ရေပက်ခံထွက်ပြီး ဖြစ်လာတဲ့ နေလောင်ဒဏ်ကို ဒီနည်းလေးတွေက သက်သာစေနိုင်
သင်္ကြန်တွင်း ရေကစားကြတဲ့အချိန်အများစုက မနက် ၈ နာရီ လောက်ကနေ ညနေ ၅ နာရီ ၆ နာရီလောက်အထိဆိုတော့ အပူပြင်းဆုံး နေရောင်ခြည်ဒဏ်ကို ခံကြရတာ ထုံးစံပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုအချိန်က ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးကြုံနေရတဲ့ အချိန်ဖြစ်တဲ့အတွက် နေလောင်ဒဏ်ကို အကြီးအကျယ် ခံစားရမှာပဲ ဖြစ်ပါတယ်။ ရေစိုလိုက်ခြောက်လိုက်ဖြစ်ရုံမက နေရောင်ပြင်းပြင်းအောက်မှာ
တနေ့လုံးနီးပါး ရေကစားကြသူများအဖို့ အရေပြား နေလောင်ဒဏ်ကို
သာမန်မျှမဟုတ်ဘဲ ရောဂါတစ်ခုလို ခံစားရနိုင်ပါတယ်။ ဒီလို နေလောင်ခြင်းကို
သက်သာစေဖို့ အတွက် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
-အရေပြားပေါ်မှာ အပူလောင်ဒဏ်ရာ ဒါမှမဟုတ် အရေပြား နီရဲနေမယ်ဆိုရင် နေလောင်ဒဏ် ခံထားရပြီဆိုတာ သိနိုင်ပါတယ်။ နေလောင်ခြင်းက မသိလိုက်ဘဲ ဖြစ်သွားတတ်ပါတယ်။လက္ခဏာပြဖို့ ၄ နာရီ ကနေ ၆ နာရီ လောက်ကြာနိုင်ပါတယ်။ဒီလို အကွက်တွေကို တွေ့တာနဲ့ အချိန်မဆိုင်းဘဲ ကုသမှု ခံယူရပါမယ်။
-ရေအေးအေးနဲ့ ချိုးလိုက်ပြီးနောက်မှာ အရေပြားနူးညံ့သွားစေဖို့ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးလိမ်းပေးရပါမယ်။ အစိုဓာတ်ထိန်းခရင်မ် မကြာခဏ လိမ်းပေးခြင်းက အရေပြားအခွံကွာကျတာတွေကို လျော့နည်းစေပါတယ်။ဗီတာမင် စီနဲ့ ဗီတာမင် အီးပါတဲ့ခရင်မ်က အရေပြားပျက်ဆီးခြင်းကို လျော့နည်းစေနိုင်ပါတယ်။ နေရထိုင်ရတာ မသက်မသာ မဖြစ်စေဖို့ ဟိုက်ဒရို ကော်တီဆုံးပါဝင်တဲ့ ခရင်မ်ကို တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။ဒါ ပေမဲ့ အရေပြားကို ပွတ်တိုက်ခြင်း၊အရေပြားခြွာ ခင်း၊ မီးလောင်ဖုလို အဖုလေးတွေကို ဖောက်ခြင်းတွေကို မလုပ်သင့်ပါဘူး။
-နေလောင်ကွက် ဒဏ်ရာတွေက အရေပြားမှာ ရှိတဲ့ အရည်တွေကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေ၊သစ်သီးဖျော်ရည်နဲ့ အားဖြည့် အချိုရည်တွေကို ရေဓာတ်ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက်များများ ပြန်သောက်ပေးရမှာ ဖြစ်ပါတယ်။
-နေလောင်ဒဏ် ခံစားရတဲ့သူတွေက အရေပြားရောင်ရမ်းတာ၊ နီရဲနေတာတွေအတွက် ဆေးသောက်လို့ရသလို နာကျင်မှုတွေအတွက်လည်း အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။
-နေလောင်ဒဏ်ရာ အနည်းငယ်ပဲ ရှိတဲ့သူများအဖို့ အိမ်မှာပဲ ကုလို့ရနိုင်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ၂၀%လောက် နေလောင်ဒဏ်ရာများရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ လိုအပ်နေပါတယ်။နေလောင်ဒဏ်ခံ ထားရတဲ့သူတစ်ယောက် အဖျားတက်ပြီး ချမ်းတုန်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုအပ်ပါတယ်။
