Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 10, 2017

Jack Ma ရဲ့ အောင်မြင်ရေးသော့ချက် (၁၀) ချက်


ဒီအပတ်တော့ တရုတ်ပြည်ရဲ့ ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ Alibaba Group ရဲ့ CEO Jack Ma ရဲ့ အောင်မြင်ရေးသော့ချက်တွေ မျှဝေပေးလိုက်ပါတယ်။

၁။ လုပ်သာလုပ်လိုက်

Jack Ma ဟာ သူ့ရဲ့ တတိယအကြိမ် ကြိုးစားမှုအနေနဲ့ English ဆရာ အလုပ်ကို College မှာရခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့မှာ ဘာ Computer၊ ဘာ Engineering အသိပညာမှ မရှိပါဘူး။ ဒီလိုလူက ဘယ်လိုလုပ် နည်းပညာအခြေပြုတဲ့လုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်လာမှာလဲ။ သူရဲ့ Interview မှာတော့ 1995 မှာ US ကိုရောက်ခဲ့စဉ်က Internet ကို မြင်ပြီးသကာလ အတွေးတွေ ပေါက်ခဲ့ပါတယ်။

ကျွန်တော် တခါမှ Keyboard မကိုင်ဖူးဘူး၊ Computer လည်း မသုံးဖူးဘူး။ စတွေ့တုန်းက ကျွန်တော်က “အဲတာ..ဘာလဲ” လို့ မေးမိတယ်။ သူတို့က “Jack… ဒါကလေ… Internet မှာ မင်းလိုချင်တာမှန်သမျှကို ရှာလို့ရတဲ့အရာကွ” လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျွန်တော်လည်း “ဘယ်လို ရှာရတာလဲ? အဲ့လိုရှာတယ်ဆိုတာ ဘာကိုခေါ်တာလဲ?”။ သူက ပြန်ပြီးတော့ “စာရိုက်ကြည့်”။   ကျွန်တော်က “ဟာ… မရိုက်ချင်ပါဘူး” Computer ဆိုတဲ့ အရာကြီးက တရုတ်ပြည်မှာ အရမ်းဈေးကြီးတာ ကလား။ ကျွန်တော် ဘယ်ကိုင်ရဲပါ့မလဲ။ တခုခုလုပ်လို့ ပျက်သွားဘယ်နှယ့် လုပ်မလဲ။ သူက ဆက်ပြီး “ဟေ့ကောင်… ဒါ Bomb မဟုတ်ဘူးကွ…          ရိုက်ကြည့်စမ်းပါ”။ ဒါနဲ့ ကျွန်တော်လည်း မဝံ့မရဲနဲ့ “Beer” ဆိုပြီး ရိုက်လိုက်တယ်။
အဲ့ဒီတုန်းက အရမ်းနှေးသေးတယ်လေ… ခဏကြာတော့မှ အမေရိကန်ဘီယာ၊ ဂျပန်ဘီယာ၊ ဂျာမန်ဘီယာတွေ ထွက်လာတယ်။ အဲ… တရုပ်ဘီယာတော့ မပါဘူးဗျ။
ဒါနဲ့ လူက နည်းနည်းရဲသွားပြီဆိုတော့ စူးစမ်းလိုစိတ်နဲ့ “China” လို့ရိုက်လိုက်တယ်၊ ဘာမှ မထွက်လာတော့ဘူး။ ဘာ Data မှ မရှိဘူး။ လက်ထဲမှာ ၁ဒေါ်လာနဲ့ ဟန်ကျိုးမြို့ကို ပြန်လာခဲ့တယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ပေါ့။
ရောက်ရောက်ချင်း စိတ်ထဲမှာ ကျုံးဝါးလိုက်တယ် “ငါ… အဲ့ဒီ Internet ဆိုတာကြီးနဲ့ တူတာတခုလုပ်ချင်တယ်”

