Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 5, 2017

မြင်းခွာတစ်ချက်ရဲ့_ဘ၀မှတ်တမ်း

 Mi Mi Tun added 5 new photos — with Mi Mi Tun.
#မြင်းခွာတစ်ချက်ရဲ့_ဘ၀မှတ်တမ်း
***********************%
( မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းထောက်ရမည် )လို့ ဆိုခဲ့သူ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာထင်ရှားခဲ့သူ သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့က အင်းဝမြို့ ကိုင်းတန်းရပ်မှာ အဖ ပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ မွေးချင်း ၇ ယောက်အနက် နို့ညှာဖြစ်ြပီး အမည်ရင်းက မောင်ဗဟိန်းပါ။
ငယ်စဉ်က အင်းဝမြို့ မူလတန်းကျောင်း၊ မန္တလေး အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟဘုရားအနီး ဆရာငုံကျောင်းနဲ့ မန္တလေးအမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ ၁၉၃၅ မှာတက္ကသိုလ်ဝင်တန်း
စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇ ၀င် (သမိုင်း) ဘာသာ (၃) ခုစလုံး ဂုဏ်ထူးရခဲ့တယ်။ ၁၉၃၅ - ၃၇မန္တလေး
ဥပစာကောလိပ်မှာ ပညာဆက်လက်သင်ယူပြီး ၁၉၃၆ -၃၇
အိုင်အေအထက်တန်းကို ပါဠိဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။

ထို့နောက် ရန်ကုန်တက္ကသိုလ်ရောက်လာခဲ့ပြီး ၁၉၃၈ - ၃၉ ဘီအေ အထက်တန်း ပညာသင်ကြားနေစဉ် ရေနံမြေသပိတ်ပေါ် ပေါက်လာရာ နိုင်ငံရေးလောကသို့ အချိန်ပြည့် ၀င်ရောက်ဆောင်ရွက်ခဲ့ပါတော့တယ်။
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေဘောလုံးအားကစားကွင်းအတွင်းက သခင်ဗဟိန်းအုတ်ဂူဟောင်းကို မန်း မြို့တော်စည်ပင်မှ ရှာဖွေတူးဖော်လျက်ရှိပြီး တွေ့ရှိပါက အာဇာနည်ဗိမာန်သို့ပြောင်းရွှေ့သွားမှာပါတဲ့။
သခင်ဗဟိန်းအုတ်ဂူလို့ယူဆရတဲ့အုတ်ဂူကို မဟာအောင်မြေဘောလုံးကွင်းအတွင်း ရှာဖွေလျက်ရှိပြီး အထောက်အထားခိုင်လုံစွာတွေ့ရှိပါက ချမ်းမြသာစည်မြို့နယ်၊တမ္ပ၀တီအရပ်ရှိမန်းအာဇာနည(၁၇)ဦးဗိမာန်သို့
ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်
ဒေါက်တာရဲလွင်ကပြောပါတယ်။
____________________________________________________
#အခု_သခင်ဗဟိန်းအုတ်ဂူကို_လိုက်ရှာနေပါတယ်
#တွေ့ရင်တော့_အာဇာနည်ဗိမာန်မှာပဲ_ထားသွားမှာပါ
____________________________________________________
ဒီနေ့(မတ်လ ၂ရက်)ကစပြီး မဟာအောင်မြေဘောလုံး
ကွင်း၊သင်္ဂဇာချောင်းအနီးမှာရှာဖွေတူးဖော်လျက်ရှိပါတယ်၊
တကယ်လို့ မတွေ့ခဲ့ဘူးဆိုရင်တောင် သခင်ဗဟိန်းအထိမ်းအမှတ်ကို အာဇာနည်ဗိမာန်မှာလုပ်ဆောင်သွားမှာပါလို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။
မတ်လ၄ရက်တူးဖော်မှုမှာတော့ သခင်ဗဟိန်းအုတ်ဂူလို့ယူဆရတဲ့အုတ်ဂူကိုတူးဖော်
