Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 14, 2017

*** နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးမည့်နည်းလမ်းကောင်းများ ***

*** နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးမည့်နည်းလမ်းကောင်းများ ***
နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာလူ့အသက်ကို အများဆုံးသေစေနိုင်တဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး၊ အသက်အရွယ် ရလာသည်နှင့်အမျှ ကြုံတွေ့ လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည့်အားလျော်စွာ သုတေသနအသစ်တစ်ခု၏ တွေ့ ရှိချက်အရ ၂၀၄၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုများ၏ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ၂ ဒသမ ၃ ဆ မြင့်တက်လာမည်ဖြစ်ပြီး၊ ၂၀၆၀ ပြည့် နှစ်တွင်မူ ၂ ဒသမ ၉ ဆ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

နှလုံးရောဂါမှာ (၁) နှလုံးသွေးကြောကျဉ်း (၂) နှလုံးသွေးကြောကျယ် (၃) နှလုံးကြွက်သားပုတ် (၄) နှလုံးအခန်းပျက်စီး (၅) နှလုံးအဆို့ရှင် ပျက်စီး (၆) နှလုံးအားနည်း (၇) နှလုံးရောင် (၈) နှလုံးကြီး (၉) နှလုံးသွေးကြောပေါက် (၁၀) နှလုံးခုန်နှုန်း မူမမှန်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြပြီး ထိုရောဂါတွေအားလုံးကိုခြုံပြီး “ နှလုံးရောဂါ ” လို့ပြောလေ့ရှိပါတယ်။ ခွဲစိတ်ကုသလို့ ရတဲ့ နှလုံးရောဂါမျိုးရှိသလို ခွဲစိတ်ကုသစရာမလိုပဲ စားဆေး၊ ထိုးဆေးများနဲ့ ရေရှည်ကုသရတဲ့ နှလုံးရောဂါမျိုးတွေလည်း ရှိပါ တယ်။ နှလုံးရောဂါက ဆီးချို၊ သွေးတိုး၊ လေငန်းရော ဂါများနဲ့ ပါဆက်စပ်မှုရှိနေတာကြောင့် မပေါ့ဆဘဲ စံနစ်တကျကုသမှု ခံယူ သင့်ပါတယ်။
ထူးခြားမှုတစ်ရပ်အနေဖြင့် ဗြိတိန်နိုင်ငံ နှလုံးဖောင်ဒေးရှင်းမှ ဆေးပညာကျွမ်းကျင်ပညာရှင်များဟာ နှလုံးရောဂါသည် လူနာ လေးသန်းကျော်ပါဝင်သော စမ်းသပ်စစ်ဆေးမှု အကြိမ် ၃၀ ကို ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ယခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၆ နှစ်ဦးပိုင်း ကာလအထိ ဗြိတိန်တွင် နှလုံးခုန်နှုန်းမူမမှန်သူ တစ်သန်းနီးပါးရှိကြောင်း၊ နှလုံးခုန်မမှန်သည့် ရောဂါရှိသူများ တွင် နှလုံးအပေါ်ပိုင်းရှိ Atria (ခေါ်) အခန်းများမှာ ပုံမှန်မဟုတ်ဘဲ ရံဖန်ရံခါတွင် အလွန်လျှင်မြန်စွာ ကျဉ်းသွားလေ့ရှိပြီး၊ ယင်း ကဲ့သို့ ကျဉ်းသွားသည့်အချိန်တွင် နှလုံးကြွက်သားမှာ အလုပ်လုပ်နိုင်ရန် သင့်တော်သည့် အနေအထားအထိ သက်တောင့် သက် သာမရှိခြင်းကြောင့် နှလုံး၏အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေကြောင်း၊ နှလုံးခုန်မမှန်သည့် အမျိုးသမီးများမှာ အသက်သေ စေနိုင်သည့် နှလုံးရောဂါဖြစ်ပွားမှုနှင့် သတိလစ်မေ့မြောမှုဖြစ်ပွားနိုင်ချေ နှစ်ဆပိုများကြောင်း၊ ဒါ့ပြင် အမျိုးသမီးများမှာ နှလုံး ခုန်နှုန်း မူမမှန်မှုအတွက် သောက်သုံးရသည့်ဆေးကို တုံ့ ပြန်နိုင်စွမ်းနည်းပါးပြီး အမျိုးသားများထက် ကုသရန် အချိန်ပိုကြာ ကြောင်း၊ ဒါကြောင့် နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေသော အမျိုးသမီးများဟာ သေစေလောက်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ ကြုံတွေ့ နိုင်ခြေဟာ အမျိုးသားများထက် နှစ်ဆခန့် ပိုများကြောင်း သုတေသီများက ဆိုပါတယ်။
ဗဟုသုတ တစ်ရပ်အနေဖြင့် တင်ပြရပါလျှင် ဆေးပညာများ တိုးတက်ခေတ်မီလာတဲ့အလျောက်၊ သွေးအမျိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ဖော်ထုတ်ကြည့်ရာ၊ AB အုပ်စု သွေးအမျိုးအစားရှိသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ ၂၃ ရာခိုင်နှုန်းပိုများပြီး၊ B သွေးပိုင်ရှင်များက ၁၁ ရာခိုင်နှုန်း၊ A သွေးပိုင်ရှင်များက ၅ ရာခိုင်နှုန်း ရှိတယ်လို့  သုတေသီများက ဆိုထားပါတယ်။
နှလုံးရောဂါလက္ခဏာများ။
(၁) ၀ဲဘက်လက်မောင်း မကြာခဏနာကျင်ကိုက်ခဲခြင်း (၂) မေးရိုးတလျှောက် နာကျင်ခြင်း(တချက်တချက် မေးရိုးတအားနာ ခြင်းကြောင့် အိပ်မောကျနေရာမှ ရုတ်တရက်လန့် နိုးခြင်း) (၃) ၀ဲဘက်ရင်အုံ အောက်တည့်တည့်မှာ သက်တောင့်သက်သာမရှိ ဘဲ အလိုလိုတင်းကြပ်ပြည့်ဆို့ နေသ လိုခံစားရခြင်း (၄) အဆုတ်ထဲမှာ အရည်တွေစုပုံလာခြင်းကြောင့် မကြာခဏချောင်းဆိုး ခြင်း (သို့ ) တရွှီရွှီမြည်၍ အသက်ရှုပြင်းခြင်း (၅) နေ့ စဉ်ရက်ဆက် မဆိုသလောက် ခေါင်းကိုက်၊ မူးဝေနေခြင်း၊ ဇောချွေးပြန်ခြင်း (၆) မကြာခဏဆိုသလို မောပန်းနွယ်နယ်တတ်ပြီး၊ တခါတလေမှာ တရက်ခန့် တခါတလေမှာ တပတ်တိတိ နေ့ စဉ်ရက်စက် မောပန်းနွမ်း နယ်လေ့ရှိခြင်း (၇) မအီမလည်အော်ဂလီဆန်သလို ခံစားရတတ်ပြီး အစားအသောက်ပျက်လာခြင်း (၈) စဦးပိုင်းမှာ ဘယ်ဘက် ရင်ခေါင်းအောင့်တတ်ပြီး၊ တဖြည်းဖြည်းနဲ့  ပခုံး၊ လက်မောင်း၊ တံတောင်ဆစ်၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး စတဲ့ ၀ဲဘက်တ ခြမ်းလုံးပြန့် ကာနာကျင်လာခြင်း (၉) တခါတရံမှာ ရင်ဘတ်ကလွဲလို့ ကျန်တဲ့နေရာတွေနာတတ်ပြီး ဒေ၀နာကို ပေါ် လိုက်ပျောက် လိုက်ခံစားနေရခြင်း (၁၀) သွေးခုန်နှုန်းမမှန်တော့ခြင်း (၁၁) လေကိုတ၀ကြီးရှုရတာ ခက်ခဲလာခြင်း (၁၂) အမော ဖောက်ပြီး ခြေဖ၀ါး၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ရင်ဘတ် နဲ့  ခေါင်းဦးရေပြားများပါမကျန် ချွေးစေး/ချွေးအစိုတွေ ထွက် လာခြင်း (၁၃) တခါတရံ စက္ကူပါးတစ်ရွက်ကိုတောင် မဆုပ်ကိုင်နိုင်လောက်အောင် အားနည်းသလို ခံစားရခြင်း (၁၄) ခေတ္တလမ်း လျှောက်ပြီး မောပန်းသလိုခံစားရခြင်း (သို့ ) ပြတ်တောင်းပြတ်တောင်းအသက်ရှုရခြင်း … စသည်တို့ ဖြစ် ပါတယ်။
ကာကွယ်နည်းများ။
မွေးရာပါ နှလုံးရောဂါကို မဆိုလိုသော်လည်း၊ မိမိရဲ့ အပြုအမူနေထိုင် နည်းလမ်းမမှန်ကန်မှုကြောင့် နှလုံးရောဂါကို ဖိတ်ခေါ်ခြင်း မဖြစ်သင့်ပါဘူး။ အောက်ပါနည်းလမ်း (၁၂)သွယ်ကို လိုက်နာကျင့်ကြံရင်း တဖက်တလမ်းမှနေ၍ နှလုံးရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။
(၁) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်က ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးတဲ့အပြင်၊ ဆေးပညာစစ်တမ်းများအရ နှလုံး ရောဂါသည် အများစုက ဆေးလိပ်သောက်သုံးသူများဖြစ်ကြောင်းလေ့လာတွေ့ ရှိရပါတယ်။ ဆေးလိပ်က အဆုတ်ရဲ့ လုပ်ဆောင် နိုင်စွမ်းရည် ကို နိမ့်ကျသွားစေတဲ့အပြင်၊ အရေပြားများ သွေးလည်ပတ်စီးဆင်းမှုကိုပါ နှေးကွေးလာစေပါတယ်။ နှိုင်းယှဉ်ချက်များ အရ၊ ဆေးလိပ်သောက်သူများဟာ ဆေးလိပ်(လုံးဝ)မသောက်သူတွေထက် နှလုံးရောဂါဝေဒနာကို ၅-နှစ်လောက်စော၍ ဖြစ်လာ နိုင်ပါတယ်။
(၂) ကိုလက်စထရောချပါ။
သွေးထဲရှိကိုလက်စထရောများက သွေးလွှတ်ကြောတွေမှာ အနယ်ထိုင်နေကြတာကြောင့် နှလုံး သွေးကြောကျဉ်းလာကာ နှလုံး သွေးလည်ပတ်စီးဆင်းမှု နှေးကွေးလာစေပါတော့တယ်။ ခန္ဓာကိုယ်အတွက်ကောင်းသော သွေးတွင်းအဆီဖြစ်တဲ့ HDL မြင့်တက် ပါက ခန္ဓာကိုယ်အတွက် အသုံးမ၀င်သည့် မကောင်းသောသွေးတွင်းအဆီဓာတ် LDL ကို ကျ သွားစေပါတယ်။ ဒါကြောင့် သွေး ၁ မီလီမီတာမှာ HDL ပမာဏ ၆၀ မီလီဂရမ် အထိရောက်အောင် ထိန်းညှိပေးနိုင်မယ်ဆိုရင် နှ လုံးရောဂါ မဖြစ်နိုင်တော့ပါဘူး။
(၃) ကိုယ်အလေးချိန်ထိန်းပါ။
