႏွစ္ေယာက္က ေသးေပါက္ဖို႔သြားတာ။ ကိုသက္ဦးလည္း မႊန္ထူသြားၿပီး ေရကန္ေပါင္ေပၚမွာ တင္ထားတဲ့ သတၱဳပန္းကန္ျပား ငါးခ်ပ္ဆင့္ၿပီး စည္းကမ္းထိန္းျမင့္ေမာင္ကို ၀င္႐ိုက္တယ္။ ျမင့္ေမာင္ အ႐ိုက္ခံရေတာ့ သူ႔လူေတြကလည္း လက္တုံ႔ျပန္ဖို႔ ၀ိုင္းလာတယ္။ (၁)ေဆာင္မွာ ႏုိင္ငံေရးသမားကလည္း ၅၀ ေလာက္ရွိေတာ့ ကိုသက္ဦးကို ကူဖို႔ ၅(ည)ေတြ ထြက္လာၾကတယ္။ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေတာ့ တာ၀န္က်ေနတဲ့ ေထာင္၀ါဒါ တပ္ၾကပ္မ်ိဳး၀င္း ေရာက္လာၿပီး အားလံုးကို ပံုစံထိုင္ခိုင္းတယ္။ ျမင့္ေမာင္မ်က္ႏွာကေတာ့ ဖူးေရာင္ေနၿပီ။ အေျခအေနက ေပါက္ကြဲလုနီးပါးပဲ။ ဒါေပမဲ့ စုိးျမတ္ႀကီးက ပါးနပ္တယ္။ ၅(ည)ေတြ စိတ္ေျပေအာင္ ျမင့္ေမာင္ကိုပဲ ေက်ာကုန္းကို ႏွစ္ခ်က္သံုးခ်က္႐ိုက္၊ ေျခေထာက္နဲ႔ကန္ လုပ္လိုက္တယ္။ ဒီေတာ့ ၅(ည)ေတြလည္း ေက်နပ္သြားၿပီး ဘာျပႆနာမွ မျဖစ္ေတာ့ဘူး။
ဒါေပမဲ့ ေနာက္တစ္ႀကိမ္ မထင္မွတ္ဘဲ (၃)ေဆာင္မွာ ၅ (ည)ေတြနဲ႔ စုိးျမတ္ႀကီးနဲ႔ ျပႆနာ စတက္ေတာ့ “မာလာတင္၀င္း”ေၾကာင့္လို႔ အားလံုးက ေကာက္ခ်က္ဆြဲတယ္။ ေနာင္႐ိုးတင္၀င္း (ခ) မာလာတင္၀င္းဆိုတာ ေဆး႐ံုႀကီး ဗံုးေဖာက္မႈနဲ႔ အဖမ္းခံရၿပီး ႀကိဳးက်သြားတဲ့ ျပည္ေျပးၫြန္႔တင္နဲ႔လည္း အမႈတြဲ။ ဦးရဲထြန္းနဲ႔လည္း ပတ္သက္ေနတယ္။ (၃) ေဆာင္မွာရွိတဲ့ ၅(ည)ေတြထဲမွာ အေျခခံပညာေက်ာင္းသားသမဂၢ (အကသ)က ကေလးေတြရွိတယ္။ ေနာက္ေတာ့ မာလာတင္၀င္းနဲ႔ ကေလးေတြျဖစ္တဲ့ တင့္လြင္၊ ဂ်င္ဘေရာင္းတို႔နဲ႔ အဆင္မေျပၾကေတာ့ဘူး။ ဒါေၾကာင့္ မာလာတင္၀င္းက စိုးျမတ္ႀကီးကို ေျမႇာက္ေပးတယ္။ အဲဒီအေျခအေနမွာ (၃) ေဆာင္မွာရွိတဲ့ ၅(ည)ေတြနဲ႔ စုိးျမတ္ႀကီး ျပႆနာတက္ေတာ့တာပဲ။ အေျခအေနအားလံုးကို ေထာင္မွဴး ဦးစိုးဦး သိသြားေတာ့ လူစုခြဲမွရမယ္လို႔ ဆံုးျဖတ္လိုက္တယ္။ မဟုတ္ရင္ လူသတ္ပြဲေတြ ျဖစ္လာေတာ့မွာ။ ဒါေၾကာင့္ စိုးျမတ္ႀကီးကို စစ္ေခြးတိုက္ပို႔ၿပီး (၃) ေဆာင္က ၅(ည)ႀကီးေတြျဖစ္တဲ့ ေဇာ္မ်ိဳးေအာင္၊ လွထြန္းတို႔ကိုေတာ့ တျခားအေဆာင္ေတြ ခြဲပို႔လုိက္တယ္။ စစ္ေခြးတိုက္က ျပစ္ဒဏ္ေစ့ေတာ့ စိုးျမတ္ႀကီးကို (၄) ေဆာင္ ပို႔လိုက္တယ္။ ဒီတစ္ခါေတာ့ စိုးျမတ္ႀကီးက ၅(ည)ေတြနဲ႔ ျပႆနာျဖစ္တာ သူ႔အတြက္ အက်ိဳးမမ်ားေၾကာင္း သိသြားၿပီး ေလးေလးစားစား ခ်စ္ခ်စ္ခင္ခင္ ေနထုိင္တယ္။
