Hla Myo Aung
ဘယ်သူ့ အဖေခေါ်ရမှန်း မသိတဲ့ တိုင်းပြည်
*******************************
ရပ်ကွက်အနီးမှာ
လူငယ်ချင်း ရန်ဖြစ်တာ
တစ်ဖက်လူရဲ့ ဆွဲကြိုးကိုဖြတ်တယ်ဆိုတဲ့ ပုဒ်မ,နဲ့
တရားအစွဲခံရပြီး
တရားခံအဖြစ်အစွပ်စွဲခံရတဲ့
တရားခံလေးခမျာ
အချု ပ်ထဲမှာ နေမကောင်းဖြစ်လို့ ,
အာမ,ခံတောင်းတာ
တရားသူကြီးက
ဟင့်အင်းလုပ်လိုက်လို့ ,
အဲဒီ့ အစွပ်စွဲခံရတဲ့ တရားခံလေး
မနေ့တစ်နေ့ကမှ
သေဆုံးသွားရတဲ့
တိုင်းပြည် ။
နယ်က
ဆိုက္ကားလာနင်းတဲ့ ဆိုက္ကားသမား
ဓာတ်တိုင်မီး ထိန်ထိန်လင်းနေတဲ့ အောက်က
လမ်းဘေးဈေးဆိုင်ခုံပေါ်
အိပ်ပျော်နေတာကို
မှောင်ရိပ်ခိုမှုနဲ့
ရဲဖမ်းတဲ့
တိုင်းပြည် ။
မြန်မာ့အသံလို ဌာနက,တောင်
ဝတ္တုရေးသူ တစ်ယောက်ရဲ့ ဝတ္တုကို
ဇာတ်လမ်းအဖြစ် ထုတ်လွှင့်တာ
ကာယကံရှင်ကို
ခွင့်ပြုချက်မတောင်း
အကြောင်းမကြားဘဲ
လုပ်ချင်သလို လုပ်နေကြတဲ့
တိုင်းပြည် ။
ဖ-ဆ-ဖ-လ
နစ်နီ-နစ်ဖြူ
အနီ - အစိမ်း
အပလိန်းအနန္တနဲ့
နှစ်ခြမ်းကွဲမှ
နေသာထိုင်သာရှိတဲ့
တိုင်းပြည် ။
လူစီးတဲ့ ဘတ်စ်ကားကို
လူလို
တက်ခွင့် ဆင်းခွင့်
မရဘဲ
(ခွေးမောင်းသလိုမောင်း ၊
သူခိုးနှင်သလို အနှင်ခံရတဲ့)
တိုင်းပြည် ။
စာသင်တဲ့
ဆရာ … ဆရာမ,ကိုတောင်
ကျောင်းအပေါက်စောင့်ခိုင်းပြီး
လုံခြုံရေးတာဝန်ပေးတဲ့
ဒရဝမ်လို သဘောအထားခံရတဲ့
တိုင်းပြည် ။
မူးယစ်ဆေးဝါးတွေ
မိုးပေါ်က
ကျကျလာတဲ့
တိုင်းပြည် ။
လူငယ်တွေ
အရက်သောက်နေကြတာကို
နိုင်ငံ့အနာဂတ်အတွက်
ဘာမှ အရေးမကြီးသလိုလို
ဘာမှ မဆိုင်သလိုလို
နှာစေး
ချောင်းဆိုးနေကြတဲ့
တိုင်းပြည် ။
လုံခြုံမှု မရှိပါဘူးလို့
ဝန်ခံရမယ့် အခြေအနေမျိုးမှာတောင်
ဘယ်သူကမှ
တာဝန်ယူ
ဝန်ခံမှု မရှိတဲ့
တိုင်းပြည် ။
တရားခံ ဖမ်းတာတောင်
တိုင်တဲ့သူရှိလို့ ဖမ်းရတာပါဆိုပြီး
အရပ်သားအချင်းချင်း
ယုံထင်ကြောင်ထင်
ထင်နေကြရအောင်
ပြောပြောနေတဲ့
တိုင်းပြည် ။
ဘယ်သူတွေ လာဘ်စားနေမှန်းသိလျက်နဲ့
တိုင်ရင် အရေးယူပေးပါ့မယ်ဆိုတဲ့
စာပွဲပေါ်မှာ အလုပ်ရှုပ်နေတဲ့
တိုင်းပြည် ။
မကျေနပ်ချက်တွေကို
အရေးတယူ ဆောင်ရွက်ပေးဖို့
ပြောချင်တာတောင်မှ
ဘယ်သူမှာ အာဏာရှိမှန်း
ဘယ်သူက တာဝန်ရှိမှန်း
ဘယ်သူက တာဝန်ခံမှန်း
သေသေချာချာ
သိခွင့်မရတဲ့
တိုင်းပြည် ။
ဖွဲ့ဖွဲနွဲ့နွဲ့ ယဉ်ယဉ်ကျေးကျေး