တွေ့ရှိထားပြီး ပညာရှင်များထံအတည်ပြုချက်ရယူနေပါတယ်။ယခင်အစိုးရလက်ထက်က အာဇာနည်ဗိမာန်မှာ သခင်ဗဟိန်းအထိမ်းအမှတ်များလုပ်ဆောင်ရန် ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက်မရရှိခဲ့ကြောင်း၊အစိုးရသစ်လက်ထက်မှာယခုလို လုပ်ဆောင်မှုများအား အထူးတလည်ကျေနပ်မှုရှိကြောင်း ၁၃၀၀ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည်(၁၇)ဦးဗိမာန်စောင့်ရှောက်ရေးလှုပ်ရှားသူ ဆရာမင်းထက်ငြိမ်းချမ်းကပြောပါတယ်။
#အင်းဝဂုဏ်ရည်
******************
ကိုဗဟိန်းတို့ အင်းဝသား ကဗျာစာဆို စာရေးသူတို့ဘထွေး ကိုလေး(အင်းဝဂုဏ်ရည်)ကတော့ အင်းဝသားချင်းဆိုပေမယ့်ဘထွေးအရွယ်ပါ။ကျွန်တော်လူဖြစ်တော့ကိုဗဟိန်းရန်ကုန်မှာပါ။သူ့အဖေ ဘကြီးမှင်အမေကြီးဒေါ်ဦးအမများမသိန်းမမကြီး
မမလေးကိုထွန်းအောင်တို့ကိုသိပါတယ်။အေရုံထဲဆန်ရောင်းပါတယ်။၂၉လမ်း၊၈၃လမ်းထောင့်(မန္တလေး)မှာဝန်ကြီးချုပ်ဦးနုကအိုင်ဘီပီဓာတ်ဆီ(တိုင်)ဘကြီးမှင်တို့ကိုပေးတာသိပါတယ်။မမလေးကတံတား ဦးဈေးအတွင်းဈေးထွက်နေရစ်ခဲ့ပါတယ်။သူ့ယောက်ျားကိုသောင်းဖေနဲ့မျက်နှာချင်းဆိုင်အိမ်မှာနေသွားပါတယ်။ကိုဗဟိန်းမမာနေတာသတင်းစာဖတ်ခွင့်မပေး။သတင်းစာအပိုင်းလေးထဲကွန်မြူ နစ်ပါတီက
ထုတ်လိုက်ပြီဆိုတာဖတ်ရပြီးဆုံးရှာတာပဲလို့
အဖေတို့ကပြောပါတယ်။မန္တလေးမှာဆုံးတာပါ။
ညီညွတ်ရေးကိုအလွန်မြတ်နိုးသူပါ။
စနစ်ဟောင်းကိုတိုက်ဖျက်ဖို့တော်လှန်စိတ်ဓာတ်၅၂နှစ်ဗျာ ။အတိုင်းအတာတခုထိရရှိလာပြီ။ဒီစိတ်ရဲ့အရှိန်နှုန်းလျှော့ကြစို့။(ရပ်ဖို့မဟုတ်ဖူးနော်)ငြိမ်းချမ်းရေးဒီစိတ်နဲ့မရပါ။
ရွှေရောင်အနာဂတ်ပြည်ဒါနဲ့မတည်ဆောက်နိင်ပါဘူး ။စပိလျှော့ပြီးညီညွတ်ရေးညီညွတ်ရေးကိုဗဟိန်းချစ်တဲ့ညီညွတ်ရေးရအောင်လုပ်ကြပါစို့လို့ ကိုဗဟိန်းရာပြည့် (၁၉၁၇-၂၀၁၇)အမှတ်တရစကားပြောပါတယ်။
နှစ် တ ရာ မ ဟာ ဟိန်း
ငါတို့အင်းဝရဲ့
ဗဟိန်းတဲ့လာ့း့
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
ဗမာပြည်ရဲ့
ပြည်ထောင်စုရဲ့
ဗဟိန့်း့
အများအကျိုး
သည်ပိုးသတဲ့လာ့း့
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
ဒူးနဲ့တိုက်ရမယ့်လူ
လည်ပင်းဖက်ရမယ့်လူ
လူတွေကို
သိသူ
ဒီလူဟာ
ဗဟိန့်း့
ညီညွတ်စေချင်လိုက်တာ
မကွဲစေချင်လိုက်တာ
ခွဲလိုက်ပြီလို့
သိတာနဲ့
အသက်
ထွက်တော့တာပဲ
အဲဒါ
ဗဟိန့်း့
ဗဟိန်းလမ်း
ဗဟိန်းအဘိဓမ္မာ
သိတာနဲ့တပြိုင်နက်
ဆက်လျှောက့့်
#ကိုလေး(အင်းဝဂုဏ်ရည်)
အထက်တန်းကျောင်းသားဘ၀ကတည်းက မျိုးချစ်စိတ်ထက်သန်ကာ ကျောင်းသားများသမဂ္ဂတွင် ပါဝင်ဆောင်ရွက်ခဲ့သူပါ။ မန္တလေးပါတော်မူ နေ့အထိမ်းအမှတ် ဆီမီးဖယောင်းထွန်းညှိရန် စတင်လှုံ့ဆော်ခဲ့သူပါ။ ၁၉၃၅ - ၃၆ ခုနှစ် မန္တလေး ဥပစာကောလိပ်ကျောင်းသားသမဂ္ဂခေါင်း ဆောင်အဖြစ် ၁၉၃၆ ဖေဖေါ်ဝါရီ ၁၅မှာစခဲ့တဲ့ ဒုတိယကျောင်းသားသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့ပြီး သပိတ်အတွင်း စစ်ကိုင်းအထက်တန်းကျောင်းသွားကာ ဦးဆောင်သပိတ်တားရာမှာ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနဲ့ တပည့်စကောက်အဖွဲ့ဝင် ကျောင်းသား များ ၀ိုင်းရိုက်ရာ ဒဏ်ရာရရှိခဲ့ပါတယ်။