စုိးျမတ္ႀကီးရဲ႕ လူရည္လည္မႈေၾကာင့္ ၅(ည)ေတြနဲ႔ ထိပ္တိုက္ျပႆနာေတြကို ေရွာင္ရွားႏိုင္ခဲ့ေပမယ့္ အုပ္စုတြင္းျပႆနာေတြကေတာ့ တျဖည္းျဖည္း ႀကီးထြားလာပါတယ္။ ေရွ႕႔ပိုင္းမွာေရးခဲ့တဲ့ ျမေဂါင္နဲ႔ ငရွဥ့္ ျပႆနာကလည္း အုပ္စုတြင္းအားၿပိဳင္မႈပါပဲ။ ေထာင္ထဲမွာ တရားမ၀င္ ကိစၥေတြနဲ႔ ေငြေၾကး အဆမတန္ရေနတာက လူမိုက္ေတြအတြက္ ျပႆနာပါပဲ။ ႏိုင္ငံေရးသမားေတြကလည္း ေထာင္တြင္း ေတာင္းဆိုမႈေတြ၊ ႏိုင္ငံေရးလႈပ္ရွားမႈေတြ တစ္စထက္တစ္စ တိုးၿပီးလုပ္လာတယ္။ ေနာက္ဆံုး ေထာင္အာဏာပိုင္ေတြက ထိန္းသိမ္းလို႔မရတဲ့အေျခအေန ျဖစ္လာတယ္။ အေရးေပၚ အစည္းအေ၀းေခၚၿပီး ေထာင္မွာ ထိန္းသိမ္းလုိ႔မရတဲ့ ႏိုင္ငံေရးသမား ၅(ည)ေတြကို သာယာ၀တီေထာင္၊ သရက္ေထာင္၊ ျမင္းၿခံေထာင္၊ ေတာင္ငူေထာင္နဲ႔ ေမာ္လၿမိဳင္ေထာင္ေတြကို လူ ၁၀၀ စီ ခြဲပို႔ဖို႔ စီစဥ္လိုက္တယ္။ ဒီ ၁၀၀ ထဲမွာ ေထာင္ထဲက ဆိုးတဲ့မိုက္တဲ့ “ဇ” ေတြကိုလည္း ေလးငါးေယာက္စီ ညႇပ္ထည့္ဖို႔ စီစဥ္လိုက္တယ္။ ေထာင္ေျပာင္းတဲ့ အစီအစဥ္ကို ည ၂ နာရီမွာ လူေတြကိုႏိႈးၿပီး မီးရထားနဲ႔ တိတ္တဆိတ္ ေျပာင္းေရႊ႕လိုက္တာပါ။ သရက္ေထာင္ကို ႏိုင္ငံေရးသမားေတြထဲက ေက်ာင္းသားေခါင္းေဆာင္ေတြ ျဖစ္တဲ့ ေအာင္ဒင္၊ ၀င္းႏိုင္ဦးတို႔ အပါအ၀င္ စုိးျမတ္ႀကီးလည္း ပါသြားတယ္။ အဲဒီအခ်ိန္ကစၿပီး အင္းစိန္ေထာင္ရဲ႕ အာဏာခ်ိန္ခြင္လွ်ာဟာ အေျပာင္းအလဲျဖစ္သြားပါတယ္။
စိုးျမတ္ႀကီး မရွိတဲ့ေနာက္မွာေတာ့ ေထာင္ထဲမွာ ေအးေအးေဆးေဆး ေနထုိင္ေနတဲ့ ေက်ာ္သူ (ခ) ေႁမြျဖဴေလးအတြက္ စိန္ေခၚမႈေတြကေတာ့ စတင္လာၿပီျဖစ္ပါတယ္။ ေထာင္ေျပာင္းတဲ့ထဲမွာ ပါမသြားတဲ့ လူဆိုးေတြက ေက်ာ္သူ႔ကို စိုးျမတ္ႀကီးရဲ႕ ဆဲလ္တစ္ခု အျဖစ္႐ႈျမင္ထားတယ္။ ဒါေၾကာင့္ စုိးျမတ္ႀကီးမရွိတဲ့ ေနာက္မွာ သူ႔ရဲ႕အစြယ္အပြားေတြကို ရွင္းပစ္ဖို႔ လုပ္ၾကတယ္။ သူတို႔ရွင္းပစ္မယ့္ စာရင္းထဲမွာ ေက်ာ္သူလည္းပါေနတယ္။ ေက်ာ္သူ႔ကိုရွင္းဖုိ႔ အဓိက လုပ္တဲ့သူေတြကေတာ့ မအူကုန္းမူဆာနဲ႔ အ႐ိုးကုန္းစိန္ကုလားတို႔ ျဖစ္ပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)