၂။ ပြဿနာကြီးကို ဖြေရှင်းပါ

တရုတ်ပြည်မှာ ပုံမှန်ခေါ်နေကျ “ကုမ္ပဏီဆို” တာနဲ့ ကျွန်တော်တို့နဲ့ မဆိုင်သလိုဖြစ်လာတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုတော့ စီးပွားရေးလည်ပတ်ဖို့ ဖန်တီးနေတဲ့ ကုမ္ပဏီလို့ ခေါ်လိုက်တယ်။ လူတွေက ပြောကျတယ် “Jack… မင်းကတော့ B2B ရော B2C ရော လုပ်တယ်၊ အခု မင်းကထပ်ပြီး C2B ဆိုပြီး ငွေကြေးနဲ့ Online ငွေချေမှုစနစ်တွေ၊ ထုတ်ကုန်လုပ်ငန်းတွေ၊ Cloud Computer တွေ ပါ ထပ်လုပ်လာပြီ… မင်းကတော့ နေရာတိုင်းပဲ ကွာ”။ ဒါ ကျွန်တော်တို့ လောဘကြီးလို့၊ အနိုင်နဲ့ ပိုင်းချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်တယ်၊ လုပ်ကိုလုပ်ရမယ်ဆိုတာကို ခံယူထားလို့ပါ။
ကျွန်တော်တို့ မလုပ်နိုင်ရင်၊ မလုပ်ရင်၊ တရုတ်ပြည်ရဲ့ စီးပွားရေးထုတ်ကုန်လုပ်ငန်းတွေ နှစ်အနည်းငယ်အတွင်း ပျက်စီးနိုင်တယ်။
လွန်ခဲ့တဲ့ ၉ နှစ်ကို မှတ်မိသေးတယ်… Alipay ကိုစတုန်းကပေါ့… လူတွေက “Jack ငွေကြေးကဏ္ဍကို မင်းသွားမကိုင်နဲ့နော်… အဲ့ဒါက တရားမဝင်ဘူး၊ မင်း ထောင်ကျသွားနိုင်တယ်”။ ကျွန်တော်တို့ ကိုယ့်ဘာသာကို ပြန်တွေးတယ်၊ ကျွန်တော်တို့သာ မလုပ်ရင် တရုတ်ပြည်ရဲ့ ဈေးကွက်ဟာ သူများတွေရဲ့ ကစားမှုကို ခံနေရမှာ။ လူတိုင်း ခံယူထားတာကတော့ “မင်း ပိုက်ဆံမပေးရင်၊ မင်း ပစ္စည်းလည်း မရဘူး” အားလုံး ဝိုင်းတားနေတဲ့ကြားက “ကောင်းပြီ… ငါ့ကို ထောင်ထဲထည့်ရင်လည်း ထည့်ကွာ” ဆိုပြီး မရရအောင် လုပ်ခဲ့တယ်။ လူတွေကတော့ ဒီဝန်ဆောင်မှုဟာ အရမ်း မိုက်မဲတယ်လို့ ပြောကြတယ်။
ဘာလို့ဆို ကျွန်တော်တို့ ၀န်ဆောင်မှုက လူတွေ ပစ္စည်းဝယ်ရင် ပိုက်ဆံပေးတယ် ဟုတ်တယ်နော်.. အေး… ဝယ်တဲ့ ပစ္စည်းအတိုင်း လက်ခံ မရရှိရင် ကျွန်တော်တို့ကို ပေးထားတဲ့ ပိုက်ဆံအားလုံး ပြန်ပေးတယ်။ လူတွေကတော့ ကျွန်တော့်ကို ကြောင်တောင်တောင်နိုင်တဲ့ ဝန်ဆောင်မှုလို့ ပြောကြတယ်။ ကျွန်တော်ကတော့ ” အေး… လူတွေရဲ့ အဓိက ပြဿနာကို ဖြေရှင်းနိုင်ရင် ကြောင်တောင်တောင်နိုင်လဲ ငါကြိုက်တယ်ကွာ… ဒီကြောင်တောင်တောင် ကိုပဲ ဒီ့ထက် ကောင်းအောင် ပြင်ရင်း ကြိုးစားရင်းနဲ့ ရှေ့ဆက်မယ် ဟေ့” လို့ပြောခဲ့တယ်။

