Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 21, 2017

စီမံခန့်​ခွဲမှုပညာနဲ့ ကျွန်​​တော်​နားလည်​ထား​သော CSR

စီမံခန့်​ခွဲမှုပညာနဲ့ ကျွန်​​တော်​နားလည်​ထား​သော CSR
--------------------------------------------------------

ပညာရှင်ကြီး John Elkington ရဲ့အဆိုအရ စီးပွားရေး လုပ်ငန်းတွေရဲ့ အောင်မြင်မှုကို တိုင်းတာနိုင်တဲ့ ရှုထောင့် (၃) မျိုးရှိပါတယ်။ အဲဒီ (၃) မျိုးကတော့ လူဆိုတဲ့ (People)၊ ကမ္ဘာဂြိုလ် ဆိုတဲ့(Planet)နဲ့ အမြတ်ငွေဆိုတဲ့ (Profit) တွေပဲဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေရဲ့ အောင်မြင်မှုဆိုတဲ့ နေရာမှာ ကာလတို (တပွဲစား) အောင်မြင်မှုကို ရှေးရှုခြင်းမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် ကောင်းမွန် တိုးတက်အောင်မြင်မှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ P (၃) လုံးလို့အလွယ်မှတ်လို့ရတဲ့ People, Planet, Profit တွေကို Triple Bottom Line (TBL or 3BL) လို့ခေါ်ကြပါသေးတယ်။ တကယ်တော့ Bottom Line ဆိုတဲ့ အသုံးအနှုန်းက
စာရင်းကိုင်ခြင်းပညာ Accounting ကလာခြင်းဖြစ်ပြီး လုပ်ငန်းတခုရဲ့ ၀င်ငွေရှင်းတမ်း
Income Statement ရဲ့အောက်ဆုံးမှာ ဖေါ်ပြပေါ်လွင်တဲ့ ရှုံးလား၊ မြတ်လားဆိုတာကို
ဆိုလိုခြင်းပဲဖြစ်ပါတယ်။

အပြိုင်အဆိုင်များပြီး လွတ်လပ်တဲ့ ယနေ့စီးပွားရေးစနစ်မှာ လုပ်ငန်းတွေအနေနဲ့
အမြတ်အစွန်း ငွေ (Profit) တခုရရှိဖို့ပဲ ကြည့်ပြီး ဘယ်သူသေသေ ငတေမာရင်
ပြီးတာပဲဆိုရင်တော့ တနပ်စားဥာဏ်နဲ့ လုပ်ကိုင်ခြင်းဖြစ်လို့ အဆိုပါလုပ်ငန်းမျိုးဟာ
ဈေးကွက်ထဲကနေ အလျှင်အမြန် ပျောက်ကွယ်သွားဖို့ အလားအလာများပါတယ်။
စီးပွားရေးလုပ်ကိုင်ခြင်းဟာ အကျိုးအမြတ်တခု ရချင်လို့ဆိုတာ မှန်ပေမဲ့ အခြားထည့်သွင်းစဉ်းစားရမယ့် People ဆိုတဲ့ လူ (၀န်ထမ်းတွေ) နဲ့ Planet ဆိုတဲ့ ကမ္ဘာဂြိုလ် (သဘာဝပတ်ဝန်းကျင်) အပေါ်မှာလဲ တာဝန်ယူဖို့လိုအပ်လာပါတယ်။

အဆိုပါ TBL အယူအဆအရ လုပ်ငန်းတခုရဲ့ တာဝန်ယူမှုဟာ လုပ်ငန်းပိုင်ရှင်တွေနဲ့ သာ ဆိုင်ခြင်းမဟုတ်တော့ဘဲ အဆိုပါလုပ်ငန်းနှင့် ပါဝင်လုပ်ဆောင်နေသူ အားလုံးနဲ့
သက်ဆိုင်ခြင်းပဲဖြစ်ပါတယ်။

