'မိအေး နှစ်ခါနာ'
-------------------
အိမ်အကူကောင်မလေး မိအေး တဲ့၊ တောကခေါ်လာတာ။
လူက အူတူတူ အတတ
အိမ်သာဗိုလ်ထိုင်ပေါ် ဆောင့်ကြောင့်တက်ထိုင်တာ ကြွေအိုးထဲ ခြေချော်ကျလို့ ခြေကျင်းဝတ်ကြီးရောင်နေတာ တပတ်လောက်ကြာတယ်။
'အင်းအင်း' ပါပြီးတော့လည်း ရေးမဆေးတတ်ဘူး၊ ရွံလို့တဲ့။
တကယ့်ပြောင်းပြန်။
တောမှာတုံးကလို တုတ်ခညောင်းနဲ့ ခြစ်ချရတာပဲ အားရသတဲ့။
အဲဒါလေ...
စားပြီးသား ဝါးတူတွေတွေ့ရင် သိမ်းထားပြီး၊ ရေဆေး ထက်ခြမ်းခွဲထားတယ်။
အလုံးလိုက်ကျတော့ ပြောင်ချောကြီးမို့လို့ သိပ်မပြောင်ဘူးတဲ့၊ နှစ်ချက် သုံးချက် ဆွဲနေရတာ အလုပ်ရှုပ်လို့ဆိုပဲ။
ထက်ခြမ်းခွဲလိုက်တော့မှ စောင်းထက်ထက်လေးနဲ့ ခြစ်ချ၊ တစ်ချက်ပဲတဲ့... ထွီ။
ဒါနဲ့...
တစ်ရက်တော့ တစ်ရှုးလိပ် ဝယ်လာပြီး ပေးလိုက်တယ်... ...
"ရော့... မိအေး"
"ဘာရီးလဲ အာ့ဟာက"
"တွိုင်းလက်ပေပါ (toilet paper) လို့ ခေါ်တယ်"
"ဘာလုပ်ရတာလဲ အဲ့ တွိုင်းလပ်ပီပါကြီးက"
"အိမ်သာထဲ သုံးဖို့လေ၊ နင် ဝါးတူတွေ ထက်ခြမ်းခွဲခွဲနေတာ မြင်ရတာ ငါ အော့နှလုံးနာလွန်းလို့"
ဒါတောင် မသုံးပါဘူး လုပ်နေလို့ မနည်း နားချရတယ်။
တောသူတောင်သားဆိုတော့ ဖြစ်သလိုနေတာ။
တရက်...
သူ့အိမ်သာထဲဝင်ကြည့်တာ ကြွေအိုးအတွင်းထဲတွေ ဂျိုးကပ်ပြီး ညစ်ပတ်နေရောပဲ။
ဒါနဲ့ ဈေးသွားရင်းကြုံလို့ အိမ်သာအိုးဆေးတဲ့ ပလပ်စတစ်ဘရပ်တစ်ခု ဝယ်လာပြီး သူ့ကိုခေါ်ပေးလိုက်တယ်...
"မိအေး... ရော့"
"အာ့ ဘာရီးလဲ"
"Toilet brush လေ အိမ်သာထဲ သုံးဖို့"
"ဘယ်လို သုံးရတာလဲ"
"ဒီလက်ကိုင်နေရာကကိုင် ညစ်ပတ်တဲ့နေရာကို ဒီအမျှင်လေးတွေနဲ့ပွတ် ကြားလား"
"ဟုတ်ကဲ့..."
... ဆိုပြီး ယူသွားတယ်။
ညနေ အလုပ်ကအပြန် အိမ်ရောက်တော့ မမိအေးက ဆီးပြောတယ်...
"ဟို တွိုင်းလပ်ဘလွတ် ဆိုတာကြီးက အဆင်မပြေပါဘူး"
" ဟင် ဘာလို့လဲ"
"နာတယ် တော့်"
"ဟဲ့ နင်ကဘယ်လို သုံးလို့လဲ"
"သိဘူးလေ... အင်းအင်းပါပြီး ဖင်ကို အဲ့ဒါနဲ့ကိုင်ပွတ်လိုက်တာ ခု ဖင်ပတ်ချာလည် အစင်းကြောင်းတွေထင်ကုန်ပြီး လူမြင်လို့ မကောင်းတော့ဘူး"
ကောင်းကြသေးရဲ့လား
အိမ်သာအိုးဆေးဖို့ ဝယ်ပေးတာ သူက ဖင်ဆေးသတဲ့။
.
.
(တင်ခဲ့ဖူးတဲ့ပို့စ်အဟောင်း ပါ)
.
.
သို၎ကန် - ပေါက်ကရ၄၀
-------------------
အိမ်အကူကောင်မလေး မိအေး တဲ့၊ တောကခေါ်လာတာ။
လူက အူတူတူ အတတ
အိမ်သာဗိုလ်ထိုင်ပေါ် ဆောင့်ကြောင့်တက်ထိုင်တာ ကြွေအိုးထဲ ခြေချော်ကျလို့ ခြေကျင်းဝတ်ကြီးရောင်နေတာ တပတ်လောက်ကြာတယ်။
'အင်းအင်း' ပါပြီးတော့လည်း ရေးမဆေးတတ်ဘူး၊ ရွံလို့တဲ့။
တကယ့်ပြောင်းပြန်။
တောမှာတုံးကလို တုတ်ခညောင်းနဲ့ ခြစ်ချရတာပဲ အားရသတဲ့။
အဲဒါလေ...
စားပြီးသား ဝါးတူတွေတွေ့ရင် သိမ်းထားပြီး၊ ရေဆေး ထက်ခြမ်းခွဲထားတယ်။
အလုံးလိုက်ကျတော့ ပြောင်ချောကြီးမို့လို့ သိပ်မပြောင်ဘူးတဲ့၊ နှစ်ချက် သုံးချက် ဆွဲနေရတာ အလုပ်ရှုပ်လို့ဆိုပဲ။
ထက်ခြမ်းခွဲလိုက်တော့မှ စောင်းထက်ထက်လေးနဲ့ ခြစ်ချ၊ တစ်ချက်ပဲတဲ့... ထွီ။
ဒါနဲ့...
တစ်ရက်တော့ တစ်ရှုးလိပ် ဝယ်လာပြီး ပေးလိုက်တယ်... ...
"ရော့... မိအေး"
"ဘာရီးလဲ အာ့ဟာက"
"တွိုင်းလက်ပေပါ (toilet paper) လို့ ခေါ်တယ်"
"ဘာလုပ်ရတာလဲ အဲ့ တွိုင်းလပ်ပီပါကြီးက"
"အိမ်သာထဲ သုံးဖို့လေ၊ နင် ဝါးတူတွေ ထက်ခြမ်းခွဲခွဲနေတာ မြင်ရတာ ငါ အော့နှလုံးနာလွန်းလို့"
ဒါတောင် မသုံးပါဘူး လုပ်နေလို့ မနည်း နားချရတယ်။
တောသူတောင်သားဆိုတော့ ဖြစ်သလိုနေတာ။
တရက်...
သူ့အိမ်သာထဲဝင်ကြည့်တာ ကြွေအိုးအတွင်းထဲတွေ ဂျိုးကပ်ပြီး ညစ်ပတ်နေရောပဲ။
ဒါနဲ့ ဈေးသွားရင်းကြုံလို့ အိမ်သာအိုးဆေးတဲ့ ပလပ်စတစ်ဘရပ်တစ်ခု ဝယ်လာပြီး သူ့ကိုခေါ်ပေးလိုက်တယ်...
"မိအေး... ရော့"
"အာ့ ဘာရီးလဲ"
"Toilet brush လေ အိမ်သာထဲ သုံးဖို့"
"ဘယ်လို သုံးရတာလဲ"
"ဒီလက်ကိုင်နေရာကကိုင် ညစ်ပတ်တဲ့နေရာကို ဒီအမျှင်လေးတွေနဲ့ပွတ် ကြားလား"
"ဟုတ်ကဲ့..."
... ဆိုပြီး ယူသွားတယ်။
ညနေ အလုပ်ကအပြန် အိမ်ရောက်တော့ မမိအေးက ဆီးပြောတယ်...
"ဟို တွိုင်းလပ်ဘလွတ် ဆိုတာကြီးက အဆင်မပြေပါဘူး"
" ဟင် ဘာလို့လဲ"
"နာတယ် တော့်"
"ဟဲ့ နင်ကဘယ်လို သုံးလို့လဲ"
"သိဘူးလေ... အင်းအင်းပါပြီး ဖင်ကို အဲ့ဒါနဲ့ကိုင်ပွတ်လိုက်တာ ခု ဖင်ပတ်ချာလည် အစင်းကြောင်းတွေထင်ကုန်ပြီး
ကောင်းကြသေးရဲ့လား
အိမ်သာအိုးဆေးဖို့ ဝယ်ပေးတာ သူက ဖင်ဆေးသတဲ့။
.
.
(တင်ခဲ့ဖူးတဲ့ပို့စ်အဟောင်း
.
.
သို၎ကန် - ပေါက်ကရ၄၀
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။