http://www.tomorrow.com.mm/?q=articles/3405
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဇာ္သက္ေထြး
#Unicode Version
အင်းစိန်ထောင်ရောက်ရင် ဦးချိုးဖို့ စီစဉ်ထားတဲ့ ကျော်သူကို မြွေဖြူလေးလို့ သိလိုက်ရတဲ့နောက် စိုးမြတ်ကြီး တွေဝေသွားတယ်။ တစ်ချိန်က မြဝတီနယ်စပ်မှာ စိုးမြတ်ကြီး ဂျင်ဝိုင်း Organizer လုပ်တုန်းက အရမ်းနာမည်ကြီးနေတဲ့ ကြေးစားလူသတ်သမား မြွေဖြူလေးကို လူမတွေ့ဖူးပေမယ့် နာမည်တော့ ကြားဖူးခဲ့တယ်။ သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒါကတော့ ကစားဝိုင်းမှာ အကြွေးမပေးတဲ့ တစ်ဖက်နိုင်ငံသားတစ်ယောက်ကို စိုးမြတ်ကြီးက ဆုံးမခဲ့ဖူးတယ်။ ဒါကို မကျေနပ်တဲ့အတွက် အဲဒီသူဌေးက မြွေဖြူလေးကိုငှားပြီး စိုးမြတ်ကြီးကို သတ်ခိုင်းလိုက်တယ်။ တစ်ရက်မှာ စိုးမြတ်ကြီးက ခေတ်စားနေတဲ့ DSA မော်တော်ဆိုင်ကယ်ကြီးကို စီးပြီးသွားနေတဲ့အချိန်မှာ ကားလမ်းဘေးကနေ သူ့မော်တော်ဆိုင်ကယ်ဘီးကို သေနတ်နဲ့ပစ်တာ ကြုံခဲ့ရဖူးတယ်။ နောက်ပိုင်း ပြန်စုံစမ်းလိုက်တော့ မြွေဖြူလေးက ဗမာဗမာချင်းမို့ စိုးမြတ်ကြီးကို မသတ်ဘဲ ဆိုင်ကယ်ဘီးကိုပဲ ပစ်ဖောက်သတိပေးခဲ့တယ်လို့ သိရတယ်။ မိတ်ဆွေအားလုံးက စိုးမြတ်ကြီး နယ်စပ်မှာဆက်ရှိနေရင် အသတ်ခံရနိုင်တာကြောင့် ပြည်တွင်းထဲကို ပြန်ခိုင်းတယ်။ ဒီလိုနဲ့ အရေးအခင်းမဖြစ်ခင်မှာ စိုးမြတ်ကြီး ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ အခု အင်းစိန်ကိုရောက်လာတဲ့ ကျော်သူဟာ မြွေဖြူလေး ဟုတ်မဟုတ် အတည်ပြုရမယ့် အခြေအနေတစ်ရပ်ကို ရောက်လာတယ်။ ကျော်သူ အင်းစိန်ရောက်လာတော့ စိုးမြတ်ကြီးက သွားတွေ့တယ်။ နယ်စပ်မှာ အရမ်းနာမည်ကြီးတဲ့ ကြေးစားလူသတ်သမား ကျော်သူဟာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သေးသေးနဲ့ပါပဲ။ စိုးမြတ်ကြီးက ကျော်သူကိုတွေ့ပြီး ရောက်မဆိုက်ဘဲ “ခင်ဗျား ကျုပ်အသက်ကို ကယ်ခဲ့ဖူးလား” လို့ ဒဲ့မေးလိုက်တယ်။ ကျော်သူကတော့ ခပ်အေးအေးပဲ။ “ကျွန်တော်လည်း မမှတ်မိဘူး” လို့ ဖြေတယ်။ ကျော်သူကြည့်ရတာ ထောင်ရောက်လာပေမယ့်လည်း အတော်သွေးအေးတဲ့သူလို့ ပြောလို့ရတယ်။ ဘယ်သူ့ကိုမှလည်း ကြောက်ပုံမပေါ်ဘူး။ စိုးမြတ်ကြီးကိုလည်း တွေ့တွေ့ချင်းမှာ အားကိုးတဲ့ပုံ အရောဝင်ချင်တဲ့ပုံလည်း မပေါ်ဘူး။ စိုးမြတ်ကြီးလည်း ဘာပြောရမှန်းမသိလို့ ပြန်သွားလိုက်တယ်။ နောက်တော့ အင်းစိန်ထောင်မှာ ကျနေတဲ့ အကျဉ်းသားတွေထဲက မြဝတီနယ်စပ်မှာ ဒုစရိုက်မျိုးစုံနဲ့ ကျင်လည်ခဲ့တဲ့သူ တစ်ယောက်ကို သွားတွေ့တယ်။ သူ့နာမည်က “ခွန်နောင်”တဲ့။ ခွန်နောင်ကိုရှာပြီး “မြွေဖြူလေးကို တွေ့ဖူးလား” လို့ စိုးမြတ်ကြီးက မေးတော့ ခွန်နောင်က “တွေ့ဖူးတယ်”လို့ ပြောတယ်။ ဒါနဲ့ စိုးမြတ်ကြီးက ခွန်နောင်ကို ကျော်သူဆီခေါ်သွားတယ်။ ကျော်သူနဲ့ ခွန်နောင်တွေ့တော့ မိတ်ဆွေရင်းချာတွေလို နှုတ်ဆက်ကြတယ်။ ဒါကြောင့် ကျော်သူဟာ “မြွေဖြူ လေး” ဆိုတာ သေချာသွားတော့တယ်။
ကျော်သူဟာ သူ့အသက်ကိုကယ်ခဲ့တဲ့ မြွေဖြူလေးဆိုတာ သိသွားပြီးတဲ့နောက် စိုးမြတ်ကြီး ချက်ချင်း အချိုးပြောင်းသွားတော့တယ်။ ပြီးတော့ ကျော်သူ့ကို အင်းစိန်ထောင်ထဲမှာ ဘယ်လိုနေရာ နေချင်သလဲလို့မေးတယ်။ ဝင်ငွေ အကောင်းဆုံးနေရာတွေ ဖြစ်တဲ့ “မိန်းဂျေးလ်၊ ရိက္ခာဂိုဒေါင်၊ ဆေးရုံ၊ အချုပ်ဆောင်တန်းစီး၊ အခန်းလူကြီး၊ ကြိုက်တဲ့နေရာပြော”လို့ ဆိုတယ်။ ကျော်သူက စိုးမြတ်ကြီးကို ဘယ်နေရာမှ မလိုချင်ဘူးလို့ ပြန်ပြောလိုက်တယ်။ “ထောင်ထဲမှာ အေးအေးပဲနေချင်တယ်၊ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးချင်ဘူး၊ ကိုယ့်ကိုလည်း ဒုက္ခမပေးတဲ့ နေရာမျိုးမှာပဲနေမယ်” လို့ ပြတ်ပြတ်သားသား ပြောတယ်။ ဒါကြောင့် စိုးမြတ်ကြီးက ကျော်သူ့ကို (၁) ဆောင်မှာပဲ ထားလိုက်တော့တယ်။ ပြီးတော့ အသက်ကယ်ခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ “ကျွန်တော် ရှိနေသမျှ ကိုကျော်သူကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး” လို့ အာမခံလိုက်တယ်။ ကျော်သူကလည်း အနေအထိုင်အပြောအဆို အရမ်းစည်းကမ်းရှိတယ်။ စကားလည်း သိပ်မပြောဘူး။ လူတွေကိုလည်း သိပ်မပေါင်းဘူး။ စိုးမြတ်ကြီးနဲ့ ပတ်သက်လို့ဆိုပြီး