ကြက်သား ပဲပင်ပေါက် ကုန်းဘောင်ကြော်
ပါဝင်ပစ္စည်းများ
ကြက်ရင်အုံ ၂ ခု (လက်မခန့် အတုံးသေးများ တုံးထားပါ)
ပဲပင်ပေါက် ၂၀ သား
သီဟိုဠ်စေ့ - အနည်းငယ် (လှော်ပြီး)
ကြက်သွန်နီ ၁ လုံး (၈ စိတ်စိပ်ထားပါ)
ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်ထားပါ)
ငရုတ်ခြောက်တောင့် - အနည်းငယ်
ပဲငံပြာရည် အနောက် ၁ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည် အကြည် / Seasoning ၂/၃ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
ဆီ - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ် (မထူမပါး လှီးထားပါ)
ပြုလုပ်နည်း
လက်မခန့် အတုံးသေးများ တုံးထားသော ကြက်သားများကို ပဲငံပြာရည် အနောက် ၊ ဆား အနည်းငယ် တို့နှင့် နယ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ဆီပူလာလျင် ငရုတ်ခြောက်တောင့်များကို ထည့်၍ ကြော်ပါ ။ ပြီးလျင် အိုးထဲမှ ဆယ်၍ ဖယ်ထားပါ ။
ငရုတ်သီးကြော်သည့် ဆီထဲတွင် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ဦးစွာ ထည့်ပါ ။
ပြီးလျင် နယ်ထားသည့် ကြက်သားများကို ထည့်၍ အဖုံးခဏ အုပ်ထားပါ ။
ကြက်သားများ နူးခါနီးတွင် ပဲပင်ပေါက် နှင့် ဆား အနည်းငယ် ကိုထည့်ပါ ။ ပဲပင်ပေါက် မှ ရေများထွက်လာပါလိမ့်မည် ။
ပဲပင်ပေါက် မှ ရေများ ခမ်းခါနီးတွင် သီဟိုဠ်စေ့ကို ထည့်၍ ကြက်သွန်မြိတ်ကို ထည့်၍ အပေါ့အငံမြည်း၍ မီးဖိုပေါ်မှ ချပါ ။
စားရန် အသင့် ဖြစ်လျင် ပန်းကန်ထဲတွင် ကြက်သား ပဲပင်ပေါက် ကုန်းဘောင်ကိုထည့်၍ ငရုတ်ခြောက်တောင့်ကြော်များ ကို ဖြူးပါ ။
အချိုမှုန် ၊ ကြက်သားမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
ပါဝင်ပစ္စည်းများ
ကြက်ရင်အုံ ၂ ခု (လက်မခန့် အတုံးသေးများ တုံးထားပါ)
ပဲပင်ပေါက် ၂၀ သား
သီဟိုဠ်စေ့ - အနည်းငယ် (လှော်ပြီး)
ကြက်သွန်နီ ၁ လုံး (၈ စိတ်စိပ်ထားပါ)
ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်ထားပါ)
ငရုတ်ခြောက်တောင့် - အနည်းငယ်
ပဲငံပြာရည် အနောက် ၁ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည် အကြည် / Seasoning ၂/၃ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
ဆီ - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ် (မထူမပါး လှီးထားပါ)
ပြုလုပ်နည်း
လက်မခန့် အတုံးသေးများ တုံးထားသော ကြက်သားများကို ပဲငံပြာရည် အနောက် ၊ ဆား အနည်းငယ် တို့နှင့် နယ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး ဆီပူလာလျင် ငရုတ်ခြောက်တောင့်များကို ထည့်၍ ကြော်ပါ ။ ပြီးလျင် အိုးထဲမှ ဆယ်၍ ဖယ်ထားပါ ။
ငရုတ်သီးကြော်သည့် ဆီထဲတွင် ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ဦးစွာ ထည့်ပါ ။
ပြီးလျင် နယ်ထားသည့် ကြက်သားများကို ထည့်၍ အဖုံးခဏ အုပ်ထားပါ ။
ကြက်သားများ နူးခါနီးတွင် ပဲပင်ပေါက် နှင့် ဆား အနည်းငယ် ကိုထည့်ပါ ။ ပဲပင်ပေါက် မှ ရေများထွက်လာပါလိမ့်မည် ။
ပဲပင်ပေါက် မှ ရေများ ခမ်းခါနီးတွင် သီဟိုဠ်စေ့ကို ထည့်၍ ကြက်သွန်မြိတ်ကို ထည့်၍ အပေါ့အငံမြည်း၍ မီးဖိုပေါ်မှ ချပါ ။
စားရန် အသင့် ဖြစ်လျင် ပန်းကန်ထဲတွင် ကြက်သား ပဲပင်ပေါက် ကုန်းဘောင်ကိုထည့်၍ ငရုတ်ခြောက်တောင့်ကြော်များ
အချိုမှုန် ၊ ကြက်သားမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။