သေးငယ်ပြီးအောင်မြင်နေသောနိုင်ငံများ
++++++++++++++++++++++++++ ++
ရေးသူ - ဟိန်းထက်
နိုင်ငံများနှင့် ပတ်သက်လျှင် အရွယ်အစားက လွန်စွာတာသွားသည်။ နိုင်ငံကြီးများသည် လူဦးရေ များပြားသလို စီးပွားရေးလည်းကြီးမား၊ စစ်တပ်များလည်း ကြီးမားကြသည်။ ပဝေသဏီကာလမှ ကြည့်လျှင် နိုင်ငံကြီးများက နိုင်ငံငယ်များကို လွှမ်းမိုးရိုးထုံး ရှိသည် ကိုတွေ့ ရသည်။ မျက်မှောက် ကာလခေတ်ပြိုင်လောက တွင်ပင် ကုလသ မဂ္ဂလုံ ခြုံရေးကောင်စီ Group of Seven ၊ Group of 20 စသော အရေးပါသော အဖွဲ့အစည်း များတွင် နိုင်ငံကြီးများက လွှမ်းမိုးထားသည်။ သို့သော် အရွယ်အစားကို အောင်မင်မှု လက္ခဏာတစ်ရပ်ဟု ယူမှတ်လျှင် အမှားကြီး မှားပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အအောင်မြင် ဆုံးနိုင်ငံ၊ တသီးတခြားကဏ္ဍ တစ်ခုခုတွင် ထွန်းကားဆုံးနိုင်ငံအချို့မှာ
နိုင်ငံငယ်လေး များဖြစ်နေခြင်းက ဤအချက်ကို မီးမောင်းထိုးလေ့ မရှိတတ်ချေ။
ထိုနိုင်ငံ ငယ်လေးများနှင့် ပတ်သက်၍ အမြင်လွဲမှားနေချက်ကို
ပြုပြင်သင့်ပြီဟုဆိုရမည်။ ထို အမြင်ပြုပြင် မှုပြုရန် အတွက် အရွယ်အစားကို
ပဓာနပြု ထူးထူးခြားခြားအောင်မြင်ခဲ့ သောနိုင်ငံငယ်များကို ရှုကြည့်ရန်လိုသည်။
အချမ်းသာဆုံးနိုင်ငံများ
-------------------------
ကျွန်တော် တို့သည် ငွေကို ကိုးကွယ်သောလောကတွင် နေထိုင်ကြပါသောကြာင့် ကမ္ဘာပေါ် တွင် မည်သည့်နိုင်ငံ အချမ်းဆုံးဖြစ်သည် ဆိုသည့်အချက်ကို ဆန်းစစ်မှုဖြင့် ဤစစ်တမ်းကို စသင့် သည်ဟု ထင်ပါသည်။ နိုင်ငံများ၏ GDP နှုန်းကို မှတ်ကျောက်အဖြစ် သတ်မှတ်၍ လူဦးရေ ဆယ်သန်းအောက် လူဦးရေနှင့် နိုင်ငံကိုသေး ငယ်သောနိုင်ငံဟု ဆိုကြပါစို့။ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံများ စာရင်းကို အောက်တွင်ဖော်ပြလိုက်ပါသည်။ ဤတွင် အံ့သြ စရာကောင်းသော အချက်ကား ကမ္ဘာ့အချမ်းသာဆုံးနိုင် ၂၀ တွင် အများစုဖြစ်သော ၁၄ နိုင်ငံ မှာ နိုင်ငံလးများဖြစ်နေခြင်းပင်ဖြစ်သည်။
လူသားဖွံ့ဖြိုးမှုညွှန်းကိန်း
-------------------------- -
တစ်ဦးချင်း ၀င်ငွေဇယားက လူသားဖွံ့ဖြိုးမှု လူဖူလုံရေးကဏ္ဍ စသည်တို့နှင့် ပတ်သက်လျှင် မှတ်ကျောက်ပုနိုင်ရန် လုံလောက်မှု မရှိနိုင်သည်ကို လက်ခံပါသည်။ ဤကဏ္ဍနှင့်ပတ် သက်လျှင် အများစုက ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ကို
ပို၍ သဘောတွေ့ ကြလေ့ရှိသည်။ ဤညွှန်းကိန်းသည် တိုင်းပြည်တစ်ပြည်၏ ပညာရေး
ကျန်းမာရေး၊ အိုးအိမ်၊ ကျားမ အတန်းစားညီမှု စသည်တို့ကိုထောက်ရှုသည်။ လူသား
ဖွံ့ဖြိုးမှုညွှန်းကိန်းစာရင်း
(၂၀၁၄ ခုနှစ်) ၀င် ထိပ်တန်းနိုင်ငံ ၂၀ မှာ နော်ဝေး၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊
ဒိန်း မတ်၊ နယ်သာလန်၊ ဂျာမနီ၊ အိုင်ယာလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊
စင်ကာပူ၊ လိုက်တန် စတိုင်း၊ ဆွီဒင်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊
အစ္စရေး၊ လူဇင်ဘတ်၊ ဂျပန်နှင့် ဘယ်လ်ဂျီယံ တို့ဖြစ်သည်။ ယင်းအရေအတွက်တွင် ၂၀
မှ ၁၂ နိုင်ငံမှာ နိုင်ငံလေးများဖြစ် သည်။ အလျဉ်းသင့်၍ ဤနေရာတွင်
ပြောလိုက်ချင်ပါသည်။ နိုင်ငံကြီးများဖြစ်သာ တရုတ် က အဆင့် ၉၀၊
အင်ဒိုနီးရှား နိုင်ငံက အဆင့် ၁၁၀ နှင့် အိန္ဒိယနိုင်ငံက ၁၃၀ ၀င်သည်။
အဂတိအနည်းဆုံးနိုင်ငံများ
-------------------------- ----
အဂတိသည် လောကပျက်တရား ဖြစ်နေသည်ဟု ဆိုရမည်။ တစ်လောကလုံး ကြုံဆုံနေ ရသော ကိစ္စဖြစ်ရာအဂတိလိုက် စားမှုကင်းရာအရပ်တွင်နေထိုင် ရန်
ဆန္ဒသည် သုခဘုံ တွင်နေထိုင်လိုသည့် ဆန္ဒနှင့် တစ်တန်းတည်း နီးပါး
ဖြစ်ထွန်းနေသည်ဟုဆိုလျှင် လွန်မည် မထင်ချေ။ အစိုးရမဟုတ်သော
အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Transparency International သည်
နှစ်စဉ်နှစ်တိုင်းပင် အဂတိညွှန်းကိန်းတစ်ခု ထုတ်ပြန်လ့ရှိသည်။ ၂၀၁၅
ခုနှစ်တွင် အဂတိအနည်း ဆုံးနိုင်ငံ ၂၀ အဖြစ် မည်သည့်နိုင်ငံများကို
ညွှန်းခဲ့ပါ သနည်း။ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေ၊
ဆွစ်ဇာလန်၊ စင်ကာပူ၊ ကနေဒါ၊ ဂျာမနီ၊ လူဇင်ဘတ်၊ ဗြိတိန်၊ အိုက်စလန်၊
ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ အမေရိကန်၊ အိုင်ယာလန်၊ ဂျပန်နှင့်
ဥရုဂွေးနိုင်ငံတို့ကို ညွှန်းခဲ့သည်။ ထိုနိုင်ငံများမှာ နိုင်ငံသေးများဖြစ်
သည်။ အိန္ဒိယက အဆင့် ၇၆၊ တရုတ်က ၈၃ နှင့် အင်ဒိုနီးရှားက ၈၈ ချိတ်ခဲ့သည်။
ကျား၊ မအခွင့်အရေးတန်းတူညီခြင်း
-------------------------- ------------
အမျိုးသမီးများသည် အမျိုးသားများနှင့် အခွင့်အရေး တန်းတူရရှိရန် ကာလကြာမြင့်စွာ တိုက် ပွဲဝင်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ တွင် အတော်တိုးတက် လာခဲ့ပါသော်လည်း ထိုတိုးတက်မှု ညီမျှခြင်း မရှိချေ။ အချို့သောနိုင်ငံ၊ အချို့သော ယဉ်ကျးမှုများတွင် အမျိုးသမီး များကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ် ဆက်ဆံနေကြဆဲဖြစ်သည်။ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး အစီရင်ခံစာတွင် ထိုကျား၊ မအခွင့်အရေး ညွှန်းကိန်းပါရှိသည်။ ၂၀၁၆ ခုနှစ်တွင် မည်သည့်နိုင်ငံ ၂၀ ကို ထိပ်တန်းအဆင့် သတ်မှတ်မှုပြုခဲ့ပါသနည်း။ ဆလိုဗီးနီးယား၊ ဆွစ် ဇာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ အီတလီ၊ ဖင်လန်၊ အိုက်စလန်၊ ပြင်သစ်၊ စင်ကာပူ၊ ချက်ပြည်ထောင်စု၊ စပိန်၊ လူဇင် ဘတ်၊ အစ္စရေး၊ သြစတြေးလျနှင့် ပေါ်တူဂီ နိုင်ငံကိုသတ်မှတ်ခဲ့သည်။ ထို ၂၀ မှ ၁၄ နိုင်ငံက နိုင်ငံလေး များဖြစ်သည်။
ပညာရေးကဏ္ဍအကောင်းဆုံးနိုင်ငံ များ
-------------------------- ----------------