အခွင့်အရေးလည်း မယူဘူး။ အထူးသဖြင့် စိုးမြတ်ကြီးရဲ့ “ခွင်”တွေကို စည်းမကျော်ဘူး။ နိုင်ငံရေးသမားတွေရော ထောင်ထဲက “ဇိုး”တွေရော ကျော်သူ့ကို လေးစားရတဲ့အချက်က ကျော်သူဟာ ထောင်ထဲမှာ မူးယစ်ဆေး လုံးဝမသုံးဘူး။ ပြီးတော့ လူဆိုးတွေကြားမှာ ခေတ်စားတဲ့ လိင်တူဆက်ဆံရေးကိုလည်း ရှောင်ရှားတယ်။ ဒီလိုနဲ့ ကျော်သူ့ကို ထောင်သမ္ဘာတွေကအစ လေးစားခန့်ညားလာရတယ်။ စိုးမြတ်ကြီးကလည်း သူ့ရဲ့အသက်သခင် ကျေးဇူးရှင်မို့ ကျော်သူ့ကို တော်တော်ဂရုစိုက်ပါတယ်။
အားလုံးက ပွဲကြီးပွဲကောင်းတွေ့ပြီလို့ ထင်မှတ်ထားတဲ့အချိန်မှာ စိုးမြတ်ကြီးနဲ့ ကျော်သူက ပေါင်းစည်းသွားတော့ စိုးမြတ်ကြီးကို ဖြိုချင်တဲ့သူတွေ စိတ်ဓာတ်ကျကုန်တယ်။ စိုးမြတ်ကြီးရဲ့ Figure ကို ယှဉ်နိုင်မယ့်လူကို ရှာမတွေ့တော့ စိုးမြတ်ကြီးကို ထောင်အာဏာပိုင်တွေနဲ့ လှည့်တိုက်တယ်။ ၅(ည)တွေနဲ့ လှည့်တိုက်တယ်။ စိုးမြတ်ကြီးနဲ့ ၅(ည)တွေနဲ့ ပထမဆုံး တည်တာကတော့ (၁)ဆောင်မှာပါပဲ။ ဒါပေမဲ့ စိုးမြတ်ကြီးရဲ့ ပါးနပ်မှုကြောင့် ပြဿနာကို ရှောင်လွှဲနိုင်ခဲ့တယ်။ ဖြစ်ပုံက တစ်ညနေ (၁)ဆောင်ရဲ့ အောက်ထပ် ရေကန်ဘောင်ပေါ်မှာ ၅(ည)ဖြစ်တဲ့ တိုက်ကြီးသက်ဦးက ထိုင်နေတယ်။ အဆောင်ပိတ်ချိန်နီးတဲ့အတွက် (၁)ဆောင်ရဲ့ စည်းကမ်းထိန်းမြင့်မောင်က အဆောင်အပြင်က လူတွေကို အထဲဝင်ဖို့ အမိန့်လိုက်ပေးနေတယ်။ အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းမှာ မြင့်မောင်က အကျဉ်းသားနှစ်ယောက်ကို အဆောင်ထဲ မဝင်လို့ဆိုပြီး ပါးရိုက်လိုက်တယ်။ ကိုသက်ဦး လှမ်းကြည့်လိုက်တော့ အရိုက်ခံရတဲ့ သူနှစ်ယောက်က ၅(ည)တွေဖြစ်တဲ့ ဇော်သိန်းနဲ့ မြတ်သစ် ဖြစ်နေတယ်။ အမှန်က သူတို့နှစ်ယောက်က သေးပေါက်ဖို့သွားတာ။ ကိုသက်ဦးလည်း မွှန်ထူသွားပြီး ရေကန်ပေါင်ပေါ်မှာ တင်ထားတဲ့ သတ္တုပန်းကန်ပြား ငါးချပ်ဆင့်ပြီး စည်းကမ်းထိန်းမြင့်မောင်ကို ဝင်ရိုက်တယ်။ မြင့်မောင် အရိုက်ခံရတော့ သူ့လူတွေကလည်း လက်တုံ့ပြန်ဖို့ ဝိုင်းလာတယ်။ (၁)ဆောင်မှာ နိုင်ငံရေးသမားကလည်း ၅၀ လောက်ရှိတော့ ကိုသက်ဦးကို ကူဖို့ ၅(ည)တွေ ထွက်လာကြတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ တာဝန်ကျနေတဲ့ ထောင်ဝါဒါ တပ်ကြပ်မျိုးဝင်း ရောက်လာပြီး အားလုံးကို ပုံစံထိုင်ခိုင်းတယ်။ မြင့်မောင်မျက်နှာကတော့ ဖူးရောင်နေပြီ။ အခြေအနေက ပေါက်ကွဲလုနီးပါးပဲ။ ဒါပေမဲ့ စိုးမြတ်ကြီးက ပါးနပ်တယ်။ ၅(ည)တွေ စိတ်ပြေအောင် မြင့်မောင်ကိုပဲ ကျောကုန်းကို နှစ်ချက်သုံးချက်ရိုက်၊ ခြေထောက်နဲ့ကန် လုပ်လိုက်တယ်။ ဒီတော့ ၅(ည)တွေလည်း ကျေနပ်သွားပြီး ဘာပြဿနာမှ မဖြစ်တော့ဘူး။
ဒါပေမဲ့ နောက်တစ်ကြိမ် မထင်မှတ်ဘဲ (၃)ဆောင်မှာ ၅ (ည)တွေနဲ့ စိုးမြတ်ကြီးနဲ့ ပြဿနာ စတက်တော့ “မာလာတင်ဝင်း”ကြောင့်လို့ အားလုံးက ကောက်ချက်ဆွဲတယ်။ နောင်ရိုးတင်ဝင်း (ခ) မာလာတင်ဝင်းဆိုတာ ဆေးရုံကြီး ဗုံးဖောက်မှုနဲ့ အဖမ်းခံရပြီး ကြိုးကျသွားတဲ့ ပြည်ပြေးညွန့်တင်နဲ့လည်း အမှုတွဲ။ ဦးရဲထွန်းနဲ့လည်း ပတ်သက်နေတယ်။ (၃) ဆောင်မှာရှိတဲ့ ၅(ည)တွေထဲမှာ အခြေခံပညာကျောင်းသားသမဂ္ဂ (အကသ)က ကလေးတွေရှိတယ်။ နောက်တော့ မာလာတင်ဝင်းနဲ့ ကလေးတွေဖြစ်တဲ့ တင့်လွင်၊ ဂျင်ဘရောင်းတို့နဲ့ အဆင်မပြေကြတော့ဘူး။ ဒါကြောင့် မာလာတင်ဝင်းက စိုးမြတ်ကြီးကို မြှောက်ပေးတယ်။ အဲဒီအခြေအနေမှာ (၃) ဆောင်မှာရှိတဲ့ ၅(ည)တွေနဲ့ စိုးမြတ်ကြီး ပြဿနာတက်တော့တာပဲ။ အခြေအနေအားလုံးကို ထောင်မှူး ဦးစိုးဦး သိသွားတော့ လူစုခွဲမှရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မဟုတ်ရင် လူသတ်ပွဲတွေ ဖြစ်လာတော့မှာ။ ဒါကြောင့် စိုးမြတ်ကြီးကို စစ်ခွေးတိုက်ပို့ပြီး (၃) ဆောင်က ၅(ည)ကြီးတွေဖြစ်တဲ့ ဇော်မျိုးအောင်၊ လှထွန်းတို့ကိုတော့ တခြားအဆောင်တွေ ခွဲပို့လိုက်တယ်။ စစ်ခွေးတိုက်က ပြစ်ဒဏ်စေ့တော့ စိုးမြတ်ကြီးကို (၄) ဆောင် ပို့လိုက်တယ်။ ဒီတစ်ခါတော့ စိုးမြတ်ကြီးက ၅(ည)တွေနဲ့ ပြဿနာဖြစ်တာ သူ့အတွက် အကျိုးမများကြောင်း သိသွားပြီး လေးလေးစားစား ချစ်ချစ်ခင်ခင် နေထိုင်တယ်။
