Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 19, 2017

တောင်ကိုရီးယား နိုင်ငံပညာရေးအကြောင်း တစေ့တစောင်း


တောင်ကိုရီးယားနိုင်ငံတွင် မိဘများသည် မိမိတို့ဝင်ငွေ၏ ၇ ရာခိုင်နှုန်းကို ပညာရေးအတွက် အသုံးပြုပေးလျက်ရှိကြောင်း Korea Herald သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် မိဘများသည် မိမိတို့ဝင်ငွေ၏ ၇ ရာခိုင်နှုန်းကို ပညာရေးအတွက် အသုံးပြုပေးလျက်ရှိကြောင်း Korea Herald သတင်းတွင် ဖော်ပြထားသည်။ အာရှတွင် စတုတ္ထ စီးပွားရေးအင်အား အကောင်းဆုံး ဖြစ်လာသည့် နိုင်ငံတစ်နိုင်ငံအနေနှင့် ပညာရေးအပေါ် စိတ်ဝင်စားမှု မြင့်မားလာခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုပါသည်။

တောင်ကိုရီးယားနိုင်ငံ မိသားစုတစ်စု၏ တစ်လ၀င်ငွေသည် ၀မ် ၄ ဒသမ ၆၈ သန်း (ဒေါ်လာ ၄၀၀၀) ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သားသမီးများ ပညာရေးအတွက် ၀မ် သုံးသိန်းကျော်ကျော် အသုံးပြုပေးနေကြသည်ဟု ဆိုရမည်။ ယင်းစာရင်းဇယားများကို တောင်ကိုရီးယားနိုင်ငံ စတုတ္ထအကြီးဆုံး ဘဏ်ကြီးတစ်ခုဖြစ်သည့် Shinhan ဘဏ်က ပြုစုထားခြင်း ဖြစ်သည်။ သူတို့ဘဏ်ဝန်ထမ်း အသက် ၂၀ မှ ၆၄ နှစ်ကြား ဦးရေ ၁၀၀၀၀ ကို ဆန်းစစ်ပြီး နောက် ပျမ်းမျှ ပညာရေးအတွက် ၇ ရာခိုင်နှုန်း အသုံးပြုပေးကြောင်း အဖြေထုတ်ထားခြင်း ဖြစ်သည်။
အသက် ၄၀ ၀န်းကျင် မိသားစုများသည် ပညာရေးအတွက် ပိုပြီး အသုံးပြုပေးသည်။ သူတို့ဝင်ငွေ၏ ၁၂ ရာခိုင်နှုန်းအထိပင် သုံးပေးနေကြောင်း တွေ့ရသည်။ တောင်ကိုရီးယား နိုင်ငံသည် အာရှတွင် အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ရန် အားထုတ်နေသည်။ သမ္မတ အိုဘားမားလက်ထက်ကလည်း တောင်ကိုရီးယားနိုင်ငံ ပညာရေးကို စောင့်ကြည့်ထားရန် လမ်းညွှန်ထားဖူးသည်။ သို့သော် တောင်ကိုရီးယား ပညာရေးက စာကို အလွတ်ကျက်မှတ်ပြီး အမှတ်ရအောင် ယူသည့်နည်းတွေသာ လွှမ်းမိုးနေသေးသည်။ တောင်ကိုရီးယားနိုင်ငံတွင် Critical Thinking သဘောတရားမျိုးဖြစ်အောင် သင်ကြားနိုင်ခြင်းမရှိဘဲ မှတ်ဉာဏ်ဖြင့် တော်နေခြင်းဖြစ်ကြောင်း ဝေဖန်သံတွေ ညံနေသေးသည်။
တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံသား သဘောတရားဆိုင်ရာ Citizenship Education အားနည်းနေကြောင်း ဂျပန်သတင်းသမားများ၏ ထောက်ပြဝေဖန်မှုကိုလည်း The Korea Times သတင်းတွင် ဖော်ပြထားသည်။ ဂျပန် သတင်းထောက် မူကောင်ရှင်းက Yahoo Japan ကို ပြောကြားရာတွင် ကိုရီးယားနိုင်ငံမှ ကျောင်းသား ကျောင်းသူများသည် နိုင်ငံသားဆိုင်ရာ အခြေခံ သဘောတရားများ သင်ကြားမှု အားနည်းခြင်းကြောင့် မျိုးချစ်စိတ်နှင့် ပြည်သူပြည်သားတို့အပေါ် ချစ်ခင်မြတ်နိုး အလေးထားရမည့် စိတ်ဓာတ်များ အားနည်းလှကြောင်း ထောက်ပြဝေဖန်ထားသည်။ ကိုရီးယား – ဂျပန်ကပြား ယင်းသတင်းထောက်က တောင်ကိုရီးယားကျောင်းများတွင် နိုင်ငံသား သဘောတရားဆိုင်ရာ Citizenship ပညာရေးလိုအပ်နေသည် မှန်သော်လည်း ယခုတိုင် သင်ကြားပေးခြင်းမရှိဟု ဆိုသည်။ တောင်ကိုရီးယားနိုင်ငံ ကျောင်းသင်ခန်းစာများထဲတွင် လူမှုရေးဆိုင်ရာ သဘောတရားများ ထည့်သွင်းသင်ကြားမှုမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ဗြိတိန်၊ ပြင်သစ်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် တတိယတန်း အဆင့်လောက်သာ လူမှုရေး သဘောတရားများ သင်ကြားနေသည့် အဆင့်တွင်ရှိမည်။
နိုင်ငံသားဆိုင်ရာနှင့် နိုင်ငံချစ်စိတ်ဓာတ် စသည့် ပြည်သူ့နီတိ သဘောတရားများကို သင်ကြားမှု အားနည်းခြင်းက ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအပေါ် အဆိုးမြင်စိတ်များဖြင့် ရှုမြင်သုံးသပ်မှုများ ပိုများစေသည်။ တိုင်းပြည်နှင့် လူမျိုး၊ နိုင်ငံနှင့် ခေါင်းဆောင်များအပေါ် ရိုသေလေးစား တန်ဖိုးထားစိတ်များကို ပြည်သူ့နီတိဆိုင်ရာ သဘောတရားများ သင်ကြားပေးခြင်းဖြင့်သာ ပြုစုပျိုးထောင်နိုင်ကြောင်း ရှင်းက ဆိုသည်။
ရှင်းက တောင်ကိုရီးယားနိုင်ငံ အနေနှင့် ကမ္ဘာ့ပညာရေးအဆင့်တွင် တောင်ကိုရီးယားနိုင်ငံသည် ထိပ်တန်း ၁၀ နိုင်ငံမှ ပြုတ်သွားခဲ့ရခြင်းမှာ ပြည်သူ့နီတိဆိုင်ရာ အခြေခံ သဘောတရားများနှင့် နိုင်ငံသား ချစ်စိတ် သဘောတရားများ နည်းပါးခြင်းကြောင့်ဟု ထောက်ပြထားသည်။
E-01(Sources, The Korea Times, Korea Herald)
Credit: The Voice Myanmar
Share From Myanmar 24hr

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။