ဤမျက်မှောက် ကမ္ဘာတွင် လူသားရင်းမြစ်သည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးရင်းမြစ် များပင်ဖြစ်သည်။ နိုင်ငံသားများကို ကောင်းစွာ ပညာသင်ကြားလေ့ကျင့်ပေးသာနို င်ငံတို့
ကောင်းရိုးရှိသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ကမ္ဘာပေါ်တွင် ပညာရေး
အကောင်းဆုံးနိုင်ငံ ၁၁ နိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့သည်။ ထိုနိုင်ငံများ၏
အမှတ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁- စင်ကာပူ၊ ၂- ဖင်လန်၊ ၃- နယ်သာလန်၊ ၄- ဆွစ်ဇာလန်၊ ၅- ဘယ်လ်ဂျီ ယံ၊ ၆- ဒိန်းမတ်၊ ၇- နော်ဝေ၊ ၈- အမေရိ ကန်၊ ၉- သြစတြေးလျ၊ ၁၀- နယူးဇီလန် နှင့် ၁၁- အိုက်စလန် တို့ဖြစ် သည်။ ယင်းင်ငံပေါင်း ၁၁ နိုင်ငံမှ ရှစ်နိုင်ငံက နိုင်ငံသးလေး များဖြစ်ကြသည်။
ဤကိန်းဂဏန်း အချက်အလက်များကို ရှုကြည့်လျှင် ပုံရိပ်တစ်ခု ထင်းထင်း ပေါ်လာသည် ဟုဆိုရမည်။ အချို့သောနိုင်ငံလေးများ လွန်မင်းစွာအောင်မြင်နေခြင်းမှာ
အုပ် ချုပ်ရေးကောင်း မွန်၍ (အဂတိကင်းသည်)၊ အမျိုးသမီး အခွင့်အရေးပေး၍
(ကျား၊ မတန်းတူ အဆင့်မြင့်သည်)၊ လူသားဖွံ့ဖြိုးရေးကို ပဓာနထား၍
(လူသားဖွံ့ဖြိုးရေးကဏ္ဍတွင် အမှတ်ပြည့် ရသည်) ဖြစ်ကြောင်း တွေ့ရသည်။
ယင်းအခြေခံ အကြောင်းတရားများအပြင် ထပ်တိုး အချက်နှစ်ချက်ကြောင့် ဟုလည်း
ဆိုရမည်။ ပထမတစ်ချက်ကား ပြည်သူလူထုကို ကောင်းစွာ ပညာသင်ကြားလေ့ကျင့်ပေး
ထားခြင်းပင်ဖြစ်သည်။ ဒုတိယ အချက်ကား စီးပွားရေး ကဏ္ဍတွင် ပွင့်လင်းမှုရှိပြီး
ပြည်ပ ကုန်ပို့ဆောင်ရေးကို ပဓာနထားသော ကမ္ဘာ တစ်ဝန်းဖြန့်ကြက်မှု ဦးစားပေး
စီပွားရေးများဖြစ်ခြင်းကြော င့်ပင်ဖြစ်သည်။
#MyanmarB2BManagementMagaz ine
++++++++++++++++++++++++++
ရေးသူ - ဟိန်းထက်
နိုင်ငံများနှင့် ပတ်သက်လျှင် အရွယ်အစားက လွန်စွာတာသွားသည်။ နိုင်ငံကြီးများသည် လူဦးရေ များပြားသလို စီးပွားရေးလည်းကြီးမား၊ စစ်တပ်များလည်း ကြီးမားကြသည်။ ပဝေသဏီကာလမှ ကြည့်လျှင် နိုင်ငံကြီးများက နိုင်ငံငယ်များကို လွှမ်းမိုးရိုးထုံး ရှိသည် ကိုတွေ့ ရသည်။ မျက်မှောက် ကာလခေတ်ပြိုင်လောက တွင်ပင် ကုလသ မဂ္ဂလုံ ခြုံရေးကောင်စီ Group of Seven ၊ Group of 20 စသော အရေးပါသော အဖွဲ့အစည်း များတွင် နိုင်ငံကြီးများက လွှမ်းမိုးထားသည်။ သို့သော် အရွယ်အစားကို အောင်မင်မှု လက္ခဏာတစ်ရပ်ဟု ယူမှတ်လျှင် အမှားကြီး မှားပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အအောင်မြင် ဆုံးနိုင်ငံ၊ တသီးတခြားကဏ္ဍ တစ်ခုခုတွင် ထွန်းကားဆုံးနိုင်ငံအချို့မ
အချမ်းသာဆုံးနိုင်ငံများ
-------------------------