အ၀လွန်ခြင်းက နှလုံးရောဂါဖြစ်ဖို့ တာစူနေပါပြီ။ အ၀လွန်သော ခန္ဓာကိုယ်အတွက် နှလုံးပိုမိုအ လုပ်လုပ်ရတာကြောင့် နှလုံးသွေး ကြော ရောဂါများအပြင်၊ သွေးတိုး နှင့် ဆီးချိုရောဂါများပါ ဖြစ်စေတာကြောင့် အ၀မလွန်အောင် ထိန်းသိမ်းပါ။
(၄) ဆီးချိုရောဂါမတက်ပါစေနဲ့ ။
ဆီးချိုရောဂါ ရှိသူတွေက ထိုရောဂါမရှိသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေအလားအလာ ၃-ဆမျှပိုပါတယ်။ အထူးသဖြင့် ဆီးချို ရောဂါ type(2)က နှလုံးရောဂါနှင့်အတူ လေဖြတ်ခြင်းကိုစေပါတယ်။ ဆီးချိုပမာဏ တက်မလာအောင် အချိုလျော့စားရင်း၊ ကိုယ် အလေးချိန်လျော့ကျနည်း လေ့ကျင့်ခဏ်းများဖြင့် သက်ရှည်ကျမ္မာအောင် ဆင်ခြင်ရပါမယ်။
(၅) စိတ်ဖိစီးမှုနည်းအောင်နေပါ။
စိတ်ဖိစီးမှုများခြင်းက နှလုံးကိုထိခိုက်စေတဲ့အပြင်၊ ကိုလက်စထရောများပါ မြင့်တက်လာစေ ပါတယ်။ ဒါ့ပြင် သွေးတိုးစေတာ ကြောင့် အချိန်ကြာလာတာနဲ့ အမျှအသက်တိုစေပါတယ်။ စိတ်ဖိစီးမှုကြောင့် အရက်၊ ဆေးလိပ် ဖြင့် လွဲမှားစွာစိတ်ဖြေခြင်းမျိုး မလုပ်သင့်ပါဘူး။ အလုပ်ထဲမှာ စိတ်ဖိစီမှုများသူများ ခေတ္တ(ခဏ)မျှ လမ်းထလျှောက်ပေးခြင်းဖြင့် စိတ်သက်သာမှု ရစေနိုင်ပါ တယ်။
(၆) ကလေးသောက် aspirin ဆေးဝါးမှီဝဲပါ။
နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများအဖို့  ၈၁-ဂရမ် ပမာဏရှိတဲ့ ကလေးသောက် aspirin ကို နေ့ စဉ်သောက်သုံးပေးခြင်းဖြင့်၊ နှလုံးသွေးကြောထဲမှာ အနည်းကျပိတ်ဆို့ ခြင်းကို မဖြစ်စေတော့ဘဲ နှလုံးရောဂါ (သိသိသာသာ)သက်သာလာစေပါတယ်။ (သို့ သော် အချို့ သူများမှာ aspirin ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးများရှိနိုင်လို့  နား လည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့  တိုင်ပင်ပြီးမှ သောက်ပေးပါ)
(၇) သွေးမတိုးပါစေနဲ့ ။
လေ့လာစမ်းစစ်ချက်များအရ သွေးတိုးရောဂါရဲ့  ၃ ရာခိုင်နှုန်းလောက်က နှလုံးရောဂါပါ တွဲဖြစ်လာလေ့ရှိပါ တယ်။ သွေးမတိုးစေ ဖို့ အတွက် အဓိကအားဖြင့် ဆား(အငံ)တွေ လျော့စားရမှာဖြစ်ပြီး၊ အိပ်ရေး၀၀အိပ်ပေးဖို့ နှင့် အမျက်ဒေါသ မထွက်စေဖို့ လည်း လိုပါတယ်။ သွေးပေါင်ချိန်တိုင်းခြင်းဖြင့် နှလုံးခုန်နှုန်းကိုပါ တပါတည်းသိရှိနိုင်ပြီး သွေးပေါင်ချိန်မြင့် တက်လာ ပါက နှလုံးခုန်နှုန်းပါ မြင့်တက်လာလေ့ရှိပါတယ်။ ဒါကြောင့် သင့်နှလုံးကိုကာကွယ်သည့်အနေဖြင့် သွေးပေါင်းချိန်မတက်အောင် ထိန်းသိမ်းပါ။
