'' မပြီးသေးခင် မြန်မာ မမြင်စေနဲ့ ''
-------------------------- -------------
အစိုးရ က တစ်နှစ်အတွင်း မှာ ချောင်းဆုံကို ဘာလုပ်ပေးနိုင်လို့ လဲတဲ့ ။
စုတ်တီးစုတ်ပြတ် အတွေးအခေါ်တွေကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။
ကြားဖြတ် မှာ မဲဆန္ဒနယ်မြေ အားလုံး နိုင်သွားတဲ့ နေရာတွေကို လည်း သွားကြည့်ပါဦး အစိုးရ က ထိထိရောက်ရောက် ဘာမှ မလုပ် ပေးထားနိုင်သေးပါဘူး။
ဒါပေမဲ့ ပြည်သူတွေက အမှန်တရား ကို သိတယ်။
အစိုးရ ရဲ့ လုပ်ငန်းပိုင်းတွေ နဲ့ ပက်သက်ပြီး လုပ်ထုံးလုပ်နည်း အတွေ့အကြုံမရှိတဲ့ အရပ်သား အစိုးရ ကို ကျုပ်တို့တင်ထားတာ။
အဲ့ဒီအတွက် ကျုပ်တို့ အချိန်ပေးရလိမ့်မယ်။ အခုလက်ရှိ NLD အစိုးရက အရှေ့က ဦးသိန်းစိန် အစိုးရ ရဲ့ ရှုတ်ထားသမျှ ကို လိုက်ရှင်းနေရတုန်း ရှိသေးတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဖို့ ချက်ချင်းမဖြစ်နိုင်ဘူး။
ဦးသိန်းစိန် အစိုးရ ဆင်းခါနီး မြန်မာပြည်မှာ ရှိသမျှ စီမံကိန်းတွေကို နှစ်ရှည်စာချုပ် နဲ့ ရောင်းစားတာတွေ ငှားရမ်းတာတွေ လုပ်သွားတယ်။
ခင်ဗျားတို့ အစိုးရ အဖွဲ့နဲ့ ရင်းနှီးရင် မေးကြည့် ဘတ်ဂျက် ဘယ်လောက်ထားခဲ့လဲလို့။ အခုချိန်ထိ ဦးသိန်းစိန် အစိုးရ ထားခဲ့တဲ့ အကြွေးတွေ ကိုဆပ်ပေးနေရတုန်းပဲ။
တစ်ဖက်မှာ နှစ်ပေါင်း ခြောက်ဆယ် ကျော်ကြာ မြင့်နေတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ၂၀၀၈ ခြေ/ဥ ကို ပြင်မဲ့ အမျိုးသားပြန်လည် ရင်ကြာစေ့ရေးဆိုတာ ဒီနေ့လုပ် ဒီနေ့ပြီးတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတာအကုန်သိတယ်။
ဒါတွေ အားလုံးက ပြည်သူကို တစ်နှစ်အတွင်း ဘာမှ မလုပ်ပေးနိုင်လို့ အကြောင်းပြချက်တွေ မဟုတ်ဘူး။ အစိုးရ ရဲ့ လက်ရှိ ကြုံနေရတဲ့ အခက်အခဲ တွေဖြစ်တယ်။
အဲ့ဒီအရာတွေ အားလုံးက တစ်နှစ်အတွင်း ပြီးအောင်လုပ်လို့ ရကြေး ဆို အာဏာရပြီး ငါးနှစ်အုပ်ချုပ်သွားတဲ့ ပြည်ခိုင်ဖြိုးအစိုးရ ဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နဲ့ ရှုံးစရာအကြောင်း မရှိသလို နှစ်ပေါင်း ငါးဆယ်ကျော်ကြားအုပ်ချုပ်ခဲ့ တဲ့ စစ်အစိုးရ ဟာလည်း ဒီအချိန်မှာ တံထွေးကွက်ထဲ ပက်လက်မျောစရာ ဘာအကြောင်းမှ မရှိဘူး။
စဉ်းစားကြည့်ဦး။
တစ်နှစ်အတွင်း ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရုန်းကန်နေရတဲ့ အစိုးရ ကို ဝေဖန်နေမဲ့အစား မွေးလာကတည်းက အခုထိ ငါရော တိုင်းပြည် အတွက် ဘာတွေလုပ်ပေးပြီး သွားပြီလဲဆိုတာ နှာဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါဦး။