၁၉၃၇မေလ၉ရက်၊၁၀ရက်မှာ ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ညီလာခံကို မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းမှာ ကျင်းပတော့ ကိုဗဟိန်းက ညီလာခံဧည့်ခံကြိုဆိုရေးဥက္ကဌပါ။ အဆိုပါညီလာခံသို့ အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင် နေရူးနဲ့ သမီးအင်ဒီရာတို့တက်ရောက်ပြီး ကိုအောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက် ခဲ့တယ်။
၁၉၃၇-၃၈ မှာ ကိုဗဟိန်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) နဲ့ ဗမာနိုင်ငံနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ (ဗကသ) အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာတယ်။ ၁၉၃၇ - ၃၈မှာ ဗကသမှ သုံးလတစ်ကြိမ်ထုတ်ဝေသည့် “မျိုးညွန့်” မဂ္ဂ ဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့တယ်။
#ဒဂုန်တာရာရုပ်ပုံလွှာ
*********************
ကိုဗဟိန်းက စာပေ၀ါသနာထုံပြီး ဂီတကိုလည်းမြတ်နိုးသူပါ။ ကာလပေါ် ဗမာ့ဂီတအခြေအနေကို စမ်းဝါးမိသူပါ။ဆရာဒဂုန်တာရာက သူ၏ “ရုပ်ပုံလွှာ” စာအုပ်တွင် “ကိုဗဟိန်း သို့မဟုတ် ကဗျာ” ခေါင်းစဉ်တပ်ပြီး “ အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေး သမားမဖြစ်လျှင် ဧကန်စာရေးဆရာတစ်ယောက်ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မတ်စ်၏
ကွန်မြူ နစ်စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေစသည်ကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။တခါကသူသည် နွေရာသီကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ်၊ ဂေါ်ကီ၏၀တ္ထုတိုတစ်ပုဒ်ကို ဗမာလိုဆီလျော်အောင် ဘာသာ ပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကိုရေးလေသည်။သူ၏ဝတ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစင်မဂ္ဂဇင်းတွင်ပါသည်။ကိုဗဟိန်းရေးသော ၀တ္ထုတို၏ အမည်မှာ “လေလွင့်သူ” ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံသဘာဝကို ပြထားသောငတ်မွတ် ခြင်း ဘွဲ့တစ်ပုဒ်ဖြစ်လေသည်။ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သောသူ၏ “ဘ၀ခရီး” အမည်ရှိဝတ္ထုတိုကား ၀တ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ လူမျိုးရေး အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက်၏ မေတ္တာနှင့် ငတ်မွတ်ခြင်းအကြောင်းကိုပေါင်းစပ်၍ ရေးသားထား သည်။ သည်အထဲတွင် အရင်းရှင်စနစ်၏စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည် လို့ ဒဂုန်တာရာကအမှတ်တရ ရေးသားခဲ့တယ်။