ပြောရရင် ၊
အကြင်နာရင်ခွင်
မဲ့နေတဲ့ တိုင်းပြည် ။
အရပ်ထဲက စကားနဲ့
ပြောပြလိုက်ရမယ်ဆိုရင်တော့
ဘယ်သူ့
အဖေခေါ်ရမှန်း မသိတဲ့
တိုင်းပြည် ။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
ဆိုက္ကားလာနင်းတဲ့ ဆိုက္ကားသမား
ဓာတ်တိုင်မီး ထိန်ထိန်လင်းနေတဲ့ အောက်က
လမ်းဘေးဈေးဆိုင်ခုံပေါ်
အိပ်ပျော်နေတာကို
မှောင်ရိပ်ခိုမှုနဲ့
ရဲဖမ်းတဲ့
တိုင်းပြည် ။
မြန်မာ့အသံလို ဌာနက,တောင်
ဝတ္တုရေးသူ တစ်ယောက်ရဲ့ ဝတ္တုကို
ဇာတ်လမ်းအဖြစ် ထုတ်လွှင့်တာ
ကာယကံရှင်ကို
ခွင့်ပြုချက်မတောင်း
အကြောင်းမကြားဘဲ
လုပ်ချင်သလို လုပ်နေကြတဲ့
တိုင်းပြည် ။
ဖ-ဆ-ဖ-လ
နစ်နီ-နစ်ဖြူ
အနီ - အစိမ်း
အပလိန်းအနန္တနဲ့
နှစ်ခြမ်းကွဲမှ
နေသာထိုင်သာရှိတဲ့
တိုင်းပြည် ။
လူစီးတဲ့ ဘတ်စ်ကားကို
လူလို
တက်ခွင့် ဆင်းခွင့်
မရဘဲ
(ခွေးမောင်းသလိုမောင်း ၊
သူခိုးနှင်သလို အနှင်ခံရတဲ့)
တိုင်းပြည် ။
စာသင်တဲ့
ဆရာ … ဆရာမ,ကိုတောင်
ကျောင်းအပေါက်စောင့်ခိုင်းပြီး
လုံခြုံရေးတာဝန်ပေးတဲ့
ဒရဝမ်လို သဘောအထားခံရတဲ့
တိုင်းပြည် ။
မူးယစ်ဆေးဝါးတွေ
မိုးပေါ်က
ကျကျလာတဲ့
တိုင်းပြည် ။
လူငယ်တွေ
အရက်သောက်နေကြတာကို
နိုင်ငံ့အနာဂတ်အတွက်
ဘာမှ အရေးမကြီးသလိုလို
ဘာမှ မဆိုင်သလိုလို
နှာစေး
ချောင်းဆိုးနေကြတဲ့
တိုင်းပြည် ။
လုံခြုံမှု မရှိပါဘူးလို့
ဝန်ခံရမယ့် အခြေအနေမျိုးမှာတောင်
ဘယ်သူကမှ
တာဝန်ယူ
ဝန်ခံမှု မရှိတဲ့
တိုင်းပြည် ။
တရားခံ ဖမ်းတာတောင်
တိုင်တဲ့သူရှိလို့ ဖမ်းရတာပါဆိုပြီး
အရပ်သားအချင်းချင်း
ယုံထင်ကြောင်ထင်
ထင်နေကြရအောင်
ပြောပြောနေတဲ့
တိုင်းပြည် ။
ဘယ်သူတွေ လာဘ်စားနေမှန်းသိလျက်နဲ့
တိုင်ရင် အရေးယူပေးပါ့မယ်ဆိုတဲ့
စာပွဲပေါ်မှာ အလုပ်ရှုပ်နေတဲ့
တိုင်းပြည် ။
မကျေနပ်ချက်တွေကို
အရေးတယူ ဆောင်ရွက်ပေးဖို့
ပြောချင်တာတောင်မှ
ဘယ်သူမှာ အာဏာရှိမှန်း
ဘယ်သူက တာဝန်ရှိမှန်း
ဘယ်သူက တာဝန်ခံမှန်း
သေသေချာချာ
သိခွင့်မရတဲ့
တိုင်းပြည် ။
ဖွဲ့ဖွဲနွဲ့နွဲ့ ယဉ်ယဉ်ကျေးကျေး
ပြောရရင် ၊
အကြင်နာရင်ခွင်
မဲ့နေတဲ့ တိုင်းပြည် ။
အရပ်ထဲက စကားနဲ့
ပြောပြလိုက်ရမယ်ဆိုရင်တော့
ဘယ်သူ့
အဖေခေါ်ရမှန်း မသိတဲ့
တိုင်းပြည် ။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။