၃။ ကိုယ့်ကိုယ်ကို ပြင်ပါ

ကျွန်တော် စီးပွားရေး စလုပ်တုန်းက ကျွန်တော့်လို လုပ်ငန်းရှင် ငမြောက်ငခြောက်လေးအတွက် အရမ်းခက်ပါတယ်။
ဒေါ်လာ ၅၀၀ လောက်ရဖို့ ငါးလလောက် ရုန်းကန်ခဲ့ရတယ်။ ဘာဆိုဘာမှ အခွင့်အလမ်းမရှိခဲ့ဘူး။
စီးပွားရေးကို ဘယ်လိုစလုပ်ရမယ် ဆိုတာလည်း ဘာမှ မသိဘူးလေ။
ဒါနဲ့ အလုပ်စဖို့အတွက် လုပ်ငန်းမှတ်ပုံတင်ရုံးကိုသွားတော့ “Internet ဆိုတဲ့ စကားလုံး သူတို့မသိဘူးတဲ့၊ Dictionary ထဲမှာလည်း မရှိဘူး” တဲ့လေ။ “မင်း တခြားစကားလုံး စဉ်းစားပြီး မှတ်ပုံတင်ရမယ်” လို့ ပြောတယ်။
ကျွန်တော်က “ဘာ အနေနဲ့ တင်ရမလဲ” ဆိုတော့ “Computer အကြံပေးလုပ်ငန်း” တဲ့…
သိတဲ့အတိုင်း ကျွန်တော်က Computer ဆိုတာတောင် ဘာမှန်းသိတာ မဟုတ်ဘူး။
ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ ပထမဦးဆုံး Company နာမည်က “ဟန်ကျိုး Computer အကြံပေး လုပ်ငန်း” ဖြစ်သွားတယ်။
နည်းပညာအကြောင်းရော၊ Computer အကြောင်းရော နကန်း တလုံးမသိတဲ့ ကျွန်တော်တို့အတွက် လုပ်ငန်းစရတာ အင်မတန် ခက်ခဲတယ်။ ၁၅ နှစ်လောက် မနည်း ရုန်းကန်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကို မျက်ကန်းကျားကြီးရဲ့ ကျောပေါ်က စီးပြီး လိုက်နေရတဲ့ မျက်ကန်း လူလိုပဲ… မြင်းတွကို စီးကြတယ်ဆိုတဲ့ အခြားလူတွေ (အခြား စီးပွားရေး လုပ်သူတွေ) တဦးပြီး တဦး ပြိုလဲကုန်ကြတယ်။
ကျွန်တော်တို့ကတော့ အသက်ဆက်နိုင်ခဲ့တယ်။ အနာဂတ်ကို ကျွန်တော်တို့ပိုပြီး စိတ်ပူခဲ့လို့ပဲ။ အနာဂတ်မှာဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ခဲ့တယ်။
ကိုယ့်ကိုယ်ကို အနာဂတ်အတွက် အဆင်သင့်ဖြစ်အောင် ပြောင်းလဲခဲ့တယ်။ ဘယ်တော့မှ ပြည့်စုံပြီဆိုပြီး ရပ်မနေဘူး။