ထို့နောက် ၁၉၃၈ - ၃၉ မှာ တကသ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ် တကသ၊ ဗကသ နှစ်ဖွဲ့လုံးဥက္ကဌ ဖြစ်သူ သခင်အောင်ဆန်း ကျောင်းသားဘ၀မှ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သွားရာ ဒုတိယဥက္ကဋ္ဌ ကိုလှရွှေ (ဆေးကျောင်းသား အာဏာရှင် ကိုလှရွှေ) ကိုယ်စား ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။
ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ် ၁၉၃၈ နိုဝင်ဘာလ ၃၀ ရက် ရေနံမြေလုပ်သားသပိတ်တပ်ကြီးက ရန်ကုန်မြို့သို့ချီတက်လာရာ မကွေးမြို့အရောက်မှာ အာဏာပိုင်များရဲ့ ဟန့်တားမှုကြောင့် ရေနံမြေအလုပ်သမားများ ဆက်လက်ချီတက်ရန် အခက်အခဲများကြုံတွေ့ နေရစဉ် တို့ဗမာအစည်းအရုံးဌာနချုပ်နဲ့ ကျောင်းသားများသမဂ္ဂခေါင်းဆောင်များ အစီအစဉ်ဖြင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့ အထွေထွေအတွင်းရေးမှူး ကိုဗဆွေ (နောင်ဝန်ကြီးချုပ်) နှစ်ဦး မကွေးသို့သွားရောက်ခဲ့ကြတယ်။ ၁၉၃၈ ဒီဇင်ဘာ ၁၂ မှာ မကွေးမြို့ မဲထီး ကျောင်းတိုက် သပိတ်မှောက်ရေနံမြေအလုပ်သမားများတရားပွဲကို သခင်စိုး၊ သခင်ထိန်ဝင်း၊ သခင်ဖေသန်းတို့နဲ့ အတူ ကိုဗဟိန်း တရားဟောခဲ့တယ်။
တရားပွဲမှာ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းက
___________________________________________________
#မြင်းခွာတစ်ချက်ပေါက်လျှင်မီးဟုန်းဟုန်းထောက်ရမည်
___________________________________________________
လို့ ကြုံးဝါးခဲ့ရာ နိုင်ငံအနှံ့ပျံ့သွားပါတော့တယ်။တရားပွဲအပြီးမှာ သခင်စိုး၊ သခင်ထိန်ဝင်း၊ ကိုဗဆွေ၊ သခင်ဖေသန်းတို့နဲ့အတူ သခင်ဗဟိန်းလည်း ဖမ်းဆီးခံရပြီး မကွေးတရားရုံးက ထောင်ဒဏ် ၃ လ
ချမှတ်ကာအင်းစိန်ထောင်သို့ ချက်ချင်းလွှဲပြောင်းခဲ့တယ်။
ထိုသို့ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့အတွင်းရေးမှူး ကိုဗဆွေတို့ကိုဖမ်းဆီးမှုကြောင့် ဒုတိယဥက္ကဋ္ဌ ကိုလှရွှေ (နောင်အာဏာရှင်လှရွှေ) နဲ့သမဂ္ဂခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ၁၉၃၈ ကျောင်းသားသပိတ်ပေါ် ပေါက်လာတယ်။ထို့နောက် ကိုဗဟိန်းဟာ အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် ဘီအေစာမေးပွဲမဖြေတော့ဘဲ နိုင်ငံရေးလောကသို့ အချိန်ပြည့်ဝင်ရောက် ဆောင်ရွက်တယ်။ ၁၉၃၉ မတ်လမှာ ကိုဗဟိန်းဟာ ဒဂုန်တရာနဲ့ အတူ တရုတ်-မြန်မာနယ်စပ်သို့သွားခဲ့တယ်။ လမ်းပန်းအခြေအ နေ ကောင်းပါက တရုတ်ပြည်ဘက်သို့ထွက်ပြီး အမှတ် ၈ တပ်နီတော် ရှိရာအနောက်မြောက်ပြည်နယ်ကို သွားရောက် ရန်ဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ရှမ်းပြည်ပုဒ်မ ၁၀ နဲ့တားဆီးခံရလို့ နမ္မတူမြို့မှ ပြန်လှည့်လာရတယ်။ ၁၉၃၉ သြဂုတ် ၁၅ မှာ စမ်းချောင်းမြို့နယ် မြေနီကုန်း၊ မြေနုလမ်းအမှတ် (၁၄) ကိုဗဟိန်းနေထိုင်တဲ့အိမ်မှာ သခင်အောင်ဆန်း၊ သခင်လှဖေ (နောက် ဗိုလ်လက်ျာ)၊ သခင်စိုး၊ ရဲဘော်နာ့တာတို့နဲ့အတူ ကိုဗဟိန်းဟာ မြေအောက် ကွန်မြူ နစ်ပါတီ အမြုတေပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်။ စစ်ကိုင်းဟန်တင်ရဲ့ မြန်မာ့လွတ်လပ်ရေးသို့ စာအုပ် စာ ၃၂၀မှာတော့ မြေအောက်ကွန်မြူ နစ်ပါတီကို ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်နံပါတ် ၁၈၈ မှာ ဗမာပြည်
ကွန်မြူ နစ်ပါတီကို ဖွဲ့စည်းသည်လို့ ဖေါ်ပြထားတယ်။
၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းတဲ့ ဗမာ့ထွက်ရပ်ဂိုဏ်းမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ကိုဗဟိန်းသည် ပါဝင် ခဲ့တယ်။၁၉၄၀ မှ ၁၉၄၁ အထိ မြန်မာ့အလင်းသတင်းစာမှာ ဘာသာပြန်အယ်ဒီတာအဖြစ်ဆောင်ရွက်ရင်း နိုင်ငံရေးအချိန်ပြည့်ဆောင်ရွက်ခဲ့တယ်။၁၉၄၀ ပြည့်နှစ်မှာ ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနဲ့လက်ထပ်ပြီး ဇနီးမောင်နှံနှစ်ဦးစလုံး တို့ဗမာအစည်းအရုံးဝင်ရောက်ခဲ့ရာ သခင်ဗဟိန်းအမည်တွင်ခဲ့တယ်။၁၉၄၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာအိန္ဒိယကွန်ဂရက်ပါတီဖိတ်ကြားချက်အရ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့် (တိုးတက်ရေး)၊ သခင်ခင်အောင်၊ သခင်အုန်းဖေ (၀ါးခယ်မ)၊ သခင်ဗသွင်၊ ဆင်ဂုပ္ပတား၊ ရန်ကုန်တက္ကသိုလ်မှ ကိုထွန်းရှိန်တို့နဲ့ အတူ သခင်ဗဟိန်းဟာ အိန္ဒိယနိုင်ငံ ရမ်းဂါးမှာ ကျင်းပတဲ့ အိန္ဒိယအမျိုးသား ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့တယ်။
သခင်ဗဟိန်းဟာ ၁၉၄၀ ပြည့်နှစ် ဇူလိုင်တတိယပတ်က တက္ကသိုလ်သမဂ္ဂမှာတို့ဗမာအစည်းအရုံးနဲ့ကျောင်းသားသမဂ္ဂခေါင်းဆောင်များ ဗမာ့လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီရှာဖွေရေး လျှို့ဝှက်အစည်းအဝေးကို တက်ရောက်ခဲ့တယ်။အဲဒီအစည်းအဝေးမှ နိုင်ငံ ခြား အကူ အညီရှာဖွေရန် သခင်အောင်ဆန်းနဲ့သခင်ကျော်စိန်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့တယ်။ နောက်ပိုင်းမှ သခင်ကျော်စိန်အစား သခင်လှမြိုင် အားရွေးချယ်ခဲ့တယ်။၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာမှာ ရန်ကုန်တက္ကသိုလ်သမဂ္ဂ၌ကျင်းပတဲ့ ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံမှာ ရဲဘော်ဂို ရှယ်နဲ့အတူ "ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ဘောဂဗေဒအစွန်း ထွက်တန်ဖိုး} တို့ကို ဟောပြောပို့ချတယ် ။၁၉၄၁ မတ် ၁၀မှာ ပဲခူးမြို့မှာ ကျင်းပတဲ့ ပဉ္စမအကြိမ်မြှောက် နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးရဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြည်သူ့အရေးတော်ပုံပါတီကို ပြည်တွင်းအဖွဲ့နဲ့ အဝေးရောက်အဖွဲ့လို့ နှစ်ပိုင်းခွဲပြီးဖွဲ့စည်းရာ ပြည်တွင်းအဖွဲ့ကို သခင်မြ၊ အဝေးရောက်အဖွဲ့ကို သခင်အောင်ဆန်းတို့အား ခေါင်းဆောင်တာဝန်ပေးအပ်ခဲ့တယ်။ပြည်တွင်းအဖွဲ့က အမြင့် ဆုံးအာဏာပိုင်အဖွဲ့ဖြစ်ပြီး သခင်ဗဟိန်းသည် သခင်မြဦးဆောင်မှုအောက်တွင် လျှို့ဝှက်တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလမှာ ဗြိတိ သျှအစိုးရရဲ့
