ငွေအရင်းအနှီးမရှိဘဲ လုပ်ငန်းတစ်ခုထူထောင်မယ်ဆို ရင်...
လုပ်ငန်းတစ်ခုကို စတင်ဖို့ အကြံဥာဏ်တွေရှိပေမယ့် လက်ထဲမှာ ငွေကြေးအလုံအလောက် မရှိတာမျိုးဖြစ်တတ်ပါတယ်။
လည်ပတ်ဆဲ လုပ်ငန်းတစ်ခုဟာလည်း ငွေကြေးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရချိန်မှာ မအောင်မြင်ဘဲ ရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ငွေကြေးပမာဏ အများကြီး မရှိဘဲ အလုပ်တစ်ခု ဆက်လက်ရှင်သန်အောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အကြံဥာဏ်တွေ ရယူပါ။
Nicole DeBoom ဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ (၁၁) နှစ်ကတည်းက အားကစားသမားတစ်ယောက်ဖြစ်ပါတ ယ်။
အားကစားဝတ်စုံ ထုတ်လုပ်တဲ့ Company တစ်ခုကို တည်ထောင်ချင်သူ တစ်ယောက်လဲ
ဖြစ်ပါတယ်။သူမဟာ အမျိုးသမီး အားကစား ဝတ်စုံတွေ အကြောင်းကို
ကောင်းကောင်းနားလည်ပေမယ့် အဝတ်အစား စက်ရုံတွေအကြောင်းကိုတော့ နားမလည်ပါဘူး။
ဒါကြောင့် စက်ရုံအကြောင်း နားလည်သူတွေဆီကတစ်ဆင့် အကြံဥာဏ်များစွာ
ရယူခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Nicole ဟာ ဒေါ်လာ ၂၅ သန်းဖိုး
ရောင်းအားရှိတဲ့ အားကစားဝတ်စုံ Company တစ်ခုကို ပိုင်ဆိုင်နေပြီ
ဖြစ်ပါတယ်။ အကြံဥာဏ်ပေးခဲ့တဲ့ လူတွေကြောင့်သာ အခုလို အောင်မြင်မှုကို
ရရှိခဲ့တာလို့ Nicole က ပြောဆိုခဲ့ပါတယ်။ အကြံဥာဏ်တွေဆိုတာ
အလွန်အရေးပါပါတယ်။
၂။ ရင်းနှီးမြုပ်နှံမယ့်သူကို ရှာဖွေပါ။
မိမိ လုပ်ငန်းအပေါ်မှာ အမှန်တကယ် စိတ်ပါဝင်စားတဲ့ Partner တစ်ယောက်ကိုလည်း ရှာဖွေသင့်ပါတယ်။ လူချမ်းသာ ရင်းနှီးမြုပ်နှံသူတွေရဲ့ အကူအညီကြောင့် အောင်မြင်သွားတဲ့ Company များစွာရှိပါတယ်။ ဒါကြောင့် သင့်အတွက် အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံသူကို ရှာဖွေပါ။
၃။ ငှားရမ်းထားတဲ့ ပစ္စည်းတွေနဲ့ တစ်ပတ်ရစ်ပစ္စည်းတွေကို အသုံးချပါ။
လုပ်ငန်းတစ်ခု လည်ပတ်ဖို့ ငွေကြေးမလုံလောက်တဲ့ အခါမျိုးမှာ လိုအပ်တဲ့ပစ္စည်းတွေကို ငှားရမ်းသုံးစွဲရတတ်ပါတယ်။ တစ်ခါတစ်လေ ပစ္စည်းအသစ်တွေ ဝယ်ယူဖို့ စရိတ်ကြီးမားနေရင်လည်း တစ်ပတ်ရစ် တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဒီအချက်ကိုလည်း မှတ်သားထားသင့်ပါတယ်။
၎။ မထုတ်ရသေးတဲ့ Product တွေကို ကြိုတင်ရောင်းချပါ။
လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးကတော့ ထုတ်ကုန်တွေကို အားပေးမယ့် Customers ရှိဖို့ပါပဲ။ တစ်ခါတစ်လေမှာ မထုတ်ရသေးတဲ့ ထုတ်ကုန်တွေကို ကြိုတင် ရောင်းချထားလို့ ရပါတယ်။ စက်ရုံကတောင် မထုတ်လုပ်ရသေးတဲ့ Product တွေကို အပြင်မှာ ကြိုတင်ရောင်းချရင်း ငွေအရင်းအနှီးကို ရှာဖွေနိုင်ပါတယ်။ Crowd funding လို့ခေါ်တဲ့ ဒီနည်းကို အသုံးပြုရင် လုပ်ငန်းရဲ့ အလားအလာကို ကြိုတင်ခန့်မှန်းနိုင်တာကြောင့် အချိန်ကုန်၊ငွေကုန် သက်သာစေပါတယ်။
ယခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ ငွေကြေးပြတ်လပ်နေရင်တောင်လု ပ်ငန်းတစ်ခုလုံး ရပ်တန့်စရာမလိုဘဲ ဆက်လက်လည်ပတ်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းတချို့ပဲဖြစ်ပါတယ်။
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com
လုပ်ငန်းတစ်ခုကို စတင်ဖို့ အကြံဥာဏ်တွေရှိပေမယ့် လက်ထဲမှာ ငွေကြေးအလုံအလောက် မရှိတာမျိုးဖြစ်တတ်ပါတယ်။
လည်ပတ်ဆဲ လုပ်ငန်းတစ်ခုဟာလည်း ငွေကြေးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရချိန်မှာ မအောင်မြင်ဘဲ ရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
ငွေကြေးပမာဏ အများကြီး မရှိဘဲ အလုပ်တစ်ခု ဆက်လက်ရှင်သန်အောင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတ
၁။ အကြံဥာဏ်တွေ ရယူပါ။
Nicole DeBoom ဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ (၁၁) နှစ်ကတည်းက အားကစားသမားတစ်ယောက်ဖြစ်ပါတ
၂။ ရင်းနှီးမြုပ်နှံမယ့်သူကို ရှာဖွေပါ။
မိမိ လုပ်ငန်းအပေါ်မှာ အမှန်တကယ် စိတ်ပါဝင်စားတဲ့ Partner တစ်ယောက်ကိုလည်း ရှာဖွေသင့်ပါတယ်။ လူချမ်းသာ ရင်းနှီးမြုပ်နှံသူတွေရဲ့ အကူအညီကြောင့် အောင်မြင်သွားတဲ့ Company များစွာရှိပါတယ်။ ဒါကြောင့် သင့်အတွက် အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံသူကို ရှာဖွေပါ။
၃။ ငှားရမ်းထားတဲ့ ပစ္စည်းတွေနဲ့ တစ်ပတ်ရစ်ပစ္စည်းတွေကို အသုံးချပါ။
လုပ်ငန်းတစ်ခု လည်ပတ်ဖို့ ငွေကြေးမလုံလောက်တဲ့ အခါမျိုးမှာ လိုအပ်တဲ့ပစ္စည်းတွေကို ငှားရမ်းသုံးစွဲရတတ်ပါတယ်။ တစ်ခါတစ်လေ ပစ္စည်းအသစ်တွေ ဝယ်ယူဖို့ စရိတ်ကြီးမားနေရင်လည်း တစ်ပတ်ရစ် တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဒီအချက်ကိုလည်း မှတ်သားထားသင့်ပါတယ်။
၎။ မထုတ်ရသေးတဲ့ Product တွေကို ကြိုတင်ရောင်းချပါ။
လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးကတော့ ထုတ်ကုန်တွေကို အားပေးမယ့် Customers ရှိဖို့ပါပဲ။ တစ်ခါတစ်လေမှာ မထုတ်ရသေးတဲ့ ထုတ်ကုန်တွေကို ကြိုတင် ရောင်းချထားလို့ ရပါတယ်။ စက်ရုံကတောင် မထုတ်လုပ်ရသေးတဲ့ Product တွေကို အပြင်မှာ ကြိုတင်ရောင်းချရင်း ငွေအရင်းအနှီးကို ရှာဖွေနိုင်ပါတယ်။ Crowd funding လို့ခေါ်တဲ့ ဒီနည်းကို အသုံးပြုရင် လုပ်ငန်းရဲ့ အလားအလာကို ကြိုတင်ခန့်မှန်းနိုင်တာကြေ
ယခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ ငွေကြေးပြတ်လပ်နေရင်တောင်လု
Linn Linn Maung (Myanmar Leaders)
Ref: Entrepreneur
#linnlinnmaung
www.myanmarleaders.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။