၎။ အားကျအောင် လုပ်ပါ

ငါးနှစ်တကြိမ်ဆိုလိုသလို ကျွန်တော်တို့ရဲ့ ဈေးကွက်ဗျူဟာ ကို ပြန်သုံးသပ်ပါတယ်။
ကျွန်တော်တို့ လုပ်တဲ့ ပုံစံကတော့ လာမယ့် ၁၀နှစ်၊နဲ့ အနှစ် ၃၀ ကို မှန်းကြည့်တာပါ။
ဒီလို ဆုံးဖြတ်မယ်ဆိုတိုင်း ကျွန်တော်တို့ မေးနေကြမေးခွန်းတခု အရင်မေးတယ်.. “ဒီလုပ်မယ့် ဆုံးဖြတ်ချက်ဟာ လူထုရဲ့ ပြဿနာကို ဖြေရှင်းရဲ့လား”။
ပိုကြီးတဲ့ လူထုရဲ့ ပြဿနာကို ရှင်းနိုင်လေ၊ ကျွန်တော်တို့ ပိုအောင်မြင်လေဆိုတာကို ယုံလို့ပါ။
ဒီလို မေးလိုက်လို့ လက်ရှိဆုံးဖြတ်ချက်ဟာ ဘာမှ မဖြေရှင်းနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ ဆက်မလုပ်ပါဘူး။
နောက်ထပ် မေးခွန်းကတော့… “လာမယ့် ၁၀နှစ်မှာ ဒီလုပ်ငန်း အောင်မြင်နိုင်မလား” ဆိုတာပါ။ အောင်မြင်နိုင်ရင် လုပ်ကြစို့။
ဒီလိုမှ မဟုတ်ဘဲ လောလောဆယ်၊ တစ်လ နှစ်လ၊ တစ်နှစ်လောက်ပဲ အောင်မြင်နိုင်ရင်တော့ ကျွန်တော်တို့ မလုပ်တော့ဘူး။
လွန်ခဲ့တဲ့ ၅ နှစ်တုန်းကတော့… ကျွန်တော်တို့ ဆွေးနွေးပွဲတခု အကြီးအကျယ်လုပ်ခဲ့တယ်… လာမယ့် ၁ဝ နှစ်၊ အနှစ် ၂၀ မှာ တရုတ်ပြည်သူလူထုတေ်ွ ဘာလိုချင်မလဲ၊ ဘယ်လိုနေချင်မလဲ။
အဖြေကတော့ ပျော်ရွှင်မှုနဲ့ ကျန်းမာရေး ဆိုပြီး ထွက်လာခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ စဉ်းစားတာက ရုပ်ရှင်တွေဟာ လူတွေကို ပျော်အောင် လုပ်ပေးနိုင်တယ်။
ယနေ့ခေတ်မှာ ဘယ်သူမှ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာ သိပ်မတွေ့ရဘူး။ ချမ်းသာတဲ့လူရော၊ ဆင်းရဲတဲ့လူရောပဲ။ အနည်းဆုံး ကျွန်တော်တော့ ရုပ်ရှင်ကြည့်လိုက်ရရင် ပျော်သွားတယ်၊ ဟုတ်တယ်မလား။
ဒီတော့ ကျွန်တော်တို့ ရုပ်ရှင်လောကထဲဝင်ဖို့ Hollywood နဲ့ လက်တွဲဖို့ သင့်တယ်လို့ ဆုံးဖြတ်လိုက်တယ်။
တရုတ်ပြည်က ရုပ်ရှင်ကားတွေမှာ… ဇာတ်လိုက်တွေအများကြီးပဲ… ဒါပေမယ့် သူတို့တွေ ဇာတ်လမ်းထဲမှာ အမြဲသေပေးရတယ်။ အမေရိကားက ရုပ်ရှင်တွေကြည့်… သူတို့ ဇာတ်လိုက်ကြီးတွေ ဘယ်တော့မှ မသေဘူး။
ဇာတ်လိုက်က သေနေရင် ဘယ်သူကနောင်ကို ဇာတ်လိုက် သူရဲကောင်းကြီး လုပ်ချင်တော့မှာလဲဗျာ။ ဒီတော့ ကျွန်တော်တို့ ရုပ်ရှင်တွေမှာ ဇာတ်လိုက်သူရဲကောင်းတွေကို အမြဲရှင်စေချင်တယ်။
ဒီရုပ်ရှင်လောကက ကျယ်တော့ ကျွန်တော်တို့ အများကြီး သင်ယူရဦးမှာပါ။ လောလောဆယ် ၂ နှစ်ရှိသွားပြီ။ နောက် ၈ နှစ် ဆက်လုပ်ရဦးမှာပဲ။
ကျွန်တော်တို့ ကုမ္ပဏီကို အရောင်းအဝယ်ဈေးကွက်လို့မြင်နေတာထက်၊ လူတွေကို အားကျအောင် လုပ်ပေးမယ့် ကုမ္ပဏီတခုအနေနဲ့ပါ မြင်စေချင်တယ်။ ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင်ကား Forrest Gump (သာမန်လူငယ်တဦး မဆုပ်မနစ်ကြိုးစားမှုအကြောင်းရိုက်ထားသည့် ဇာတ်ကား) မှာဆိုရင်… ဘဝဆိုတာ ကြမ်းတမ်းမယ်… ကြိုးစားရမယ်။
ဒါ… ဒီရုပ်ရှင်ကြည့်ခဲ့လို့ ကျွန်တော်ရခဲ့တဲ့ အားကျစရာတခုပဲ။ ဒီအတွက်ပဲ ကျွန်တော့်ကိုလူတွေ ရူးတယ်၊ ကြောင်တယ် လို့ လွန်ခဲ့တဲ့ ၁၇ နှစ်ကတည်းက ပြောကျတယ်။ “မင်း ရူးနေလား.. ဒါဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ” “မင်း ကြောင်နေလား.. ဒီ နည်းလမ်းအတိုင်း မင်းဘယ်လို လုပ်နိုင်မလဲ”
ဒီအချိန်တွေမှာ ကျွန်တော် ကိုယ့်ကိုယ်ပဲ Forrest Gump ပြောသလိုပဲ ပြန်ပြောတယ် “ဆက်သာလုပ်… အခြားလူတွေ ဘာတွေထင်ပါစေ ဘယ်တော့မှ ဂရုမစိုက်နဲ့”။ Forrest Gump ပြောတဲ့ အခြား စကားတခွန်းရှိသေးတယ် “ဘယ်သူမှ ဝေလငါးဖမ်းပြီး မချမ်းသာလာဘူး… ပုစွန်ဖမ်းပြီး ချမ်းသာလာတဲ့ သူတွေပဲရှိတယ်”။
ဒါ့ကြောင့် ကျွန်တော်တို့ကတော့ စီးပွားရေး လုပ်ငန်းရှင်လေးတွေကိုပဲ ဝန်ဆောင်မှုပေးတယ်။