-ပူပြင်းတဲ့ နေရောင်ကြောင့် နေလောင်ဒဏ် မခံရစေဖို့ နေရောင်ခြည်ကာ ခရမ်တွေလိမ်းပေးသင့်သလို အရေပြားကို နေရောင်တိုက်ရိုက်မထိစေဖို့
ဦးထုပ်ဆောင်းခြင်း ၊အင်္ကျီလက်ရှည်ဝတ်ခြင်းတွေ ပြုလုပ်ပြီး ဖြစ်နိုင်သမျှ
မနက် ၁၀ နာရီမှ ၄ နာရီ အတွင်း နေရောင်ခြည်နဲ့ မထိတွေ့အောင် ရှောင်ကြဉ်တာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။
Ref:skincancer
Trend Myanmar
#May Soe
သင်္ကြန်တွင်း ရေကစားကြတဲ့အချိန်အများစုက မနက် ၈ နာရီ လောက်ကနေ ညနေ ၅ နာရီ ၆ နာရီလောက်အထိဆိုတော့ အပူပြင်းဆုံး နေရောင်ခြည်ဒဏ်ကို ခံကြရတာ ထုံးစံပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုအချိန်က ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးကြုံနေရတဲ့ အချိန်ဖြစ်တဲ့အတွက် နေလောင်ဒဏ်ကို အကြီးအကျယ် ခံစားရမှာပဲ ဖြစ်ပါတယ်။ ရေစိုလိုက်ခြောက်လိုက်ဖြစ်ရ
-အရေပြားပေါ်မှာ အပူလောင်ဒဏ်ရာ ဒါမှမဟုတ် အရေပြား နီရဲနေမယ်ဆိုရင် နေလောင်ဒဏ် ခံထားရပြီဆိုတာ သိနိုင်ပါတယ်။ နေလောင်ခြင်းက မသိလိုက်ဘဲ ဖြစ်သွားတတ်ပါတယ်။လက္ခဏာပြဖု
-ရေအေးအေးနဲ့ ချိုးလိုက်ပြီးနောက်မှာ အရေပြားနူးညံ့သွားစေဖို့ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးလိမ်းပေးရပါမယ်။ အစိုဓာတ်ထိန်းခရင်မ် မကြာခဏ လိမ်းပေးခြင်းက အရေပြားအခွံကွာကျတာတွေကို လျော့နည်းစေပါတယ်။ဗီတာမင် စီနဲ့ ဗီတာမင် အီးပါတဲ့ခရင်မ်က အရေပြားပျက်ဆီးခြင်းကို လျော့နည်းစေနိုင်ပါတယ်။ နေရထိုင်ရတာ မသက်မသာ မဖြစ်စေဖို့ ဟိုက်ဒရို ကော်တီဆုံးပါဝင်တဲ့ ခရင်မ်ကို တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။ဒါ
-နေလောင်ကွက် ဒဏ်ရာတွေက အရေပြားမှာ ရှိတဲ့ အရည်တွေကို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေ၊သစ်သီးဖျော်ရည်နဲ့ အားဖြည့် အချိုရည်တွေကို ရေဓာတ်ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက်မျာ
-နေလောင်ဒဏ် ခံစားရတဲ့သူတွေက အရေပြားရောင်ရမ်းတာ၊ နီရဲနေတာတွေအတွက် ဆေးသောက်လို့ရသလို နာကျင်မှုတွေအတွက်လည်း အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။
-နေလောင်ဒဏ်ရာ အနည်းငယ်ပဲ ရှိတဲ့သူများအဖို့ အိမ်မှာပဲ ကုလို့ရနိုင်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ၂၀%လောက် နေလောင်ဒဏ်ရာများရှိနေပြီဆု
-ပူပြင်းတဲ့ နေရောင်ကြောင့် နေလောင်ဒဏ် မခံရစေဖို့ နေရောင်ခြည်ကာ ခရမ်တွေလိမ်းပေးသင့်သလို အရေပြားကို နေရောင်တိုက်ရိုက်မထိစေဖို့
Ref:skincancer
Trend Myanmar
#May Soe

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။