ကာကွယ်ရေးပုဒ်မဖြင့်ဖမ်းဆီးခြင်းခံရတယ်။ ၁၉၄၂ ဇန်နဝါရီလမှာ သခင်ဗဟိန်းကို မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်တယ်။ မန္တလေးထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် မန္တလေးမှတ ဆင့် တရုတ်ပြည်သို့အသွား မေမြို့ တောင်ခြေအရောက်မှာ လားရှိုးကို ဂျပန်တပ်များက သိမ်းပိုက် လိုက်ကြောင်းသတင်းကြားရလို့နောက်ကြောင်းပြန်လှည့်စဉ် မန္တလေးထောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့တယ်။ ၁၉၄၂ မေလ ၁ ရက်နေ့မှာ မန္တလေးထောင်ကိုဖွင့်ပေးလို့ သခင်ဗဟိန်းက သခင်နု၊ သခင်ကျော်စိန်၊ သခင်စိုးတို့နဲ့အတူ ပြန်လည်လွတ်မြောက်သွားခဲ့တယ်။
လွတ်မြောက်ပြီဆိုတာနဲ့ သခင်ဗဟိန်းက ဇနီးမခင်ကြီး နဲ့ သူ့မိဘများရှိနေရာဇာတိမြေအင်းဝသို့ လိုက်သွားခဲ့တယ်။၁၉၄၂ ဇွန်လဆန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းတို့ အမရပူရမြို့သို့ရောက်ရှိလာပြီး သခင်ဗဟိန်းနှင့်တွေ့ဆုံပြီး ဖက်ဆစ်ဂျပန် ဆန့်ကျင် ရေးအကြောင်း ဆွေးနွေးကြတယ်။ သခင်ဗဟိန်းဟာ အိန္ဒိယနိုင်ငံကမဟာမိတ်တပ်များနဲ့ အဆက်အသွယ်ယူတဲ့ သခင်စိုး၊ ကိုသိန်းဖေ၊ သခင်တင်ရွှေ (ကျောက်ဆည်) တို့နဲ့လျှို့ဝှက်တွေ့ဆုံခဲ့တယ်။
#ဂျပန်တော်လှန်ရေး
********************
သခင်ဗဟိန်းဟာဂျပန်တော်လှန်ရေးအတွက်
ဖြူးနယ်မှာသခင် သန်းဖေ၊ သခင်သိန်းမောင် (နောင်ရဲဘော်မြ)၊ ကိုမောင်မောင် (နောင်ဦးမြင့်ဆွေ)၊ မောင်မောင်စိန် စတဲ့ဖက်ဆစ်ဆန့်ကျင်ရေးရဲဘော် များကို နိုင်ငံရေးသင်တန်းပေးပြီး နယ်လူထုကို လှုံ့ဆော်စည်းရုံးခဲ့တယ်။
၁၉၄၄ သြဂုတ် ၄ မှ ၇ အထိ ပဲခူးမြို့ ဘီဒီအေ တပ်ရင်းရှိ ဗိုလ်ကျော်ဇောနေအိမ်မှာ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့နဲ့တွေ့ဆုံဆွေးနွေးကာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် ဖွဲ့စည်းရေးသဘောတူပြီး သြဂုတ် ၂၃ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ် မောက်လမ်း) နဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်နေအိမ်မှာ ဗမာ့တပ်မတော်၊ကွန်မြူ နစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များတွေ့ဆုံပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) ဖွဲ့စည်းကာ ဖတပ ဗဟိုဦးစီးအဖွဲ့ဝင်အ ဖြစ် တာဝန်ယူခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ သခင်ဗဟိန်းတို့ဇနီးမောင်နှံဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နဲ့ တောင်ငူပြောက်ကျားစစ်တာဝန်ခံအဖြစ် ဖက်ဆစ်တို့ကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့ရာ သခင်ဗဟိန်းခေါင်းဆောင်တဲ့ ပြောက်ကျားတပ်များက ဂျပန်စစ်သည် ၂၀၀၀ ကျော် ကျဆုံးခဲ့တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်။ ဂျပန်သုံ့ပန်း ၆၀၀ တို့ကိုလည်း လက်ရဖမ်းဆီးမိခဲ့ပြီး ဂျပန်စစ်လက်နက် အမြောက်အများကို သိမ်းနိုင်ခဲ့တယ်။