၅။ ဝယ်သူတွေနဲ့ ယုံကြည်မှုဆောက်ပါ

ကျွန်တော်တို့ အွန်လိုင်း shopping စထောင်တုန်းက ဘယ်သူကမှ မယုံကြဘူး။ အဲဒီ့ အချိန်က လူတွေ အကုန်လုံးက လူချင်းတွေ့ ရောင်းဝယ်တာကိုပဲ ယုံကြတယ်။ တရုတ်ပြည်မှာ တဦးနဲ့တဦး မယုံကြဘူး။ (Jack Ma ဟာ တရုတ်ပြည်က လူတွေ ယုံကြည်မှုရစေဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။
ကိုယ်တိုင် ငွေချေစနစ်ကို ထူထောင်ပြီး ဝယ်သူတွေ ပစ္စည်းလက်ခံရကြောင်း အကြောင်းမပြန်သေးသ၍ ပေးချေထားတဲ့ ငွေကို ရောင်းသူကို မပေးပါဘူး။ ဒီ စနစ်နဲ့ ဝယ်သူတွေကို စိတ်ချရတဲ့ အာမခံချက် ထူထောင်နိုင်ခဲ့ပါတယ်)
နေ့စဉ် ကျွန်တော်တို့ အရောင်းအဝယ်ပေါင်း မီလီယံ ၃၀ ကျော် ရှိပါတယ်။
အခုဆိုရင် လူတွေက တခါမှမတွေ့ဖူးတဲ့ လူဆီကဝယ်၊ တခါမှ မတွေ့ဖူးတဲ့ လူဆီကိုပို့ဖို့၊ တခါမှ မတွေ့ဖူးတဲ့ လူဆီကတဆင့် ပစ္စည်းကို ပေးပို့ခိုင်းပြီး အရောင်းအဝယ် လည်ပတ်နေကြပါပြီ။
ဒီမှာ ယုံကြည်မှုကို တည်ဆောက်ထားနိုင်ပြီလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ကို လူတွေ ယုံလာကြပြီဗျာ။

၆။ ပါးရည်နပ်ရည် ရှိပါ

လုပ်ငန်းထောင်သူတိုင်း အလုပ်ကြိုးစားတာ များပါတယ်။ အလုပ်ကြိုးစားယုံနဲ့ မရပါဘူး။ ပါးရည်နပ်ရည်လည်း ရှိဖို့လိုပါတယ်။ ကျွန်တော်တို့ စထောင်တုန်းက လူရှာရတာ အင်မတန် ခက်ပါတယ်။ လမ်းပေါ်မှာ ရှိနေတဲ့ လူတွေကို ကျွန်တော်တို့ ငှားခဲ့တယ်။ အဲ့ဒီအချိန်က Internet ကို ဘယ်သူကမှ ယုံကြတာမဟုတ်ဘူးလေ။ ဒီ ရသမျှ လူတွေနဲ့ လုပ်ငန်းစခဲ့တယ်။
အချို့ကတော့ လုပ်ရင်းတန်းလန်းနဲ့ အခြား လုပ်ငန်းတွေက ကမ်းလှမ်းလို့ ပါသွားကြတယ်။ ယုံကြည်ချက်နဲ့ ကျန်ခဲ့တဲ့ အခြား လူတွေကတော့ အခု လုပ်ငန်း အောင်မြင်လာတဲ့အထိ နေခဲ့ကြတယ်။ ဒီလူတွေကြောင့် ကျွန်တော်တို့ အောင်မြင်ခဲ့တာပါ။ ကျွန်တော်တို့တွေ အားလုံး ဒီ အိပ်မက်ကို ယုံကြည်ခဲ့ကြတယ်။