(၈) ဗီတာမင်အားဆေးမှီဝဲပါ။
ဗီတာမင် E နဲ့  ဗီတာမင် B6 တို့ က နှလုံးရောဂါကို သက်သာစေသလို၊ ဖောလစ်အက်ဆစ်နဲ့  ဗီ တာမင် B12 တို့ ကလည်း ဟိုမုန်းမပာဏကို ပုံမှန်ဖြစ်စေပါတယ်။ အနည်းဆုံး ရက်သတ္တ ၁-ပတ်လျှင် ၂-ကြိမ်လောက် ငါးသေ တ္တာ၊ တူနာငါး၊ ဆယ်လ်မွန်ငါး စသော အဆီများတဲ့ပင်လယ်ငါးတွေ များများစားပေးပါ။
(၉) အာဟာရပြည့်ဝတဲ့ အမျှင်ဓာတ်စားပေးပါ။
ပြည့်ဝဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ အစေ့အဆန်များက နှလုံးအား ကောင်းစေပါတယ်။ ထို့ ပြင် စိမ်း ရောင်ခြယ်ဟင်းသီးဟင်းရွက်များက နှလုံးကျန်းမာလာစေသလို၊ ဗီတာမီစီကြွယ်ဝတဲ့ အသီးအနှံများကလည်း နှလုံးရောဂါ
ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ လတ်ဆတ်သော သစ်သီးများ၊ ဘယ်ရီသီးများ နှင့် ကြက်သွန်နီတို့ မှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါရှိနေပါတယ်။ အထူးသဖြင့် စိမ်းရောင်ခြယ် ထောပတ်သီးထဲမှာပါတဲ့ မဂ္ဂနီစီယမ်ဓာတ်က နှလုံးရောဂါကို လျော့ချပေးပြီး၊ ပိုတက် စီယမ်ဓာတ်က နှလုံးသွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ ဘလူးဘယ်ရီသီးကလည်း ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်လ်များ နှင့် အဆိပ်အတောက်တွေကို တိုက်ထုတ်ပေးကာ၊ နှလုံးသွေးကြော များကို အထူးကောင်းကျိုးဖြစ်စေပါတယ်။
(၁၀) လေ့ကျင့်ခန်းလုပ်ပေးပါ။
လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းက နှလုံးကြွက်သား သန်မာစေရန်နှင့် နှလုံးကြွက်သားကောင်း စေရန် အထောက်အကူပြုပါတယ်။ လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်၊ ကြိုးခုန် စတဲ့ ပေါ့ပါးလွယ်ကူသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းများကို တစ်နေ့ လျှင် မိနစ် ၃၀ မျှလုပ်ပေးပါ။
(၁၁) ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားပါ။
ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများမှာ အဆီဓာတ်နည်းပါးပြီး ဗီတာမင်၊ သတ္တုဓာတ် နှင့် အမျှင်ဓာတ်တို့ များစွာ ပါဝင်တဲ့အ တွက် ကိုယ်အလေးချိန်၊ သွေးတွင်းအဆီ နှင့် သွေးပေါင်ချိန်မတက်လာစေရန် ထိန်းသိမ်းပေးပါတယ်။ ဆန်လုံးညိုကဲ့သို့  အရောင် မချွတ်ထားသော ဆန် နှင့် ဂျုံများမှာ အမျှင်ဓာတ်ပေါပေါ ပါရှိတဲ့အပြင် လူကို