စိုးမြတ်ကြီးရဲ့ လူရည်လည်မှုကြောင့် ၅(ည)တွေနဲ့ ထိပ်တိုက်ပြဿနာတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် အုပ်စုတွင်းပြဿနာတွေကတော့ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ ရှေ့ပိုင်းမှာရေးခဲ့တဲ့ မြဂေါင်နဲ့ ငရှဉ့် ပြဿနာကလည်း အုပ်စုတွင်းအားပြိုင်မှုပါပဲ။ ထောင်ထဲမှာ တရားမဝင် ကိစ္စတွေနဲ့ ငွေကြေး အဆမတန်ရနေတာက လူမိုက်တွေအတွက် ပြဿနာပါပဲ။ နိုင်ငံရေးသမားတွေကလည်း ထောင်တွင်း တောင်းဆိုမှုတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ တစ်စထက်တစ်စ တိုးပြီးလုပ်လာတယ်။ နောက်ဆုံး ထောင်အာဏာပိုင်တွေက ထိန်းသိမ်းလို့မရတဲ့အခြေအနေ ဖြစ်လာတယ်။ အရေးပေါ် အစည်းအဝေးခေါ်ပြီး ထောင်မှာ ထိန်းသိမ်းလို့မရတဲ့ နိုင်ငံရေးသမား ၅(ည)တွေကို သာယာဝတီထောင်၊ သရက်ထောင်၊ မြင်းခြံထောင်၊ တောင်ငူထောင်နဲ့ မော်လမြိုင်ထောင်တွေကို လူ ၁၀၀ စီ ခွဲပို့ဖို့ စီစဉ်လိုက်တယ်။ ဒီ ၁၀၀ ထဲမှာ ထောင်ထဲက ဆိုးတဲ့မိုက်တဲ့ “ဇ” တွေကိုလည်း လေးငါးယောက်စီ ညှပ်ထည့်ဖို့ စီစဉ်လိုက်တယ်။ ထောင်ပြောင်းတဲ့ အစီအစဉ်ကို ည ၂ နာရီမှာ လူတွေကိုနှိုးပြီး မီးရထားနဲ့ တိတ်တဆိတ် ပြောင်းရွှေ့လိုက်တာပါ။ သရက်ထောင်ကို နိုင်ငံရေးသမားတွေထဲက ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ အောင်ဒင်၊ ဝင်းနိုင်ဦးတို့ အပါအဝင် စိုးမြတ်ကြီးလည်း ပါသွားတယ်။ အဲဒီအချိန်ကစပြီး အင်းစိန်ထောင်ရဲ့ အာဏာချိန်ခွင်လျှာဟာ အပြောင်းအလဲဖြစ်သွားပါတယ်။
စိုးမြတ်ကြီး မရှိတဲ့နောက်မှာတော့ ထောင်ထဲမှာ အေးအေးဆေးဆေး နေထိုင်နေတဲ့ ကျော်သူ (ခ) မြွေဖြူလေးအတွက် စိန်ခေါ်မှုတွေကတော့ စတင်လာပြီဖြစ်ပါတယ်။ ထောင်ပြောင်းတဲ့ထဲမှာ ပါမသွားတဲ့ လူဆိုးတွေက ကျော်သူ့ကို စိုးမြတ်ကြီးရဲ့ ဆဲလ်တစ်ခု အဖြစ်ရှုမြင်ထားတယ်။ ဒါကြောင့် စိုးမြတ်ကြီးမရှိတဲ့ နောက်မှာ သူ့ရဲ့အစွယ်အပွားတွေကို ရှင်းပစ်ဖို့ လုပ်ကြတယ်။ သူတို့ရှင်းပစ်မယ့် စာရင်းထဲမှာ ကျော်သူလည်းပါနေတယ်။ ကျော်သူ့ကိုရှင်းဖို့ အဓိက လုပ်တဲ့သူတွေကတော့ မအူကုန်းမူဆာနဲ့ အရိုးကုန်းစိန်ကုလားတို့ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
http://www.tomorrow.com.mm/?q=articles/3405
ဖိုးသူတော် (www.phothutaw.com)
Credit:ဇော်သက်ထွေး
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။