People လူဆိုတဲ့နေရာမှာ လုပ်ငန်းအတွက် တာဝန်ထမ်းဆောင်ပေးနေကြတဲ့
ဝန်ထမ်းတွေ၊ လုပ်သားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ စာရေးသူတို့ တွေ့နေရတာက
လုပ်ငန်းတွေ အနေနဲ့ Coporate Social Responsibility (CSR) လို့ပြောလိုက်ရင် လှူမယ်၊ တန်းမယ် ဆိုတာလောက်ပဲ ပြေးမြင်နေကြတော့တာပါပဲ။ သွေးတွေ လှူတယ်၊
ကျောင်းဆောင်တွေလှူတယ်၊ ရေတွင်းတွေ၊ ရေကန်တွေ စုံနေအောင်တော့ လှူ ကြပါတယ်။ မိမိဝန်ထမ်းတွေ သက်သာချောင်ချိရေး၊ မိမိဝန်ထမ်းတွေ လူနေမှု ဘ၀ မြှင့်တင်ရေး၊ လုပ်ငန်းခွင် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသော
အလုပ်သမားရေးရာကိစ္စတွေမှာ မျှမျှတတဆောင်ရွက်ခြင်းတွေလိုအပ်ပါတယ်ဆိုတဲ့
အချက်ဟာလဲ CSR တခုလို့ ထည့်သွင်းမစဉ်းစားကြတာလွဲမှားတဲ့ တွေးခေါ်မှုတွေပဲ ဖြစ်ပါတယ်။ ၀န်ထမ်းတွေနေချင်စဖွယ် မရှိတဲ့ လုပ်ငန်းခွင်ဟာ ဘယ်လောက်ပဲ လှူလှူ အမည်ကောင်းတခု နဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ မလွယ်နိုင်ပါဘူး။

Planet ကမ္ဘာဂြိုလ်ဆိုတာ မိမိတို့လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်မှုတွေ မဖြစ်အောင်တာဝန်ယူခြင်းဖြစ်ပါတယ်။ ထခါတလေ မှာရှိတတ်တာက
မိမိလုပ်ငန်းက ထုတ်တဲ့ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်အရည်နဲ့ အငွေ့တွေဟာ
မိမိတို့ သဘာဝပတ်ဝန်းကျင်တွေကို ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာ
မရှိဘဲနေသာသလိုနေတတ်ကြပါတယ်။ တကယ်တော့ မိမိကြောင့်ဆိုတဲ့ တာဝန်ယူမှု
မရှိဘဲနဲ့တော့ CSR လို့အော်နေလဲ အလကားပဲ ဖြစ်နေမှာပါ။

Profit အမြတ်ဆိုတာ စာရင်းသဘောအရ လုပ်ငန်းကြီးတခုလုံးရဲ့ အသားတင် ငွေကြေး အရှုံး၊ အမြတ်ကိုဆိုလဲခြင်းဖြစ်ပါတယ်။ CSR လို့ကြွေးကြာ်ပြီး
P (၃) လုံးကို အလေးထားတယ်ဆိုရင် အမြတ် Profit ဆိုတာ ငွေကြေးအမြတ်တခု
သာမဟုတ်ဘဲ လုပ်ငန်းဟာ ၀န်ထမ်းတွေအပေါ်မှာလဲ လူမှုတာဝန်ကျေပွန်တယ်လို့
ဝန်ထမ်းတွေခံစားရခြင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်ထားတဲ့
စီးပွားရေးလုပ်ငန်းတခု အဖြစ် အသိအမှတ်ပြုခံရခြင်းတို့ပါဝင်ရပါတယ်။

CSR လို့ ပြေတိုင်းမှာ People ဆိုတဲ့ လူ(၀န်ထမ်းတွေ) ပါဝင်နေတဲ့ အတွက် CSR ရဲ့
လုပ်ငန်းစဉ်မှာ စာရေးသူတို့ HR professional တွေရဲ့ အခန်းကဏ္ဍက ပါဝင်လာပြန်
ပါတယ်။ HR professional တွေအနေနဲ့ လုပ်ငန်းကြီးတခုလုံးရဲ့ အရေးပါတဲ့ပါတနာ
Strategic Business Partner တွေဖြစ်လိုကြတဲ့အတွက် CSR တွေလုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းကြီးကို ပုံမှန်အခြေအနေမှ မဟာဗျူဟာမြောက်တဲ့ အခြေအနေဆီကို ဆွဲခေါ်သွားနိုင်ပါတယ်။ လုပ်ငန်းရဲ့အမည်ကောင်း Employee Branding ဖန်တီးလိုတဲ့ အခါမှာလဲ CSR ကအထောက်အကူဖြစ်စေပါတယ်။

Triple Bottom Lin (၃) ခုအပေါ်မှာ အမှန်တကယ်အလေးထားဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ၀န်ထမ်းတွေအနေနဲ့လဲလုပ်ကိုင်ချင်ကြမှာဧကန်မလွဲပါပဲ။ မျှတမှုရှိတဲ့ လုပ်ငန်းခွင် အခြေအနေတွေပါဝင်နေဖို့လိုသလို လူသားချင်းစာနာမှု Humanitarianism လိုအပ်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ လစာ၊ ခံစားခွင့်နဲ့ အခြေအနေတွေဖန်တီး ပေးမှုဟာလဲ လူမှုတာဝန်ကျေပွန်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အတွက် CSR ကို အကောင်အထည် ဖေါ်နေခြင်းပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

----------------------------------------------

Reshared by
Myanmar Entrepreneur SME Institute (MESI)
www.EntrepreneurSME.com
www.eSMEmm.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။