၇။ ကိုယ့် အယူအဆကို ကိုယ်ယုံပါ

မေးမြန်းသူ။။ Amazon က ကိုယ်ပိုင် အလုပ်ရုံတွေ၊ ကိုယ်ပိုင် ဂိုထောင်ရုံတွေနဲ့ Online Shopping လုပ်တယ်၊ ခင်ဗျားကတော့ ဒီလို မဟုတ်ဘူး။ လုပ်ငန်းရှင် အသေးလေးတွေဆီက တဆင့် ပြန်ရောင်းတယ်၊ ဘာမှ ဂိုထောင်တွေ ဘာတွေ မထားဘူး။ ဒီတော့ Alibaba နဲ့ Amazon ဘယ်သူမှန်တယ် ထင်သလဲ။
Jack Ma။။ ကျွန်တော်ကတော့ နှစ်ဦးလုံး မှန်ပါစေ မျှော်လင့်တယ်။ လောကမှာ တခုတည်း မှန်တာ အင်မတန် ရှားတယ်။ ဒီလို ဖြစ်ခဲ့ရင်လည်း အရမ်းကို ပျင်းဖို့ကောင်းမှာပဲ။ အသစ်အဆန်းဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော်ပြောချင်တာကတော့ လူတွေမှာ ကိုယ်ပိုင်အယူအဆ ရှိသင့်ပြီး၊ ဒီအယူအဆကို ဆွဲကိုင် ယုံကြည်ထားသင့်တယ်။
ကျွန်တော့် အလုပ်ကို ကျွန်တော်ယုံတယ်။ Amazon က အင်ပါယာလို ထူထောင်ချင်တယ်၊ အားလုံး သူတို့ပဲ ခြယ်လှယ်ချင်တယ်။ ကျွန်တော်တို့က လူတိုင်း အတွက် စနစ်တခု ဆောက်ပေးချင်တယ်။ ကျွန်တော်တို့က လူတွေကို ရောင်းဖို့အဆင်ပြေအောင် ကူညီပေးမယ်၊ ဝန်ဆောင်မှု အဆင်ပြေအောင် ကူညီပေးမယ်၊ လူတွေ ကျွန်တော်တို့ထက် ပိုပြီး အင်အားကြီးသွားအောင်တောင် လုပ်ပေးဦးမှာ။ ကျွန်တော်တို့ရဲ့ နည်းပညာ၊ တီထွင်ဆန်းသစ်မှုတွေ၊ အကျိုးတူလုပ်ငန်းတွေ နဲ့ ကျွန်တော်တို့နဲ့ ရောင်းချနေတဲ့ အခြားအခြားသော စီးပွားရေး လုပ်ငန်းပေါင်း ၁၀ သန်းကျော်ဟာ Microsoft တို့ IBM တို့နဲ့တောင် ယှဉ်လို့ရအောင် လုပ်ပေးမှာပါ။ ဒီ Internet နည်းပညာ ကိုသုံးပြီး လုပ်ငန်းတိုင်းကို Amazon လိုဖြစ်သွားအောင် လုပ်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။

၈။ သေချာတွေးပါ

ကျွန်တော် ကိုယ့်ဘာသာကိုယ် English စာကို ၁၂ နှစ်သားမှာ သင်ခဲ့တယ်။ ဘာလို့မှန်းတော့မသိဘူး။ ကျွန်တော် ဘာသာစကားသင်ရတာ ကြိုက်တယ်။ မနက် ၅နာရီထိုးတိုင်း စက်ဘီးလေးစီးပြီး မိနစ် ၄၀လောက် နင်းရတဲ့ ဟုန်ကျိုး ဆေးရုံကိုသွားတယ်၊ အဲ့ဒီမှာ ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးမယ့် နိုင်ငံခြားသားတွေကို ရှာလေ့ရှိတယ်။ သူတို့ကို မြို့ထဲလိုက်ပြတယ်၊ သူတို့ကပြန်ပြီး အင်္ဂလိပ်စာ သင်ပေးတယ်။ ကျွန်တော် အင်္ဂလိပ်စကားပြောအရမ်းမကောင်းပေမယ့် အခြား နိုင်ငံခြားနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့တယ်။
ကျွန်တော့် မိဘတွေ၊ ဆရာတွေ ဆီက သင်တာနဲ့ မတူညီတဲ့ နိုင်ငံရပ်ခြား ဗဟုသုတတွေ အများကြီး ရခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ရှေးရိုးအယူအဆကို လွန်ဆန်လာတယ်။ ကျွန်တော့်အတွေးတွေက အခြားလူတွေနဲ့ မတူတော့ဘူး။ အဲ့ဒီအချိန်ကစပြီး ဘာပဲ သိရသိရ အကျင့်ဖြစ်လာတာက သူများပါးစပ်နဲ့ လမ်းမဆုံးပဲ ကိုယ်တိုင်အတွေးနဲ့ တွေးရမယ့် ဆိုတာပဲ။
ခင်ဗျားတို့လည်း ဒီလိုတွေးတတ်အောင် လုပ်ထားပါ။ အရာရာတိုင်းက မှန်တယ်လို့ ဦးတည်နေရင် တမိနစ်စောင့်ကြည့်ပါ။ အရာရာတိုင်းက မှားတယ်လို့ ဦးတည်နေရင် တမိနစ်စောင့်ကြည့်ပါ။
သေချာတွေးပါ… အကယ်၍ ကိုယ်သာ အခြားတဖက်က တွေးနိုင်ရင် အခြားနည်းလမ်းတခုနဲ့ အောင်မြင်သွားနိုင်လိမ့်မယ်။

