Real Education ဆိုတာဘာလဲ?
==================
ကျွန်မတို့နိုင်ငံမှာ အများစုနားလည်သဘောပေါက် နေကြတဲ့ပညာရေးဟာ စာရွက်ပေါ်မှာဖြစ်နေပါတယ်။ မိဘတိုင်း သားသမီးကို ပညာရေးမှာထွန်းပေါက်စေ ချင်လွန်းလို့ အူဝဲဆိုတဲ့အသံမကြားရသေးခင် ဗိုက်ထဲမှာကထဲက ဘယ်ကျောင်းကောင်းလဲ ဘယ်ကျူရှင်ထားရမလဲ အပြင်းအထန်စုံစမ်းနေကြတဲ့သူတွေများပါတယ်။ အကောင်းဆုံးကျောင်းတွေ ရွေးထား အကောင်းဆုံးကျူရှင်ဆရာတွေခေါ်သင်နေတဲ့ကြားကပဲ
ကလေးတွေရဲ့ပညာရေး ဘ၀အောင်မြင်မှုအတွက် စိတ်ညစ်ကြရ
စိတ်တိုင်းမကျရတာတွေနဲ့ ကြုံနေကြရတာလဲ မိဘတိုင်းနီးပါးပါပဲ။
ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက် တစ်ခုထဲသောအဖြေက စစ်မှန်တဲ့ပညာရေးရဲ့သဘောတရားကို နားလည်သဘော ပေါက်မှုမရှိတဲ့အတွက် မိမိတို့ရဲ့ကလေးတွေမှာ စစ်မှန်တဲ့ပညာရေးရဲ့အနှစ်သာရ ရရှိဖို့ မကြိုးပမ်းနိုင်ခဲ့ခြင်း ကြောင့်ပဲဖြစ်ပါ တယ်။
စစ်မှန်တဲ့ပညာရေးဆိုတာ ကလေးတစ်ယောက်ကို ငယ်စဉ်ကထဲက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးတိုးတက် အောင် ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ မြင်လွယ်ပြီး
ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆရာဝန်တွေ အာဟာရတွေရှိနေ လို့
သိပ်အခက်အခဲမရှိလှပါဘူး။ ဒါပေမဲ့ မိဘတော်တော်များများ
သတိမထားမိတာကတော့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပါ။ ကလေးတစ်ယာက်အတွက် ပညာရေးခရီးလမ်းကိုမစတင်မီမှာ အရေးအကြီးဆုံးစိတ်ပိုင်း ဆိုင်ရာလိုအပ်ချက် တွေကို အရင်ပြည့်မှီအောင် ဖြည့်ဆည်းပေးဖို့လိုအပ် ပါတယ်။
အဓိကစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကတော့ Self-reliance ကိုယ့်ကိုယ်ကိုအားကိုးနို င်မှု၊ Self-confidence ကိုယ့်ကိုယ် ကိုယုံကြည်မှု၊ Self-esteem ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်မှု ဆိုတဲ့အချက်တွေပဲဖြစ်ပါတ ယ်။
နောက်တစ်ချက်ကတော့ ကလေးတွေ ၁ နှစ်ကျော် ၂ နှစ်ဝန်းကျင်မှာ
sensory ရှောင်တဲ့ ကြောက်တဲ့ကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားသင့် ပါဘူး။ အဲ့ဒီအလေ့အထဟာ ကလေးတွေဘ၀မှာ မဖြစ်မနေကြုံရမဲ့ လုပ်ရမဲ့ Risk Manner တွေမှာအကြီးအကျယ်ထိခိုက် စေပါတယ်။ Risk Manner ကိုထိခိုက်ရင်ဘာဖြစ်လဲလို့မေးစရာရှိပါတယ်။ Risk Manner မရှိတဲ့ကလေးဟာ အသက်ကြီး လာရင် ဘယ်တော့မှခေါင်းဆောင် ကောင်းမဖြစ်နိုင်တော့ပါ ဘူး။ Follower အဆင့်ကမတက်နိုင်တော့ပါဘူး။ ဒီနေ့ စီးပွားရေး လောကမှာ နာမည်ကြီးနေတဲ့ စွန့်ဦးတီထွင်လုပ်ငန်း ရှင်တွေဟာ Risk တွေကိုမကြောက်တဲ့သူတွေပဲဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ အဓိကစိတ်ပိုင်းဆိုင်ရာအရ ည်အသွေးတွေ နဲပါးရင် ကိုယ်ပိုင်စိတ်ကူးစိတ်သ န်းနဲ့ ပုံဖော်နိုင်စွမ်းအား နဲပါးတတ် ပါတယ်။ နောက်တစ်ချက် အရေးကြီးတာကတော့ မြန်မာစကားပုံတစ်ခုလိုပါပဲ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ် ဆိုတာမျိုးပါ။ အဲ့လိုထက်မြက်တဲ့အမြင်မျိုးမရှိတော့ဘဲ တစ်ထွာပြရင် တစ်ထွာတောင်မမြင်ချင် တာမျိုးဖြစ်တတ်ပါတယ်။
စာရွက်ပေါ်ကပညာရေးဆိုတာ နောက်ဆုံးအဆင့်ပါ။ ဒီနောက်ဆုံးအဆင့်ကို အရင်ဆုံးလုပ်နေသရွေ့တော့ ကျွန်မတို့ လူမျိုးနောက်ထပ် ၁၀ နှစ်လဲပြောင်းလဲလာဖို့မရှိပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ Education ကိုအကောင်းဆုံးပံ့ပိုးပေးချင်တယ်ဆိုရင် အဓိကစိတ်ပိုင်းဆိုင်ရာအရ ည်အသွေးတွေကို အရင်ပြည့်မှီအောင်ကြိုး စားပေးသင့်ပါတယ်ဆိုတာကို မေတ္တာရှေ့ထား တိုက်တွန်းလိုက်ပါရစေရှ င်။
မေတ္တာဖြင့်
Su Yie Kyaw(YTTC)
==================
ကျွန်မတို့နိုင်ငံမှာ အများစုနားလည်သဘောပေါက်
ဘာကြောင့်လဲဆိုတဲ့မေးခွန
စစ်မှန်တဲ့ပညာရေးဆိုတာ ကလေးတစ်ယောက်ကို ငယ်စဉ်ကထဲက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှ
အဓိကစိတ်ပိုင်းဆိုင်ရာလိ
ဖော်ပြခဲ့တဲ့ အဓိကစိတ်ပိုင်းဆိုင်ရာအရ
စာရွက်ပေါ်ကပညာရေးဆိုတာ နောက်ဆုံးအဆင့်ပါ။ ဒီနောက်ဆုံးအဆင့်ကို အရင်ဆုံးလုပ်နေသရွေ့တေ
မေတ္တာဖြင့်
Su Yie Kyaw(YTTC)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။