Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 4, 2017

ကြည့်စားမှပေါ့….။


မြန်မာ့သတင်းထူးသတင်းဦးများ added 2 new photos.

ကြည့်စားမှပေါ့….။
🤡🤠😎😱🙄😳🤐😵😨🙁😩😑😲
လောကမှာ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ယူတတ်တာ ဓမ္မတာဘဲလေ။ အဲသလို အင်အားကြီးသူကို ကြောက်ရလို့လဲ တချို့က ကိုယ့်ချမ်းသာရရေး အဆင်ပြေရေးအတွက် ဘေးကင်းအောင် ပူဇော်ပ,သကြရ၊ လာဘ်ထိုးကြရ တာပေါ့ဗျာ။
အဲ….. အင်အားကြီးသူတွေကလည်း မိမိက နေရာတကာ အနိုင်ယူလာ တာများတော့ "ငါ့ကိုယ် ဘယ်သူမှ တော်လှန် နိုင်မှာ မဟုတ်ပါဘူးကွာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာတတ်ပါတယ်။ အဲဒီ အထင်ကြီးမှု ဟာ သူ့ကို ကောင်းကောင်းကြီး ဒုက္ခပေးတော့တာပါဘဲဗျ။

မကြာသေးခင်က တောင်အာဖရိကနိုင်ငံမှာ စပါးကြီးမြွေက ဖြူကောင်ကို မျိုတဲ့သတင်းလေးတစ်ပုဒ် ဖတ်ရသဗျ။ တောင် အာဖရိက စပါးကြီးမြွေ ဟာ ကမ္ဘာမှာ အကြီးဆုံးလို့တောင် ပြောပါတယ်။ နောက်ပြီး တောင် အာဖရိက ဖြူကောင်ကလည်း ဆိုဒ်က ဝက်ပေါက်လောက်ရှိပါတယ်။ ဖြူထဲမှာတော့ ကမ္ဘာမှာ အကြီးဆုံးပါဘဲ တဲ့။
တနေ့ တောထဲမှာ စပါးကြီးမြွေက ဖြူကိုတွေ့တော့ ပတ်ပြီး မျိုပါတယ်။ သူပတ်တဲ့အချိန်မှာ ဖြူကောင်ရဲ့ ဆူးတောင်တွေက နောက်ကို လဲနေ တော့ မျိုတဲ့အခါမှာ ဗိုက်ထဲကို ချောချောမောမော ဝင်သွားတာပေါ့ဗျာ။ အတော်လေး ကြာတော့ အစာချေဖို့ လှုပ်ရှားတဲ့အခါမှာ ဆူးတောင်တွေက သူ့ဗိုက်ကိုစူးပြီး မအီမသာ ဖြစ်လာပါတယ်။ ဒီတော့ သူမျိုထားတဲ့ ဖြူကောင်ကို ပြန်အန်ထုတ်ဖို့ ကြိုးစားပါတယ်။ သာမန်အကောင်ဆိုရင် တခဏခြင်းမှာ ပြန်အန်လို့ ရပါတယ်။ ဒါပေမဲ့ ဖြူကောင်ကို ပြန်အန်တဲ့ အခါမှာတော့ အန်ဖို့ ကြိုးစားလေ, ဆူးတောင် တွေက နောက်လှန်ဖြစ်နေလို့ သူ့ဗိုက်နံရံတွေကို ပိုစူးလေ။ ပိုညှစ်ထုတ်လေ, သူ့အသားထဲ ပိုဝင်လေနဲ့ နောက်ဆုံးတော့ သူ့ဗိုက်တွေ ပေါက်ပြီး သေဆုံး သွားပါသတဲ့။ နေရာတကာ အင်အားနဲ့ အနိုင်ယူလာခဲ့တဲ့ စပါးကြီးမြွေ အခုတော့ မျိုမရ ထွေးမရဖြစ်ပြီး သေရရှာတယ်လေ…။
နောက်ထပ် အဲသလိုမျိုး ခပ်ဆန်ဆန် ဇာတ်လမ်းရှိခဲ့ဖူးသဗျ။ ဘုရား လက်ထက်က ကောသလမင်းကြီးပေါ့ဗျာ။ ဘုရင်ဆိုတော့ အင်အားကြီးသလောက် ရက်စက်ပုံလဲ ပေါက်ပါတယ်။ ဘုရားပွင့်တော့ မင်းသူဌေး သူကြွယ်တွေက ဗုဒ္ဓဘာသာ ပြောင်းကိုးကွယ်တော့ တိတ္ထိတွေဘက်က လာဘ်လာဘတွေ ဆုတ်ကုန်တာပေါ့ဗျာ။ ဒီတော့ သူတို့က "ဂေါတမ ဒိလောက် ဘုန်းကြီးတာ ဘူမိနက်သန် မှန်လို့နေမယ်။ ဒီတော့ ဒို့လည်း သူ့ကျောင်းနား သွားပြီး ကျောင်းဆောက်မယ်" ဆိုပြီး ကြံကြပါသတဲ့ဗျ။