၉။ အကျိုးထိရောက်မှုအပေါ် အာရုံစိုက်ပါ

အနာဂတ်မှာ ခင်ဗျား ဝန်ဆောင်မှု ဘယ်လောက်ကောင်းအောင် လုပ်လုပ် အလုပ်မဖြစ်နိုင်ဘူး။ အဲ့ဒီအချိန်ရောက်လာရင် ခင်ဗျား ဘယ်လောက် အကျိုးထိထိရောက်ရောက် လုပ်နိုင်သလဲဆိုတာ ဖြစ်သွားပြီ။ Alibaba မှာ အခုလောလောဆယ် လုပ်ငန်းပေါင်း ၂၅ ခုရှိတယ်။ အနာဂတ်မှာ ၅၀လည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဝန်ထမ်းဦးရေကိုတော့ ကျွန်တော် အခုလို ၂ဆ ဖြစ်မသွားအောင် ထိန်းချုပ်မယ်။ အခုလက်ရှိ ကျွန်တော်တို့မှာ ဝန်ထမ်းပေါင်း ၂ သိန်းကျော်ရှိတယ်။
ကျွန်တော် တခုပြောပြမယ်။ လွန်ခဲ့တဲ့ ၂နှစ်က ဘတ်ဂျက်အတွက် အစည်းအဝေးတခုလုပ်တယ်။ ကျွန်တော်က အားလုံးကိုမေးတယ် “၂၀၁၂ ကြရင် လက်ရှိ ဝင်ငွေကို ၂ဆ မြှင့်တင်ဖို့၊ လုပ်ငန်းတွေ ၂ဆဖြစ်ဖို့ဆိုရင် လူဘယ်လောက် ထပ်မလိုမလဲ” လူတွေက “၇၈၀၀ လောက်လိုမယ်”။ ဒါနဲ့ ကျွန်တော်က မဟုတ်သေးဘူး ဆိုတော့။ “၆သိန်းလောက်လိုမယ်” တဲ့။ ကျွန်တော်က မဟုတ်သေးဘူးထပ်ပြောတယ်။ ဒီတော့ အားလုံးက “ဘော့စ် က ဘယ်လောက်တောင် လိုမှာလဲ” မေးတော့ “လူ ၂၀၀” လို့ပြောလိုက်တယ်။ “ဟာ… မဖြစ်နိုင်ဘူး၊ ၂၀၀ တည်းနဲ့ ဘယ်လိုလုပ် ရမှာလဲ” ဆိုတော့ …
ကျွန်တော် ဖြေလိုက်တယ်။
“ငါတို့က အနာဂတ်မှာ လုပ်ငန်းတိုးချဲ့မယ်ဆိုရင် လူထပ်ငှားမယ်ပဲတွေးကြတယ်… လက်ရှိ အလုပ်တွေကို ဘယ်လို အကျိုးထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်မယ်လို့ မတွေးဘူး၊ ဒီလူ ၂၀၀ ထပ်ငှားရင်တော့ လက်ရှိအနေအထားနဲ့ဆို ၂၀၁၂ တနှစ်လုံး ဘယ်သူမှ ဘောနပ်စ် တောင် ရမှာ မဟုတ်ဘူး” ဒါနဲ့ပဲ အားလုံး အစီအစဉ်တွေ ဆွဲပြီး ရှိပြီးသား လူ ၁ဝဝဝ တောင် လျှော့လိုက်တယ်။ လူတွေအတွက် အလုပ်ရှာဖွေပေးချင်တာဆိုရင် လက်ရှိ ဝန်ထမ်းအနေအထားနဲ့ပဲ ရအောင် လုပ်မယ်။
အခုဆိုရင် သုံးစွဲသူပေါင်း သန်းပေါင်း ၅၀၀ ကျော်နေပြီ။ ဒီ့ထက် လူများလာရင် ငါတို့ လူဘယ်လောက်ပဲထပ်ငှားငှား နိုင်မှာမဟုတ်ဘူး။ လူတွေကို ထပ်ငှားမယ့် အတွေးအစား လက်ရှိ နည်းပညာကို ပိုကောင်းအောင်၊ လက်ရှိ ဝယ်နေကြတဲ့ ဈေးကွက် ပိုအဆင်ပြေအောင် အကျိုးရှိအောင် အာရုံပိုစိုက်သင့်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ လက်ရှိလူနဲ့ လုပ်ငန်းတွေ ဆက်တိုးချဲ့နိုင်ခဲ့တာပဲ။