----------
မင်းရသ
--------------------------
အစိုးရ က တစ်နှစ်အတွင်း မှာ ချောင်းဆုံကို ဘာလုပ်ပေးနိုင်လို့ လဲတဲ့ ။
စုတ်တီးစုတ်ပြတ် အတွေးအခေါ်တွေကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။
ကြားဖြတ် မှာ မဲဆန္ဒနယ်မြေ အားလုံး နိုင်သွားတဲ့ နေရာတွေကို လည်း သွားကြည့်ပါဦး အစိုးရ က ထိထိရောက်ရောက် ဘာမှ မလုပ် ပေးထားနိုင်သေးပါဘူး။
ဒါပေမဲ့ ပြည်သူတွေက အမှန်တရား ကို သိတယ်။
အစိုးရ ရဲ့ လုပ်ငန်းပိုင်းတွေ နဲ့ ပက်သက်ပြီး လုပ်ထုံးလုပ်နည်း အတွေ့အကြုံမရှိတဲ့ အရပ်သား အစိုးရ ကို ကျုပ်တို့တင်ထားတာ။
အဲ့ဒီအတွက် ကျုပ်တို့ အချိန်ပေးရလိမ့်မယ်။ အခုလက်ရှိ NLD အစိုးရက အရှေ့က ဦးသိန်းစိန် အစိုးရ ရဲ့ ရှုတ်ထားသမျှ ကို လိုက်ရှင်းနေရတုန်း ရှိသေးတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်
ဦးသိန်းစိန် အစိုးရ ဆင်းခါနီး မြန်မာပြည်မှာ ရှိသမျှ စီမံကိန်းတွေကို နှစ်ရှည်စာချုပ် နဲ့ ရောင်းစားတာတွေ ငှားရမ်းတာတွေ လုပ်သွားတယ်။
ခင်ဗျားတို့ အစိုးရ အဖွဲ့နဲ့ ရင်းနှီးရင် မေးကြည့် ဘတ်ဂျက် ဘယ်လောက်ထားခဲ့လဲလို့။ အခုချိန်ထိ ဦးသိန်းစိန် အစိုးရ ထားခဲ့တဲ့ အကြွေးတွေ ကိုဆပ်ပေးနေရတုန်းပဲ။
တစ်ဖက်မှာ နှစ်ပေါင်း ခြောက်ဆယ် ကျော်ကြာ မြင့်နေတဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ၂၀၀၈ ခြေ/ဥ ကို ပြင်မဲ့ အမျိုးသားပြန်လည် ရင်ကြာစေ့ရေးဆိုတာ ဒီနေ့လုပ် ဒီနေ့ပြီးတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတာအကုန်သိတယ်။
ဒါတွေ အားလုံးက ပြည်သူကို တစ်နှစ်အတွင်း ဘာမှ မလုပ်ပေးနိုင်လို့ အကြောင်းပြချက်တွေ မဟုတ်ဘူး။ အစိုးရ ရဲ့ လက်ရှိ ကြုံနေရတဲ့ အခက်အခဲ တွေဖြစ်တယ်။
အဲ့ဒီအရာတွေ အားလုံးက တစ်နှစ်အတွင်း ပြီးအောင်လုပ်လို့ ရကြေး ဆို အာဏာရပြီး ငါးနှစ်အုပ်ချုပ်သွားတဲ့ ပြည်ခိုင်ဖြိုးအစိုးရ ဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နဲ့ ရှုံးစရာအကြောင်း မရှိသလို နှစ်ပေါင်း ငါးဆယ်ကျော်ကြားအုပ်ချုပ်ခဲ
စဉ်းစားကြည့်ဦး။
တစ်နှစ်အတွင်း ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရုန်းကန်နေရတဲ့ အစိုးရ ကို ဝေဖန်နေမဲ့အစား မွေးလာကတည်းက အခုထိ ငါရော တိုင်းပြည် အတွက် ဘာတွေလုပ်ပေးပြီး သွားပြီလဲဆိုတာ နှာဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါဦး။
----------
မင်းရသ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။