ကျွန်တော် တို့သည် ငွေကို ကိုးကွယ်သောလောကတွင် နေထိုင်ကြပါသောကြာင့် ကမ္ဘာပေါ် တွင် မည်သည့်နိုင်ငံ အချမ်းဆုံးဖြစ်သည် ဆိုသည့်အချက်ကို ဆန်းစစ်မှုဖြင့် ဤစစ်တမ်းကို စသင့် သည်ဟု ထင်ပါသည်။ နိုင်ငံများ၏ GDP နှုန်းကို မှတ်ကျောက်အဖြစ် သတ်မှတ်၍ လူဦးရေ ဆယ်သန်းအောက် လူဦးရေနှင့် နိုင်ငံကိုသေး ငယ်သောနိုင်ငံဟု ဆိုကြပါစို့။ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံများ စာရင်းကို အောက်တွင်ဖော်ပြလိုက်ပါသည်။
လူသားဖွံ့ဖြိုးမှုညွှန်းကိန်း
--------------------------
တစ်ဦးချင်း ၀င်ငွေဇယားက လူသားဖွံ့ဖြိုးမှု လူဖူလုံရေးကဏ္ဍ စသည်တို့နှင့် ပတ်သက်လျှင် မှတ်ကျောက်ပုနိုင်ရန် လုံလောက်မှု မရှိနိုင်သည်ကို လက်ခံပါသည်။ ဤကဏ္ဍနှင့်ပတ် သက်လျှင် အများစုက ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း
အဂတိအနည်းဆုံးနိုင်ငံများ
--------------------------
အဂတိသည် လောကပျက်တရား ဖြစ်နေသည်ဟု ဆိုရမည်။ တစ်လောကလုံး ကြုံဆုံနေ ရသော ကိစ္စဖြစ်ရာအဂတိလိုက် စားမှုကင်းရာအရပ်တွင်နေထိုင်
ကျား၊ မအခွင့်အရေးတန်းတူညီခြင်း
--------------------------
အမျိုးသမီးများသည် အမျိုးသားများနှင့် အခွင့်အရေး တန်းတူရရှိရန် ကာလကြာမြင့်စွာ တိုက် ပွဲဝင်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ တွင် အတော်တိုးတက် လာခဲ့ပါသော်လည်း ထိုတိုးတက်မှု ညီမျှခြင်း မရှိချေ။ အချို့သောနိုင်ငံ၊ အချို့သော ယဉ်ကျးမှုများတွင် အမျိုးသမီး များကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ် ဆက်ဆံနေကြဆဲဖြစ်သည်။ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး အစီရင်ခံစာတွင် ထိုကျား၊ မအခွင့်အရေး ညွှန်းကိန်းပါရှိသည်။ ၂၀၁၆ ခုနှစ်တွင် မည်သည့်နိုင်ငံ ၂၀ ကို ထိပ်တန်းအဆင့် သတ်မှတ်မှုပြုခဲ့ပါသနည်း။ ဆလိုဗီးနီးယား၊ ဆွစ် ဇာလန်၊ ဂျာမနီ၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ အီတလီ၊ ဖင်လန်၊ အိုက်စလန်၊ ပြင်သစ်၊ စင်ကာပူ၊ ချက်ပြည်ထောင်စု၊ စပိန်၊ လူဇင် ဘတ်၊ အစ္စရေး၊ သြစတြေးလျနှင့် ပေါ်တူဂီ နိုင်ငံကိုသတ်မှတ်ခဲ့သည်။ ထို ၂၀ မှ ၁၄ နိုင်ငံက နိုင်ငံလေး များဖြစ်သည်။
ပညာရေးကဏ္ဍအကောင်းဆုံးနိုင်ငံ
--------------------------
ဤမျက်မှောက် ကမ္ဘာတွင် လူသားရင်းမြစ်သည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးရင်းမြစ် များပင်ဖြစ်သည်။ နိုင်ငံသားများကို ကောင်းစွာ ပညာသင်ကြားလေ့ကျင့်ပေးသာနို
၁- စင်ကာပူ၊ ၂- ဖင်လန်၊ ၃- နယ်သာလန်၊ ၄- ဆွစ်ဇာလန်၊ ၅- ဘယ်လ်ဂျီ ယံ၊ ၆- ဒိန်းမတ်၊ ၇- နော်ဝေ၊ ၈- အမေရိ ကန်၊ ၉- သြစတြေးလျ၊ ၁၀- နယူးဇီလန် နှင့် ၁၁- အိုက်စလန် တို့ဖြစ် သည်။ ယင်းင်ငံပေါင်း ၁၁ နိုင်ငံမှ ရှစ်နိုင်ငံက နိုင်ငံသးလေး များဖြစ်ကြသည်။
ဤကိန်းဂဏန်း အချက်အလက်များကို ရှုကြည့်လျှင် ပုံရိပ်တစ်ခု ထင်းထင်း ပေါ်လာသည် ဟုဆိုရမည်။ အချို့သောနိုင်ငံလေးများ လွန်မင်းစွာအောင်မြင်နေခြင်
#MyanmarB2BManagementMagaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။