ဒါကြောင့် ဆောက်ခွင့်ရအောင် ငွေတစ်သိန်း ဘုရင်ကြီးကို သွားပြီး လာဘ်ထိုး သတဲ့။ ချက်ချင်း ဆောက်ခွင့်ပါမစ်က ကျတာပေါ့ဗျာ။ ရ,ရချင်း ကျောင်းဘေးမှာ ဆူဆူညံညံနဲ့ ကျောင်းဆောက်ကြတော့ ဘုရားက အသံကြားလို့ အာနန္ဒာကို မေးတယ်။ အာနန္ဒာက တိတ္ထိတွေ ကျောင်းဆောက် နေကြောင်း ပြန်ဖြေတယ်။ ဒါဟာ နောက်ပိုင်းမှာ သာသနာတော်ရဲ့ အန္တရာယ်လည်း ဖြစ်နိုင်တယ်။ နောက်ပီး ဘာသာ တစ်ခုနဲ့တစ်ခု ရှုပ်ထွေးမှုတွေလည်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဘုရင်ကြီးကို ဆောက်လုပ်ခွင့်မပေးဖို့ ရှင်အာနန္ဒာ နန်းတော်ကို သွားပြောခိုင်းလိုက်ပါတယ်။
အာနန္ဒာက နန်းတော်သွားတော့ ဘုရင်က လာဘ်ယူထားပြီးပြီဆိုတော့ ထွက်မတွေ့တော့ဘူး။ ဒါနဲ့ ကျောင်းပြန်လာတယ်။ ဘုရင်က အတွေ့ မခံကြောင်း ဘုရားလျှောက်တော့ ရှင်သာရိပုတြာနဲ့ ရှင်မောဂ္ဂလာန် တပည့်ကြီး နှစ်ပါးကို ထပ်လွှတ်တယ်။ ဒါလဲ ထွက်မတွေ့ဘူး။ နောက်တော့ ဘုရား ကိုယ်တိုင် ကြွသွားတော့ ဘုရင်က မနေရဲလို့ ထွက်တွေ့လာတယ်။ ဘုရားက ဘာသာ တစ်ခုနဲ့တစ်ခု ရန်တိုက်ပေးရင်၊ ရဟန်းတွေ အချင်းချင်း ရန်တိုက်ပေး ရင် တိုင်းပြည် ပျက်စီးတတ်ကြောင်းကို ရှေးဇာတ်လမ်းတစ်ပုဒ် ထုတ်ဟော လိုက်တော့မှ သူလဲ ထိတ်လန့်တုန်လှုပ်သွားတယ်။ ဒီတော့ သူလာဘ်စား ထားတဲ့ ကိစ္စက မျိုမရ၊ ထွေးမရ ဖြစ်နေတာပေါ့။ နောက်ဆုံးမှ ဆောက်လုပ်ခွင့်ပါမစ်ကို ပြန်ယုတ်သိမ်းလိုက်သဗျ။
အဲ ဒါပေမဲ့လဲ….။ အခုလို ဘုရားကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့အပြစ်ကြောင့် နောက်ဆုံး အသက်ရှစ်ဆယ် အိုကြီးချက်မ အရွယ်ရောက်မှ သူ့ရဲ့ စစ်သူကြီးက အာဏာသိမ်းတာကို ခံလိုက်ရပါတယ်။ အကူအညီရဖို့ သူ့တူ အဇာတသတ် မင်းဆီ ထွက်ပြေးပြန်တော့လဲ အချိန်နောက်ကျပြီး မြို့ဝင်ဂိတ်တံခါး ပိတ်သွားလို့ မြို့ပြင်ဘက် ဇရပ်ပေါ်မှာ ညအိပ်ရင်း နတ်ရွာစံသွား ရလေသဗျ။
အင်း….. သူလဲ တစ်သိန်းတန် အထုပ်ကြီးကို သွားမျိုမိလို့ ထီးနန်းလဲ အလုခံရပြီး၊ နောက်ဆုံး မြို့ပြင်မှာ သူတောင်းစားလို သေခါ ဘဝနိဂုံး ချုပ်သွားရ သဗျ။
အထက်က ဖြူကောင်မျိုမိလို့ သေသွားရတဲ့ စပါးကြီးမြွေနဲ့ သူ့ဘဝ သိပ်မထူးလှပါဘူးဗျာ။
အော်....အစား အစား.....။
ကြည့်စားကြ။
အဲဒါမျိုးက လျက်ဆားလျက်လို့ မရဘူး....။
အရှင်သြသဓ
#အထွေထွေဗဟုသုတ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။