ဒီလို စစ်ရေးစွမ်းဆောင်မှုကြောင့် သခင်ဗဟိန်းကို ဗိုလ်ချုပ်အောင်ဆန်းက
ဗိုလ်မှူးကြီးအဆင့်ခန့်အပ်ခဲ့ပေမယ့် ဗမာ့တပ်မတော်က ကွန်မြူ နစ်ပါတီကို အထင်လွဲမည်စိုးလို့ ငြင်းပယ်ခဲ့တယ်။
ဖက်ဆစ်တော်လှန်ရေးပြီးနောက် သခင်ဗဟိန်းဟာ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီဝင်၊ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒီလိုဆာင်ရွက်နေစဉ်ငှက်ဖျားရောဂါနဲ့ ဆင်းရဲပင်ပန်းမှုဒဏ်ရာများကြောင့် ကျန်း မာရေးချို့တဲ့လာတယ်။ ကျန်းမာရေးအတွက် အနားမယူဘဲ ကွန်မြူ နစ်ပါတီနဲ့ ပြည်သူ့အရေးတော် ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူ နစ်ပါတီ နှစ်ခြမ်းမကွဲရေးအတွက် မနားမနေဆောင်ရွက်ခဲ့တယ်။
ပါတီကွဲပြီးနောက် သခင်ဗဟိန်း ကျန်းမာရေးမှာ တဖြည်းဖြည်းဆိုးဝါးလာခဲ့ရာ ပါတီမှခွင့်တောင်းကာ မန္တလေး မိဘရပ်ထံ ပြန်နေတယ်။ ထို့နောက် မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ၁၉၄၆ နိုဝင်ဘာ ၁ ရက်မှာ ဖဆပလအဖွဲ့ချုပ်က ဗမာပြည်ကွန်မြူ နစ်ပါတီကို ထုတ်ပယ်လိုက်တဲ့သတင်း ကြားသိရပြီးနောက် စိတ်ထိခိုက်ကာ ၁၉၄၆ နိုင်ဝင်ဘာ ၂၀ ဗုဒ္ဓဟူးနေ့ (အသက် ၃၀ အရွယ်) မှာ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့လေတယ်။
ကွယ်လွန်စဉ်က ဇနီးမခင်ကြီး ကျန်ရစ်ခဲ့တယ်။ မခင်ကြီးနဲ့ သားတစ်ယောက်ထွန်းကားခဲ့သော်လည်း သားမှာငယ် စဉ်ကပင် ကွယ်လွန်သွားခဲ့တယ်။ သခင်ဗဟိန်းကွယ်လွန်ကြောင်း သတင်းကြားတာနဲ့ ဗိုလ်ချုပ်အောင်ဆန်း မန္တလေးသို့ရောက်လာကာ ဆေးရုံကြီးက သခင်ဗဟိန်းရုပ်အလောင်းကို အတန်ကြာတွေတွေကြီးကြည့်ပြီး မည်သူ့ကိုမှနှုတ်မဆက်ဘဲ ပြန်သွားခဲ့တယ်။
နောက်မှသိရတာက ...
____________________________________________________
#လူငါးသိန်းသေတာနဲ့_ကိုဗဟိန်းသေတာအတူတူပဲ
____________________________________________________
လို့ ဗိုလ်ချုပ်က နှမြောတသခဲ့ပါသတဲ့။
သခင်ဗဟိန်းဈာပနကို မန္တလေး နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့များက ခမ်းနားစွာလိုက်ပါ ပို့ဆောင်ကာ သခင်ဗဟိန်းရုပ်ကလာပ်ကို မန္တလေးမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

#ကိုနေ_မန်း
> ကျမ်းကိုး- ဒဂုန်တာရာ၏ ရုပ်ပုံလွှာ
> ကိုလေး(အင်းဝဂုဏ်ရည်) ၏ နှစ်တစ်ရာမဟာဟိန်း
> သတင်းစာဆရာဦးပုကလေး၏ ငါတို့ဗိုလ်ချုပ်ဘာတွေ
လုပ်ခဲ့သလဲ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။