#နောက်ဆုံးလူရဲ့ ဆုတောင်း
ရုပ်ဆိုးတဲ့လူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးဟာ လမ်းချော်ပြီး တောင်အောက်ကို ကျသွားတယ်။ ကားပေါ်ပါသူတွေအားလုံး သေဆုံးကုန်ကြတယ်။
ဘုရားသခင်က သူတို့ကို ကောင်းကင်ဘုံကို ပို့ရမလား၊ ငရဲပြည်ကို ပို့ရမလား မဆုံးဖြတ်ခင်မှာ နောက်ဆုံးအခွင့်အရေးတစ်ခုကို ပေးလိုက်တယ်။ သူတို့ ဘာဖြစ်ချင်တယ်ဆိုတာ ဆုတစ်ခုတောင်းရင် ပေးမယ်တဲ့။
တန်းစီနေတဲ့ သူတို့အဖွဲ့ရဲ့ ထိပ်ဆုံးက လူက "ရုပ်ချောတဲ့ လူတစ်ယောက် ပြန်ဖြစ်ချင်တယ်"တဲ့။ ဘုရားက ဖြစ်စေဆိုတာနဲ့ ရုပ်ချောသူတစ်ယောက်အဖြစ်နဲ့ လူ့ပြည်ကို ပြန်ရောက်သွားတယ်။ ဒုတိယလူကလည်း ပထမလူလိုပဲ ဆုတောင်းလို့ ရုပ်ချောတဲ့လူ ဖြစ်သွားတယ်။
လူတန်းထဲက တစ်ဝက်လောက်ဟာ အဲဒီဆုပဲ တောင်းကြတယ်။ ဘုရားကလည်း သူတို့ဆုတောင်းတာတွေကို ဖြစ်စေတယ်။ ဒီအချိန်မှာ နောက်ဆုံးက လူတစ်ယောက်ဟာ တစ်ခုခုကို သဘောကျပြီး အရမ်းရယ်နေတယ်။
အားလုံးဟာ အဲဒီဆုတစ်မျိုးကိုပဲ တောင်းကြတယ်။ နောက်ဆုံးလူဟာ သူ့အနားရောက်လာခါနီးမှာ သူ့စိတ်ကို မထိန်းနိုင်တော့လို့ ကြမ်းပေါ်မှာ လူးလိမ့်ရင်း အားရပါးရ ရယ်မောနေတော့တယ်။
အခုသူ့အလှည့်ရောက်လာပြီ။ ဘုရားက ဘာဖြစ်ချင်သလဲ။ ဆုတောင်းတဲ့။ သူတောင်းလိုက်တဲ့ဆုက "ရှေ့ကလူတွေအားလုံး မသေခင်တုန်းကလို အရုပ်ပြန်ဆိုးကြပါစေ"တဲ့။
ဒီဟာသလေးဟာ သင့်ကို ဘာအတွေးလေးများ ရလိုက်စေပါသလဲ။
ဗန်းမော်သိန်းဖေ
၀၅-၀၃-၂၀၁၇
ရုပ်ဆိုးတဲ့လူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးဟာ လမ်းချော်ပြီး တောင်အောက်ကို ကျသွားတယ်။ ကားပေါ်ပါသူတွေအားလုံး သေဆုံးကုန်ကြတယ်။
ဘုရားသခင်က သူတို့ကို ကောင်းကင်ဘုံကို ပို့ရမလား၊ ငရဲပြည်ကို ပို့ရမလား မဆုံးဖြတ်ခင်မှာ နောက်ဆုံးအခွင့်အရေးတစ်ခုကိ
တန်းစီနေတဲ့ သူတို့အဖွဲ့ရဲ့ ထိပ်ဆုံးက လူက "ရုပ်ချောတဲ့ လူတစ်ယောက် ပြန်ဖြစ်ချင်တယ်"တဲ့။ ဘုရားက ဖြစ်စေဆိုတာနဲ့ ရုပ်ချောသူတစ်ယောက်အဖြစ်နဲ့
လူတန်းထဲက တစ်ဝက်လောက်ဟာ အဲဒီဆုပဲ တောင်းကြတယ်။ ဘုရားကလည်း သူတို့ဆုတောင်းတာတွေကို ဖြစ်စေတယ်။ ဒီအချိန်မှာ နောက်ဆုံးက လူတစ်ယောက်ဟာ တစ်ခုခုကို သဘောကျပြီး အရမ်းရယ်နေတယ်။
အားလုံးဟာ အဲဒီဆုတစ်မျိုးကိုပဲ တောင်းကြတယ်။ နောက်ဆုံးလူဟာ သူ့အနားရောက်လာခါနီးမှာ သူ့စိတ်ကို မထိန်းနိုင်တော့လို့ ကြမ်းပေါ်မှာ လူးလိမ့်ရင်း အားရပါးရ ရယ်မောနေတော့တယ်။
အခုသူ့အလှည့်ရောက်လာပြီ။ ဘုရားက ဘာဖြစ်ချင်သလဲ။ ဆုတောင်းတဲ့။ သူတောင်းလိုက်တဲ့ဆုက "ရှေ့ကလူတွေအားလုံး မသေခင်တုန်းကလို အရုပ်ပြန်ဆိုးကြပါစေ"တဲ့။
ဒီဟာသလေးဟာ သင့်ကို ဘာအတွေးလေးများ ရလိုက်စေပါသလဲ။
ဗန်းမော်သိန်းဖေ
၀၅-၀၃-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။