၁၀။ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းပါ

လူတွေက လောကကြီးက ဘာမှ မသေချာဘူးပြောကြတယ်။ နေ့တိုင်းက မသေချာပါဘူး။ သေချာတာဆိုလို့ မနေ့က ကုန်သွားတဲ့ အချိန်တွေပဲရှိတယ်။ နောင်ဆိုတာ မပြောနိုင်ဘူး။ နောင်ကို ကျွန်တော် အခုလို စွန့်စားချင်စိတ်၊ ရူးရူးမိုက်မိုက်လုပ်ကိုင်ချင်စိတ် ရှိပါတော့မလားဆိုတာ မသေချာပါဘူး။ ဒါ့ကြောင့် စောစော ပင်စင်ယူဖို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော့်မှာ အခြားလုပ်ချင်တဲ့ အိပ်မက်လေးတွေလည်း ရှိသေးတယ်။ ကျွန်တော် လူမှုရေးတွေ လုပ်ချင်တယ်၊ ကျွန်တော် ကျောင်းဆရာဖြစ်ချင်တယ်၊ ကျွန်တော်ကျောင်းပြန်တက်ချင်တယ်၊ ကျွန်တော် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းချင်တယ်။
လောကကြီးက အံ့သြဖွယ်တွေနဲ့ ပြည့်နေတာပါ။ ဘာလို့ Alibaba ရဲ့ CEO ဆိုတာကြီးပဲ ဖြစ်နေရမှာလဲဗျာ။
မွေးဖွားလာတာ အလုပ်တခုထဲလုပ်ဖို့ မဟုတ်ဘူးလို့ ယုံတယ်၊ မွေးဖွားလာတာ ဘဝရဲ့ အရသာကို ကောင်းကောင်းခံစားပြီး အဓိပ္ပာယ်ရှိရှိလေးလည်း ဖြတ်သန်းဖို့ လိုတယ်။ အလုပ်လုပ်ရင်း ရုံးခန်းထဲမှာ သေမသွားချင်ဘူးဗျ။
သဲသောင်ပြင်လေးပေါ်တော့ သေခွင့်ပြုပါဗျာ။
စုစည်းလို့ရသမျှ အချက်အလက်ကလေးတွေကို မိတ်ဆွေရဲ့ ဘဝ အောင်မြင်ရေးအတွက်ရေးသား ပေးလိုက်ပါတယ်။
စာစုလေးတွေကို သေချာ မှတ်သားပြီး Jack Ma လို အောင်မြင်သူ တဦးဖြစ်အောင် ဆက်လက် ကြိုးစားလိုက်ပါ ခင်ဗျာ။
Steve Jobs ရဲ့ အောင်မြင်ရေး နည်းလမ်း ၁၀ ခုကို ဖတ်ချင်ရင် ဒီ Link ကို နှိပ်သွားပါ။
Bill Gates ရဲ့ အောင်မြင်ရေး နည်းလမ်း ၁၀ ခုကို ဖတ်ချင်ရင် ဒီ Link ကို နှိပ်သွားပါ။
———————————————————
အကယ်၍ ဒီစာစုကလေးကအကျိုးရှိလို့ အသိမိတ်ဆွေတွေကိုလည်း ဖတ်စေချင်ရင် Share လိုက်ပါ။ အသိပညာ ဝေငှခြင်းဟာ ကိုယ့်ကိုလည်း အသိဥာဏ်တိုးတက်စေပါတယ်။
 http://successupsize.com/blog/jack_ma_top_10_rules_of_success/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။