အာဟာရပြည့်စေတာကြောင့် များများ စားပေးသင့် ပါတယ်။ ငါးထဲမှာပါတဲ့အဆီဓာတ်က ကောင်းကျိုးပြုသော သွေးတွင်းအဆီ ဖြစ်တဲ့ HDL ကို မြင့်မားစေတာကြောင့် ရက်သတ္တ ၁-ပတ်လျှင် အနည်းဆုံး ၂-ကြိမ် ခန့်  ငါးစားပါ (ဆယ်လ်မွန်ငါး စားပေးနိုင်ရင် ပို၍အကျိုးထူးပါမယ်) အသားများကိုလည်း အရေခွံ ဖယ်ပြီး အဆီနည်းသောနေရာမှ အသားကိုသာ ရွေးချယ်စားပါ။ ကျမ္မာရေးနဲ့ မညီညွတ်တဲ့ တိရိစ္ဆာန်အဆီများ နဲ့ ဆီကြော်မုန့်  များကိုရှောင်၍ အော်ဂဲနစ်သစ်သီးဝလံများ နဲ့  ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ်ပါ။ သံလွင်ဆီ၊ အဆီများသောငါးများ၊ အစေ့အဆန်များနှင့် အစေ့မှထုတ်ယူသောဆီ တို့ တွင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဖရုံစေ့၊ အစေ့ အဆန်များနှင့် အခွံမာရေသတ္တ၀ါများတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း အိုမီဂါ-၃ ကဲ့သို့ ပင် နှလုံးရောဂါကို ကာကွယ်ပေး နိုင်ပါ တယ်။ နေရောင်ခြည်မှ တစ်ဆင့်ရရှိသော ဗီတာမင်ဒီဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့ ကို ကာကွယ်ပေးနိုင်ပါတယ်။ အသား၊ ဥများ နှင့် ငါးများတွင် ပါဝင်သော ဓာတ်တိုး ဆန့် ကျင်ပစ္စည်း တစ်မျိုးဖြစ်သည့် Co-Q10 အာဟာရဓာတ်က နှလုံးသွေးကြောများ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူက နှလုံးသွေးကြောစီးဆင်းမှုကို အားကောင်းစေ၍ တပြိုင်တည်းမှာပင် သွေးတိုးရောဂါ နှင့် ကိုလက်စထေရောကို ကျစေတာကြောင့် နှလုံးကျန်းမာရေးအတွက် ကြက်သွန်ဖြူကို နေ့ စဉ် စားသုံးပေးသင့်ပါတယ်။ အနက်ရောင် ချောကလက်က လည်း နှလုံးသွေးလွှတ်ကြော နံရံတွေပေါ်မှာ သွေးဖြူဥတွေ အနည်ကျခြင်း နှင့် နှလုံးသွေးကြော ကြွတ်ဆတ်မာတင်းခြင်းတွေ မဖြစ်အောင် အထောက်အကူပေးနိုင်ပါတယ်။
(၁၂) ၀ိုင်(သို့ )ဘီယာ ၁-ခွက်သောက်ပါ။
ဝိုင် ၅-အောင်စ (သို့ ) spirit ၁.၅ အောင်စ (သို့ ) ဘီယာ ၃၃၅ မီ လီ လီတာ တို့ ကို နေ့ စဉ်မှန်မှန်မှီဝဲသောက်သုံးခြင်းက နှလုံး သွေးလည်ပတ်စီးဆင်းမှုကောင်းစေလို့  နှလုံးရောဂါမဖြစ်စေတော့ပါဘူး။ (အကယ်၍ ထိုပမာဏထက်ပိုကဲစွာ သောက်သုံးခဲ့ရင် တော့ နှလုံးရောဂါသာမက၊ ကင်ဆာရောဂါများပါဖြစ်လာစေတာ ကြောင့် သတိဖြင့် ဆင်ခြင်သောက်သုံးပါ)

ဆောင်းပါးရှင်…ပေါက်ပေါက် Promise Pauk… ရေးသားမျှဝေသည်။
--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။